[Unicode]
OnePlus 8 Pro ရဲ့ ဒီဇိုင်းအကြမ်းထည်လေးကတော့ ပေါက်ကြားလာခဲ့ပါပြီ။ ပုံကိုကြည့်လိုက်တဲ့အခါမှာတော့ လာမယ့် flagship လေးရဲ့ ပြောင်းလဲမှုအချို့ကို တွေ့မြင်လိုက်ရပါတယ်။
အပေါ်မှာမြင်ရတဲ့ပုံလေးကတော့ OnePlus 8 Pro လို့ယူဆရပြီး ပြီးခဲ့တဲ့လကမှ မိတ်ဆက်ထားခဲ့တဲ့ OnePlus 7T Pro အပြင် နောက်ထပ်ထွက်ရှိမယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။
ပုံအရတော့ အရှေ့ဘက်ခြမ်းရဲ့ဖြစ်နိုင်ချေရှိတဲ့ ဗားရှင်းနှစ်မျိုးကို ပြထားပါတယ်။ တစ်ခုကတော့ selfie-camera punch hole တစ်ခု နဲ့ ဆယ်လ်ဖီနှစ်လုံးပါဝင်တဲ့ ဆေးတောင့်ပုံတို့ကို မြင်တွေ့ရမှာပါ။ OnePlus 8 ကို ဘယ်ပုံနဲ့ညာပုံ ယှဉ်ကြည့်လို့ရပါတယ်။ ဒါက ခန့်မှန်းမှုသက်သက်သာ ရှိနေပါသေးတယ်။
ဒါပေမယ့် ပုံတွေက ကျွန်တော်တို့အရင်မြင်ထားတဲ့ပုံတွေနဲ့ ဆင်တူနေတဲ့အတွက်ကြောင့် OnePlus 8 or 8 Pro ရဲ့ တကယ့်သွင်ပြင်လည်း ဖြစ်လာနိုင်ပါတယ်။
ပြောင်းလဲမှုတွေအရ ကင်မရာစနစ်ဟာ နည်းလမ်းတစ်မျိုးတည်းကိုပဲအသုံးပြု တပ်ဆင်ထားမှာဖြစ်ပြီး ToF sensor နဲ့ laser blaster တို့ကိုရောမွှေပြီး ဓါတ်ပုံပိုင်းမှာ ပိုကောင်းအောင်လုပ်ဆောင်မယ်လို့ တွေးရပါတယ်။
ဟုတ်ပါတယ်။ ဒါတွေက အစောပိုင်းပုံရိပ်တွေပဲရှိနေပါသေးတယ်။ အစောပိုင်းအဆင့်ဖြစ်တဲ့အတွက်ကြောင့် ပြောင်းလဲမှုတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။ ကျွန်တော်တို့ကတော့ ဆက်လက်တင်ဆက်ပေးသွားဦးမှာပါ။
[Zawgyi]
Ref : pocketnow