Galaxy S11 ရဲ့ ဒီဇိုင်းကမမိုက်ပေမယ့် ဟော့နေတဲ့ display ပါဝင်လာနိုင်

0
574

[Unicode]

Samsung ဟာ သူ့ရဲ့အောင်မြင်မှုကို iPhone ရဲ့ပုံတူတွေဖန်တီးပြီးတော့ အစောပိုင်းနှစ်တွေမှာ ရယူခဲ့တယ်။ Apple လုပ်လိုက်တိုင်းကလည်း Samsung ရဲ့ဆုံးဖြတ်ချက်ကို လွှမ်းမိုးထားနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း Samsung လိုက်မလုပ်နိုင်အောင် Apple ရဲ့ပညာသားပါပါထည့်လိုက်တာ တစ်ချက်ရှိခဲ့ပါတယ်။ ဒါကတော့ မနှစ်ကဖုန်းဒီဇိုင်းကို ပြန်လည်အသုံးပြုလိုက်ခြင်းပါပဲ။ တစ်နှစ်တိုင်းလိုလိုမှာ ဒီဇိုင်းအသစ်မိတ်ဆက်ခဲ့ပေမယ့်လည်း iPhone 6 မှာတော့ ဒီနည်းလမ်းကို ရပ်တံ့လိုက်ပါတယ်။ ဒီဇိုင်းကို iPhone 6s, 7, 8 အထိ မပြောင်းဘဲထားခဲ့တယ်။ iPhone X ဒီဇိုင်းကိုလည်း ၂၀၁၈နဲ့ ၂၀၁၉ဖုန်းတွေအတွက် အသုံးပြုခဲ့တယ်။ နောက်နှစ်မှာတော့ ဒီဇိုင်းအသစ်ချပြဖို့ မှန်းထားလို့ရပါတယ်။ Samsung ရဲ့ Galaxy S9 ဟာ Galaxy S8 ကို အချက်အလက်ကောင်းကောင်း၊ ကင်မရာမိုက်မိုက်တွေထည့်ထားသလိုပါပဲ။ ဒါပေမယ့်လည်း ရောင်းမကောင်းခဲ့ဘူး။ Galaxy S10 ရဲ့ hole-punch display ကတော့ အလှည့်အပြောင်းတစ်ခု ဖြစ်စေခဲ့တယ်။ သတင်းတွေအရ နောက်နှစ်မှာလည်း Samsung ဘက်က ကြီးကြီးမားမားပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း display ခပ်မိုက်မိုက်တစ်ခုကိုတော့ မျှော်မှန်းထားလို့ရပါသေးတယ်။
Galaxy S11 မှာ Mate 30 Pro လိုမျိုး waterfall screen မပါနိုင်ပါဘူး။ Waterfall display တွေဟာ အစွန်းတွေမှာ ကွေးညွတ်ထားတာပါ။ ဒီဇိုင်းအားဖြင့် ဘောင်တွေကို သေးငယ်သွားစေပြီးတော့ ဟန်းဆက်ထုတ်လုပ်သူတွေအနေနဲ့လည်း ဘေးမှာရှိတဲ့ physical button တွေကို ဖယ်ထုတ်လို့ရစေတယ်။ Samsung က ဒီနည်းပညာကို နောက်တစ်မျိုးပြောင်းပြီး ထည့်သွင်းလိမ့်မယ်လို့ မှန်းထားပါတယ်။
Galaxy S11 hole-punch က်ငမရာကိုလည်း Note 10 လိုမျိုးထည့်သွင်းလိမ့်မယ်လို့ ကြားထားပြန်ပါတယ်။ ကင်မရာဟာ ပိုပြီးသေးငယ်လာပါလိမ့်မယ်။ ခြုံကြည့်လိုက်ရင်တော့ Galaxy S11 ဟာ 2019 Samsung flagship ဖုန်းတစ်လုံးအဖြစ် မြင်တွေ့ရပါလိမ့်မယ်။
ပြိုင်ဘက်တွေဖြစ်တဲ့ OnePlus နဲ့ Google တို့က ဒီနှစ်မှာ 90Hz display ကို gaming မဟုတ်တဲ့ Android flagship မှာ ထည့်သွင်းခဲ့တယ်ဆိုတော့ Samsung အနေနဲ့လည်း လိုက်မီဖို့လုပ်ဆောင်မယ်ဆိုတာ ဖြစ်နိုင်တာပဲမဟုတ်လား။ Samsung ဟာ စမတ်ဖုန်း OLED ဈေးကွက်မှာ ဘုရင်တစ်ဆူဖြစ်တယ်ဆိုတာလည်း မေ့ထားလို့မရဘူး။ 2020 flagship ဖုန်းတွေဟာ ကမ္ဘာ့အကောင်းဆုံးသော display နည်းပညာတွေနဲ့ ဖွဲ့စည်းထားနိုင်တာပဲ။ iPhone 12 ကို 120Hz screen နဲ့မြင်တွေ့ရနိုင်တယ်လို့ သတင်းတွေကြားထားတော့ Samsung အတွက် အားတက်သွားစေမှာ အမှန်ပါပဲ။

Samsung ဟာ 120Hz screen လုပ်မလားဆိုတာ မသေချာသေးပေမယ့်လည်း အဆိုးဆုံးဖြစ်ရပ်ဆိုရင်တောင် 90Hz display ကို Galaxy S11 မှာ သုံးထားလောက်ပါတယ်။ ဒါဆိုရင်လည်း S10 နဲ့ Note 10 တို့ထက် သာလွန်တာကို လက်ခံရမှာပါ။
လွန်ခဲ့တဲ့နှစ်တွေမှာ စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ဂိမ်းမင်းဟန်းဆက်တွေကို စတင်ထုတ်လုပ်ခဲ့ကြတယ်။ refresh rate မြင့်မြင့်နဲ့ smartphone display တွေကလည်း လူကြိုက်များလာခဲ့တယ်။ ပုံမှန် 60Hz screen ပါတဲ့ဟန်းဆက်တွေလိုမဟုတ်ဘဲ ဂိမ်းမင်းအတွက်ဆိုရင် 90Hz or 120Hz screen တို့ကို အသုံးပြုလာကြတယ်။ refresh rate မြင့်တာက ဂိမ်းတစ်ခုတည်းအတွက်ပဲ အကျိုးရှိတာမှမဟုတ်တာ။ စမတ်ဖုန်းတစ်ခုလုံးကို smooth ပိုဖြစ်၊ responsive display ပိုရစေတယ်။ ဒါကြောင့်လည်း OnePlus နဲ့ Google တို့က ဒီနှစ်မှာ 90Hz screen သုံးခဲ့ကြတာပေါ့။

[Zawgyi]

Samsung ဟာ သူ႕ရဲ႕ေအာင္ျမင္မႈကို iPhone ရဲ႕ပံုတူေတြဖန္တီးျပီးေတာ့ အေစာပိုင္းႏွစ္ေတြမွာ ရယူခဲ့တယ္။ Apple လုပ္လိုက္တုိင္းကလည္း Samsung ရဲ႕ဆံုးျဖတ္ခ်က္ကို လႊမ္းမိုးထားႏုိင္ခဲ့တယ္။ ဒါေပမယ့္လည္း Samsung လုိက္မလုပ္ႏုိင္ေအာင္ Apple ရဲ႕ပညာသားပါပါထည့္လုိက္တာ တစ္ခ်က္ရွိခဲ့ပါတယ္။ ဒါကေတာ့ မႏွစ္ကဖုန္းဒီဇိုင္းကို ျပန္လည္အသံုးျပဳလိုက္ျခင္းပါပဲ။ တစ္ႏွစ္တုိင္းလိုလိုမွာ ဒီဇုိင္းအသစ္မိတ္ဆက္ခဲ့ေပမယ့္လည္း iPhone 6 မွာေတာ့ ဒီနည္းလမ္းကို ရပ္တံ့လိုက္ပါတယ္။ ဒီဇုိင္းကို iPhone 6s, 7, 8 အထိ မေျပာင္းဘဲထားခဲ့တယ္။ iPhone X ဒီဇိုင္းကိုလည္း ၂၀၁၈နဲ႕ ၂၀၁၉ဖုန္းေတြအတြက္ အသံုးျပဳခဲ့တယ္။ ေနာက္ႏွစ္မွာေတာ့ ဒီဇိုင္းအသစ္ခ်ျပဖုိ႕ မွန္းထားလို႕ရပါတယ္။ Samsung ရဲ႕ Galaxy S9 ဟာ Galaxy S8 ကို အခ်က္အလက္ေကာင္းေကာင္း၊ ကင္မရာမုိက္မုိက္ေတြထည့္ထားသလိုပါပဲ။ ဒါေပမယ့္လည္း ေရာင္းမေကာင္းခဲ့ဘူး။ Galaxy S10 ရဲ႕ hole-punch display ကေတာ့ အလွည့္အေျပာင္းတစ္ခု ျဖစ္ေစခဲ့တယ္။ သတင္းေတြအရ ေနာက္ႏွစ္မွာလည္း Samsung ဘက္က ၾကီးၾကီးမားမားေျပာင္းလဲမွာ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း display ခပ္မိုက္မိုက္တစ္ခုကိုေတာ့ ေမွ်ာ္မွန္းထားလို႕ရပါေသးတယ္။
Galaxy S11 မွာ Mate 30 Pro လိုမ်ိဳး waterfall screen မပါႏုိင္ပါဘူး။ Waterfall display ေတြဟာ အစြန္းေတြမွာ ေကြးညြတ္ထားတာပါ။ ဒီဇိုင္းအားျဖင့္ ေဘာင္ေတြကို ေသးငယ္သြားေစျပီးေတာ့ ဟန္းဆက္ထုတ္လုပ္သူေတြအေနနဲ႕လည္း ေဘးမွာရွိတဲ့ physical button ေတြကို ဖယ္ထုတ္လို႕ရေစတယ္။ Samsung က ဒီနည္းပညာကို ေနာက္တစ္မ်ိဳးေျပာင္းျပီး ထည့္သြင္းလိမ့္မယ္လို႕ မွန္းထားပါတယ္။
Galaxy S11 hole-punch က္ငမရာကိုလည္း Note 10 လိုမ်ိဳးထည့္သြင္းလိမ့္မယ္လို႕ ၾကားထားျပန္ပါတယ္။ ကင္မရာဟာ ပိုျပီးေသးငယ္လာပါလိမ့္မယ္။ ျခံဳၾကည့္လုိက္ရင္ေတာ့ Galaxy S11 ဟာ 2019 Samsung flagship ဖုန္းတစ္လံုးအျဖစ္ ျမင္ေတြ႕ရပါလိမ့္မယ္။
ျပိဳင္ဘက္ေတြျဖစ္တဲ့ OnePlus နဲ႕ Google တို႕က ဒီႏွစ္မွာ 90Hz display ကို gaming မဟုတ္တဲ့ Android flagship မွာ ထည့္သြင္းခဲ့တယ္ဆိုေတာ့ Samsung အေနနဲ႕လည္း လိုက္မီဖို႕လုပ္ေဆာင္မယ္ဆိုတာ ျဖစ္ႏုိင္တာပဲမဟုတ္လား။ Samsung ဟာ စမတ္ဖုန္း OLED ေစ်းကြက္မွာ ဘုရင္တစ္ဆူျဖစ္တယ္ဆိုတာလည္း ေမ့ထားလို႕မရဘူး။ 2020 flagship ဖုန္းေတြဟာ ကမာၻ႕အေကာင္းဆံုးေသာ display နည္းပညာေတြနဲ႕ ဖြဲ႕စည္းထားႏုိင္တာပဲ။ iPhone 12 ကို 120Hz screen နဲ႕ျမင္ေတြ႕ရႏုိ္င္တယ္လို႕ သတင္းေတြၾကားထားေတာ့ Samsung အတြက္ အားတက္သြားေစမွာ အမွန္ပါပဲ။

Samsung ဟာ 120Hz screen လုပ္မလားဆိုတာ မေသခ်ာေသးေပမယ့္လည္း အဆိုးဆံုးျဖစ္ရပ္ဆိုရင္ေတာင္ 90Hz display ကို Galaxy S11 မွာ သံုးထားေလာက္ပါတယ္။ ဒါဆိုရင္လည္း S10 နဲ႕ Note 10 တို႕ထက္ သာလြန္တာကို လက္ခံရမွာပါ။
လြန္ခဲ့တဲ့ႏွစ္ေတြမွာ စမတ္ဖုန္းထုတ္လုပ္သူေတြဟာ ဂိမ္းမင္းဟန္းဆက္ေတြကို စတင္ထုတ္လုပ္ခဲ့ၾကတယ္။ refresh rate ျမင့္ျမင့္နဲ႕ smartphone display ေတြကလည္း လူၾကိဳက္မ်ားလာခဲ့တယ္။ ပံုမွန္ 60Hz screen ပါတဲ့ဟန္းဆက္ေတြလိုမဟုတ္ဘဲ ဂိမ္းမင္းအတြက္ဆိုရင္ 90Hz or 120Hz screen တို႕ကို အသံုးျပဳလာၾကတယ္။ refresh rate ျမင့္တာက ဂိမ္းတစ္ခုတည္းအတြက္ပဲ အက်ိဳးရွိတာမွမဟုတ္တာ။ စမတ္ဖုန္းတစ္ခုလံုးကို smooth ပိုျဖစ္၊ responsive display ပိုရေစတယ္။ ဒါေၾကာင့္လည္း OnePlus နဲ႕ Google တို႕က ဒီႏွစ္မွာ 90Hz screen သံုးခဲ့ၾကတာေပါ့။

Ref : bgr

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.