Galaxy Note10+ Star Wars Edition ကို Galaxy Buds ၊ အနီရောင် S Penတို့ဖြင့် မြင်တွေ့ရ

0
425

[Unicode]

Star Wars ဇာတ်ကားရဲ့အပိုင်းဆက်အဖြစ်နဲ့ The Rise of Skywalker ကို ဒီဇင်ဘာ ၂၀ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ Samsung နဲ့ Disney တို့ကလည်း ကမ်ပိန်းတွေလုပ်ဆောင်နေကြောင်းကို ကြေညာထားပြီးသားပါ။ အခုတော့ Samsung လည်း ပါဝင်လာပါပြီ။ Galaxy Note10+ Special Edition လေးကို တမူထူးခြားနေတဲ့ lightsaber-red S Pen တို့နဲ့အတူ တွဲဖက်ထုတ်ပြလိုက်ပါတယ်။
အနီရောင် stylus လေးအပြင် ဖုန်းရဲ့ ပါဝါနဲ့အသံခလုတ်တွေ၊ ဘောင်တွေနဲ့ ကင်မရာနားမှာလည်း အနီရောင်လေးတွေ စပ်ထားတာကို တွေ့မြင်ရပါတယ်။ အနောက်ဘက်မှာ matte black ကို အသုံးပြုထားပြီးတော့ Samsung လိုဂိုအောက်မှာ Sith badge နဲ့ Star Wars logo ကို ထည့်သွင်းထားပါတယ်။ Star Wars-theme wallpapers ၊ shutdown animations ၊ icons ၊ sounds စတာတွေကိုလည်း software ပိုင်းမှာ ပြင်ထားပါတယ်။
ဘူးထဲမှာတော့ Galaxy Buds ရဲ့ Sith-themed edition ကို တွေ့မြင်ရမှာဖြစ်သလို metal collectible badge ၊ ဖုန်းအတွက်ကာဗာတစ်ခုကိုလည်း ရရှိဦးမှာပါ။


carrier-unlocked Star Wars Edition လေးကိုတော့ ဒီဇင်ဘာ၁၃ရက်နေ့မှာ အရေအတွက်ကန့်သတ်ထားပြီး ရောင်းချပေးသွားမှာပါ။ ယူအက်စ်မှာတော့ Amazon, Samsung နဲ့ ရွေးချယ်ထားတဲ့ Best Buy နဲ့ Microsoft စတိုးတွေမှာ ဒေါ်လာ၁၃၀၀နဲ့ ဝယ်ယူနိုင်မှာပါ။ နိုင်ငံတကာအတွက်ကတော့ သြစတြေးလျ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ ကိုရီးယား၊ နော်ဝေ၊ ရုရှား၊ စပိန်၊ ဆွီဒင်၊ တူရကီ၊ ယူအေအီး၊ ယူကေတို့ကို ဖြန့်ချိသွားမှာပါ။

[Zawgyi]

Star Wars ဇာတ္ကားရဲ႕အပိုင္းဆက္အျဖစ္နဲ႕ The Rise of Skywalker ကို ဒီဇင္ဘာ ၂၀ရက္ေန႕မွာ ရံုတင္ျပသေတာ့မွာျဖစ္ပါတယ္။ Samsung နဲ႕ Disney တို႕ကလည္း ကမ္ပိန္းေတြလုပ္ေဆာင္ေနေၾကာင္းကို ေၾကညာထားျပီးသားပါ။ အခုေတာ့ Samsung လည္း ပါ၀င္လာပါျပီ။ Galaxy Note10+ Special Edition ေလးကို တမူထူးျခားေနတဲ့ lightsaber-red S Pen တို႕နဲ႕အတူ တြဲဖက္ထုတ္ျပလိုက္ပါတယ္။
အနီေရာင္ stylus ေလးအျပင္ ဖုန္းရဲ႕ ပါ၀ါနဲ႕အသံခလုတ္ေတြ၊ ေဘာင္ေတြနဲ႕ ကင္မရာနားမွာလည္း အနီေရာင္ေလးေတြ စပ္ထားတာကို ေတြ႕ျမင္ရပါတယ္။ အေနာက္ဘက္မွာ matte black ကို အသံုးျပဳထားျပီးေတာ့ Samsung လိုဂိုေအာက္မွာ Sith badge နဲ႕ Star Wars logo ကို ထည့္သြင္းထားပါတယ္။ Star Wars-theme wallpapers ၊ shutdown animations ၊ icons ၊ sounds စတာေတြကိုလည္း software ပိုင္းမွာ ျပင္ထားပါတယ္။
ဘူးထဲမွာေတာ့ Galaxy Buds ရဲ႕ Sith-themed edition ကို ေတြ႕ျမင္ရမွာျဖစ္သလို metal collectible badge ၊ ဖုန္းအတြက္ကာဗာတစ္ခုကိုလည္း ရရွိဦးမွာပါ။


carrier-unlocked Star Wars Edition ေလးကိုေတာ့ ဒီဇင္ဘာ၁၃ရက္ေန႕မွာ အေရအတြက္ကန္႕သတ္ထားျပီး ေရာင္းခ်ေပးသြားမွာပါ။ ယူအက္စ္မွာေတာ့ Amazon, Samsung နဲ႕ ေရြးခ်ယ္ထားတဲ့ Best Buy နဲ႕ Microsoft စတိုးေတြမွာ ေဒၚလာ၁၃၀၀နဲ႕ ၀ယ္ယူႏုိင္မွာပါ။ ႏုိင္ငံတကာအတြက္ကေတာ့ ၾသစေၾတးလ်၊ ဒိန္းမတ္၊ ဖင္လန္၊ ျပင္သစ္၊ ဂ်ာမနီ၊ ေဟာင္ေကာင္၊ ကိုရီးယား၊ ေနာ္ေ၀၊ ရုရွား၊ စပိန္၊ ဆြီဒင္၊ တူရကီ၊ ယူေအအီး၊ ယူေကတို႕ကို ျဖန္႕ခ်ိသြားမွာပါ။

Ref : androidpolice

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.