App Store Download Size Limit ကို iOS 13 မှာ ဘယ်လိုဖယ်ရှားကြမလဲ

0
460

[Unicode]

Apple က iOS 13 မှာ ပြောင်းလဲမှုအတော်များများကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီထဲကတစ်ခုကတော့ ပမာဏကိုမကြည့်တော့ဘဲ cellular ကနေ app တွေကို ဒေါင်းလုတ်ဆွဲဖို့ခွင့်ပြုလိုက်တာပါ။
iOS 12 မှာတုန်းက Apple ဟာ cellular data အသုံးပြုနေချိန် ဒေါင်းလုတ်ဆွဲမယ်ဆိုပါက 200MB အထိသာ သတ်မှတ်ပေးထားပါတယ်။ အရင်တုန်းက 150MB ဆိုတော့ တိုးတက်လာတယ်လို့ဆိုရပေမယ့်လည်း မမိုက်သေးပါဘူး။ iOS 13 ရဲ့ အစောပိုင်း beta တွေမှာတော့ သုံးစွဲသူတွေဆန္ဒရှိရင် ဖယ်ရှားလို့ရပါတယ်။
အခုတော့ သုံးစွဲသူတွေအနေနဲ့ ကန့်သတ်ထားချင်လားဆိုတာကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခွင့်ရနေပြီ ဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုလုပ်လို့ရလဲဆိုတာ ဆက်ကြည့်ရအောင်။
အဆင့် တစ် ။ Settings app ကိုဖွင့်ပြီး iTunes & App Store ကို နှိပ်လိုက်ပါ။
အဆင့် နှစ် ။ Cellular Data အောက်က App Downloads ကို နှိပ်ပါ။
အဆင့် သုံး ။ Always Allow ကို ရွေးချယ်ပေးလိုက်ပါ။
ဒါလေးပါပဲ။ default အရတော့ iOS 13 ဟာ 200MB မကျော်ခင်မှာ သုံးစွဲသူတွေကို မေးပါလိမ့်မယ်။ ဒါပေမယ့် ကန့်သတ်ချက်ကို ဖယ်ထားလိုက်ခြင်းက ဒေါင်းလုတ်ဆွဲတဲ့အချိန်မှာ စိတ်ရှုပ်စရာမလိုတော့တာပေါ့။
ကျွန်တော်တို့အများစုက unlimited data plan သုံးနေကြတဲ့ဖုန်းတွေရှိနေတာဆိုတော့ ဒေါင်းလုတ်ဆွဲတဲ့အခါ မှုစရာမလိုပါဘူး။ ကြီးနေတယ်ဆိုရင်တောင် ဘတ်ထရီစားတာလောက်ပဲရှိတော့မှာပါ။
ဒီတော့ စိတ်ပူစရာမလိုတော့တဲ့အခြေအနေကို ပိုင်ဆိုင်ထားသူတိုင်းက ဒေါင်းလုတ်အေးဆေးဆွဲနိုင်ဖို့အတွက် ဒီကန့်သတ်ချက်လေးကို ဖယ်ရှားလိုက်မယ်ဆိုရင် ဘာသောကရောက်စရာ လိုတော့မှာလဲ။

[Zawgyi]

Apple က iOS 13 မွာ ေျပာင္းလဲမႈအေတာ္မ်ားမ်ားကို လုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီထဲကတစ္ခုကေတာ့ ပမာဏကိုမၾကည့္ေတာ့ဘဲ cellular ကေန app ေတြကို ေဒါင္းလုတ္ဆြဲဖုိ႕ခြင့္ျပဳလိုက္တာပါ။
iOS 12 မွာတုန္းက Apple ဟာ cellular data အသံုးျပဳေနခ်ိန္ ေဒါင္းလုတ္ဆြဲမယ္ဆိုပါက 200MB အထိသာ သတ္မွတ္ေပးထားပါတယ္။ အရင္တုန္းက 150MB ဆိုေတာ့ တိုးတက္လာတယ္လို႕ဆိုရေပမယ့္လည္း မမိုက္ေသးပါဘူး။ iOS 13 ရဲ႕ အေစာပိုင္း beta ေတြမွာေတာ့ သံုးစြဲသူေတြဆႏၵရွိရင္ ဖယ္ရွားလို႕ရပါတယ္။
အခုေတာ့ သံုးစြဲသူေတြအေနနဲ႕ ကန္႕သတ္ထားခ်င္လားဆိုတာကို ကိုယ္တုိင္ကိုယ္က် ေရြးခ်ယ္ခြင့္ရေနျပီ ျဖစ္ပါတယ္။ ဒီေတာ့ ဘယ္လိုလုပ္လို႕ရလဲဆိုတာ ဆက္ၾကည့္ရေအာင္။
အဆင့္ တစ္ ။ Settings app ကိုဖြင့္ျပီး iTunes & App Store ကို ႏွိပ္လုိက္ပါ။
အဆင့္ ႏွစ္ ။ Cellular Data ေအာက္က App Downloads ကို ႏွိပ္ပါ။
အဆင့္ သံုး ။ Always Allow ကို ေရြးခ်ယ္ေပးလုိက္ပါ။
ဒါေလးပါပဲ။ default အရေတာ့ iOS 13 ဟာ 200MB မေက်ာ္ခင္မွာ သံုးစြဲသူေတြကို ေမးပါလိမ့္မယ္။ ဒါေပမယ့္ ကန္႕သတ္ခ်က္ကို ဖယ္္ထားလုိက္ျခင္းက ေဒါင္းလုုတ္ဆြဲတဲ့အခ်ိန္မွာ စိတ္ရွဳပ္စရာမလုိေတာ့တာေပါ့။
ကၽြန္ေတာ္တို႕အမ်ားစုက unlimited data plan သံုးေနၾကတဲ့ဖုန္းေတြရွိေနတာဆုိေတာ့ ေဒါင္းလုတ္ဆြဲတဲ့အခါ မႈစရာမလိုပါဘူး။ ၾကီးေနတယ္ဆုိရင္ေတာင္ ဘတ္ထရီစားတာေလာက္ပဲရွိေတာ့မွာပါ။
ဒီေတာ့ စိတ္ပူစရာမလုိေတာ့တဲ့အေျခအေနကို ပိုင္ဆုိင္ထားသူတုိင္းက ေဒါင္းလုတ္ေအးေဆးဆြဲႏုိင္ဖို႕အတြက္ ဒီကန္႕သတ္ခ်က္ေလးကို ဖယ္ရွားလုိက္မယ္ဆုိရင္ ဘာေသာကေရာက္စရာ လုိေတာ့မွာလဲ။

Ref : redmondpie

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.