လမ်းမပေါ်မှာ AirPods စတစ်ကာကပ်ပြီး prank လုပ်ခဲ့ကြ

0
728

[Unicode]

ဆန်ဖရန်စစ္စကိုက အနုပညာရှင် Pablo Rochat က ပျော်ရွှင်ဖွယ် AirPods prank လေးကို ပိတ်ရက်မှာ လုပ်ခဲ့ပါတယ်။ လမ်းမပေါ်မှာ AirPods လေး ပြုတ်ကျခဲ့တယ်လို့ထင်အောင် အရူးလုပ်ခဲ့တာပေါ့။
Rochat က Apple ဖန်တွေရဲ့သွေးခုန်နှုန်းတွေ ထိုးတက်သွားအောင် ခပ်မိုက်မိုက်စဉ်းစားပြီး prank လေးတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။
Airpods နဲ့ဆင်တူတဲ့ လက်တွေ့ Airpods ရဲ့ပမာဏအတိုင်းထုတ်ထားတဲ့ စတစ်ကာတွေကို မြို့အနှံ့မှာ ကပ်ခဲ့ပါတယ်။
ဒီ prank လေးဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုဖမ်းယူဖို့ ကနဦးရည်ရွယ်ထားပြီး ယူချင်လာအောင် လုပ်ခဲ့တာပါ။
ဒီနောက်ပြောင်မှုဟာ လူအများစု ပျော်ခဲ့ကြပေမယ့်လည်း အနောက်ခံရမှန်းသိတဲ့အခါ အချို့လူတွေကတော့ စိတ်ပျက်သွားတာမြင်ခဲ့ရပါတယ်။
Rochat က တွစ်တာမှာ အခုလိုလေးတွေတင်ခဲ့ပါတယ်။


သူက ကစားချင်တဲ့သူတိုင်းအတွက် AirPods နဲ့ AirPods Pro template လေးတွေကို ဝက်ဘ်ဆိုက်မှာ တင်ပေးထားခဲ့ပါတယ်။ AirPods prank ကို ခပ်မိုက်မိုက် စဉ်းစားတဲ့သူတွေလည်း ရှိနေခဲ့တယ်။


ရက်ရက်စက်စက် နောက်ပြောင်မယ့်သူတွေလည်း ရှိနေခဲ့တယ်။


မကြာသေးခင်က ကောက်ယူခဲ့တဲ့စစ်တမ်းအရ ဆယ်ကျော်သက်တွေရဲ့ အားလပ်ရက်ရာသီအတွက် အလိုချင်ဆုံးလက်ဆောင်က AirPods ဖြစ်ကြောင်း သိခဲ့ရပါတယ်။

[Zawgyi]








Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.