တရုတ္ႏုိင္ငံမွာ ႏွစ္လအတြင္း iPhone 11 အလံုးေရ ၁၀မီလ်ံ ေရာင္းခ်ရ

0
873

[Unicode]

Apple ဟာ စက်တင်ဘာနဲ့ အောက်တိုဘာ နှစ်လအတွင်း တရုတ်နိုင်ငံမှာ iPhone 11 Pro နဲ့ iPhone 11 အလုံးရေ ၁၀မီလျံရောင်းချခဲ့ရတယ်လို့ ပြောပါတယ်။ ဒီအရေအတွက်တွေကိုတော့ အစိုးရရဲ့အချက်အလက်နဲ့ Android ဖုန်းတွေရဲ့ဖြန့်ချိမှုအရေအတွက်တို့ပေါ်မှာအခြေခံပြီး Bloomberg က တွက်ချက်ထားတာဖြစ်ပါတယ်။
တကယ်လို့များ ဒီသတင်းသာမှန်ကန်ခဲ့တယ်ဆိုရင်တော့ iPhone ဖြန့်ချိမှုအပိုင်းမှာ ၆ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
iPhone 11 နဲ့ iPhone 11 Pro တို့ကို မိတ်မဆက်ခင်မှာ Apple ဟာ တရုတ်နိုင်ငံရဲ့ ဈေးကွက်ရှယ်ယာကို အခြားဖုန်းထုတ်လုပ်သူတွေဆီ ပေးထားရတာပါ။ 2019 iPhone တွေကတော့ တရုတ်နဲ့ ယူအက်စ်အကြားက ကုန်သွယ်ရေးစစ်ပွဲတွေရှိနေပေမယ့်လည်း တရုတ်သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုကောင်းကောင်းကို ယူဆောင်လာပေးနိုင်ခဲ့ပါတယ်။
ဈေးသက်သာတဲ့အတွက်ကြောင့် မနှစ်ကမော်ဒယ်လ်တွေထက် iPhone 11 series ကို တရုတ်သုံးစွဲသူတွေက ပိုလက်ခံကြတယ်နဲ့တူပါတယ်။ အရင်မော်ဒယ်လ်တွေတုန်းက ဖြန့်ချိမှုအားနည်းတာကို တွေ့မြင်ရပေမယ့်လည်း အခုမော်ဒယ်လ်တွေမှာ အားကောင်းလာတယ်လို့ လေ့လာသူတစ်ယောက်က ပြောထားပါတယ်။
Apple ဟာ iPhone 11 ဈေးနှုန်းကို ဒေါ်လာ၅၀ လျှော့ချထားတာမို့ သုံးစွဲသူတွေကို ဆွဲဆောင်နိုင်ခဲ့သလို ဒီဈေးနှုန်းလျှော့ချမှုကို ယူအက်စ်မှာသာမက ဈေးနှုန်းကိုထည့်သွင်းစဉ်းစားတဲ့ တရုတ်နဲ့ အိန္ဒိယမှာလည်း လုပ်ဆောင်ပေးခဲ့ပါတယ်။
iPhone 11 Pro နဲ့ iPhone 11 Pro Max မှာ ဘတ်ထရီသက်တမ်းကို တိုးမြှင့်ထားတဲ့အတွက်ကြောင့် ပိုထူပြီး ပိုလေးပါတယ်။ အနောက်ကင်မရာရဲ့လုပ်ဆောင်ချက်ကိုလည်း အဆင့်မြှင့်တင်ထားပေးပြီး iPhone တွေမှာ Huawei နဲ့ Google ဖုန်းတွေမှာလို Night mode ကို ထည့်သွင်းပေးထားပါတယ်။ iPhone 11 ရဲ့ ဝယ်လိုအားမြင့်တက်မှု သူတို့အတွက် ထုတ်လုပ်မှုကို ၁၀ရာခိုင်နှုန်းနီးပါး တိုးတက်သွားစေခဲ့ပါတယ်။

[Zawgyi]

Apple ဟာ စက္တင္ဘာနဲ႕ ေအာက္တုိဘာ ႏွစ္လအတြင္း တရုတ္ႏုိင္ငံမွာ iPhone 11 Pro နဲ႕ iPhone 11 အလံုးေရ ၁၀မီလ်ံေရာင္းခ်ခဲ့ရတယ္လို႕ ေျပာပါတယ္။ ဒီအေရအတြက္ေတြကိုေတာ့ အစိုးရရဲ႕အခ်က္အလက္နဲ႕ Android ဖုန္းေတြရဲ႕ျဖန္႕ခ်ိမႈအေရအတြက္တို႕ေပၚမွာအေျခခံျပီး Bloomberg က တြက္ခ်က္ထားတာျဖစ္ပါတယ္။
တကယ္လို႕မ်ား ဒီသတင္းသာမွန္ကန္ခဲ့တယ္ဆိုရင္ေတာ့ iPhone ျဖန္႕ခ်ိမႈအပုိင္းမွာ ၆ရာခုိင္ႏႈန္း ျမင့္တက္လာခဲ့တယ္လို႕ ဆိုႏုိင္ပါတယ္။
iPhone 11 နဲ႕ iPhone 11 Pro တို႕ကို မိတ္မဆက္ခင္မွာ Apple ဟာ တရုတ္ႏုိင္ငံရဲ႕ ေစ်းကြက္ရွယ္ယာကို အျခားဖုန္းထုတ္လုပ္သူေတြဆီ ေပးထားရတာပါ။ 2019 iPhone ေတြကေတာ့ တရုတ္နဲ႕ ယူအက္စ္အၾကားက ကုန္သြယ္ေရးစစ္ပြဲေတြရွိေနေပမယ့္လည္း တရုတ္သံုးစြဲသူေတြရဲ႕ တံု႕ျပန္မႈေကာင္းေကာင္းကို ယူေဆာင္လာေပးႏုိင္ခဲ့ပါတယ္။
ေစ်းသက္သာတဲ့အတြက္ေၾကာင့္ မႏွစ္ကေမာ္ဒယ္လ္ေတြထက္ iPhone 11 series ကို တရုတ္သံုးစြဲသူေတြက ပိုလက္ခံၾကတယ္နဲ႕တူပါတယ္။ အရင္ေမာ္ဒယ္လ္ေတြတုန္းက ျဖန္႕ခ်ိမႈအားနည္းတာကို ေတြ႕ျမင္ရေပမယ့္လည္း အခုေမာ္ဒယ္လ္ေတြမွာ အားေကာင္းလာတယ္လို႕ ေလ့လာသူတစ္ေယာက္က ေျပာထားပါတယ္။
Apple ဟာ iPhone 11 ေစ်းႏႈန္းကို ေဒၚလာ၅၀ ေလွ်ာ့ခ်ထားတာမို႕ သံုးစြဲသူေတြကို ဆြဲေဆာင္ႏိုင္ခဲ့သလို ဒီေစ်းႏႈန္းေလွ်ာ့ခ်မႈကို ယူအက္စ္မွာသာမက ေစ်းႏႈန္းကိုထည့္သြင္းစဥ္းစားတဲ့ တရုတ္နဲ႕ အိႏၵိယမွာလည္း လုပ္ေဆာင္ေပးခဲ့ပါတယ္။
iPhone 11 Pro နဲ႕ iPhone 11 Pro Max မွာ ဘတ္ထရီသက္တမ္းကို တိုးျမွင့္ထားတဲ့အတြက္ေၾကာင့္ ပိုထူျပီး ပိုေလးပါတယ္။ အေနာက္ကင္မရာရဲ႕လုပ္ေဆာင္ခ်က္ကိုလည္း အဆင့္ျမွင့္တင္ထားေပးျပီး iPhone ေတြမွာ Huawei နဲ႕ Google ဖုန္းေတြမွာလို Night mode ကို ထည့္သြင္းေပးထားပါတယ္။ iPhone 11 ရဲ႕ ၀ယ္လိုအားျမင့္တက္မႈ သူတို႕အတြက္ ထုတ္လုပ္မႈကို ၁၀ရာခုိင္ႏႈန္းနီးပါး တိုးတက္သြားေစခဲ့ပါတယ္။

Ref : iphonehacks

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.