Classic ဖုန်းကို ပြန်လည်ဆန်းသစ်ဖို့ အရိပ်အမြွက်ပြနေတဲ့ HTC

0
620

[Unicode]

iPhone ကိုပြိုင်ခဲ့တဲ့ HTC Desire ကနေ ကျော့ရှင်းတဲ့ HTC One (M7) တို့အထိ နှစ်ပေါင်းများစွာတိုင် ကောင်းမွန်တဲ့ဖုန်းတွေကို ထုတ်လုပ်ခဲ့တဲ့ HTC ကို မှတ်မိကြသေးရဲ့လား။ လက်ရှိမှာတော့ စမတ်ဖုန်းလောကထဲမှာ အသက်ရှိသေးရဲ့လားတောင် မသေချာတဲ့အနေအထားရောက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြန်လာဖို့စီစဉ်နေပါပြီ။
HTC Creative Labs ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Drew Bamford က တွစ်တာမှာ အခုလိုတင်ထားပါတယ်။ ဘယ်လို classic @htc ဖုန်းကို ဒီနေ့ခေတ်နည်းပညာတွေအသုံးပြုပြီး ပြန်လည်မြင်ချင်ကြလဲ။
ဒါဟာ HTC အနေနဲ့ classic တစ်လုံးကို ပြန်လည်အသက်သွင်းဖို့စီစဉ်နေတာဖြစ်နိုင်ပါတယ်။ Motorola ကလည်း Razr range ကို ခေါက်ချိုး Motorola Razr 2019 အဖြစ်နဲ့ ပြန်လည်ဆောင်ကြဉ်းခဲ့သလိုမျိုးပေါ့။
ပျော်စရာကောင်းလိုက်တဲ့ဖြစ်ခြင်း။ အတိတ်ကို inspiration ယူမယ်လို့ မသေချာသေးတဲ့အတွက်ကြောင့် သိပ်စိတ်လှုပ်ရှားမနေပါနဲ့ဦး။ TechRadar က Gareth Beavis ရဲ့ စိတ်ကူးကို နားထောင်ကြည့်ရအောင်။်
TechRadar က ဘာတွေမြင်ချင်လဲ
HTC One S ရဲ့ micro oxidized aluminum ကို အသုံးပြုပြီးတော့ လက်ရှိဟန်းဆက်တွေမှာတွေ့ရတဲ့ glass back တွေကို အစားထိုးစေချင်တယ်။
အဲဒီအချိန်တုန်းက ပေးခဲ့တဲ့ HTC Hero ရဲ့ top tier power တွေ၊ ပွင့်လင်းမြင်သာပြီး ဟက်ကာအသိုင်းအဝိုင်းကအသုံးပြုနိုင်တဲ့ software တွေလည်း ထည့်စေချင်တယ်။ နောက်ပြီး ဘတ်ထရီသက်တမ်း ထပ်တိုးမယ်ဆိုရင်ရော။
HTC ရဲ့ iconic feature တွေဖြစ်တဲ့ UltraPixel ကင်မရာနည်းပညာ၊ BoomSound စပီကာတွေလည်း ပါသင့်တာပေါ့။ နောက်ပြီး HTC Sense ကို ဗားရှင်းထပ်မြှင့်ထားတာလေးရောပေါ့။
စိတ်ကူးတွေကို HTC က အသုံးပြုပါ့မလား။ ဟန်းဆက်တစ်ခုတည်းမှာတော့ အားလုံးထည့်သွင်းနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အတိတ်ကပုံရိပ်ဟောင်းတွေကို ပြန်လည်မှတ်မိစေနိုင်မယ့်ဖုန်းကောင်းတစ်လုံးတော့ ရှိထားပုံရပါတယ်။
HTC ကနောက်လှည့်ကြည့်တာကလည်း အကောင်းဆုံးနည်းလမ်းဖြစ်နိုင်တာပဲ။ စမတ်ဖုန်းလောကကြီးက ပြောင်းလဲနေတာမို့ အချက်အလက်အသစ်တွေနဲ့ ထုတ်လုပ်မယ်ဆိုရင်တောင် မလုံလောက်တဲ့ခေတ်ကြီးမလား။
တကယ်လို့များ ၂၀၂၀အတွက်ထုတ်ထားတဲ့ စမတ်ဖုန်းတစ်လုံးနဲ့ အရင်တုန်းကဆန်းသစ်မှုတွေ၊ အောင်မြင်မှုတွေကို ပြန်လည်ရရှိခဲ့မယ်ဆိုရင်။ ကျွန်တော်တို့ စိတ်လှုပ်ရှားရမယ့် HTC ဖုန်းတစ်လုံးတော့ ရောက်လာပြန်ပါပြီ။

[Zawgyi]

iPhone ကိုျပိဳင္ခဲ့တဲ့ HTC Desire ကေန ေက်ာ့ရွင္းတဲ့ HTC One (M7) တို႕အထိ ႏွစ္ေပါင္းမ်ားစြာတုိင္ ေကာင္းမြန္တဲ့ဖုန္းေတြကို ထုတ္လုပ္ခဲ့တဲ့ HTC ကို မွတ္မိၾကေသးရဲ႕လား။ လက္ရွိမွာေတာ့ စမတ္ဖုန္းေလာကထဲမွာ အသက္ရွိေသးရဲ႕လားေတာင္ မေသခ်ာတဲ့အေနအထားေရာက္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း ျပန္လာဖို႕စီစဥ္ေနပါျပီ။
HTC Creative Labs ရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ Drew Bamford က တြစ္တာမွာ အခုလိုတင္ထားပါတယ္။ ဘယ္လို classic @htc ဖုန္းကို ဒီေန႕ေခတ္နည္းပညာေတြအသံုးျပဳျပီး ျပန္လည္ျမင္ခ်င္ၾကလဲ။
ဒါဟာ HTC အေနနဲ႕ classic တစ္လံုးကို ျပန္လည္အသက္သြင္းဖို႕စီစဥ္ေနတာျဖစ္ႏုိင္ပါတယ္။ Motorola ကလည္း Razr range ကို ေခါက္ခ်ိဳး Motorola Razr 2019 အျဖစ္နဲ႕ ျပန္လည္ေဆာင္ၾကဥ္းခဲ့သလိုမ်ိဳးေပါ့။
ေပ်ာ္စရာေကာင္းလုိက္တဲ့ျဖစ္ျခင္း။ အတိတ္ကို inspiration ယူမယ္လို႕ မေသခ်ာေသးတဲ့အတြက္ေၾကာင့္ သိပ္စိတ္လႈပ္ရွားမေနပါနဲ႕ဦး။ TechRadar က Gareth Beavis ရဲ႕ စိတ္ကူးကို နားေထာင္ၾကည့္ရေအာင္။္
TechRadar က ဘာေတြျမင္ခ်င္လဲ
HTC One S ရဲ႕ micro oxidized aluminum ကို အသံုးျပဳျပီးေတာ့ လက္ရွိဟန္းဆက္ေတြမွာေတြ႕ရတဲ့ glass back ေတြကို အစားထိုးေစခ်င္တယ္။
အဲဒီအခ်ိန္တုန္းက ေပးခဲ့တဲ့ HTC Hero ရဲ႕ top tier power ေတြ၊ ပြင့္လင္းျမင္သာျပီး ဟက္ကာအသိုင္းအ၀ိုင္းကအသံုးျပဳႏုိင္တဲ့ software ေတြလည္း ထည့္ေစခ်င္တယ္။ ေနာက္ျပီး ဘတ္ထရီသက္တမ္း ထပ္တိုးမယ္ဆိုရင္ေရာ။
HTC ရဲ႕ iconic feature ေတြျဖစ္တဲ့ UltraPixel ကင္မရာနည္းပညာ၊ BoomSound စပီကာေတြလည္း ပါသင့္တာေပါ့။ ေနာက္ျပီး HTC Sense ကို ဗားရွင္းထပ္ျမွင့္ထားတာေလးေရာေပါ့။
စိတ္ကူးေတြကို HTC က အသံုးျပဳပါ့မလား။ ဟန္းဆက္တစ္ခုတည္းမွာေတာ့ အားလံုးထည့္သြင္းႏုိင္ဖို႕ မျဖစ္ႏုိင္ပါဘူး။ အတိတ္ကပံုရိပ္ေဟာင္းေတြကို ျပန္လည္မွတ္မိေစႏုိင္မယ့္ဖုန္းေကာင္းတစ္လံုးေတာ့ ရွိထားပံုရပါတယ္။
HTC ကေနာက္လွည့္ၾကည့္တာကလည္း အေကာင္းဆံုးနည္းလမ္းျဖစ္ႏုိင္တာပဲ။ စမတ္ဖုန္းေလာကၾကီးက ေျပာင္းလဲေနတာမို႕ အခ်က္အလက္အသစ္ေတြနဲ႕ ထုတ္လုပ္မယ္ဆိုရင္ေတာင္ မလံုေလာက္တဲ့ေခတ္ၾကီးမလား။
တကယ္လို႕မ်ား ၂၀၂၀အတြက္ထုတ္ထားတဲ့ စမတ္ဖုန္းတစ္လံုးနဲ႕ အရင္္တုန္းကဆန္းသစ္မႈေတြ၊ ေအာင္ျမင္မႈေတြကို ျပန္လည္ရရွိခဲ့မယ္ဆိုရင္။ ကၽြန္ေတာ္တို႕ စိတ္လႈပ္ရွားရမယ့္ HTC ဖုန္းတစ္လံုးေတာ့ ေရာက္လာျပန္ပါျပီ။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.