Apple Music နဲ့ Spotify ကို ပြိုင်ဆိုင်ဖို့ TikTok ကိုပိုင်ဆိုင်တဲ့ ByteDance က ပြင်ဆင်နေ

0
207

[Unicode]

TikTok ကိုပိုင်ဆိုင်တဲ့ ByteDance လုပ်ငန်းကနေပြီးတော့ Apple Music နဲ့ Spotify ကို ပြိုင်ဆိုင်တော့မှာပါ။ TikTok ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း ဗွီဒီယိုအတိုလေးတွေကို မျှဝေနိုင်တဲ့ app လေးတစ်ခုဖြစ်ပါတယ်။
ByteDance ဟာ music label တွေနဲ့ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီးတော့ လက်ရှိရှိနေတဲ့ streaming music service တွေကို ပြိုင်ဆိုင်တော့မှာပါ။
သူတို့ရဲ့အဓိကပစ်မှတ်ထဲမှာ ယူအက်စ်ဈေးကွက်လည်း ပါဝင်နေတယ်လို့သိရပါတယ်။
ByteDance ဟာ ကမ္ဘာ့အကြီးမားဆုံး record လုပ်ငန်းတွေဖြစ်တဲ့ Universal Music, Sony Music နဲ့ Warner Music တို့နဲ့ စကားပြောဆိုမှုတွေပြုလုပ်ခဲ့ပြီးတော့ သူ့ရဲ့ music subscription service မှာ သူတို့ရဲ့သီချင်းတွေထည့်သွင်းဖို့ လုပ်ဆောင်နေခဲ့တာပါ။
သူတို့ဟာ ဘေဂျင်းအခြေစိုက်နည်းပညာလုပ်ငန်းဖြစ်ပြီးတော့ ဒီဝန်ဆောင်မှုလေးကို နောက်လမှာ မိတ်ဆက်နိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်။ ဖွံ့ဖြိုးဆဲဈေးကွက်တွေဖြစ်တဲ့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘရာဇီး တို့မှာ အစပြုသွားမှာဖြစ်ပြီးတော့ ယူအက်စ်ကိုဝင်ရောက်မှာဖြစ်ပါတယ်။
TikTok ကတော့ တစ်ကမ္ဘာလုံးအရ သုံးစွဲသူပေါင်း တစ်ဘီလျံရရှိထားပြီဖြစ်ပြီး ယူအက်စ်မှာ ၈၀မီလျံ ဒေါင်းလုတ်ဆွဲထားတဲ့အတွက်ကြောင့် ဈေးကွက်အနေအထားအရ streaming music service လေးအတွက်လည်း သုံးစွဲသူတွေအားကောင်းလောက်မှာပါ။
ByteDance က သူ့ရဲ့ social media background ကို app အသစ်ထဲမှာ fun sharing လေးတွေထည့်သွင်းပြီးတော့ ကြီးမားအောင်လုပ်ချင်နေတာဖြစ်ပါတယ်။
ByteDance streaming app လေးမှာဆိုရင် နားထောင်သူတွေရှာနိုင်တဲ့ ဗွီဒီယိုအတိုလေးတွေပါဝင်မှာသိရတယ်လို့ ဒီဝန်ဆောင်မှုကို အစမ်းသုံးခဲ့ရသူတွေက ဆိုပါတယ်။ သုံးစွဲသူတွေက အဲဒီကလစ်လေးတွေကို သူငယ်ချင်းတွေဆီပို့ပေးနိုင်ပါတယ်။ ဒီ app ရဲ့ ရည်ရွယ်ချက်က sharing နဲ့ virality ဖြစ်ပြီး မိုဘိုင်းလ်ဖုန်းတွေအတွက် ဒေါင်လိုက်အရွယ်အစား ဗွီဒီယိုတွေကို လုပ်ပေးထားပါတယ်။
ဈေးနှုန်းကတော့ မသိရသေးပေမယ့်လည်း Apple နဲ့ Spotify တို့တောင်းခံတဲ့ ၉.၉၉ဒေါ်လာထက်တော့ နည်းမှာပါ။
Apple ကလည်း Apple Music, News+ နဲ့ TV+ subscriptions တွေပေါင်းလိုက်ခြင်းက ပြိုင်ပွဲမှာအသာစီးရအောင် လုပ်ထားနိုင်မှာပါ။ လက်ရှိမှာ သုံးခုပေါင်းလိုက်ရင် ၂၄.၉၇ဒေါ်လာဖြစ်နေတာပါ။

[Zawgyi]

TikTok ကိုပုိင္ဆုိင္တဲ့ ByteDance လုပ္ငန္းကေနျပီးေတာ့ Apple Music နဲ႕ Spotify ကို ျပိဳင္ဆုိင္ေတာ့မွာပါ။ TikTok ဆိုတာကေတာ့ အားလံုးသိၾကတဲ့အတိုင္း ဗြီဒီယိုအတိုေလးေတြကို မွ်ေ၀ႏုိင္တဲ့ app ေလးတစ္ခုျဖစ္ပါတယ္။
ByteDance ဟာ music label ေတြနဲ႕ညွိႏႈိင္းမႈေတြျပဳလုပ္ခဲ့ျပီးေတာ့ လက္ရွိရွိေနတဲ့ streaming music service ေတြကို ျပိဳင္ဆုိင္ေတာ့မွာပါ။
သူတို႕ရဲ႕အဓိကပစ္မွတ္ထဲမွာ ယူအက္စ္ေစ်းကြက္လည္း ပါ၀င္ေနတယ္လို႕သိရပါတယ္။
ByteDance ဟာ ကမာၻ႕အၾကီးမားဆံုး record လုပ္ငန္းေတြျဖစ္တဲ့ Universal Music, Sony Music နဲ႕ Warner Music တို႕နဲ႕ စကားေျပာဆိုမႈေတြျပဳလုပ္ခဲ့ျပီးေတာ့ သူ႕ရဲ႕ music subscription service မွာ သူတို႕ရဲ႕သီခ်င္းေတြထည့္သြင္းဖို႕ လုပ္ေဆာင္ေနခဲ့တာပါ။
သူတို႕ဟာ ေဘဂ်င္းအေျခစိုက္နည္းပညာလုပ္ငန္းျဖစ္ျပီးေတာ့ ဒီ၀န္ေဆာင္မႈေလးကို ေနာက္လမွာ မိတ္ဆက္ႏုိင္ဖို႕အတြက္ လုပ္ေဆာင္ေနပါတယ္။ ဖြံ႕ျဖိဳးဆဲေစ်းကြက္ေတြျဖစ္တဲ့ အိႏိၵယ၊ အင္ဒိုနီးရွား၊ ဘရာဇီး တို႕မွာ အစျပဳသြားမွာျဖစ္ျပီးေတာ့ ယူအက္စ္ကို၀င္ေရာက္မွာျဖစ္ပါတယ္။
TikTok ကေတာ့ တစ္ကမာၻလံုးအရ သံုးစြဲသူေပါင္း တစ္ဘီလ်ံရရွိထားျပီျဖစ္ျပီး ယူအက္စ္မွာ ၈၀မီလ်ံ ေဒါင္းလုတ္ဆြဲထားတဲ့အတြက္ေၾကာင့္ ေစ်းကြက္အေနအထားအရ streaming music service ေလးအတြက္လည္း သံုးစြဲသူေတြအားေကာင္းေလာက္မွာပါ။
ByteDance က သူ႕ရဲ႕ social media background ကို app အသစ္ထဲမွာ fun sharing ေလးေတြထည့္သြင္းျပီးေတာ့ ၾကီးမားေအာင္လုပ္ခ်င္ေနတာျဖစ္ပါတယ္။
ByteDance streaming app ေလးမွာဆိုရင္ နားေထာင္သူေတြရွာႏုိင္တဲ့ ဗြီဒီယိုအတိုေလးေတြပါ၀င္မွာသိရတယ္လုိ႕ ဒီ၀န္ေဆာင္မႈကို အစမ္းသံုးခဲ့ရသူေတြက ဆိုပါတယ္။ သံုးစြဲသူေတြက အဲဒီကလစ္ေလးေတြကို သူငယ္ခ်င္းေတြဆီပို႕ေပးႏုိင္ပါတယ္။ ဒီ app ရဲ႕ ရည္ရြယ္ခ်က္က sharing နဲ႕ virality ျဖစ္ျပီး မိုဘိုင္းလ္ဖုန္းေတြအတြက္ ေဒါင္လိုက္အရြယ္အစား ဗြီဒီယိုေတြကို လုပ္ေပးထားပါတယ္။
ေစ်းႏႈန္းကေတာ့ မသိရေသးေပမယ့္လည္း Apple နဲ႕ Spotify တို႕ေတာင္းခံတဲ့ ၉.၉၉ေဒၚလာထက္ေတာ့ နည္းမွာပါ။
Apple ကလည္း Apple Music, News+ နဲ႕ TV+ subscriptions ေတြေပါင္းလိုက္ျခင္းက ျပိဳင္ပြဲမွာအသာစီးရေအာင္ လုပ္ထားႏိုင္မွာပါ။ လက္ရွိမွာ သံုးခုေပါင္းလုိက္ရင္ ၂၄.၉၇ေဒၚလာျဖစ္ေနတာပါ။

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.