2020 iPhone နဲ့အတူ Samsung ရဲ့ 5G သရဖူကို လွှဲပြောင်းယူမယ့် Apple

0
628

[Zawgyi]

5G နယ္ပယ္ထဲကို Apple က အခုထိိခုန္၀င္မလာေသးေပမယ့္လည္း ေနာက္ႏွစ္မွာေတာ့ ၀င္ေရာက္လာမယ္လို႕မွန္းထားပါတယ္။ Strategy Analytics ရဲ႕အခ်က္အလက္ေတြကိုၾကည့္လုိက္ရင္ Apple ရဲ႕ 5G ကူးေျပာင္းမႈဟာ 5G စမတ္ဖုန္းေတြရဲ႕ ေစ်းကြက္ကိုဦးေဆာင္သူတစ္ေယာက္ ျဖစ္လာႏုိင္ပါတယ္။
Apple ဆီကေန 5G ရတဲ့ iPhone ကို အနည္းဆံုး သံုးလံုးေလာက္ေတာ့ ေတြ႕ျမင္ရႏုိင္တယ္လို႕ Strategy Analytics ရဲ႕ ဒါရိုက္တာတစ္ေယာက္ျဖစ္သူ Ken Hyers က ခန္႕မွန္းထားပါတယ္။ Apple ရဲ႕ လက္ရွိအဆင့္ျမွင့္တင္ႏႈန္းေတြအရ Samsung နဲ႕ Huawei တို႕ကို 5G စမတ္ဖုန္းျဖန္႕ခ်ိမႈမွာ ေက်ာ္တက္သြားႏုိင္တယ္လို႕ ယံုၾကည္ေနၾကတာ ျဖစ္ပါတယ္။


“Apple ဟာ လက္ရွိမွာ 5G ဖုန္းေတြထုတ္လုပ္ေနတယ္လို႕ မၾကားထားေသးပါဘူး။ လက္ရွိ 5G ေစ်းကြက္ေခါင္းေဆာင္ေတြျဖစ္တဲ့ Samsung နဲ႕ Huawei တို႕ကိုေက်ာ္တက္သြားႏုိင္တယ္ဆိုတာ လက္ခံရခက္ေနေလာက္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ႏွစ္မွာထြက္ရွိလာမယ့္ 5G ေမာ္ဒယ္လ္အသစ္ သံုးလံုးေလာက္နဲ႕ Apple ဟာ သူ႕ရဲ႕အဆင့္ျမွင့္တင္မႈေတြကို ေပါင္းစပ္လိုက္တဲ့အခါမွာ ေနာက္ႏွစ္ကို ဦးေဆာင္ဖို႕ လြယ္ကူေနပါတယ္။”
လက္ရွိမွာေတာ့ 5G စမတ္ဖုန္းထုတ္လုပ္ေရးမွာ ဦးေဆာင္ေနတာကေတာ့ Samsung ျဖစ္ေပမယ့္လည္း ေနာက္ႏွစ္မွာ Apple က အဲဒီထိပ္ဆံုးေနရာကို ယူသြားဖို႕ရွိေနပါတယ္။ Samsung ကေတာ့ ေစ်းႏႈန္းနည္းနည္းနဲ႕ ျဖန္႕ခ်ိေပးမွာျဖစ္လို႕ ထိပ္ဆံုးေနရာကိုေရာက္ဖို႕ မွန္းထားတုန္းပါပဲ။
“၂၀၂၀ မွာ Apple ကို ဦးေဆာင္ဖို႕ မွန္းေနတယ္ဆိုေပမယ့္လည္း ေရရွည္မွာေတာ့ Samsung က ဦးေဆာင္ထားႏုိင္မွာပါ။ 5G ဟာ ေစ်းကြက္အေတာ္မ်ားမ်ားမွာ မရႏုိင္ေသးတဲ့အတြက္ Samsung ဟာ စမတ္ဖုန္းေစ်းကြက္အေတာ္မ်ားမ်ားကို လႊမ္းမိုးထားျခင္းရဲ႕ အားသာခ်က္ကိုအသံုးခ်ျပီး ေစ်းႏႈန္းအမ်ိဳးမ်ိဳးနဲ႕ 5G ဖုန္းေတြကို ထုတ္ေပးသြားႏုိင္ပါတယ္။”
ဒီေတာ့ 5G ဟာ လူေတြအတြက္ ဆြဲေဆာင္မႈေကာင္းတစ္ရပ္ ျဖစ္လာႏုိင္လား၊ ျဖစ္မလာႏုိင္ဘူးလားဆိုတာ ေဆြးေႏြးၾကည့္ရေအာင္ဗ်ာ။

[Unicode]

5G နယ်ပယ်ထဲကို Apple က အခုထိခုန်ဝင်မလာသေးပေမယ့်လည်း နောက်နှစ်မှာတော့ ဝင်ရောက်လာမယ်လို့မှန်းထားပါတယ်။ Strategy Analytics ရဲ့အချက်အလက်တွေကိုကြည့်လိုက်ရင် Apple ရဲ့ 5G ကူးပြောင်းမှုဟာ 5G စမတ်ဖုန်းတွေရဲ့ ဈေးကွက်ကိုဦးဆောင်သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
Apple ဆီကနေ 5G ရတဲ့ iPhone ကို အနည်းဆုံး သုံးလုံးလောက်တော့ တွေ့မြင်ရနိုင်တယ်လို့ Strategy Analytics ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်သူ Ken Hyers က ခန့်မှန်းထားပါတယ်။ Apple ရဲ့ လက်ရှိအဆင့်မြှင့်တင်နှုန်းတွေအရ Samsung နဲ့ Huawei တို့ကို 5G စမတ်ဖုန်းဖြန့်ချိမှုမှာ ကျော်တက်သွားနိုင်တယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။


“Apple ဟာ လက်ရှိမှာ 5G ဖုန်းတွေထုတ်လုပ်နေတယ်လို့ မကြားထားသေးပါဘူး။ လက်ရှိ 5G ဈေးကွက်ခေါင်းဆောင်တွေဖြစ်တဲ့ Samsung နဲ့ Huawei တို့ကိုကျော်တက်သွားနိုင်တယ်ဆိုတာ လက်ခံရခက်နေလောက်ပါတယ်။ ဒါပေမယ့်လည်း နောက်နှစ်မှာထွက်ရှိလာမယ့် 5G မော်ဒယ်လ်အသစ် သုံးလုံးလောက်နဲ့ Apple ဟာ သူ့ရဲ့အဆင့်မြှင့်တင်မှုတွေကို ပေါင်းစပ်လိုက်တဲ့အခါမှာ နောက်နှစ်ကို ဦးဆောင်ဖို့ လွယ်ကူနေပါတယ်။”
လက်ရှိမှာတော့ 5G စမတ်ဖုန်းထုတ်လုပ်ရေးမှာ ဦးဆောင်နေတာကတော့ Samsung ဖြစ်ပေမယ့်လည်း နောက်နှစ်မှာ Apple က အဲဒီထိပ်ဆုံးနေရာကို ယူသွားဖို့ရှိနေပါတယ်။ Samsung ကတော့ ဈေးနှုန်းနည်းနည်းနဲ့ ဖြန့်ချိပေးမှာဖြစ်လို့ ထိပ်ဆုံးနေရာကိုရောက်ဖို့ မှန်းထားတုန်းပါပဲ။
“၂၀၂၀ မှာ Apple ကို ဦးဆောင်ဖို့ မှန်းနေတယ်ဆိုပေမယ့်လည်း ရေရှည်မှာတော့ Samsung က ဦးဆောင်ထားနိုင်မှာပါ။ 5G ဟာ ဈေးကွက်အတော်များများမှာ မရနိုင်သေးတဲ့အတွက် Samsung ဟာ စမတ်ဖုန်းဈေးကွက်အတော်များများကို လွှမ်းမိုးထားခြင်းရဲ့ အားသာချက်ကိုအသုံးချပြီး ဈေးနှုန်းအမျိုးမျိုးနဲ့ 5G ဖုန်းတွေကို ထုတ်ပေးသွားနိုင်ပါတယ်။”
ဒီတော့ 5G ဟာ လူတွေအတွက် ဆွဲဆောင်မှုကောင်းတစ်ရပ် ဖြစ်လာနိုင်လား၊ ဖြစ်မလာနိုင်ဘူးလားဆိုတာ ဆွေးနွေးကြည့်ရအောင်ဗျာ။

Ref : redmondpie

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.