ရက်၉၀ သက်တမ်းတိုးခွင့်ရသွားတဲ့ Huawei

0
311

[Unicode]

အမေရိကန်လုပ်ငန်းတွေဆီကနေ အစိတ်အပိုင်းတွေအသုံးပြုလို့ရမယ့်လိုင်စင်ကို နောက်ထပ်ရက်၉၀ တိုးပေးလိုက်ပြီလို့ ယူအက်စ်ကကြေညာထားပါတယ်။
ဒီနှစ်အစောပိုင်းတုန်းက ယူအက်စ်စီပွားရေးဌာနကနေပြီးတော့ တရုတ်နိုင်ငံရဲ့ ဖုန်းလုပ်ငန်းရှင်ကြီးဖြစ်တဲ့ Huawei ကို အမေရိကန်လုပ်ငန်းတွေနဲ့ တွဲဖက်လုပ်နေခြင်းကို တားမြစ်ပိတ်ပင်ခဲ့ပြီး အမည်ပျက်စာရင်းသွင်းခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် Huawei ဟာ အရေးပါတဲ့အစိတ်အပိုင်းတွေ၊ Android operating system ၊ Google application တွေနဲ့ပတ်သတ်ပြီး တိုင်ပတ်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း Huawei ကိုအခွင့်အရေးပေးတဲ့အနေနဲ့ အချို့သောထောက်ပံ့သူတွေဆီကနေ သုံးစွဲခွင့်ပြုထားခဲ့ပါတယ်။ အဲဒီယာယီလိုင်စင်ကို သြဂုတ်လတုန်းက ရက်၉၀ ခွင့်ပြုပေးခဲ့တာပါ။ အခုတော့ သက်တမ်းကုန်သွားခဲ့ပါပြီ။
Huawei လိုင်စင် ပြန်လည်သက်တမ်းတိုးခြင်း
ယူအက်စ်အစိုးရက နှစ်ပတ်တာကာလာကိုသာ တိုးပေးဖို့ စဉ်းစားခဲ့သေးတယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း စည်းမျဉ်းစည်းကမ်းတွေပါဝင်နေတဲ့အတွက်ကြောင့် အတော်လေးခက်ခဲခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သြဂုတ်လတုန်းက ချမှတ်ပေးခဲ့အတိုင်း ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
Huawei ဟာ ယူအက်စ်ဈေးကွက်မှာ အေးသွားခဲ့ပေမယ့်လည်း အချို့သော မိုဘိုင်းလ်အော်ပရေတာတွေက ပြိုင်ဘက်တွေထက် ဈေးသက်သာတဲ့ သူတို့ရဲ့ပစ္စည်းအပေါ်မှာ အားကိုးရပ်တည်နေရတာလည်း ငြင်းမရတဲ့အချက်တစ်ခုပါပဲ။ တကယ်လို့ Huawei ကသာ သူ့ရဲ့အဓိကအစိတ်အပိုင်းတွေကို မရခဲ့ဘူးဆိုရင် ဆက်စပ်နေတဲ့လုပ်ငန်းတွေဟာလည်း ထိခိုက်မှုရှိမှာပါ။
ဖွံ့ဖြိုးဆဲအဖွဲ့အစည်းတွေမှာရှိတဲ့ တယ်လီဖုန်းဝန်ဆောင်မှုတွေနဲ့ပတ်သတ်ပြီး အခက်အခဲလေးတွေရှိနေတယ်။ သူတို့ကို ယိုင်လဲမသွားစေချင်ဘူး။ ဒါဟာ ကျွန်တော်တို့လိုင်စင်တိုးပေးရတဲ့အချက်တစ်ခုပါပဲလို့ စီးပွားရေးဌာနရဲ့အတွင်းရေးမှူး Wilbur Ross က ပြောကြားထားပါတယ်။
US Federal Communication Commission (FCC) က အဲဒီ carrier တွေကို အစိုးရဖန်ငွေနဲ့ ပြိုင်ဘက်တွေဆီပစ္စည်းတွေအစားထိုးသုံးစွဲနိုင်ဖို့အတွက် စီစဉ်ထားပါတယ်။ သုံးစွဲသူ ၁၀၀ ၀၀၀ အောက်နည်းတဲ့ အော်ပရေတာတွေကို ကိုယ်စားပြုတဲ့ Rural Wireless Association ကတော့ ကွာတားတစ်ခုအတွင်း အသုံးပြုတဲ့ပမာဏကိုတွက်ချက်ကြည့်ရာမှာ အစားထိုးအသုံးပြုနိုင်ဖို့အတွက် ဒေါ်လာ၁ဘီလျံကုန်ကျမယ်လို့ ထုတ်ပြန်ထားပါတယ်။
Huawei ဟာ သူ့ရဲ့ထုတ်ကုန်တွေကိုသုံးစွဲရင် လုံခြုံရေးပိုင်းဆိုင်ရာစိုးရိမ်ရတယ်လို့ ပြောကြားခံနေရတာဖြစ်ပေမယ့်လည်း ဝါရှင်တန်ဘက်ကနေ သက်သေပြနိုင်ခဲ့တာမျိုး မရှိသေးပါဘူး။ ယူအက်စ်လုပ်ငန်းတွေဟာ Huawei နဲ့ အလုပ်တွဲလုပ်ချင်နေတာဖြစ်လို့ ဝင်ငွေရဲ့အကြီးမားဆုံးလမ်းကြောင်းဖြစ်တဲ့ Huawei ကိုပိတ်ပင်မှုတွေရပ်တံ့ဖို့ ဝိုင်းဝန်းတောင်းဆိုနေကြပါတယ်။
အမေရိကန်အစိုးရကတော့ ထိရှလွယ်တဲ့ပစ္စည်းမဟုတ်တဲ့လုပ်ငန်းတွေကို အလုပ်တွဲလုပ်ဖို့စဉ်းစားပေးမယ်လို့ ပြောထားပေမယ့်လည်း အခုထိတော့ ဘယ်လျှောက်လွှာကိုမှ အတည်မပြုပေးရသေးပါဘူး။

[Zawgyi]

အေမရိကန္လုပ္ငန္းေတြဆီကေန အစိတ္အပိုင္းေတြအသုံးျပဳလို႔ရမယ့္လိုင္စင္ကို ေနာက္ထပ္ရက္၉၀ တိုးေပးလိုက္ၿပီလို႔ ယူအက္စ္ကေၾကညာထားပါတယ္။
ဒီႏွစ္အေစာပိုင္းတုန္းက ယူအက္စ္စီပြားေရးဌာနကေနၿပီးေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ ဖုန္းလုပ္ငန္းရွင္ႀကီးျဖစ္တဲ့ Huawei ကို အေမရိကန္လုပ္ငန္းေတြနဲ႔ တြဲဖက္လုပ္ေနျခင္းကို တားျမစ္ပိတ္ပင္ခဲ့ၿပီး အမည္ပ်က္စာရင္းသြင္းခဲ့ပါတယ္။ ဒီလုပ္ရပ္ေၾကာင့္ Huawei ဟာ အေရးပါတဲ့အစိတ္အပိုင္းေတြ၊ Android operating system ၊ Google application ေတြနဲ႔ပတ္သတ္ၿပီး တိုင္ပတ္ခဲ့ရပါတယ္။
ဒါေပမယ့္လည္း Huawei ကိုအခြင့္အေရးေပးတဲ့အေနနဲ႔ အခ်ိဳ႕ေသာေထာက္ပံ့သူေတြဆီကေန သုံးစြဲခြင့္ျပဳထားခဲ့ပါတယ္။ အဲဒီယာယီလိုင္စင္ကို ၾသဂုတ္လတုန္းက ရက္၉၀ ခြင့္ျပဳေပးခဲ့တာပါ။ အခုေတာ့ သက္တမ္းကုန္သြားခဲ့ပါၿပီ။
Huawei လိုင္စင္ ျပန္လည္သက္တမ္းတိုးျခင္း
ယူအက္စ္အစိုးရက ႏွစ္ပတ္တာကာလာကိုသာ တိုးေပးဖို႔ စဥ္းစားခဲ့ေသးတယ္လို႔ဆိုပါတယ္။ ဒါေပမယ့္လည္း စည္းမ်ဥ္းစည္းကမ္းေတြပါဝင္ေနတဲ့အတြက္ေၾကာင့္ အေတာ္ေလးခက္ခဲခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ ၾသဂုတ္လတုန္းက ခ်မွတ္ေပးခဲ့အတိုင္း ခြင့္ျပဳေပးခဲ့တယ္လို႔ သိရပါတယ္။
Huawei ဟာ ယူအက္စ္ေဈးကြက္မွာ ေအးသြားခဲ့ေပမယ့္လည္း အခ်ိဳ႕ေသာ မိုဘိုင္းလ္ေအာ္ပေရတာေတြက ၿပိဳင္ဘက္ေတြထက္ ေဈးသက္သာတဲ့ သူတို႔ရဲ႕ပစၥည္းအေပၚမွာ အားကိုးရပ္တည္ေနရတာလည္း ျငင္းမရတဲ့အခ်က္တစ္ခုပါပဲ။ တကယ္လို႔ Huawei ကသာ သူ႔ရဲ႕အဓိကအစိတ္အပိုင္းေတြကို မရခဲ့ဘူးဆိုရင္ ဆက္စပ္ေနတဲ့လုပ္ငန္းေတြဟာလည္း ထိခိုက္မႈရွိမွာပါ။
ဖြံ႕ၿဖိဳးဆဲအဖြဲ႕အစည္းေတြမွာရွိတဲ့ တယ္လီဖုန္းဝန္ေဆာင္မႈေတြနဲ႔ပတ္သတ္ၿပီး အခက္အခဲေလးေတြရွိေနတယ္။ သူတို႔ကို ယိုင္လဲမသြားေစခ်င္ဘူး။ ဒါဟာ ကြၽန္ေတာ္တို႔လိုင္စင္တိုးေပးရတဲ့အခ်က္တစ္ခုပါပဲလို႔ စီးပြားေရးဌာနရဲ႕အတြင္းေရးမႉး Wilbur Ross က ေျပာၾကားထားပါတယ္။
US Federal Communication Commission (FCC) က အဲဒီ carrier ေတြကို အစိုးရဖန္ေငြနဲ႔ ၿပိဳင္ဘက္ေတြဆီပစၥည္းေတြအစားထိုးသုံးစြဲႏိုင္ဖို႔အတြက္ စီစဥ္ထားပါတယ္။ သုံးစြဲသူ ၁၀၀ ၀၀၀ ေအာက္နည္းတဲ့ ေအာ္ပေရတာေတြကို ကိုယ္စားျပဳတဲ့ Rural Wireless Association ကေတာ့ ကြာတားတစ္ခုအတြင္း အသုံးျပဳတဲ့ပမာဏကိုတြက္ခ်က္ၾကည့္ရာမွာ အစားထိုးအသုံးျပဳႏိုင္ဖို႔အတြက္ ေဒၚလာ၁ဘီလ်ံကုန္က်မယ္လို႔ ထုတ္ျပန္ထားပါတယ္။
Huawei ဟာ သူ႔ရဲ႕ထုတ္ကုန္ေတြကိုသုံးစြဲရင္ လုံၿခဳံေရးပိုင္းဆိုင္ရာစိုးရိမ္ရတယ္လို႔ ေျပာၾကားခံေနရတာျဖစ္ေပမယ့္လည္း ဝါရွင္တန္ဘက္ကေန သက္ေသျပႏိုင္ခဲ့တာမ်ိဳး မရွိေသးပါဘူး။ ယူအက္စ္လုပ္ငန္းေတြဟာ Huawei နဲ႔ အလုပ္တြဲလုပ္ခ်င္ေနတာျဖစ္လို႔ ဝင္ေငြရဲ႕အႀကီးမားဆုံးလမ္းေၾကာင္းျဖစ္တဲ့ Huawei ကိုပိတ္ပင္မႈေတြရပ္တံ့ဖို႔ ဝိုင္းဝန္းေတာင္းဆိုေနၾကပါတယ္။
အေမရိကန္အစိုးရကေတာ့ ထိရွလြယ္တဲ့ပစၥည္းမဟုတ္တဲ့လုပ္ငန္းေတြကို အလုပ္တြဲလုပ္ဖို႔စဥ္းစားေပးမယ္လို႔ ေျပာထားေပမယ့္လည္း အခုထိေတာ့ ဘယ္ေလွ်ာက္လႊာကိုမွ အတည္မျပဳေပးရေသးပါဘူး။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.