တရုတ်နဲ့အပြိုင်ထုတ်လုပ်နိုင်ဖို့ outsource ရှာနေတဲ့ Samsung

0
649

[Unicode]

ဈေးကွက်ထဲ တရုတ် mid-range ဖုန်းတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် သူ့ရဲ့ငါးခုမြောက် စမတ်ဖုန်းထုတ်လုပ်ရေးကို outsource ငှားဖို့အတွက် ခေါ်ယူနေပါပြီ။
Samsung ဟာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူဖြစ်ပြီးတော့ ပြီးခဲ့ကွာတားတုန်းက ၁၀ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး ၇၈မီလျံအထိ ဖြန့်ဖြူးနိုင်ခဲ့ပါတယ်။
သူတို့ဟာ flagship Samsung Galaxy Note 10 ရဲ့ လုပ်ဆောင်ချက် အားကောင်းရုံတင်မကသေးဘဲ mid-range ဟန်းဆက်တွေမှာလည်း လူကြိုက်များမှုကို လက်ခံရရှိထားပါတယ်။
Samsung ထုတ်လုပ်မှု
Galaxy A range ကို ပြန်လည်ဆန်းသစ်လိုက်ခြင်းက အထောက်အကူပြုတယ်ဆိုပေမယ့်လည်း အခုအချိန်မှာ ထုတ်လုပ်မှုကို outsource ငှားဖို့အတွက် ဆုံးဖြတ်လိုက်ပါပြီ။ Xiaomi နဲ့ Huawei တို့ဟာ ဈေးနှုန်းမှာအတော်လေးပြိုင်ဆိုင်မှုပြင်းထန်လာတာမို့ Samsung က ဈေးနှုန်းကိုသတိထားပြီး ယှဉ်ပြိုင်နေရပါတယ်။
၂၀၁၃ခုနှစ်မှာ တရုတ်ဈေးကွက်မှာ နံပါတ်ငါးနေရာရခဲ့ပါတယ်။ ဈေးနှုန်းကြီးမြင့်ပေမယ့်လည်း brand ကို အစွဲပြုပြီးတော့ဝယ်ယူနေကြလို့ပါ။ ဒါကြောင့် ဈေးနှုန်းသက်သာခြင်း၊ feature တွေများများထည့်ထားတဲ့ ပြိုင်ဘက်တွေဆီကဖုန်းတွေဟာ သူ့ရဲ့ဈေးကွက်ရှယ်ယာကို လျော့သွားစေနိုင်ပါတယ်။
အခြား vendor တွေအတွက် ထုတ်လုပ်ပေးနေတဲ့ တရုတ်ကန်ထရိုက်တွေကို အသုံးပြုလိုက်ခြင်းအားဖြင့် Samsung အတွက် စီးပွားရေးတွက်ချေကိုက်သလို ကုန်ကျစရိတ်လည်း လျော့ကျသွားမှာပါ။ ဒါပေမယ့် ထုတ်ကုန်အရည်အသွေးပိုင်းမှာ ထိန်းချုပ်မှုအားနည်းသွားခြင်းကြောင့် အခြားပြိုင်ဘက်တွေက အားသာသွားမှာလည်း စိတ်ပူရပါတယ်။
တစ်နှစ်ကို ဖြန့်ဖြူးနေတဲ့အလုံးရေ ၃၀၀မီလျံထဲက ၆၀မီလျံလောက်ကို third party တွေဆီချပေးမယ်လို့ သိရပါတယ်။ အများစုကတော့ အမေရိကန်တောင်ပိုင်း၊ အရှေ့တောင်အာရှဈေးကွက်တွေကို တင်ပို့မှာပါ။ Samsung အနေနဲ့ ဒီဇိုင်း၊ ထုတ်လုပ်မှု၊ အရည်အသွေးချိန်ညှိမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။
Samsung ဟာ တရုတ်နိုင်ငံက ဖုန်းစက်ရုံတွေကို ရောင်းအားကျလာမှု၊ ထုတ်လုပ်မှုစရိတ်မြင့်တက်လာမှုတွေကြောင့် ပိတ်သိမ်းခဲ့ရပါတယ်။

[Zawgyi]

ေစ်းကြက္ထဲ တရုတ္ mid-range ဖုန္းေတြနဲ႕ ယွဥ္ျပိဳင္ဖုိ႕အတြက္ သူ႕ရဲ႕ငါးခုေျမာက္ စမတ္ဖုန္းထုတ္လုပ္ေရးကို outsource ငွားဖို႕အတြက္ ေခၚယူေနပါျပီ။
Samsung ဟာ ကမာၻ႕အၾကီးဆံုး စမတ္ဖုန္းထုတ္လုပ္သူျဖစ္ျပီးေတာ့ ျပီးခဲ့ကြာတားတုန္းက ၁၀ရာခိုင္ႏႈန္းတိုးတက္လာခဲ့ျပီး ၇၈မီလ်ံအထိ ျဖန္႕ျဖဴးႏုိင္ခဲ့ပါတယ္။
သူတို႕ဟာ flagship Samsung Galaxy Note 10 ရဲ႕ လုပ္ေဆာင္ခ်က္ အားေကာင္းရံုတင္မကေသးဘဲ mid-range ဟန္းဆက္ေတြမွာလည္း လူၾကိဳက္မ်ားမႈကို လက္ခံရရွိထားပါတယ္။
Samsung ထုတ္လုပ္မႈ
Galaxy A range ကို ျပန္လည္ဆန္းသစ္လိုက္ျခင္းက အေထာက္အကူျပဳတယ္ဆိုေပမယ့္လည္း အခုအခ်ိန္မွာ ထုတ္လုပ္မႈကို outsource ငွားဖို႕အတြက္ ဆံုးျဖတ္လိုက္ပါျပီ။ Xiaomi နဲ႕ Huawei တို႕ဟာ ေစ်းႏႈန္းမွာအေတာ္ေလးျပိဳင္ဆုိင္မႈျပင္းထန္လာတာမို႕ Samsung က ေစ်းႏႈန္းကိုသတိထားျပီး ယွဥ္ျပိဳင္ေနရပါတယ္။
၂၀၁၃ခုႏွစ္မွာ တရုတ္ေစ်းကြက္မွာ နံပါတ္ငါးေနရာရခဲ့ပါတယ္။ ေစ်းႏႈန္းၾကီးျမင့္ေပမယ့္လည္း brand ကို အစြဲျပဳျပီးေတာ့၀ယ္ယူေနၾကလို႕ပါ။ ဒါေၾကာင့္ ေစ်းႏႈန္းသက္သာျခင္း၊ feature ေတြမ်ားမ်ားထည့္ထားတဲ့ ျပိဳင္ဘက္ေတြဆီကဖုန္းေတြဟာ သူ႕ရဲ႕ေစ်းကြက္ရွယ္ယာကို ေလ်ာ့သြားေစႏုိင္ပါတယ္။
အျခား vendor ေတြအတြက္ ထုတ္လုပ္ေပးေနတဲ့ တရုတ္ကန္ထရိုက္ေတြကို အသံုးျပဳလိုက္ျခင္းအားျဖင့္ Samsung အတြက္ စီးပြားေရးတြက္ေခ်ကိုက္သလို ကုန္က်စရိတ္လည္း ေလ်ာ့က်သြားမွာပါ။ ဒါေပမယ့္ ထုတ္ကုန္အရည္အေသြးပိုင္းမွာ ထိန္းခ်ဳပ္မႈအားနည္းသြားျခင္းေၾကာင့္ အျခားျပိဳင္ဘက္ေတြက အားသာသြားမွာလည္း စိတ္ပူရပါတယ္။
တစ္ႏွစ္ကို ျဖန္႕ျဖဴးေနတဲ့အလံုးေရ ၃၀၀မီလ်ံထဲက ၆၀မီလ်ံေလာက္ကို third party ေတြဆီခ်ေပးမယ္လို႕ သိရပါတယ္။ အမ်ားစုကေတာ့ အေမရိကန္ေတာင္ပိုင္း၊ အေရွ႕ေတာင္အာရွေစ်းကြက္ေတြကို တင္ပို႕မွာပါ။ Samsung အေနနဲ႕ ဒီဇိုင္း၊ ထုတ္လုပ္မႈ၊ အရည္အေသြးခ်ိန္ညွိမႈေတြကို ဆက္လက္လုပ္ေဆာင္သြားမွာပါ။
Samsung ဟာ တရုတ္ႏုိင္ငံက ဖုန္းစက္ရံုေတြကို ေရာင္းအားက်လာမႈ၊ ထုတ္လုပ္မႈစရိတ္ျမင့္တက္လာမႈေတြေၾကာင့္ ပိတ္သိမ္းခဲ့ရပါတယ္။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.