Galaxy Fold 2 ကို ပထမဆုံးအကြိမ်အတည်ပြုလိုက်တဲ့ Samsung

0
505

[Unicode]

Samsung မျှော်လင့်ထားတဲ့အတိုင်း Galaxy Fold ကို အောင်မြင်ချောမွေ့စွာ မိတ်မဆက်နိုင်ခဲ့ပေမယ့်လည်း ခေါက်ချိုးဖုန်းနဲ့ပတ်သတ်လာရင်တော့ အားခဲထားခဲ့တာမဟုတ်လား။ Samsung ဟာ စမတ်ဖုန်းဒီဇိုင်းမှာ form factor ကို ပြောင်းလဲမှုတစ်ခုအနေနဲ့မြင်ထားတာမို့ ရေရှည်စီမံကိန်းအတွက် မိတ်ဆက်ပွဲတစ်ခုမအောင်မြင်တာက ရပ်တံ့စေနိုင်မှာမဟုတ်ဘူး။ ဒါကြောင့်လည်း official channel ကနေ နောက်ထပ်အတည်ပြုမှုကို တွေ့မြင်ရတာပေါ့။
သောကြာနေ့မှာ GalaxyClub.nl ကနေ Samsung Africa ရဲ့ ဝက်ဘ်ဆိုက်တစ်ခုမှာ model number SM-F700F ဆိုတာနဲ့အတူ မကြေညာရသေးတဲ့ deviceတစ်ခုအတွက် support page ကို တွေ့ခဲ့ပါတယ်။ SamMobile ရဲ့ တင်ပြချက်အရ နောက်ထပ်ထွက်ရှိမယ့် Galaxy Fold ဟာလည်း မော်ဒယ်လ်နံပါတ်အတူတူပဲလို့သိထားတာဆိုတော့ ဒါပဲဖြစ်မှာပါ။
Galaxy Fold 2 ပုံတွေကလည်း ပြီးခဲ့တဲ့လတွေမှာ ဖြည်းဖြည်းချင်း တက်လာခဲ့တယ်။ အရင်သတင်းတွေကြောင့် codename Bloom ဆိုတာရယ်၊ 256GB internal storage ၊ ဒီဇိုင်းပြင်ဆင်ထားမှု စတာတွေ သိထားပါတယ်။ Samsung ဟာ Fold 2 မှာ DC19 မှာ ထုတ်ပြလောက်ပါတယ်။
စောစောစီးစီး support page တင်လိုက်မိတာက အမှားတစ်ခုဖြစ်နိုင်တယ်ဆိုပေမယ့် Galaxy S11 နဲ့အတူ တစ်ချိန်တည်းမှာထွက်ရှိလာမယ်လို့လည်း ပြောနေကြတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားတာလည်း ဖြစ်နိုင်တယ်။ နောက်ထပ်ပေါက်ကြားလာမှုတွေကို ဆက်လက်စောင့်ကြည့်ရမှာပဲ။
ဗွီဒီယိုလေးထဲမှာတော့ ဒီဇိုင်းဟာ Motorola Razr နဲ့တောင် ဆင်နေသေးတယ်။ စျေးနှုန်းကတော့ နည်းလောက်မယ်လို့ မျှော်လင့်ထားပါတယ်။

[Zawgyi]

Samsung ေမွ်ာ္လင့္ထားတဲ့အတိုင္း Galaxy Fold ကို ေအာင္ျမင္ေခ်ာေမြ႕စြာ မိတ္မဆက္ႏိုင္ခဲ့ေပမယ့္လည္း ေခါက္ခ်ိဳးဖုန္းနဲ႔ပတ္သတ္လာရင္ေတာ့ အားခဲထားခဲ့တာမဟုတ္လား။ Samsung ဟာ စမတ္ဖုန္းဒီဇိုင္းမွာ form factor ကို ေျပာင္းလဲမႈတစ္ခုအေနနဲ႔ျမင္ထားတာမို႔ ေရရွည္စီမံကိန္းအတြက္ မိတ္ဆက္ပြဲတစ္ခုမေအာင္ျမင္တာက ရပ္တံ့ေစႏိုင္မွာမဟုတ္ဘူး။ ဒါေၾကာင့္လည္း official channel ကေန ေနာက္ထပ္အတည္ျပဳမႈကို ေတြ႕ျမင္ရတာေပါ့။
ေသာၾကာေန႔မွာ GalaxyClub.nl ကေန Samsung Africa ရဲ႕ ဝက္ဘ္ဆိုက္တစ္ခုမွာ model number SM-F700F ဆိုတာနဲ႔အတူ မေၾကညာရေသးတဲ့ deviceတစ္ခုအတြက္ support page ကို ေတြ႕ခဲ့ပါတယ္။ SamMobile ရဲ႕ တင္ျပခ်က္အရ ေနာက္ထပ္ထြက္ရွိမယ့္ Galaxy Fold ဟာလည္း ေမာ္ဒယ္လ္နံပါတ္အတူတူပဲလို႔သိထားတာဆိုေတာ့ ဒါပဲျဖစ္မွာပါ။
Galaxy Fold 2 ပုံေတြကလည္း ၿပီးခဲ့တဲ့လေတြမွာ ျဖည္းျဖည္းခ်င္း တက္လာခဲ့တယ္။ အရင္သတင္းေတြေၾကာင့္ codename Bloom ဆိုတာရယ္၊ 256GB internal storage ၊ ဒီဇိုင္းျပင္ဆင္ထားမႈ စတာေတြ သိထားပါတယ္။ Samsung ဟာ Fold 2 မွာ DC19 မွာ ထုတ္ျပေလာက္ပါတယ္။
ေစာေစာစီးစီး support page တင္လိုက္မိတာက အမွားတစ္ခုျဖစ္ႏိုင္တယ္ဆိုေပမယ့္ Galaxy S11 နဲ႔အတူ တစ္ခ်ိန္တည္းမွာထြက္ရွိလာမယ္လို႔လည္း ေျပာေနၾကတယ္။ ဒါေၾကာင့္ ႀကိဳတင္ျပင္ဆင္ထားတာလည္း ျဖစ္ႏိုင္တယ္။ ေနာက္ထပ္ေပါက္ၾကားလာမႈေတြကို ဆက္လက္ေစာင့္ၾကည့္ရမွာပဲ။
ဗြီဒီယိုေလးထဲမွာေတာ့ ဒီဇိုင္းဟာ Motorola Razr နဲ႔ေတာင္ ဆင္ေနေသးတယ္။ ေစ်းႏႈန္းကေတာ့ နည္းေလာက္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

Ref : bgr

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.