Apple ရဲ့ ၁၆လက်မ Macbook Pro ကို သုံးသပ်ကြည့်ရာ

0
773

[Unicode]

Apple ဟာ ၁၆လက်မ MacBook Pro ကို မိတ်ဆက်ထားပါတယ်။ အခုချိန်မှာ ကြိုတင်မှာယူမှုတွေပြုလုပ်နိုင်နေပြီဖြစ်ပြီး ဒီတစ်ပတ်နောက်ပိုင်းမှာ စတိုးတွေကိုရောက်ရှိတော့မှာပါ။ စျေးနှုန်းဟာ ၂၃၉၉ဒေါ်လာနဲ့ စတင်ထားတာဖြစ်လို့ အရင် ၁၅လက်မ MacBook Pro နဲ့ စျေးတန်းတူပါတယ်။ processor အသစ်၊ စပီကာကောင်းကောင်း၊ screen ကြီးကြီးတွေ ပါဝင်ပါတယ်။ အရေးပါတဲ့မေးခွန်းတစ်ခုကတော့ ကီးဘုတ်ကောင်းရဲ့လားပေါ့။
စာဖတ်သူတို့ရေ ကောင်းပါတယ်။
ဒီစာထဲမှာတော့ အတိအကျကြီးမပြောနိုင်ဘူးဆိုတာက စာရိုက်တာကို သိပ်မသုံးဖြစ်လို့ပါ။ ဒါပေမယ့် ပြောင်းလဲမှုကိုတော့ မျှော်လင့်မထားခဲ့ဘူး။ Apple က MacBook တွေမှာ နှစ်အတန်ကြာအောင်အသုံးပြုခဲ့တဲ့ butterfly ကို ဖြုတ်ချပြီးတော့ အဟောင်းကိုပြန်လည်အသုံးပြုထားတဲ့သဘောပါ။ Apple မှာ ဒီဇိုင်းအသစ်နဲ့ပတ်သတ်ပြီးတော့ ယုံကြည်ချက်တွေရှိပါတယ်။
ကီးဘုတ်
Pixelbook Go လောက် ကီးတွေက အသံမတိတ်ပေမယ့်လည်း ကောင်းပါတယ်။ 2015 MacBook Pro ရဲ့ ကီးဘုတ်နဲ့ယှဉ်လိုက်ရင်‌တော့ အသံပိုင်းမှာ ပိုကောင်းလာတယ်ပြောရမယ်။ ဒီကီးဘုတ်ကို သဘောကျမိပါတယ်။ 2015 မော်ဒယ်လ်တွေထက် ကီးတွေရိုက်ဖို့လှမ်းရတာ နည်းနည်းခရီးနည်းသွားပြီးတော့ backlight တွေဟာ ကီးတွေရဲ့အပြင်ဘက်ကို ထွက်မနေပါဘူး။
2015 model ထက်တော့ နည်းနည်းလေး ဟန်ချက်ပိုထိန်းနိုင်တယ်လို့ ခံစားရတယ်။ keycap တွေကို တည်ငြိမ်အောင် ကြိုးစားလုပ်ဆောင်ထားပြီးတော့ ကီးတွေရဲ့ကြားကနေရာများအောင် လုပ်ထားပါတယ်။ ဒါကြောင့် ကီးတစ်ခုပျက်သွားရင် laptop တစ်ခုလုံးခွာစရာမလိုဘဲ တစ်ခုချင်းစီလဲလှယ်နိုင်အောင် လုပ်ပေးထားတာမို့ ကျေနပ်စရာပါပဲ။
Esc key ဟာ ဘယ်ဘက်အပေါ်နားမှာရောကနေပါတယ်။ Touch Bar ကတော့ ဒီနေရာမှာပါပဲ။ နည်းနည်းပိုတိုသွားပြီးတော့ fingerprint sensor ကို ညာဘက်မှာ တပ်ဆင်ထားပါတယ်။ နောက်ထပ်တိုးတက်လာတာကတော့ arrow key တွေကို တီပြောင်းပြန်စတိုင်လ် ပြန်ထားပေးထားတာမို့ အရင်ကထက် ရှာရပိုလွယ်သွားတာပေါ့။
ကံမကောင်းစွာနဲ့ပဲ Apple က MacBook လိုင်းအတွက် ဘာမှမပြောထားဘူး။ အားလုံးကိုတော့ ဒီလိုဒီဇိုင်းပြောင်းမယ်လို့ မျှော်လင့်ရတာပဲ။ iMac Pro နဲ့တွဲရောင်းခဲ့တဲ့ Bluetooth Magic Keyboard ကို inspiration ယူထားပြီးလုပ်ဆောင်ထားတာဖြစ်လို့ “Magic” လို့အမည်ပေးထားတာပါ။ Apple ဟာ နောက်ဆုံးတော့ လူတိုင်းတောင်းဆိုတဲ့အရာကို လုပ်ပေးလိုက်ပါပြီ။
၁၅လက်မ MacBook Pro မှာ Apple လုပ်ဆောင်ထားတဲ့ နောက်တစ်ချက်ကတော့ thermal performance ဖြစ်ပါတယ်။ processor ရဲ့ အပူချိန်ဟာ မနှစ်ကသိသာထင်ရှားခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။ Apple ဟာ software fix လုပ်ပေးပြီးမှာ Apple ဒီဇိုင်းလုပ်ထားတဲ့ ဘော်ဒီအပါးလေးက processor ကို ဒုက္ခပေးနေတယ်ဆိုတာ သိလိုက်ရပါတယ်။
Apple က ဒီကိစ္စကိုဖြေရှင်းပြီးကြောင်း မပြောနိုင်သေးပေမယ့်လည်း ကြိုးစားခဲ့တယ်ဆိုတာ မြင်သာတယ်။ ၁၆လက်မ MacBook Pro ဟာ အရင်ဗားရှင်းထက် 0.7mm ပိုထူတယ်။ အတွင်းပိုင်းက thermal system တစ်ခုလုံးကို ပြန်ပြီးဒီဇိုင်းဆင်ထားတယ်။ main CPU မှာရှိတဲ့ အပူကန်ဟာ မျက်နှာပြင်ဧရိယာ ၃၅ရာခိုင်နှုန်း ပိုကျယ်ပြီးတော့ ပန်ကာတွေဟာလည်း လေကို ၂၈ရာခိုင်နှုန်းပိုပြီး ထုတ်ပေးနိုင်ပါတယ်။ logic board နဲ့ စပီကာတွေမှာလည်း အပူထွက်နှုန်းကို ကောင်းကောင်းစီမံပေးထားပါတယ်။
ဒီနေ့မှာ ဗွီဒီယိုနဲ့စမ်းသပ်မှုလေး နည်းနည်းလောက်လုပ်ထားပါတယ်။ ရလဒ်တွေက ပဏာမအဆင့်လောက်ဆိုတော့ ပြောပြရမှာတွန့်နေမိတယ်။ ဒါပေမယ့်လည်း မနှစ်ကမော်ဒယ်လ်ထက်တော့ ကြီးကြီးမားမားခြားနားချက်တွေ တွေ့ရတယ်။ ဒါဟာ thermal ပိုင်း တိုးတက်လာလို့ဆိုတာ မြင်သာတယ်။
Intel 9th Gen processor နဲ့ config နှစ်မျိုးလုပ်ပေးထားတယ်။ 6-core Core i7 နဲ့ 8-core Core i9 ပါ။ ဒါပေမယ့် processor တွေက အရေးကြီးတဲ့အရာတော့ မဟုတ်ဘူး။ အရေးကြီးတာက RAM နဲ့ storage ပါ။ 16GB of 2666MHz DDR4 RAM ၊ 512GB ၊ 1TB SSD ဆိုပြီး မော်ဒယ်လ်အလိုက် ရွေးချယ်နိုင်မှာပါ။ RAM နဲ့ storage ပိုင်းမှာ အရင်ကထက်ပိုများလာတာကို စိတ်ဝင်စားဖို့ကောင်းစွာနဲ့ပဲ တွေ့မြင်ရတယ်။
64GB RAM နဲ့ 8TB အထိ တပ်ဆင်လို့ရမယ်။ ၁၆လက်မ MacBook Pro ကို အဲဒီအတိုင်းဆင်မယ်ဆိုရင်တော့ ၆၀၉၉ဒေါ်လာအထိ ရောက်သွားမှာပါ။
နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ဘတ်ထရီပါ။ 100Wh ရှိပါတယ်။ Lithium ion ဘတ်ထရီတွေဟာ တစ်နာရီကို 100 watt နဲ့သာ အားသွင်းဖို့ ကန့်သတ်ထားပါတယ်။ ဒါကြောင့် ဘတ်ထရီကို အများဆုံးရနိုင်တဲ့ပမာဏသာ လုပ်ဆောင်ထားတာပါ။ screen ကြီးကြီးနဲ့ processor ကို စွမ်းအားပေးရမှာဖြစ်လို့ ကြာရှည်မှုကိုတော့ ရွေးလို့မရပြန်ပါဘူး။“wireless web” အတွက် ၁၁နာရီ အာမခံပေးထားတာဖြစ်လို့ မနှစ်ကမော်ဒယ်လ်ထက် တစ်နာရီပိုကြာရှည်ခံပါတယ်။
စပီကာနဲ့ မိုက်ခ်
Apple ရဲ့ “6-speaker sound system” ဟာ တော်တော်လေး ကျေနပ်စရာကောင်းတယ်။ ဘေးတစ်ဖက်စီမှာ “force cancelling woofers” တွေ တပ်ထားတယ်။ အခြားတုန်ခါမှုတွေကို ဖယ်ရှားဖို့လုပ်ထားတာမို့ distortion နည်းနည်းနဲ့ bass သံများများ ထွက်စေတယ်။
force cancelling က ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ စပီကာတွေက စမ်းသပ်ကြည့်တော့ တော်တော်မိုက်ပါတယ်။ Stereo separation ကလည်း အာရုံထဲရောက်တယ်။ ရှင်းလင်းတယ်။ bass က ကြားဖူးသမျှ laptop တိုင်းထက် ပိုကောင်းတယ်။
မိုက်ခ်သုံးခုကိုလည်း စမ်းကြည့်သေးတယ်။ standard laptop mic ထက် ပိုကောင်းတယ်လို့ခံစားရပေမယ့်လည်း ထပ်စမ်းဖို့လိုအပ်နေသေးတယ်။
Screen အပေါ်က ကင်မရာကတော့ 720p sensor ဖြစ်ပါတယ်။ အများစုကတော့ video conferencing သုံးကြပါတယ်။ Zoom or Skype သုံးလည်း အဆင်ပြေနေမှာပါ။
Screen
Screen ကတော့ ၁၆လက်မပေါ့လေ။ review မှာတော့ ပြောနေစရာမလိုပါဘူး။ Apple laptop screen တွေအတိုင်း ကောင်းပါတယ်ပေါ့။
resolution 3072 x 1920 ရှိပြီး P3 wide color gamut ၊ True Tone color shifting တွေကို ထောက်ပံ့ထားတယ်။ 500 nits brightness ရပေမယ့် HDR တော့ မရဘူး။ ဒါပေမယ့်လည်း ကြီးကြီးမားထိခိုက်စရာမဟုတ်ပါဘူး။
၁၆လက်မ မျက်နှာပြင်ကို ၁၅လက်မကိုယ်ထည်ထဲထည့်ဖို့အတွက် ဘောင်တွေပါးထားတယ်။ ၁၅လက်မကိုယ်ထည်ဆိုတာက 2015 ၁၅လက်မ MacBook Pro ကို ပြောချင်တာနော်။ ၁၆လက်မ မော်ဒယ်လ်က အရင်မော်ဒယ်လ်အရွယ်အစားနဲ့ တစ်ထေရာတည်းပဲ။ နည်းနည်းလေးပိုကြီးတာတော့ ရှိမှာပေါ့။
အနှစ်ချုပ်ရရင်
2015 ၁၅လက်မ MacBook Pro ဟာ စွမ်းဆောင်ရည်မြင့်တယ်။ ကီးဘုတ်ကောင်းကောင်းနဲ့၊ မျက်နှာပြင်ခပ်မိုက်မိုက်၊ port များတယ်။ စတဲ့အချက်တွေနဲ့ လူကြိုက်များခဲ့တယ်။ ဒါကြောင့်လည်း ၁၆လက်မ မော်ဒယ်လ်ကို ထုတ်တာဖြစ်လိမ့်မယ်။
Port ပေါ်မှာဆုံးဖြတ်ရင်တော့ မဟုတ်သေးပါဘူး။ Thunderbolt 3 port လေးခုနဲ့ headphone jack ပါတယ်။ HDMI ၊ USB-A ထည့်ဖို့တောင်းဆိုရင်တော့ များရာကျပါမယ်။ SD card slot လည်း မပါဝင်ပါဘူး။
ဒါတွေက သိပ်တော့လည်းအရေးမကြီးသလိုပဲမလား။ Apple က MacBook Pro ကို ကီးဘုတ်ကောင်းကောင်းနဲ့ thermal ပိုင်းအဆင်ပြေပြေ ထုတ်ပေးထားတာလေ။ ဒါက သုံးစွဲသူတွေိလိုချင်နေတဲ့အချက်တွေမဟုတ်လား။

[Zawgyi]

Apple ဟာ ၁၆လက္မ MacBook Pro ကို မိတ္ဆက္ထားပါတယ္။ အခုခ်ိန္မွာ ႀကိဳတင္မွာယူမႈေတြျပဳလုပ္ႏိုင္ေနၿပီျဖစ္ၿပီး ဒီတစ္ပတ္ေနာက္ပိုင္းမွာ စတိုးေတြကိုေရာက္ရွိေတာ့မွာပါ။ ေစ်းႏႈန္းဟာ ၂၃၉၉ေဒၚလာနဲ႔ စတင္ထားတာျဖစ္လို႔ အရင္ ၁၅လက္မ MacBook Pro နဲ႔ ေစ်းတန္းတူပါတယ္။ processor အသစ္၊ စပီကာေကာင္းေကာင္း၊ screen ႀကီးႀကီးေတြ ပါဝင္ပါတယ္။ အေရးပါတဲ့ေမးခြန္းတစ္ခုကေတာ့ ကီးဘုတ္ေကာင္းရဲ႕လားေပါ့။
စာဖတ္သူတို႔ေရ ေကာင္းပါတယ္။
ဒီစာထဲမွာေတာ့ အတိအက်ႀကီးမေျပာႏိုင္ဘူးဆိုတာက စာ႐ိုက္တာကို သိပ္မသုံးျဖစ္လို႔ပါ။ ဒါေပမယ့္ ေျပာင္းလဲမႈကိုေတာ့ ေမွ်ာ္လင့္မထားခဲ့ဘူး။ Apple က MacBook ေတြမွာ ႏွစ္အတန္ၾကာေအာင္အသုံးျပဳခဲ့တဲ့ butterfly ကို ျဖဳတ္ခ်ၿပီးေတာ့ အေဟာင္းကိုျပန္လည္အသုံးျပဳထားတဲ့သေဘာပါ။ Apple မွာ ဒီဇိုင္းအသစ္နဲ႔ပတ္သတ္ၿပီးေတာ့ ယုံၾကည္ခ်က္ေတြရွိပါတယ္။
ကီးဘုတ္
Pixelbook Go ေလာက္ ကီးေတြက အသံမတိတ္ေပမယ့္လည္း ေကာင္းပါတယ္။ 2015 MacBook Pro ရဲ႕ ကီးဘုတ္နဲ႔ယွဥ္လိုက္ရင္‌ေတာ့ အသံပိုင္းမွာ ပိုေကာင္းလာတယ္ေျပာရမယ္။ ဒီကီးဘုတ္ကို သေဘာက်မိပါတယ္။ 2015 ေမာ္ဒယ္လ္ေတြထက္ ကီးေတြ႐ိုက္ဖို႔လွမ္းရတာ နည္းနည္းခရီးနည္းသြားၿပီးေတာ့ backlight ေတြဟာ ကီးေတြရဲ႕အျပင္ဘက္ကို ထြက္မေနပါဘူး။
2015 model ထက္ေတာ့ နည္းနည္းေလး ဟန္ခ်က္ပိုထိန္းႏိုင္တယ္လို႔ ခံစားရတယ္။ keycap ေတြကို တည္ၿငိမ္ေအာင္ ႀကိဳးစားလုပ္ေဆာင္ထားၿပီးေတာ့ ကီးေတြရဲ႕ၾကားကေနရာမ်ားေအာင္ လုပ္ထားပါတယ္။ ဒါေၾကာင့္ ကီးတစ္ခုပ်က္သြားရင္ laptop တစ္ခုလုံးခြာစရာမလိုဘဲ တစ္ခုခ်င္းစီလဲလွယ္ႏိုင္ေအာင္ လုပ္ေပးထားတာမို႔ ေက်နပ္စရာပါပဲ။
Esc key ဟာ ဘယ္ဘက္အေပၚနားမွာေရာကေနပါတယ္။ Touch Bar ကေတာ့ ဒီေနရာမွာပါပဲ။ နည္းနည္းပိုတိုသြားၿပီးေတာ့ fingerprint sensor ကို ညာဘက္မွာ တပ္ဆင္ထားပါတယ္။ ေနာက္ထပ္တိုးတက္လာတာကေတာ့ arrow key ေတြကို တီေျပာင္းျပန္စတိုင္လ္ ျပန္ထားေပးထားတာမို႔ အရင္ကထက္ ရွာရပိုလြယ္သြားတာေပါ့။
ကံမေကာင္းစြာနဲ႔ပဲ Apple က MacBook လိုင္းအတြက္ ဘာမွမေျပာထားဘူး။ အားလုံးကိုေတာ့ ဒီလိုဒီဇိုင္းေျပာင္းမယ္လို႔ ေမွ်ာ္လင့္ရတာပဲ။ iMac Pro နဲ႔တြဲေရာင္းခဲ့တဲ့ Bluetooth Magic Keyboard ကို inspiration ယူထားၿပီးလုပ္ေဆာင္ထားတာျဖစ္လို႔ “Magic” လို႔အမည္ေပးထားတာပါ။ Apple ဟာ ေနာက္ဆုံးေတာ့ လူတိုင္းေတာင္းဆိုတဲ့အရာကို လုပ္ေပးလိုက္ပါၿပီ။
၁၅လက္မ MacBook Pro မွာ Apple လုပ္ေဆာင္ထားတဲ့ ေနာက္တစ္ခ်က္ကေတာ့ thermal performance ျဖစ္ပါတယ္။ processor ရဲ႕ အပူခ်ိန္ဟာ မႏွစ္ကသိသာထင္ရွားခဲ့တဲ့ ျဖစ္ရပ္တစ္ခုပါ။ Apple ဟာ software fix လုပ္ေပးၿပီးမွာ Apple ဒီဇိုင္းလုပ္ထားတဲ့ ေဘာ္ဒီအပါးေလးက processor ကို ဒုကၡေပးေနတယ္ဆိုတာ သိလိုက္ရပါတယ္။
Apple က ဒီကိစၥကိုေျဖရွင္းၿပီးေၾကာင္း မေျပာႏိုင္ေသးေပမယ့္လည္း ႀကိဳးစားခဲ့တယ္ဆိုတာ ျမင္သာတယ္။ ၁၆လက္မ MacBook Pro ဟာ အရင္ဗားရွင္းထက္ 0.7mm ပိုထူတယ္။ အတြင္းပိုင္းက thermal system တစ္ခုလုံးကို ျပန္ၿပီးဒီဇိုင္းဆင္ထားတယ္။ main CPU မွာရွိတဲ့ အပူကန္ဟာ မ်က္ႏွာျပင္ဧရိယာ ၃၅ရာခိုင္ႏႈန္း ပိုက်ယ္ၿပီးေတာ့ ပန္ကာေတြဟာလည္း ေလကို ၂၈ရာခိုင္ႏႈန္းပိုၿပီး ထုတ္ေပးႏိုင္ပါတယ္။ logic board နဲ႔ စပီကာေတြမွာလည္း အပူထြက္ႏႈန္းကို ေကာင္းေကာင္းစီမံေပးထားပါတယ္။
ဒီေန႔မွာ ဗြီဒီယိုနဲ႔စမ္းသပ္မႈေလး နည္းနည္းေလာက္လုပ္ထားပါတယ္။ ရလဒ္ေတြက ပဏာမအဆင့္ေလာက္ဆိုေတာ့ ေျပာျပရမွာတြန႔္ေနမိတယ္။ ဒါေပမယ့္လည္း မႏွစ္ကေမာ္ဒယ္လ္ထက္ေတာ့ ႀကီးႀကီးမားမားျခားနားခ်က္ေတြ ေတြ႕ရတယ္။ ဒါဟာ thermal ပိုင္း တိုးတက္လာလို႔ဆိုတာ ျမင္သာတယ္။
Intel 9th Gen processor နဲ႔ config ႏွစ္မ်ိဳးလုပ္ေပးထားတယ္။ 6-core Core i7 နဲ႔ 8-core Core i9 ပါ။ ဒါေပမယ့္ processor ေတြက အေရးႀကီးတဲ့အရာေတာ့ မဟုတ္ဘူး။ အေရးႀကီးတာက RAM နဲ႔ storage ပါ။ 16GB of 2666MHz DDR4 RAM ၊ 512GB ၊ 1TB SSD ဆိုၿပီး ေမာ္ဒယ္လ္အလိုက္ ေ႐ြးခ်ယ္ႏိုင္မွာပါ။ RAM နဲ႔ storage ပိုင္းမွာ အရင္ကထက္ပိုမ်ားလာတာကို စိတ္ဝင္စားဖို႔ေကာင္းစြာနဲ႔ပဲ ေတြ႕ျမင္ရတယ္။
64GB RAM နဲ႔ 8TB အထိ တပ္ဆင္လို႔ရမယ္။ ၁၆လက္မ MacBook Pro ကို အဲဒီအတိုင္းဆင္မယ္ဆိုရင္ေတာ့ ၆၀၉၉ေဒၚလာအထိ ေရာက္သြားမွာပါ။
ေနာက္ထပ္အေရးႀကီးတဲ့အခ်က္ကေတာ့ ဘတ္ထရီပါ။ 100Wh ရွိပါတယ္။ Lithium ion ဘတ္ထရီေတြဟာ တစ္နာရီကို 100 watt နဲ႔သာ အားသြင္းဖို႔ ကန႔္သတ္ထားပါတယ္။ ဒါေၾကာင့္ ဘတ္ထရီကို အမ်ားဆုံးရႏိုင္တဲ့ပမာဏသာ လုပ္ေဆာင္ထားတာပါ။ screen ႀကီးႀကီးနဲ႔ processor ကို စြမ္းအားေပးရမွာျဖစ္လို႔ ၾကာရွည္မႈကိုေတာ့ ေ႐ြးလို႔မရျပန္ပါဘူး။“wireless web” အတြက္ ၁၁နာရီ အာမခံေပးထားတာျဖစ္လို႔ မႏွစ္ကေမာ္ဒယ္လ္ထက္ တစ္နာရီပိုၾကာရွည္ခံပါတယ္။
စပီကာနဲ႔ မိုက္ခ္
Apple ရဲ႕ “6-speaker sound system” ဟာ ေတာ္ေတာ္ေလး ေက်နပ္စရာေကာင္းတယ္။ ေဘးတစ္ဖက္စီမွာ “force cancelling woofers” ေတြ တပ္ထားတယ္။ အျခားတုန္ခါမႈေတြကို ဖယ္ရွားဖို႔လုပ္ထားတာမို႔ distortion နည္းနည္းနဲ႔ bass သံမ်ားမ်ား ထြက္ေစတယ္။
force cancelling က ဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ စပီကာေတြက စမ္းသပ္ၾကည့္ေတာ့ ေတာ္ေတာ္မိုက္ပါတယ္။ Stereo separation ကလည္း အာ႐ုံထဲေရာက္တယ္။ ရွင္းလင္းတယ္။ bass က ၾကားဖူးသမွ် laptop တိုင္းထက္ ပိုေကာင္းတယ္။
မိုက္ခ္သုံးခုကိုလည္း စမ္းၾကည့္ေသးတယ္။ standard laptop mic ထက္ ပိုေကာင္းတယ္လို႔ခံစားရေပမယ့္လည္း ထပ္စမ္းဖို႔လိုအပ္ေနေသးတယ္။
Screen အေပၚက ကင္မရာကေတာ့ 720p sensor ျဖစ္ပါတယ္။ အမ်ားစုကေတာ့ video conferencing သုံးၾကပါတယ္။ Zoom or Skype သုံးလည္း အဆင္ေျပေနမွာပါ။
Screen
Screen ကေတာ့ ၁၆လက္မေပါ့ေလ။ review မွာေတာ့ ေျပာေနစရာမလိုပါဘူး။ Apple laptop screen ေတြအတိုင္း ေကာင္းပါတယ္ေပါ့။
resolution 3072 x 1920 ရွိၿပီး P3 wide color gamut ၊ True Tone color shifting ေတြကို ေထာက္ပံ့ထားတယ္။ 500 nits brightness ရေပမယ့္ HDR ေတာ့ မရဘူး။ ဒါေပမယ့္လည္း ႀကီးႀကီးမားထိခိုက္စရာမဟုတ္ပါဘူး။
၁၆လက္မ မ်က္ႏွာျပင္ကို ၁၅လက္မကိုယ္ထည္ထဲထည့္ဖို႔အတြက္ ေဘာင္ေတြပါးထားတယ္။ ၁၅လက္မကိုယ္ထည္ဆိုတာက 2015 ၁၅လက္မ MacBook Pro ကို ေျပာခ်င္တာေနာ္။ ၁၆လက္မ ေမာ္ဒယ္လ္က အရင္ေမာ္ဒယ္လ္အ႐ြယ္အစားနဲ႔ တစ္ေထရာတည္းပဲ။ နည္းနည္းေလးပိုႀကီးတာေတာ့ ရွိမွာေပါ့။
အႏွစ္ခ်ဳပ္ရရင္
2015 ၁၅လက္မ MacBook Pro ဟာ စြမ္းေဆာင္ရည္ျမင့္တယ္။ ကီးဘုတ္ေကာင္းေကာင္းနဲ႔၊ မ်က္ႏွာျပင္ခပ္မိုက္မိုက္၊ port မ်ားတယ္။ စတဲ့အခ်က္ေတြနဲ႔ လူႀကိဳက္မ်ားခဲ့တယ္။ ဒါေၾကာင့္လည္း ၁၆လက္မ ေမာ္ဒယ္လ္ကို ထုတ္တာျဖစ္လိမ့္မယ္။
Port ေပၚမွာဆုံးျဖတ္ရင္ေတာ့ မဟုတ္ေသးပါဘူး။ Thunderbolt 3 port ေလးခုနဲ႔ headphone jack ပါတယ္။ HDMI ၊ USB-A ထည့္ဖို႔ေတာင္းဆိုရင္ေတာ့ မ်ားရာက်ပါမယ္။ SD card slot လည္း မပါဝင္ပါဘူး။
ဒါေတြက သိပ္ေတာ့လည္းအေရးမႀကီးသလိုပဲမလား။ Apple က MacBook Pro ကို ကီးဘုတ္ေကာင္းေကာင္းနဲ႔ thermal ပိုင္းအဆင္ေျပေျပ ထုတ္ေပးထားတာေလ။ ဒါက သုံးစြဲသူေတြိလိုခ်င္ေနတဲ့အခ်က္ေတြမဟုတ္လား။

Ref : theverge

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.