[Unicode]
Spotify ဟာ playback လုပ်နေတုန်းမှာ သီချင်းစာသားတွေပြတာကို
Spotify ရဲ့ Behind the Lyrics feature ဟာ အတော်လေးကိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။ သူကတော့ စာသားတွေထက် အနုပညာရှင်ရဲ့ဆိုလိုရင်းသဘောကို ပိုပြီးအလေးထားစေချင်ခဲ့တာပါ။
အခုတော့ Apple Music ရဲ့ ခြေရာကို feature အသစ်လေးတစ်ခုနဲ့ အမီလိုက်နေပါပြီ။ ဒါကတော့ သူ့ရဲ့ mobile app ထဲမှာ သီချင်းဖွင့်ထားတုန်း သီချင်းစာသားတွေကို ပြသပေးမှာဖြစ်ပါတယ်။
အင်တာနေရှင်နယ်စျေးကွက်က သုံးစွဲသူအတော်များများဟာ feature အသစ်လေးကို screenshot ရိုက်ပြီးတော့ လူမှုကွန်ရက်မှာ တင်နေကြပါတယ်။ ဒါကြောင့် သီချင်းစာသားလေးတွေ ရွေ့လျားနေတာကို မြင်တွေ့ခဲ့ရတာပါ။
အပေါ်မှာပြထားတဲ့ပုံထဲမှာ မြင်ရတဲ့လိုဂိုလေးအတိုင်းပါပဲ။ Musixmatch ရဲ့ အားဖြည့်ကူညီမှုနဲ့ ပေါ်ပေါက်လာခဲ့တာပါ။ Bologna ၊ အီတလီမှာ အခြေစိုက်ထားသလို ဆန်ဖရန်စစ္စကိုနဲ့ လန်ဒန်မှာလည်း ရုံးတွေတည်ထားပါသေးတယ်။
ဒီfeature လေးအတွက် မေးမြန်းခဲ့ရာမှာတော့ Spotify ရဲ့ပြောဆိုခွင့်ရှိသူက အခုလိုပြောပါတယ်။ စျေးကွက်အချို့မှာ ဒီ feature လေးကို စမ်းသပ်နေခဲ့တာပါ။ ကျွန်တော်တို့က ထုတ်ကုန်အသစ်တွေ၊ ခံစားမှုအသစ်တွေကို အမြဲတမ်းစမ်းသပ်လေ့ရှိပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပေးစရာသတင်းရယ်လို့ မရှိသေးပါဘူး။
[Zawgyi]
Spotify ဟာ playback လုပ္ေနတုန္းမွာ သီခ်င္းစာသားေတြျပတာကို
Spotify ရဲ႕ Behind the Lyrics feature ဟာ အေတာ္ေလးကိုက်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳခဲ့ၾကပါတယ္။ သူကေတာ့ စာသားေတြထက္ အႏုပညာရွင္ရဲ႕ဆိုလိုရင္းသေဘာကို ပိုၿပီးအေလးထားေစခ်င္ခဲ့တာပါ။
အခုေတာ့ Apple Music ရဲ႕ ေျခရာကို feature အသစ္ေလးတစ္ခုနဲ႔ အမီလိုက္ေနပါၿပီ။ ဒါကေတာ့ သူ႔ရဲ႕ mobile app ထဲမွာ သီခ်င္းဖြင့္ထားတုန္း သီခ်င္းစာသားေတြကို ျပသေပးမွာျဖစ္ပါတယ္။
အင္တာေနရွင္နယ္ေစ်းကြက္က သုံးစြဲသူအေတာ္မ်ားမ်ားဟာ feature အသစ္ေလးကို screenshot ႐ိုက္ၿပီးေတာ့ လူမႈကြန္ရက္မွာ တင္ေနၾကပါတယ္။ ဒါေၾကာင့္ သီခ်င္းစာသားေလးေတြ ေ႐ြ႕လ်ားေနတာကို ျမင္ေတြ႕ခဲ့ရတာပါ။
အေပၚမွာျပထားတဲ့ပုံထဲမွာ ျမင္ရတဲ့လိုဂိုေလးအတိုင္းပါပဲ။ Musixmatch ရဲ႕ အားျဖည့္ကူညီမႈနဲ႔ ေပၚေပါက္လာခဲ့တာပါ။ Bologna ၊ အီတလီမွာ အေျခစိုက္ထားသလို ဆန္ဖရန္စစၥကိုနဲ႔ လန္ဒန္မွာလည္း ႐ုံးေတြတည္ထားပါေသးတယ္။
ဒီfeature ေလးအတြက္ ေမးျမန္းခဲ့ရာမွာေတာ့ Spotify ရဲ႕ေျပာဆိုခြင့္ရွိသူက အခုလိုေျပာပါတယ္။ ေစ်းကြက္အခ်ိဳ႕မွာ ဒီ feature ေလးကို စမ္းသပ္ေနခဲ့တာပါ။ ကြၽန္ေတာ္တို႔က ထုတ္ကုန္အသစ္ေတြ၊ ခံစားမႈအသစ္ေတြကို အၿမဲတမ္းစမ္းသပ္ေလ့ရွိပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ ေပးစရာသတင္းရယ္လို႔ မရွိေသးပါဘူး။
Ref : techradar