တရားစွဲခံမလား ဝင်ငွေအလျော့ခံမလားဖြစ်နေကြတဲ့ ကလေးတွေအတွက် YouTube ပေါ်က ဗွီဒီယိုဖန်တီးသူများ

0
931

[Unicode]

YouTube ဟာ ဗွီဒီယိုတင်တဲ့သူတိုင်းအတွက် စည်းမျဉ်းတစ်ခုကိုပြောင်းလဲလိုက်ပါတယ်။ ဒါဟာ ကလေးတွေကို ကာကွယ်ပေးဖို့အတွက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း content creator တွေအနေနဲ့ ဘယ်လိုလိုက်နာရမလဲဆိုတာ ဒွိဟတွေဖြစ်နေပါပြီ။
မနှစ်ကစပြီးတော့ YouTube content creator အားလုံးဟာ ဗွီဒီယိုတင်တိုင်းမှာ ကလေးတွေကို ဦးတည်ထားတာဟုတ်ကြောင်း မဟုတ်ကြောင်း အမှန်ခြစ်ပေးရပါတယ်။ Creator တွေအနေနဲ့ တင်လိုက်တဲ့ဗွီဒီယိုတိုင်းကို အမျိုးအစားခွဲခြားဖို့လိုအပ်ပြီးတော့ channel တွေတောင်မှ ခွဲခြားပေးရပါတယ်။ ကလေးတွေအတွက် Content ဆိုတကတော့ မူလပရိသတ်က ကလေးတွေ ဒါမှမဟုတ် ကလေးတွေကို ရည်ရွယ်ထားပေးမယ့်လည်း ကလေးတွေက ဒုတိယပရိသတ်ဖြစ်မယ်လို့ ပြောချင်တာပါ။
ဒီနှစ်အစောပိုင်းမှာတော့ YouTube ဟာ စုံစမ်းမှုကိုကျေအေးဖို့အတွက် Federal Trade Commission ကို ဒေါ်လာ၂၀၀မီလျံပေးဖို့ သဘောတူလိုက်ရပါတယ်။ FTC ဟာ Children’s Online Privacy Protection Act (COPPA) ကို ချိုးဖောက်ထားသလား စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့လို့ပါ။ COPPA ရဲ့ထိန်းချုပ်မှုအောက်မှာဆိုရင် မိဘတွေရဲ့သိရှိမှုမပါဘဲ ကလေးတွေရဲ့အချက်အလက်ကို ကောက်ယူနိုင်ခွင့်မရှိပါဘူး။ ကောက်ယူထားတဲ့အချက်အလက်တွေကိုလည်း မိဘတွေက ထိန်းချုပ်ပိုင်ခွင့်ရှိရပါမယ်။
“kid-targeted” အမျိုးအစားအတွက် ဝိသေသတွေကို တိုးလိုက်ပါတယ်။ ဒါတွေကတော့ “includes characters, celebrities, or toys that appeal to children, including animated characters or cartoon figures,” “includes activities that appeal to children,” “empirical evidence of the video’s audience.” တို့ ဖြစ်ပါတယ်။


ဒါကြောင့် creator တွေ အခက်တွေ့နေရပါတယ်။ ကလေးတွေအတွက်ဖန်တီးထားတဲ့ဗွီဒီယိုမှာ comments ရေးလို့မရဘူး။ info cards, personalized ads, ဗွီဒီယိုဖန်တီးသူတွေမှီခိုနေရတဲ့ အခြားအရာတွေပါဝင်လို့မရဘူး။ အဲဒီလိုဗွီဒီယိုတွေဟာ ဖန်တီးသူတွေအတွက် ဝင်ငွေမရနိုင်ပါဘူး။ TubeFilter ရဲ့ခန့်မှန်းချက်အရ personalized ads မပါတော့ရင် ဗွီဒီယိုရဲ့ဝင်ငွေ ၉၀ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်ပါတယ်။
ဒါဆိုရင် ကလေးတွေအတွက်ဗွီဒီယိုမဟုတ်ဘူးလို့ မှတ်မယ်ဆိုရင်ရော။ ဗွီဒီယိုက ကလေးတွေအတွက်ဖြစ်နေ‌ပြီး အညွှန်းတပ်မထားရင်တော့ content creator ကို တရားစွဲပါလိမ့်မယ်။ FTC က တိုက်ရိုက်တရားစွဲမှာပါ။ audience မသတ်မှတ်ထားရင် YouTube ကလည်း သတိပေးချက်တွေ ပို့ပါလိမ့်မယ်။
YouTuber တွေအတွက်ကတော့ ဒီအချက်ကို ကြိုက်ကြမှာမဟုတ်ပါဘူး။ ကလေးတွေနဲ့ ရင်းနှီးနေတဲ့ ဂိမ်းတွေအကြောင်းတင်မယ်ဆိုရင်ရော အကျုံးဝင်နေမှာလား။ YouTube ပေါ်မှာ “COPPA” လို့ရိုက်ရှာကြည့်လိုက်ရင် သူတို့ရဲ့ content အဟောင်းတွေကို ဆက်လက်လုပ်ဆောင်နိုင်ပါ့မလား ဆုံးဖြတ်ဖို့ကြိုးစားခဲ့ကြတဲ့ creator တွေရဲ့ ဗွီဒီယိုတွေကို တွေ့မြင်ရမှာပါ။
ဒီစည်းမျဉ်းအသစ်ကတော့ ၂၀၂၀ ဇန်နဝါရီလ၁ရက်နေ့မှာ အသက်ဝင်မှာ ဖြစ်ပါတယ်။

[Zawgyi]

YouTube ဟာ ဗြီဒီယိုတင္တဲ့သူတိုင္းအတြက္ စည္းမ်ဥ္းတစ္ခုကိုေျပာင္းလဲလိုက္ပါတယ္။ ဒါဟာ ကေလးေတြကို ကာကြယ္ေပးဖို႔အတြက္ျဖစ္ပါတယ္။ ဒါေပမယ့္လည္း content creator ေတြအေနနဲ႔ ဘယ္လိုလိုက္နာရမလဲဆိုတာ ဒြိဟေတြျဖစ္ေနပါၿပီ။
မႏွစ္ကစၿပီးေတာ့ YouTube content creator အားလုံးဟာ ဗြီဒီယိုတင္တိုင္းမွာ ကေလးေတြကို ဦးတည္ထားတာဟုတ္ေၾကာင္း မဟုတ္ေၾကာင္း အမွန္ျခစ္ေပးရပါတယ္။ Creator ေတြအေနနဲ႔ တင္လိုက္တဲ့ဗြီဒီယိုတိုင္းကို အမ်ိဳးအစားခြဲျခားဖို႔လိုအပ္ၿပီးေတာ့ channel ေတြေတာင္မွ ခြဲျခားေပးရပါတယ္။ ကေလးေတြအတြက္ Content ဆိုတကေတာ့ မူလပရိသတ္က ကေလးေတြ ဒါမွမဟုတ္ ကေလးေတြကို ရည္႐ြယ္ထားေပးမယ့္လည္း ကေလးေတြက ဒုတိယပရိသတ္ျဖစ္မယ္လို႔ ေျပာခ်င္တာပါ။
ဒီႏွစ္အေစာပိုင္းမွာေတာ့ YouTube ဟာ စုံစမ္းမႈကိုေက်ေအးဖို႔အတြက္ Federal Trade Commission ကို ေဒၚလာ၂၀၀မီလ်ံေပးဖို႔ သေဘာတူလိုက္ရပါတယ္။ FTC ဟာ Children’s Online Privacy Protection Act (COPPA) ကို ခ်ိဳးေဖာက္ထားသလား စစ္ေဆးဖို႔ ဆုံးျဖတ္ခဲ့လို႔ပါ။ COPPA ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာဆိုရင္ မိဘေတြရဲ႕သိရွိမႈမပါဘဲ ကေလးေတြရဲ႕အခ်က္အလက္ကို ေကာက္ယူႏိုင္ခြင့္မရွိပါဘူး။ ေကာက္ယူထားတဲ့အခ်က္အလက္ေတြကိုလည္း မိဘေတြက ထိန္းခ်ဳပ္ပိုင္ခြင့္ရွိရပါမယ္။
“kid-targeted” အမ်ိဳးအစားအတြက္ ဝိေသသေတြကို တိုးလိုက္ပါတယ္။ ဒါေတြကေတာ့ “includes characters, celebrities, or toys that appeal to children, including animated characters or cartoon figures,” “includes activities that appeal to children,” “empirical evidence of the video’s audience.” တို႔ ျဖစ္ပါတယ္။


ဒါေၾကာင့္ creator ေတြ အခက္ေတြ႕ေနရပါတယ္။ ကေလးေတြအတြက္ဖန္တီးထားတဲ့ဗြီဒီယိုမွာ comments ေရးလို႔မရဘူး။ info cards, personalized ads, ဗြီဒီယိုဖန္တီးသူေတြမွီခိုေနရတဲ့ အျခားအရာေတြပါဝင္လို႔မရဘူး။ အဲဒီလိုဗြီဒီယိုေတြဟာ ဖန္တီးသူေတြအတြက္ ဝင္ေငြမရႏိုင္ပါဘူး။ TubeFilter ရဲ႕ခန႔္မွန္းခ်က္အရ personalized ads မပါေတာ့ရင္ ဗြီဒီယိုရဲ႕ဝင္ေငြ ၉၀ရာခိုင္ႏႈန္းအထိ ေလ်ာ့က်သြားႏိုင္ပါတယ္။
ဒါဆိုရင္ ကေလးေတြအတြက္ဗြီဒီယိုမဟုတ္ဘူးလို႔ မွတ္မယ္ဆိုရင္ေရာ။ ဗြီဒီယိုက ကေလးေတြအတြက္ျဖစ္ေန‌ၿပီး အၫႊန္းတပ္မထားရင္ေတာ့ content creator ကို တရားစြဲပါလိမ့္မယ္။ FTC က တိုက္႐ိုက္တရားစြဲမွာပါ။ audience မသတ္မွတ္ထားရင္ YouTube ကလည္း သတိေပးခ်က္ေတြ ပို႔ပါလိမ့္မယ္။
YouTuber ေတြအတြက္ကေတာ့ ဒီအခ်က္ကို ႀကိဳက္ၾကမွာမဟုတ္ပါဘူး။ ကေလးေတြနဲ႔ ရင္းႏွီးေနတဲ့ ဂိမ္းေတြအေၾကာင္းတင္မယ္ဆိုရင္ေရာ အက်ဳံးဝင္ေနမွာလား။ YouTube ေပၚမွာ “COPPA” လို႔႐ိုက္ရွာၾကည့္လိုက္ရင္ သူတို႔ရဲ႕ content အေဟာင္းေတြကို ဆက္လက္လုပ္ေဆာင္ႏိုင္ပါ့မလား ဆုံးျဖတ္ဖို႔ႀကိဳးစားခဲ့ၾကတဲ့ creator ေတြရဲ႕ ဗြီဒီယိုေတြကို ေတြ႕ျမင္ရမွာပါ။
ဒီစည္းမ်ဥ္းအသစ္ကေတာ့ ၂၀၂၀ ဇန္နဝါရီလ၁ရက္ေန႔မွာ အသက္ဝင္မွာ ျဖစ္ပါတယ္။

Ref : thenextweb

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.