MacBook Pro မှာ SD card slot နဲ့ အခြား port တွေ မပါနိုင်တော့ဟု Phil Schiller ပြောပြီ

0
592

[Unicode]

၁၆လက်မ MacBook Pro မိတ်ဆက်တဲ့အခါ Apple SVP Phil Schiller က notebook အတွက် Magic Keyboard ပြောင်းလဲမှုနဲ့ပတ်သတ်ပြီး ဒီဇိုင်းပိုင်းကို ပြောပြလာခဲ့ပါတယ်။ YouTuber Jonathan Morrison ကတော့ Schiller နဲ့ထိုင်ခွင့်ရပြီး thermal system, six-speaker setup, MacBook Pro မှာ SD card reader ပြန်လည်ယူဆောင်လာဦးမှာလားဆိုတာတွေကို မေးမြန်းခွင့်ရခဲ့ပါတယ်။

Jonathan က Phil Schiller နဲ့ အကြောင်းအရာအတော်များများကို ပြောခဲ့ပေမယ့်လည်း SD card slot ကို ပြန်လည်ထည့်သွင်းဖို့ အစီအစဉ်ရှိလားလို့ မေးလိုက်ချိန်မှာတော့ စိတ်ဝင်စားစရာကောင်းသွားခဲ့ပါတယ်။

Schiller က အခုလိုဖြေခဲ့ပါတယ်။

“မဖြစ်နိုင်လောက်ဘူး။ အနာဂတ်ဆိုတာ တည်တံ့ခိုင်မြဲနေမှာမဟုတ်ဘဲ အရာတိုင်းကအပြောင်းအလဲတွေ ရှိလာနိုင်တယ်။ ဒါမေယ့်လည်း MacBook Pro ကို သုံးစွဲသူတွေက ဘယ်လိုမျိုးသုံးသလဲ၊ ဘယ်လို I/O တွေသူတို့လိုအပ်သလဲ၊ သူတို့ရဲ့လိုအပ်ချက်‌တွေက ဘယ်လိုကြီးထွားလာပြီး ဘယ်လိုတွေပြောင်းလဲနေသလဲဆိုတာကို ကျွန်တော်တို့စစ်တမ်းတွေ အချိန်ပေးပြီး ကောက်ဖြစ်တယ်။ USB-A ၊ SD card reader ၊ HDMI တွေနဲ့ပတ်သတ်ပြီးတော့ ကျွန်တော်တို့ကိုယ်တိုင် မေးမြန်းမှုတွေလည်း လုပ်ခဲ့တယ်။ ဒီနေရာမှာ USB-Cနဲ့ Thunderbolt ရဲ့ အားသာချက်ကိုယူပြီးတော့ performance ကောင်းကောင်း၊ power မြင့်မြင့်၊ အားသွင်းနိုင်စွမ်းတွေကို ဘယ်လိုကောင်းမွန်အောင် လုပ်ဆောင်မလဲဆိုတာပါ။ notebook မှာ USB-C/Thunderbolt port လေးခုရှိနေခြင်းက ဒီနှစ်တွေအတွင်းမှာ အသုံးပြုခဲ့တဲ့ပုံစံတွေအတွက် အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်တို့တွေးပါတယ်။ အဲဒီအတွက် ပေးဆပ်လိုက်ရတာကတော့ traditional media type ဖြစ်တဲ့ SD card reader လိုမျိုးကတော့ ပါသွားမှာပေါ့။ ဒါပေမယ့် USB-C adapter တွေရှိနေတာပဲလေ။ ဒါတွေဟာ performance မြင့်ဖို့၊ flexibility ဖြစ်ဖို့အတွက် လုပ်လိုက်ရတာပါ။ လေ့လာမှုတွေအပြီးမှာတော့ ကျွန်တော်တို့ဟာ သုံးစွဲသူတွေအတွက် အကောင်းဆုံးလုပ်ပေးခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ကမာ္ဘပေါ်ကရှိသမျှ port တိုင်းတော့ ပါဝင်နေမှာမဟုတ်ပါဘူး”

Dolby Atmos နဲ့ six-speaker system အသစ်အကြောင်းကို မေးမြန်းတဲ့အခါမှာတော့

“notebook ရဲ့ စပီကာတွေက အဲဒီအသံထွက်အောင် လုပ်နိုင်တယ်ဆိုတာ မယုံဘူးထင်တယ်။ ဒါကလည်း နားထောင်နေတဲ့သူရဲ့ တည်နေရာနဲ့လည်း သက်ဆိုင်နေလို့ဖြစ်လိမ့်မယ်။”

ဒီအင်တာဗျူးရဲ့ နောက်ထပ်စိတ်ဝင်စားစရာအချက်ကတော့ ဒီအင်တာဗျူးတစ်ခုလုံးကို ၁၆လက်မ MacBook Pro မှာပါဝင်တဲ့ မိုက်အသစ်နဲ့ ဖမ်းယူထားတာပါ။

ဒေါ်လာ ၆၀၀ နဲ့ စျေးနှုန်းကိုစထားခြင်းဟာ မှန်းထားတာထက် နည်းနေတယ်ဆိုတဲ့အကြောင်း မေးမြန်းတဲ့အခါမှာတော့

“ကျွန်တော်တို့ရည်ရွယ်တာက ၁၅ ကို ၁၆နဲ့ အစားထိုးနိုင်ဖို့၊ စျေးနှုန်းအတူတူလောက်ကို ပိုမိုတဲ့စွမ်းဆောင်ရည်တွေ ဖြန့်ဝေပေးနိုင်ဖို့ပါ။ ကျွန်တော်တို့လုပ်နိုင်ပါ့မလား မသေချာခဲ့ပေမယ့်လည်း လုပ်ဖို့အတွက် အမြဲတမ်းစိတ်ကူးထားခဲ့ပါတယ်။”

[Zawgyi]

၁၆လက္မ MacBook Pro မိတ္ဆက္တဲ့အခါ Apple SVP Phil Schiller က notebook အတြက္ Magic Keyboard ေျပာင္းလဲမႈနဲ႔ပတ္သတ္ၿပီး ဒီဇိုင္းပိုင္းကို ေျပာျပလာခဲ့ပါတယ္။ YouTuber Jonathan Morrison ကေတာ့ Schiller နဲ႔ထိုင္ခြင့္ရၿပီး thermal system, six-speaker setup, MacBook Pro မွာ SD card reader ျပန္လည္ယူေဆာင္လာဦးမွာလားဆိုတာေတြကို ေမးျမန္းခြင့္ရခဲ့ပါတယ္။
Jonathan က Phil Schiller နဲ႔ အေၾကာင္းအရာအေတာ္မ်ားမ်ားကို ေျပာခဲ့ေပမယ့္လည္း SD card slot ကို ျပန္လည္ထည့္သြင္းဖို႔ အစီအစဥ္ရွိလားလို႔ ေမးလိုက္ခ်ိန္မွာေတာ့ စိတ္ဝင္စားစရာေကာင္းသြားခဲ့ပါတယ္။
Schiller က အခုလိုေျဖခဲ့ပါတယ္။
“မျဖစ္ႏိုင္ေလာက္ဘူး။ အနာဂတ္ဆိုတာ တည္တံ့ခိုင္ၿမဲေနမွာမဟုတ္ဘဲ အရာတိုင္းကအေျပာင္းအလဲေတြ ရွိလာႏိုင္တယ္။ ဒါေမယ့္လည္း MacBook Pro ကို သုံးစြဲသူေတြက ဘယ္လိုမ်ိဳးသုံးသလဲ၊ ဘယ္လို I/O ေတြသူတို႔လိုအပ္သလဲ၊ သူတို႔ရဲ႕လိုအပ္ခ်က္‌ေတြက ဘယ္လိုႀကီးထြားလာၿပီး ဘယ္လိုေတြေျပာင္းလဲေနသလဲဆိုတာကို ကြၽန္ေတာ္တို႔စစ္တမ္းေတြ အခ်ိန္ေပးၿပီး ေကာက္ျဖစ္တယ္။ USB-A ၊ SD card reader ၊ HDMI ေတြနဲ႔ပတ္သတ္ၿပီးေတာ့ ကြၽန္ေတာ္တို႔ကိုယ္တိုင္ ေမးျမန္းမႈေတြလည္း လုပ္ခဲ့တယ္။ ဒီေနရာမွာ USB-Cနဲ႔ Thunderbolt ရဲ႕ အားသာခ်က္ကိုယူၿပီးေတာ့ performance ေကာင္းေကာင္း၊ power ျမင့္ျမင့္၊ အားသြင္းႏိုင္စြမ္းေတြကို ဘယ္လိုေကာင္းမြန္ေအာင္ လုပ္ေဆာင္မလဲဆိုတာပါ။ notebook မွာ USB-C/Thunderbolt port ေလးခုရွိေနျခင္းက ဒီႏွစ္ေတြအတြင္းမွာ အသုံးျပဳခဲ့တဲ့ပုံစံေတြအတြက္ အေကာင္းဆုံးျဖစ္မယ္လို႔ ကြၽန္ေတာ္တို႔ေတြးပါတယ္။ အဲဒီအတြက္ ေပးဆပ္လိုက္ရတာကေတာ့ traditional media type ျဖစ္တဲ့ SD card reader လိုမ်ိဳးကေတာ့ ပါသြားမွာေပါ့။ ဒါေပမယ့္ USB-C adapter ေတြရွိေနတာပဲေလ။ ဒါေတြဟာ performance ျမင့္ဖို႔၊ flexibility ျဖစ္ဖို႔အတြက္ လုပ္လိုက္ရတာပါ။ ေလ့လာမႈေတြအၿပီးမွာေတာ့ ကြၽန္ေတာ္တို႔ဟာ သုံးစြဲသူေတြအတြက္ အေကာင္းဆုံးလုပ္ေပးခဲ့တယ္ဆိုတာ သိလိုက္ရပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔မွာ ကမာၻေပၚကရွိသမွ် port တိုင္းေတာ့ ပါဝင္ေနမွာမဟုတ္ပါဘူး”
Dolby Atmos နဲ႔ six-speaker system အသစ္အေၾကာင္းကို ေမးျမန္းတဲ့အခါမွာေတာ့
“notebook ရဲ႕ စပီကာေတြက အဲဒီအသံထြက္ေအာင္ လုပ္ႏိုင္တယ္ဆိုတာ မယုံဘူးထင္တယ္။ ဒါကလည္း နားေထာင္ေနတဲ့သူရဲ႕ တည္ေနရာနဲ႔လည္း သက္ဆိုင္ေနလို႔ျဖစ္လိမ့္မယ္။”
ဒီအင္တာဗ်ဴးရဲ႕ ေနာက္ထပ္စိတ္ဝင္စားစရာအခ်က္ကေတာ့ ဒီအင္တာဗ်ဴးတစ္ခုလုံးကို ၁၆လက္မ MacBook Pro မွာပါဝင္တဲ့ မိုက္အသစ္နဲ႔ ဖမ္းယူထားတာပါ။
ေဒၚလာ ၆၀၀ နဲ႔ ေစ်းႏႈန္းကိုစထားျခင္းဟာ မွန္းထားတာထက္ နည္းေနတယ္ဆိုတဲ့အေၾကာင္း ေမးျမန္းတဲ့အခါမွာေတာ့
“ကြၽန္ေတာ္တို႔ရည္႐ြယ္တာက ၁၅ ကို ၁၆နဲ႔ အစားထိုးႏိုင္ဖို႔၊ ေစ်းႏႈန္းအတူတူေလာက္ကို ပိုမိုတဲ့စြမ္းေဆာင္ရည္ေတြ ျဖန႔္ေဝေပးႏိုင္ဖို႔ပါ။ ကြၽန္ေတာ္တို႔လုပ္ႏိုင္ပါ့မလား မေသခ်ာခဲ့ေပမယ့္လည္း လုပ္ဖို႔အတြက္ အၿမဲတမ္းစိတ္ကူးထားခဲ့ပါတယ္။”

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.