မိတ်ဆက်အပြီးတစ်ရက်အကြာမှာ subscriber ၁၀မီလျံကျော်သွားခဲ့တဲ့ Disney+

0
390

[Unicode]

Marvel ဖန်လား၊ Star Wars ဖန်လား၊ ဒါမှမဟုတ် Disney မင်းသမီးတွေကို ရူးသွပ်သူတစ်ယောက်လား။ ဘာပဲဖြစ်နေပါစေ။ ၁၂ရက်နေ့ကတော့ ရင်ခုန်စရာကောင်းတဲ့နေ့လေးတစ်နေ့ ဖြစ်ခဲ့မှာအသေအချာပါပဲ။ ၂၀၁၉ခုနှစ် နိုဝင်ဘာ ၁၂ရက်နေ့မှာ Disney+ ကို တရားဝင်မိတ်ဆက်ခဲ့ပြီးတော့ စာဖတ်သူစိတ်ကြိုက် ရှိုးတွေနဲ့ ဇာတ်ကားတွေကို အဆုံးမဲ့ streaming လုပ်နိုင်ဖို့အတွက် ဖွင့်လှစ်ပေးခဲ့တာပါ။ အခုဆိုရင် Disney+ ရဲ့ ကနဦးမိတ်ဆက်မှုဟာ ဝက်ဝက်ကွဲအောင်မြင်ခဲ့ကြောင်း သိရှိရပါတယ်။
တစ်ရက်အကြာပဲရှိသေးပေမယ့် Disney+ က subscriber ၁၀မီလျံ ကျော်သွားပါပြီ။ Netflix ရဲ့ ထုတ်ဖော်ပြောကြားချက်အရတော့ သူတို့မှာ subscriber ပေါင်း ၁၅၈မီလျံရှိတယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် Disney+ ဟာ ၁၀မီလျံ ရှာနိုင်တယ်ဆိုတာ အံ့ဩဖို့ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံသုံးနိုင်ငံမှာသာ အသုံးပြုနိုင်သေးတာပါ။ ယူအက်စ်၊ ကနေဒါနဲ့ နယ်သာလန်တို့မှာပဲ ဖွင့်ထားသေးတာပါ။ Netflix ဟာ နိုင်ငံပေါင်း ၁၉၀မှာ ရနေတာနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် Disney+ ရဲ့ ကြီးထွားလာနိုင်နှုန်းက အတော်လေးကိုများပြားတယ် ပြောရမယ်။
Disney+ ဟာ ဩစတေးလျနဲ့ နယူးဇီလန်ကို နိုဝင်ဘာ၁၉ရက်နေ့မှာ ဖွင့်ပေးသွားဖို့ရှိနေပြီးတော့ နောက်ထပ်စျေးကွက်တွေကိုလည်း ဆက်လက်ဝင်ရောက်သွားဖို့ရှိနေပါတယ်။ ဒါကြောင့် ဘယ်လောက်တောင်ကြီးမားတဲ့စျေးကွက်ကို သိမ်းပိုက်နိုင်မလဲဆိုတာကတော့ မပြောနိုင်သေးပါဘူး။
တစ်ခုရှိသေးတာက free trial ကြောင့်လည်း လူဝင်များတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Disney+ ရဲ့ free trial ကို ၇ရက်ပေးထားပြီး အဲဒီနောက်ပိုင်းမှာ တစ်လကို ၇ဒေါ်လာနဲ့ တစ်နှစ်ကို ၇၀ဒေါ်လာ ပေးဆောင်ရမှာပါ။ တချို့ကတော့ စမ်းသပ်ချင်လို့ ဝင်ရောက်လာတာဖြစ်ပေမယ့်လည်း streaming အသစ်တစ်ခုအတွက် အားတက်စရာကောင်းတယ်လို့တော့ ဆိုရမှာပါ။

[Zawgyi]

Marvel ဖန္လား၊ Star Wars ဖန္လား၊ ဒါမွမဟုတ္ Disney မင္းသမီးေတြကို ႐ူးသြပ္သူတစ္ေယာက္လား။ ဘာပဲျဖစ္ေနပါေစ။ ၁၂ရက္ေန႔ကေတာ့ ရင္ခုန္စရာေကာင္းတဲ့ေန႔ေလးတစ္ေန႔ ျဖစ္ခဲ့မွာအေသအခ်ာပါပဲ။ ၂၀၁၉ခုႏွစ္ ႏိုဝင္ဘာ ၁၂ရက္ေန႔မွာ Disney+ ကို တရားဝင္မိတ္ဆက္ခဲ့ၿပီးေတာ့ စာဖတ္သူစိတ္ႀကိဳက္ ရႈိးေတြနဲ႔ ဇာတ္ကားေတြကို အဆုံးမဲ့ streaming လုပ္ႏိုင္ဖို႔အတြက္ ဖြင့္လွစ္ေပးခဲ့တာပါ။ အခုဆိုရင္ Disney+ ရဲ႕ ကနဦးမိတ္ဆက္မႈဟာ ဝက္ဝက္ကြဲေအာင္ျမင္ခဲ့ေၾကာင္း သိရွိရပါတယ္။
တစ္ရက္အၾကာပဲရွိေသးေပမယ့္ Disney+ က subscriber ၁၀မီလ်ံ ေက်ာ္သြားပါၿပီ။ Netflix ရဲ႕ ထုတ္ေဖာ္ေျပာၾကားခ်က္အရေတာ့ သူတို႔မွာ subscriber ေပါင္း ၁၅၈မီလ်ံရွိတယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္ Disney+ ဟာ ၁၀မီလ်ံ ရွာႏိုင္တယ္ဆိုတာ အံ့ဩဖို႔ေကာင္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႏိုင္ငံသုံးႏိုင္ငံမွာသာ အသုံးျပဳႏိုင္ေသးတာပါ။ ယူအက္စ္၊ ကေနဒါနဲ႔ နယ္သာလန္တို႔မွာပဲ ဖြင့္ထားေသးတာပါ။ Netflix ဟာ ႏိုင္ငံေပါင္း ၁၉၀မွာ ရေနတာနဲ႔ ႏႈိင္းယွဥ္လိုက္မယ္ဆိုရင္ Disney+ ရဲ႕ ႀကီးထြားလာႏိုင္ႏႈန္းက အေတာ္ေလးကိုမ်ားျပားတယ္ ေျပာရမယ္။
Disney+ ဟာ ဩစေတးလ်နဲ႔ နယူးဇီလန္ကို ႏိုဝင္ဘာ၁၉ရက္ေန႔မွာ ဖြင့္ေပးသြားဖို႔ရွိေနၿပီးေတာ့ ေနာက္ထပ္ေစ်းကြက္ေတြကိုလည္း ဆက္လက္ဝင္ေရာက္သြားဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ ဘယ္ေလာက္ေတာင္ႀကီးမားတဲ့ေစ်းကြက္ကို သိမ္းပိုက္ႏိုင္မလဲဆိုတာကေတာ့ မေျပာႏိုင္ေသးပါဘူး။
တစ္ခုရွိေသးတာက free trial ေၾကာင့္လည္း လူဝင္မ်ားတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ Disney+ ရဲ႕ free trial ကို ၇ရက္ေပးထားၿပီး အဲဒီေနာက္ပိုင္းမွာ တစ္လကို ၇ေဒၚလာနဲ႔ တစ္ႏွစ္ကို ၇၀ေဒၚလာ ေပးေဆာင္ရမွာပါ။ တခ်ိဳ႕ကေတာ့ စမ္းသပ္ခ်င္လို႔ ဝင္ေရာက္လာတာျဖစ္ေပမယ့္လည္း streaming အသစ္တစ္ခုအတြက္ အားတက္စရာေကာင္းတယ္လို႔ေတာ့ ဆိုရမွာပါ။

Ref : androidcentral

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.