TikTok ကို ယှဉ်ပြိုင်ဖို့ Reels” editing tool ကို စမ်းသပ်နေတဲ့ Instagram

0
207

[Unicode]

Stories camera ထဲမှာ video editing tool တစ်ခုဖြစ်တဲ့ “Reels” ကို Instagram က စမ်းသပ်နေပါတယ်။ သီချင်းတစ်ပုဒ်ထည့်နိုင်ပြီး ၁၅စက္ကန့်ဗွီဒီယိုလေးတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သီချင်းတွေကိုတော့ hashtag နဲ့ရှာလို့ရသလို အခြား clip တွေဆီကအသံတွေလည်းအသုံးပြုနိုင်ပါတယ်။ ဒါတွေက TikTok မှာ ဆော့သလို အတူတူပါပဲ။
Instagram ပြောတာကတော့ TikTok နဲ့ Reels က မတူညီဘူးလို့ ခံစားရပါတယ်တဲ့။
ဒီနှစ်ခုက လုံး၀ကိုတူညီနေတာ မဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ ဗွီဒီယိုထဲမှာ သီချင်းလေးတွေထည့်ပြီး share တာက လူတိုင်းကြိုက်လာနိုင်တဲ့ အိုင်ဒီယာလေးပါ။ ကျွန်တော်တို့ဦးတည်တာက ဒါကို သူမတူတဲ့ပုံစံနဲ့ ဘယ်လိုချပြမလဲဆိုတာပါပဲ။ Friends တွေက Instagram ပေါ်မှာရှိနေပြီးသားပါ။ ဒါက Instagram စစ်စစ်ရဲ့ feature လေးပါ။
Instagram သုံးစွဲသူတွေဟာ လူကြိုက်များတဲ့သီချင်းတွေ ဒါမှမဟုတ် အခြားဗွီဒီယိုတွေကနေ အသံယူလို့ရသလို သီချင်းအသစ်တွေိ၊ စကားပြောတွေကို ဖမ်းယူလို့လည်း ရပါတယ်။ Reels ဟာ editing feature တွေလည်း ထည့်ပေးထားပါတယ်။ ဒါက TikTok feature မှာပါဝင်တဲ့ caption လေးတွေလိုမျိုးပါ။ နောက်ပြီး video transitions ၊ special effects တွေလည်း ပါဝင်မှာပါ။
Reels ကို ဘရာဇီးမှာ စတင်စမ်းသပ်နေတယ်ဆိုပေမယ့်လည်း အခြားစျေးကွက်တွေအတွက်တော့ အချိန်ဇယားမထွက်လာသေးပါဘူး။ Instagram က Snapchat Stories ကို သူ့ရဲ့ app ထဲကို ပုံစံပြောင်းပြီးထည့်ပေးခဲ့တာကိုလည်း ပြန်မှတ်မိသွားစေခဲ့တယ်။ အဲဒီတုန်းက Snapchat ထက်တောင် လူကြိုက်ပိုများသွားခဲ့သေးတာ မဟုတ်လား။
TikTok ဟာ Instagram ရဲ့ တည်ဆောက်ပုံတွေ၊ အသွားအလာတွေက အတော်လေးကွဲနေတယ်လို့တော့ ပြောလို့ရပါတယ်။ ကျွန်တော်သိချင်တာက Instagram ရဲ့ သုံးစွဲသူတေက အဲဒီလို formal မဆန်တဲ့ပုံစံမျိုးကို အသုံးပြုနေကြရဲ့လား။ Instagram ဆိုတာက တည်ငြိမ်သူအတော်များများ သုံးကြတာဆိုတော့လေ။ ဘာပဲဖြစ်ဖြစ် Instagram ပေါ်မှာ မျက်စိနောက်ကြဦးတော့မှာပေါ့။

[Zawgyi]

Stories camera ထဲမွာ video editing tool တစ္ခုျဖစ္တဲ့ “Reels” ကို Instagram က စမ္းသပ္ေနပါတယ္။ သီခ်င္းတစ္ပုဒ္ထည့္ႏိုင္ၿပီး ၁၅စကၠန႔္ဗြီဒီယိုေလးေတြ ျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။ သီခ်င္းေတြကိုေတာ့ hashtag နဲ႔ရွာလို႔ရသလို အျခား clip ေတြဆီကအသံေတြလည္းအသုံးျပဳႏိုင္ပါတယ္။ ဒါေတြက TikTok မွာ ေဆာ့သလို အတူတူပါပဲ။
Instagram ေျပာတာကေတာ့ TikTok နဲ႔ Reels က မတူညီဘူးလို႔ ခံစားရပါတယ္တဲ့။
ဒီႏွစ္ခုက လုံး၀ကိုတူညီေနတာ မဟုတ္ပါဘူး။ ဒီေန႔ေခတ္မွာ ဗြီဒီယိုထဲမွာ သီခ်င္းေလးေတြထည့္ၿပီး share တာက လူတိုင္းႀကိဳက္လာႏိုင္တဲ့ အိုင္ဒီယာေလးပါ။ ကြၽန္ေတာ္တို႔ဦးတည္တာက ဒါကို သူမတူတဲ့ပုံစံနဲ႔ ဘယ္လိုခ်ျပမလဲဆိုတာပါပဲ။ Friends ေတြက Instagram ေပၚမွာရွိေနၿပီးသားပါ။ ဒါက Instagram စစ္စစ္ရဲ႕ feature ေလးပါ။
Instagram သုံးစြဲသူေတြဟာ လူႀကိဳက္မ်ားတဲ့သီခ်င္းေတြ ဒါမွမဟုတ္ အျခားဗြီဒီယိုေတြကေန အသံယူလို႔ရသလို သီခ်င္းအသစ္ေတြိ၊ စကားေျပာေတြကို ဖမ္းယူလို႔လည္း ရပါတယ္။ Reels ဟာ editing feature ေတြလည္း ထည့္ေပးထားပါတယ္။ ဒါက TikTok feature မွာပါဝင္တဲ့ caption ေလးေတြလိုမ်ိဳးပါ။ ေနာက္ၿပီး video transitions ၊ special effects ေတြလည္း ပါဝင္မွာပါ။
Reels ကို ဘရာဇီးမွာ စတင္စမ္းသပ္ေနတယ္ဆိုေပမယ့္လည္း အျခားေစ်းကြက္ေတြအတြက္ေတာ့ အခ်ိန္ဇယားမထြက္လာေသးပါဘူး။ Instagram က Snapchat Stories ကို သူ႔ရဲ႕ app ထဲကို ပုံစံေျပာင္းၿပီးထည့္ေပးခဲ့တာကိုလည္း ျပန္မွတ္မိသြားေစခဲ့တယ္။ အဲဒီတုန္းက Snapchat ထက္ေတာင္ လူႀကိဳက္ပိုမ်ားသြားခဲ့ေသးတာ မဟုတ္လား။
TikTok ဟာ Instagram ရဲ႕ တည္ေဆာက္ပုံေတြ၊ အသြားအလာေတြက အေတာ္ေလးကြဲေနတယ္လို႔ေတာ့ ေျပာလို႔ရပါတယ္။ ကြၽန္ေတာ္သိခ်င္တာက Instagram ရဲ႕ သုံးစြဲသူေတက အဲဒီလို formal မဆန္တဲ့ပုံစံမ်ိဳးကို အသုံးျပဳေနၾကရဲ႕လား။ Instagram ဆိုတာက တည္ၿငိမ္သူအေတာ္မ်ားမ်ား သုံးၾကတာဆိုေတာ့ေလ။ ဘာပဲျဖစ္ျဖစ္ Instagram ေပၚမွာ မ်က္စိေနာက္ၾကဦးေတာ့မွာေပါ့။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.