Messenger, Instagram, WhatsApp တို့မှာအသုံးပြုနိုင်တဲ့ Facebook Pay ကို ယူအက်စ်မှာ မိတ်ဆက်

0
330

[Unicode]

Facebook က သူ့ရဲ့အမျိုးမျိုးသောငွေပေးချေဝန်ဆောင်မှုတွေကို တစ်ခုတည်းအောက်မှာ ပေါင်းစည်းလိုက်ပါပြီ။ Facebook Pay လို့အမည်ပေးထားပြီး Facebook app ၊ Messenger ၊ Instagram ၊ WhatsApp တို့မှာလည်း လုပ်ဆောင်နိုင်မှာပါ။ ဒါကြောင့် အားလုံးအတွက် တစ်ခုတည်းအသုံးပြုနိုင်သွားပါပြီ။
Facebook Pay ကိုတော့ Facebook နဲ့ Messenger တို့မှာ ယူအက်စ်အတွက် fundraisers, in-game purchases, event tickets, person-to-person payments, Pages နဲ့ Facebook Marketplace က ဝယ်ယူမှုတွေလည်း ပြုလုပ်နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ Instagram နဲ့ WhatsApp မှာလည်း ရရှိအောင်ဆောင်ရွက်ပေးနေပါတယ်။ နိုင်ငံတကာကိုရောက်လာဖို့လည်းရှိနေပေမယ့် အချိန်အတိအကျကိုတော့ မပြောထားပါဘူး။
Facebook Pay ဟာ သူတို့ app တွေကြားမှာ ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်တွေပြုလုပ်တဲ့အခါ ပိုမိုလွယ်ကူ၊ အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ထားပါတယ်။ တစ်ကိုယ်ရည်အချက်အလက်တွေအတွက်လည်း ကာကွယ်မှုတွေပေးထားဦးမှာပါ။
payment method ကို တစ်ခါတည်းထည့်ထားနိုင်ပြီး Facebook Pay ကို ရတဲ့နေရာတိုင်းမှာ အသုံးပြုနိုင်ပါတယ်။ ကဒ်ကို ခဏခဏရိုက်ထည့်နေစရာမလိုအပ်ပါဘူး။ Facebook Pay အတွက် သတ်မှတ်ချက်တွေကို app တစ်ခုချင်းစီအလိုက် ပေးလို့ရပါတယ်။ ဒါမှမဟုတ် အားလုံးအတွက်လည်း ပေးလို့ရပါတယ်။ ဒီတော့ Facebook app အတွက်ထည့်ထားပေမယ့်လည်း ကိုယ့်သတ်မှတ်ချက်ထဲမှာမပါနေရင် Messenger မှာ အလိုအလျောက်လုပ်ဆောင်ပေးမှာ မဟုတ်ပါဘူး။
Facebook Pay ဟာ transaction history တွေကြည့်လို့ရမယ်၊ payment method တွေ စီမံမယ်၊ settings ကို တစ်နေရာတည်းမှာ ပြင်လို့ရမယ်။ live chat လေးနဲ့ real-time customer support ရှိသေးတယ်။
Facebook Pay စသုံးမယ်ဆိုရင်တော့ Facebook app Settings ထဲကိုသွားပြီးတော့ Facebook Pay ကို ရှာပါ။ payment method ထည့်ပါ။ PayPal တို့ ၊ credit နဲ့ debit card တွေ ထောက်ပံ့ထားပါတယ်။ Libra network ပေါ်မှာအလုပ်လုပ်တဲ့ Calibra wallet နဲ့ Facebook Pay က မတူပါဘူး။

[Zawgyi]

Facebook က သူ႔ရဲ႕အမ်ိဳးမ်ိဳးေသာေငြေပးေခ်ဝန္ေဆာင္မႈေတြကို တစ္ခုတည္းေအာက္မွာ ေပါင္းစည္းလိုက္ပါၿပီ။ Facebook Pay လို႔အမည္ေပးထားၿပီး Facebook app ၊ Messenger ၊ Instagram ၊ WhatsApp တို႔မွာလည္း လုပ္ေဆာင္ႏိုင္မွာပါ။ ဒါေၾကာင့္ အားလုံးအတြက္ တစ္ခုတည္းအသုံးျပဳႏိုင္သြားပါၿပီ။
Facebook Pay ကိုေတာ့ Facebook နဲ႔ Messenger တို႔မွာ ယူအက္စ္အတြက္ fundraisers, in-game purchases, event tickets, person-to-person payments, Pages နဲ႔ Facebook Marketplace က ဝယ္ယူမႈေတြလည္း ျပဳလုပ္ႏိုင္ေအာင္ ေဆာင္႐ြက္ေပးထားပါတယ္။ Instagram နဲ႔ WhatsApp မွာလည္း ရရွိေအာင္ေဆာင္႐ြက္ေပးေနပါတယ္။ ႏိုင္ငံတကာကိုေရာက္လာဖို႔လည္းရွိေနေပမယ့္ အခ်ိန္အတိအက်ကိုေတာ့ မေျပာထားပါဘူး။
Facebook Pay ဟာ သူတို႔ app ေတြၾကားမွာ ေငြေၾကးဆိုင္ရာလုပ္ေဆာင္ခ်က္ေတြျပဳလုပ္တဲ့အခါ ပိုမိုလြယ္ကူ၊ အဆင္ေျပေခ်ာေမြ႕ေစဖို႔ ရည္႐ြယ္ထားပါတယ္။ တစ္ကိုယ္ရည္အခ်က္အလက္ေတြအတြက္လည္း ကာကြယ္မႈေတြေပးထားဦးမွာပါ။
payment method ကို တစ္ခါတည္းထည့္ထားႏိုင္ၿပီး Facebook Pay ကို ရတဲ့ေနရာတိုင္းမွာ အသုံးျပဳႏိုင္ပါတယ္။ ကဒ္ကို ခဏခဏ႐ိုက္ထည့္ေနစရာမလိုအပ္ပါဘူး။ Facebook Pay အတြက္ သတ္မွတ္ခ်က္ေတြကို app တစ္ခုခ်င္းစီအလိုက္ ေပးလို႔ရပါတယ္။ ဒါမွမဟုတ္ အားလုံးအတြက္လည္း ေပးလို႔ရပါတယ္။ ဒီေတာ့ Facebook app အတြက္ထည့္ထားေပမယ့္လည္း ကိုယ့္သတ္မွတ္ခ်က္ထဲမွာမပါေနရင္ Messenger မွာ အလိုအေလ်ာက္လုပ္ေဆာင္ေပးမွာ မဟုတ္ပါဘူး။
Facebook Pay ဟာ transaction history ေတြၾကည့္လို႔ရမယ္၊ payment method ေတြ စီမံမယ္၊ settings ကို တစ္ေနရာတည္းမွာ ျပင္လို႔ရမယ္။ live chat ေလးနဲ႔ real-time customer support ရွိေသးတယ္။
Facebook Pay စသုံးမယ္ဆိုရင္ေတာ့ Facebook app Settings ထဲကိုသြားၿပီးေတာ့ Facebook Pay ကို ရွာပါ။ payment method ထည့္ပါ။ PayPal တို႔ ၊ credit နဲ႔ debit card ေတြ ေထာက္ပံ့ထားပါတယ္။ Libra network ေပၚမွာအလုပ္လုပ္တဲ့ Calibra wallet နဲ႔ Facebook Pay က မတူပါဘူး။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.