Honor V30 ကို 5G ၊ “Camera Matrix” algorithm အသစ်နဲ့အတူ နိုဝင်ဘာ၂၆ရက်နေ့တွင် တွေ့မြင်ရမည်
0
961
[Unicode]
Single’s Day (11-11) စျေးရောင်းပွဲတော်မှာ Honor ရဲ့ စီအီးအို George Zhao က လာမယ့် flagship တွေဖြစ်တဲ့ Honor V30 စီးရီးကို ထုတ်ဖော်ပြသခဲ့ပြီး နိုဝင်ဘာ၂၆ရက်နေ့မှာ မိတ်ဆက်မယ်ဆိုတဲ့အကြောင်းကိုလည်း ပြောသွားပါတယ်။
Mr. Zhao ဟာ အဲဒီစီးရီးတစ်ခုလုံးမှာ 5G ထောက်ပံ့ပေးထားမှာဖြစ်တယ်လို့ပြောသွားပြီး အရင်ထွက်ခဲ့တဲ့ Honor V20ထက်တော့ စျေးနှုန်းပမာဏ ပိုမိုများပြားနိုင်ကြောင်းကို အရိပ်အခြေပြသွားခဲ့ပါတယ်။
5G ထောက်ပံ့ပေးမှုဟာ စျေးနှုန်းတိုးလာခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်ဆိုပေမယ့်လည်း Honor V30 series မှာ အတော်လေးမိုက်တဲ့ကင်မရာတွေလည်း ပါဝင်လာနိုင်ဖို့ မှန်းထားပါတယ်။ “Camera Matrix” နည်းပညာကိုလည်း ပထမဆုံးအနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီနာမည်လေးကတော့ ပထမဆုံးအကြိမ်ကြားဖူးတာ မဟုတ်ပါဘူး။ ဂျူလိုင်လတုန်းက Huawei ဟာ Camera Matrix နဲ့ Cine Lens ဆိုပြီး trademark တင်ခဲ့ဖူးပါတ်ယ။ Cine Lens ဟာ 40MP ultrawide Cine Camera ဖြစ်ပြီးတော့ Huawei Mate 30 Pro မှာ ပါဝင်ခဲ့ပါတယ်။ Mate 30 Pro ရဲ့ ultrawide ဗွီဒီယိုတွေကို 60 frames per second နဲ့ 4K ရိုက်ကူးနိုင်ခြင်းဟာ ကင်မရာရဲ့လုပ်ဆောင်ချက်ကြောင့် ဖြစ်ပါတယ်။ 7680fps slow-motion ရိုက်ကူးမှုအတွက် လုပ်ဆောင်ပေးနိုင်ပါတယ်။
Mate 30 Pro ဟာ လက်ရှိမှာတော့ DxOMark ရဲ့ ထိပ်ဆုံးမှာ အကောင်းဆုံးကင်မရာလုပ်ဆောင်ချက်နဲ့ နေရာယူထားပါတယ်။ Camera Matrix ကသာ ပြောထားတဲ့အတိုင်း တကယ်ကောင်းခဲ့မယ်ဆိုရင် Honor V30 ကို အဲဒီနေရာမှာ တွေ့မြင်ရမှာပါ။
Honor V30 ဟာ 90Hz refresh rate ပါဝင်တဲ့ punch hole LCD display သုံးထားပါတယ်။ 22.5W fast charging ကို ထောက်ပံ့ပေးထားပြီး 4000mAh ဘတ်ထရီပါဝင်မယ်လို့ ခန့်မှန်းထားပါတယ်။ Honor V30 Pro ကတော့ 40W wired fast charging ၊ 15W wireless fast charging ကို ထောက်ပံ့ပေးထားပါတယ်။ ဖုန်းနှစ်လုံးစလုံးရဲ့ ကင်မရာတွေကတော့ 60MP sensor ဖြစ်ပါတယ်။
[Zawgyi]
Single’s Day (11-11) ဈေးရောင်းပွဲတော်မှာ Honor ရဲ့ စီအီးအို George Zhao က လာမယ့် flagship တွေဖြစ်တဲ့ Honor V30 စီးရီးကို ထုတ်ဖော်ပြသခဲ့ပြီး နိုဝင်ဘာ၂၆ရက်နေ့မှာ မိတ်ဆက်မယ်ဆိုတဲ့အကြောင်းကိုလည်း ပြောသွားပါတယ်။
Mr. Zhao ဟာ အဲဒီစီးရီးတစ်ခုလုံးမှာ 5G ထောက်ပံ့ပေးထားမှာဖြစ်တယ်လို့ပြောသွားပြီး အရင်ထွက်ခဲ့တဲ့ Honor V20ထက်တော့ ဈေးနှုန်းပမာဏ ပိုမိုများပြားနိုင်ကြောင်းကို အရိပ်အခြေပြသွားခဲ့ပါတယ်။
Ref : gizmochina
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.