ယူအက်စ်ကုန်သွယ်ရေးပိတ်ပင်ထားတုန်း အတူတူကြိုးစားခဲ့သူတွေကို ဒေါ်လာ၂၈၆မီလျံ ဆုချမယ့် Huawei

0
467

[Unicode]

Huawei ဟာ ယူအက်စ်ရဲ့ပိတ်ပင်မှုခံထားရချိန်မှာ ကူညီခဲ့တဲ့ ဝန်ထမ်းတွေအတွက် ဒေါ်လာ၂၈၆ဘီလျံ သုံးသွားမယ်လို့ ပြောပါတယ်။ ဝန်ထမ်းပေါင်း ၁၉၀၀၀၀ ဟာလည်း ဒီလမှာ လစာနှစ်ဆရရှိဦးမယ်လို့ ပြောခဲ့တာပါ။
ဘောနပ်စ်အများစုကတော့ Huawei ရဲ့ R&Dအဖွဲ့ဆီကိုရောက်မှာဖြစ်ပြီး ယူအက်စ်ပိတ်ပင်ထားတဲ့ supply chain တွေအစား အစားထိုးနိုင်မယ့်အရာ‌တွေကို ရှာခဲ့ပေးတဲ့အဖွဲ့တွေကိုလည်း ဝေမျှပေးသွားမှာပါ။
Huawei ဟာ မေလတုန်းက အမည်ပျက်စာရင်းအသွင်းခံလိုက်ရပါတယ်။ အဲဒီလိုစာရင်းထဲထည့်လိုက်တဲ့အပြင် ယူအက်စ်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံလုံခြုံရေးအတွက် အတော်များများကို လိုက်လံပိတ်ပင်ခဲ့ပါတယ်။ တရုတ်အစိုးရနဲ့ပူးပေါင်းမှုတွေရှိနေတယ်လို့ ပြောကြားခဲ့တာပါ။ ဒါပေမယ့် Huawei ဘက်တော့ ဒီအချက်ကို ထပ်တလဲလဲ ငြင်းပယ်ခဲ့ပါတယ်။
Huawei didn’t immediately respond to a request for comment.
ပြီးခဲ့တဲ့အပတ်တုန်းက Huawei founder Ren Zhengfei က ယူအက်စ်ကုန်သွယ်ရေးပိတ်ပင်မှုနဲ့ ပတ်သတ်ပြီးတော့ အဆင်ပြေပါတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ ရက်အနည်းငယ်အကြာမှာတော့ Huawei ကို ပြန်လည်လမ်းဖွင့်ပေးမယ်ဆိုတဲ့သတင်း ထွက်လာခဲ့ပါတယ်။ ဒါဟာ 5G network ပိုင်ဆိုင်ထားလို့လားဆိုတာကတော့ မသေချာပါဘူး။
အောက်တိုဘာ ၂၈ရက်နေ့တုန်းက ယူအက်စ်ရဲ့ FCC က Huawei ဆီကပစ္စည်းတွေကို အသုံးပြုနေတဲ့ carrier တိုင်းကို ထောက်ပံ့ငွေရပ်တံ့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း မကြာခင်မှာ ပြန်လည်အသုံးပြုခွင့်ပေးတော့မယ်လို့ သတင်းတွေ ပြန်ထွက်လာခဲ့ပါတယ်။

[Zawgyi]

Huawei ဟာ ယူအက္စ္ရဲ႕ပိတ္ပင္မႈခံထားရခ်ိန္မွာ ကူညီခဲ့တဲ့ ဝန္ထမ္းေတြအတြက္ ေဒၚလာ၂၈၆ဘီလ်ံ သုံးသြားမယ္လို႔ ေျပာပါတယ္။ ဝန္ထမ္းေပါင္း ၁၉၀၀၀၀ ဟာလည္း ဒီလမွာ လစာႏွစ္ဆရရွိဦးမယ္လို႔ ေျပာခဲ့တာပါ။
ေဘာနပ္စ္အမ်ားစုကေတာ့ Huawei ရဲ႕ R&Dအဖြဲ႕ဆီကိုေရာက္မွာျဖစ္ၿပီး ယူအက္စ္ပိတ္ပင္ထားတဲ့ supply chain ေတြအစား အစားထိုးႏိုင္မယ့္အရာ‌ေတြကို ရွာခဲ့ေပးတဲ့အဖြဲ႕ေတြကိုလည္း ေဝမွ်ေပးသြားမွာပါ။
Huawei ဟာ ေမလတုန္းက အမည္ပ်က္စာရင္းအသြင္းခံလိုက္ရပါတယ္။ အဲဒီလိုစာရင္းထဲထည့္လိုက္တဲ့အျပင္ ယူအက္စ္သမၼတ ေဒၚနယ္ထရမ့္က ႏိုင္ငံလုံၿခဳံေရးအတြက္ အေတာ္မ်ားမ်ားကို လိုက္လံပိတ္ပင္ခဲ့ပါတယ္။ တ႐ုတ္အစိုးရနဲ႔ပူးေပါင္းမႈေတြရွိေနတယ္လို႔ ေျပာၾကားခဲ့တာပါ။ ဒါေပမယ့္ Huawei ဘက္ေတာ့ ဒီအခ်က္ကို ထပ္တလဲလဲ ျငင္းပယ္ခဲ့ပါတယ္။
Huawei didn’t immediately respond to a request for comment.
ၿပီးခဲ့တဲ့အပတ္တုန္းက Huawei founder Ren Zhengfei က ယူအက္စ္ကုန္သြယ္ေရးပိတ္ပင္မႈနဲ႔ ပတ္သတ္ၿပီးေတာ့ အဆင္ေျပပါတယ္လို႔ ဖြင့္ဟလာခဲ့ပါတယ္။ ရက္အနည္းငယ္အၾကာမွာေတာ့ Huawei ကို ျပန္လည္လမ္းဖြင့္ေပးမယ္ဆိုတဲ့သတင္း ထြက္လာခဲ့ပါတယ္။ ဒါဟာ 5G network ပိုင္ဆိုင္ထားလို႔လားဆိုတာကေတာ့ မေသခ်ာပါဘူး။
ေအာက္တိုဘာ ၂၈ရက္ေန႔တုန္းက ယူအက္စ္ရဲ႕ FCC က Huawei ဆီကပစၥည္းေတြကို အသုံးျပဳေနတဲ့ carrier တိုင္းကို ေထာက္ပံ့ေငြရပ္တံ့မယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္လည္း မၾကာခင္မွာ ျပန္လည္အသုံးျပဳခြင့္ေပးေတာ့မယ္လို႔ သတင္းေတြ ျပန္ထြက္လာခဲ့ပါတယ္။

Ref : cnet

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.