Apple Card Credit ဆုံးဖြတ်မှုတွေမှာ ကျားမခွဲခြားဆက်ဆံမှုတွေရှိနေတယ်လို့ တိုင်ကြားခံရ

0
362

[Unicode]

credit အတွက်ဆုံးဖြတ်တဲ့အခါမှာ ကျားမခွဲခြားဆက်ဆံခြင်းတွေရှိနေတယ်လို့ တိုင်ကြားချက်တွေထွက်လာခဲ့တာမို့ Goldman Sachs နဲ့ Apple တို့ဟာ ဒီအငြင်းပွားဖွယ်ရာကိစ္စထဲမှာ ပါဝင်ပတ်သတ်လာခဲ့ကြတယ်။
ပထမဆုံးဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့အပတ်က Ruby on Rails ရဲ့ ဖန်တီးရှင် Heinemeier Hansson ဟာ တွစ်တာပေါ်မှာတင်ခဲ့တာပါ။ သူ့ရဲ့ Apple Card credit limit ဟာ သူ့မိန်းမကိုပေးထားတဲ့ဟာထက် အဆ၂၀ ဖြစ်နေတယ်ဆိုတာကို‌ပေါ့။ သူတို့လင်မယားနှစ်ယောက်ဟာ လက်ထပ်ပြီးတာလည်း နှစ်တွေကြာခဲ့ပါပြီ။ ဝင်ငွေတွေ၊ ပိုင်ဆိုင်မှုတွေကိုလည်း စပ်တူအဖြစ်နဲ့ထားထားတာပါ။
Apple ရဲ့ တွဲဖက်တည်ထောင်သူ Steve Wozniak ရဲ့ဖြစ်ရပ်ကလည်း ဒီကိစ္စကို ပိုလေးနက်သွားစေခဲ့တယ်။ သူ့ရဲ့ Apple Card credit ဟာ သူ့မိန်းမကိုပေးထားတဲ့ဟာထက် ဆယ်ဆ ပိုများနေပါတ်ယ။ သူတို့နှစ်ယောက်ဟာ ပိုင်ဆိုင်မှုတွေကို ပူးတွဲပိုင်ဆိုင်အဖြစ်နဲ့ လုပ်ဆောင်ထားပါတယ်။
နယူးယောက်ရဲ့ ငွေကြေးဌာနက Linda Lacewell ကတော့ ဒီဖြစ်ရပ်ကို သူမအနေနဲ့ စောင့်ကြည့်သွားမှာဖြစ်တယ်လို့ပြောကြားအပြီး ဒီနေ့မှာ နောက်ထပ်အချက်အလက်တွေကို Medium ပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။
New York State Department of Financial Services (DFS) ဟာ credit limit ကို ဆုံးဖြတ်တဲ့အခါမှာ လိင်အပေါ်ကိုခွဲခြားပြီး စဉ်းစားထားတဲ့ algorithm ကို အသုံးပြုထားသလားဆိုပြီးတော့ စစ်ဆေးသွားမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တွစ်တာသုံးစွဲသူတွေက David ရဲ့ တွိ ၊ Steve Wozniak (သူ့ရဲ့ credit limit က သူ့မိန်းမထက် ဆယ်ဆရှိတယ်ဆိုတာပြောထားတဲ့ပို့စ် ) ၊ အလားတူဖြစ်ရပ်တွေကို ပြောထားတဲ့ပို့စ်တွေမှာ အပြန်အလှန်ရေးသားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သူတို့အတွက်ကတော့ ဘယ်လိုမျိုးဆုံးဖြတ်သလဲ၊ ဘာကြောင့် ငြင်းပယ်ခံရသလဲဆိုတာကို ပွင့်လင်းမြင်သာမှုနည်းပါးနေလို့ “black box” လို့တောင် ပြောစမှတ်ပြုကြပါတယ်။
နယူးယောက်ဥပဒေအရ လူတစ်ဦးတစ်ယောက်ချင်းစီကို ခွဲခြားဆက်ဆံမှုအတွက် ကာကွယ်ပေးထားပါတယ်။ ဒါကြောင့် ချေးငွေထုတ်ပေးနိုင်မှုဟာ အသက်အရွယ်၊ ဘာသာ၊ လူမျိုး၊ အရောင်၊ ကျားမ၊ လိင်စိတ်ခံယူမှု၊ နိုင်ငံသားနဲ့ အခြားလက္ခဏာတွေအပေါ် စဉ်းစားတွက်ချက်လို့မရပါဘူး။
Goldman Sachs ရဲ့ ဒီနေ့တုံ့ပြန်မှုမှာတော့ credit အတွက် ဆုံးဖြတ်မှုမှာ ကျားမခွဲခြားခြင်းမျိုး ထည့်သွင်းအသုံးပြုခြင်းမရှိကြောင်း၊ မိသားစုတစ်ခုရဲ့အဖွဲ့ဝင်တွေအနေနဲ့ credit ကို ဘယ်လိုမျိုး အစားစားရရှိနိုင်ကြောင်းကို ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလိုရှင်းပြမှုဟာ Hansson ရဲ့အခြေအနေကိုတော့ ပြေလည်မသွားစေခဲ့ပါဘူး။
Apple Card မှာ စာဖတ်သူအကောင့်က တစ်ယောက်တည်းပိုင်ဆိုရင် credit line ကလည်း တစ်ယောက်တည်းဆိုရင် direct credit history ကို တစ်ယောက်တည်း ပိုင်ဆိုင်မှာပါ။ သုံးစွဲသူတွေဟာ credit line ကို မိသားစုတစ်ယောက်ရဲ့အကောင့်နဲ့ share မလုပ်သလို ၊ supplemental card ထားပြီး နောက်တစ်ယောက်နဲ့ မသုံးကြပါဘူး။
credit card တစ်ခုချင်းစီအတွက် အသုံးပြုမှုကလည်း တစ်ခုချင်းတိုင်းအတွက် ရှိနေမှာပါ။ တစ်ယောက်ချင်းစီရဲ့ ဝင်ငွေ၊ ချေးငွေထုတ်ပေးနိုင်မှုတွေကို personal credit score တွေဖြစ်တဲ့၊ အကြွေးဘယ်လောက်ရှိသလဲ၊ အကြွေးတွေကို ဘယ်လိုမျိုးဖြေရှင်းလဲဆိုတာတွေကို ကြည့်ပြီးဆုံးဖြတ်ပါတယ်။ ဒီအချက်တွေကြောင့် မိသားစုဝင်နှစ်ယောက်အတွက် credit ဆုံးဖြတ်တဲ့အခါမှာ ခြားနားချက်ကြီးတွေ ဖြစ်လာတာလည်း ဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ဟာ ကျားမအပေါ်မူတည်ပြီးတော့မှ ဆုံးဖြတ်တာမျိုး ဘယ်တုန်းကမှ လုပ်ဆောင်ထားတာ မရှိပါဘူး။
Goldman Sachs ကတော့ Apple Cards ကို အခြားမိသားစုဝင်တွေနဲ့ share နိုင်အောင် လုပ်ဆောင်ပေးမယ်လို့ ပြောသွားပေမယ့်လည်း ဘယ်အချိန်ရမယ်ဆိုတာကတော့ မပြောခဲ့ပါဘူး။

[Zawgyi]

credit အတြက္ဆုံးျဖတ္တဲ့အခါမွာ က်ားမခြဲျခားဆက္ဆံျခင္းေတြရွိေနတယ္လို႔ တိုင္ၾကားခ်က္ေတြထြက္လာခဲ့တာမို႔ Goldman Sachs နဲ႔ Apple တို႔ဟာ ဒီအျငင္းပြားဖြယ္ရာကိစၥထဲမွာ ပါဝင္ပတ္သတ္လာခဲ့ၾကတယ္။
ပထမဆုံးျဖစ္ရပ္ကေတာ့ ၿပီးခဲ့တဲ့အပတ္က Ruby on Rails ရဲ႕ ဖန္တီးရွင္ Heinemeier Hansson ဟာ တြစ္တာေပၚမွာတင္ခဲ့တာပါ။ သူ႔ရဲ႕ Apple Card credit limit ဟာ သူ႔မိန္းမကိုေပးထားတဲ့ဟာထက္ အဆ၂၀ ျဖစ္ေနတယ္ဆိုတာကို‌ေပါ့။ သူတို႔လင္မယားႏွစ္ေယာက္ဟာ လက္ထပ္ၿပီးတာလည္း ႏွစ္ေတြၾကာခဲ့ပါၿပီ။ ဝင္ေငြေတြ၊ ပိုင္ဆိုင္မႈေတြကိုလည္း စပ္တူအျဖစ္နဲ႔ထားထားတာပါ။
Apple ရဲ႕ တြဲဖက္တည္ေထာင္သူ Steve Wozniak ရဲ႕ျဖစ္ရပ္ကလည္း ဒီကိစၥကို ပိုေလးနက္သြားေစခဲ့တယ္။ သူ႔ရဲ႕ Apple Card credit ဟာ သူ႔မိန္းမကိုေပးထားတဲ့ဟာထက္ ဆယ္ဆ ပိုမ်ားေနပါတ္ယ။ သူတို႔ႏွစ္ေယာက္ဟာ ပိုင္ဆိုင္မႈေတြကို ပူးတြဲပိုင္ဆိုင္အျဖစ္နဲ႔ လုပ္ေဆာင္ထားပါတယ္။
နယူးေယာက္ရဲ႕ ေငြေၾကးဌာနက Linda Lacewell ကေတာ့ ဒီျဖစ္ရပ္ကို သူမအေနနဲ႔ ေစာင့္ၾကည့္သြားမွာျဖစ္တယ္လို႔ေျပာၾကားအၿပီး ဒီေန႔မွာ ေနာက္ထပ္အခ်က္အလက္ေတြကို Medium ေပၚမွာ ပို႔စ္တင္ခဲ့ပါတယ္။
New York State Department of Financial Services (DFS) ဟာ credit limit ကို ဆုံးျဖတ္တဲ့အခါမွာ လိင္အေပၚကိုခြဲျခားၿပီး စဥ္းစားထားတဲ့ algorithm ကို အသုံးျပဳထားသလားဆိုၿပီးေတာ့ စစ္ေဆးသြားမယ္လို႔ ေျပာခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ တြစ္တာသုံးစြဲသူေတြက David ရဲ႕ တြိ ၊ Steve Wozniak (သူ႔ရဲ႕ credit limit က သူ႔မိန္းမထက္ ဆယ္ဆရွိတယ္ဆိုတာေျပာထားတဲ့ပို႔စ္ ) ၊ အလားတူျဖစ္ရပ္ေတြကို ေျပာထားတဲ့ပို႔စ္ေတြမွာ အျပန္အလွန္ေရးသားမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ သူတို႔အတြက္ကေတာ့ ဘယ္လိုမ်ိဳးဆုံးျဖတ္သလဲ၊ ဘာေၾကာင့္ ျငင္းပယ္ခံရသလဲဆိုတာကို ပြင့္လင္းျမင္သာမႈနည္းပါးေနလို႔ “black box” လို႔ေတာင္ ေျပာစမွတ္ျပဳၾကပါတယ္။
နယူးေယာက္ဥပေဒအရ လူတစ္ဦးတစ္ေယာက္ခ်င္းစီကို ခြဲျခားဆက္ဆံမႈအတြက္ ကာကြယ္ေပးထားပါတယ္။ ဒါေၾကာင့္ ေခ်းေငြထုတ္ေပးႏိုင္မႈဟာ အသက္အ႐ြယ္၊ ဘာသာ၊ လူမ်ိဳး၊ အေရာင္၊ က်ားမ၊ လိင္စိတ္ခံယူမႈ၊ ႏိုင္ငံသားနဲ႔ အျခားလကၡဏာေတြအေပၚ စဥ္းစားတြက္ခ်က္လို႔မရပါဘူး။
Goldman Sachs ရဲ႕ ဒီေန႔တုံ႔ျပန္မႈမွာေတာ့ credit အတြက္ ဆုံးျဖတ္မႈမွာ က်ားမခြဲျခားျခင္းမ်ိဳး ထည့္သြင္းအသုံးျပဳျခင္းမရွိေၾကာင္း၊ မိသားစုတစ္ခုရဲ႕အဖြဲ႕ဝင္ေတြအေနနဲ႔ credit ကို ဘယ္လိုမ်ိဳး အစားစားရရွိႏိုင္ေၾကာင္းကို ရွင္းျပခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီလိုရွင္းျပမႈဟာ Hansson ရဲ႕အေျခအေနကိုေတာ့ ေျပလည္မသြားေစခဲ့ပါဘူး။
Apple Card မွာ စာဖတ္သူအေကာင့္က တစ္ေယာက္တည္းပိုင္ဆိုရင္ credit line ကလည္း တစ္ေယာက္တည္းဆိုရင္ direct credit history ကို တစ္ေယာက္တည္း ပိုင္ဆိုင္မွာပါ။ သုံးစြဲသူေတြဟာ credit line ကို မိသားစုတစ္ေယာက္ရဲ႕အေကာင့္နဲ႔ share မလုပ္သလို ၊ supplemental card ထားၿပီး ေနာက္တစ္ေယာက္နဲ႔ မသုံးၾကပါဘူး။
credit card တစ္ခုခ်င္းစီအတြက္ အသုံးျပဳမႈကလည္း တစ္ခုခ်င္းတိုင္းအတြက္ ရွိေနမွာပါ။ တစ္ေယာက္ခ်င္းစီရဲ႕ ဝင္ေငြ၊ ေခ်းေငြထုတ္ေပးႏိုင္မႈေတြကို personal credit score ေတြျဖစ္တဲ့၊ အေႂကြးဘယ္ေလာက္ရွိသလဲ၊ အေႂကြးေတြကို ဘယ္လိုမ်ိဳးေျဖရွင္းလဲဆိုတာေတြကို ၾကည့္ၿပီးဆုံးျဖတ္ပါတယ္။ ဒီအခ်က္ေတြေၾကာင့္ မိသားစုဝင္ႏွစ္ေယာက္အတြက္ credit ဆုံးျဖတ္တဲ့အခါမွာ ျခားနားခ်က္ႀကီးေတြ ျဖစ္လာတာလည္း ျဖစ္ႏိုင္ပါတယ္။
ကြၽန္ေတာ္တို႔ဟာ က်ားမအေပၚမူတည္ၿပီးေတာ့မွ ဆုံးျဖတ္တာမ်ိဳး ဘယ္တုန္းကမွ လုပ္ေဆာင္ထားတာ မရွိပါဘူး။
Goldman Sachs ကေတာ့ Apple Cards ကို အျခားမိသားစုဝင္ေတြနဲ႔ share ႏိုင္ေအာင္ လုပ္ေဆာင္ေပးမယ္လို႔ ေျပာသြားေပမယ့္လည္း ဘယ္အခ်ိန္ရမယ္ဆိုတာကေတာ့ မေျပာခဲ့ပါဘူး။

Ref : macrumors

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.