မျက်နှာပြင်အရွယ်အစား အကြီးကြီးတွေနဲ့အတူ 5G ပါဝင်လာမယ့် Samsung Galaxy S11 ဖုန်းများ

0
761

[Unicode]

Samsung ရဲ့ မျိုးဆက်သစ် flagship ဖြစ်တဲ့ Galaxy S11 ကတော့ ဖေဖော်ဝါရီ ၂၀၂၀မတိုင်ခင်မှာ မိတ်ဆက်မှာမဟုတ်ပေမယ့် ကောလာဟလတွေကတော့ စတင်လို့နေပါပြီ။

စိတ်ချရတဲ့ leaker တစ်ယောက်ဖြစ်တဲ့ @evleaks က Galaxy S11 ကို ၆.၂ ဒါမှမဟုတ် ၆.၄ ၊ ၆.၇ နဲ့ ၆.၉ လက်မ ဆိုပြီး မျက်နှာပြင်အရွယ်အစား သုံးမျိုးမြင်ရနိုင်တယ်လို့ ပြောထားပါတယ်။ ဒီနှစ်ရဲ့ Galaxy S10 နဲ့ယှဉ်လိုက်ရင် အတော်လေးတိုးလိုက်တာပါ။ ၆.၁လက်မ (Galaxy S10) ၊ ၆.၄လက်မ (Galaxy S10+)  နဲ့ ၆.၇လက်မ (Galaxy S10 5G) တို့ပါ။ Galaxy S10e ဆိုရင် ၅.၈လက်မပဲ ရှိပါတယ်။

မော်ဒယ်လ်အသစ်တွေကို ဘယ်လိုနာမည်ပေးမလဲ မသိရသေးပေမယ့်လည်း အဲဒီဖုန်းသုံးလုံးစလုံးမှာ 5G နဲ့ LTE ဆိုပြီး ရရှိမှာဖြစ်ပေမယ့်လည်း အကြီးဆုံးမော်ဒယ်လ်ကတော့ 5G ပဲ ထုတ်လုပ်မှာဖြစ်ပါတယ်။ ဒီတော့ စုစုပေါင်း မော်ဒယ်လ်ငါးခုဖြစ်သွားမှာပေါ့။

အဲဒီဖုန်းငါးလုံးမှာ curve-edge display တွေ ပါဝင်မှာဖြစ်ပြီးတော့ ဖေဖော်ဝါရီလ အလယ်၊ နှောင်းပိုင်း Mobile World Congress မတိုင်ခင် တစ်ပတ်အလိုလောက်မှာ မြင်တွေ့ရနိုင်တယ်လို့လည်း ပြောထားပါတယ်။

အသေးစိတ်အချက်အလက်တွေကို ဝေမျှထားခြင်းမရှိပေမယ့်လည်း S11 မှာ Xiaomi Mi Note 10 မှာ ပွဲဦးထွက်အနေနဲ့ အသုံးပြုခဲ့တဲ့ Samsung ရဲ့ 108-megapixel sensor ကို တွေ့မြင်ရနိုင်တယ်လို့လည်း ပြောနေကြပါသေးတယ်။

[Zawgyi]

Samsung ရဲ႕ မ်ိဳးဆက္သစ္ flagship ျဖစ္တဲ့ Galaxy S11 ကေတာ့ ေဖေဖာ္ဝါရီ ၂၀၂၀မတိုင္ခင္မွာ မိတ္ဆက္မွာမဟုတ္ေပမယ့္ ေကာလာဟလေတြကေတာ့ စတင္လို႔ေနပါၿပီ။
စိတ္ခ်ရတဲ့ leaker တစ္ေယာက္ျဖစ္တဲ့ @evleaks က Galaxy S11 ကို ၆.၂ ဒါမွမဟုတ္ ၆.၄ ၊ ၆.၇ နဲ႔ ၆.၉ လက္မ ဆိုၿပီး မ်က္ႏွာျပင္အ႐ြယ္အစား သုံးမ်ိဳးျမင္ရႏိုင္တယ္လို႔ ေျပာထားပါတယ္။ ဒီႏွစ္ရဲ႕ Galaxy S10 နဲ႔ယွဥ္လိုက္ရင္ အေတာ္ေလးတိုးလိုက္တာပါ။ ၆.၁လက္မ (Galaxy S10) ၊ ၆.၄လက္မ (Galaxy S10+) နဲ႔ ၆.၇လက္မ (Galaxy S10 5G) တို႔ပါ။ Galaxy S10e ဆိုရင္ ၅.၈လက္မပဲ ရွိပါတယ္။
ေမာ္ဒယ္လ္အသစ္ေတြကို ဘယ္လိုနာမည္ေပးမလဲ မသိရေသးေပမယ့္လည္း အဲဒီဖုန္းသုံးလုံးစလုံးမွာ 5G နဲ႔ LTE ဆိုၿပီး ရရွိမွာျဖစ္ေပမယ့္လည္း အႀကီးဆုံးေမာ္ဒယ္လ္ကေတာ့ 5G ပဲ ထုတ္လုပ္မွာျဖစ္ပါတယ္။ ဒီေတာ့ စုစုေပါင္း ေမာ္ဒယ္လ္ငါးခုျဖစ္သြားမွာေပါ့။
အဲဒီဖုန္းငါးလုံးမွာ curve-edge display ေတြ ပါဝင္မွာျဖစ္ၿပီးေတာ့ ေဖေဖာ္ဝါရီလ အလယ္၊ ေႏွာင္းပိုင္း Mobile World Congress မတိုင္ခင္ တစ္ပတ္အလိုေလာက္မွာ ျမင္ေတြ႕ရႏိုင္တယ္လို႔လည္း ေျပာထားပါတယ္။

အေသးစိတ္အခ်က္အလက္ေတြကို ေဝမွ်ထားျခင္းမရွိေပမယ့္လည္း S11 မွာ Xiaomi Mi Note 10 မွာ ပြဲဦးထြက္အေနနဲ႔ အသုံးျပဳခဲ့တဲ့ Samsung ရဲ႕ 108-megapixel sensor ကို ေတြ႕ျမင္ရႏိုင္တယ္လို႔လည္း ေျပာေနၾကပါေသးတယ္။

Ref : mashable

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.