Microsoft ရဲ့ Bing မှာ child porn တွေ ပြနေတုန်းပဲ

0
644

[Unicode]

Microsoft search engine ကို ဒီကိစ္စနဲ့ပတ်သတ်လို့ သတိပေးထားအပြီး တစ်နှစ်အကြာလောက်မှာ Bing ဟာ child pornography နဲ့ တွေ့ကြုံနေတယ်လို့ New York Times ကထပ်ပြောပါတယ်။
Microsoft ရဲ့ Bing search engine ဟာ child porn ကိစ္စကိုဖြေရှင်းဖို့ ဆက်လက်လုပ်ဆောင်နေတုန်းလို့ သိရပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက ပြင်ဆင်နေပြီလို့ပြောခဲ့တာပါ။ သူတို့ရဲ့ platform ပေါ်မှာ child pornography ကို ဖြေရှင်းဖို့အတွက် ကျရှုံးခဲ့တဲ့နည်းပညာလုပ်ငန်းတစ်ခုလို့ The New York Times မှာ ရေးသားဝေဖန်ထားတာကိုလည်း တွေ့မြင်ရပါတယ်။
ဇန်နဝါရီလတုန်းက Bing ဟာ child pornography တွေ တွေ့မြင်နေရမှုအပေါ် သတိပေးခံခဲ့ရသလို သက်ဆိုင်ရာစကားလုံးတွေနဲ့ တရားမဝင်ပုံရိပ်တွေကို ညွှန်းဆိုခြင်းအတွက် ခေါ်ယူခံရခြင်းဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Microsoft ဟာ ဒီလိုမျိုးအရာတွေအတွက် စောင့်ကြည့်ဖြေရှင်းဖို့ အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း Microsoft အမှုဆောင်ဟောင်းတစ်ယောက်က Times ကို ပြောကြားချက်အရ သူတို့ဟာ ကိုယ်ပိုင် tool တွေကို အသုံးပြုရာမှာ ကျရှုံးမှုတွေရှိနေတယ်လို့သိရပါတယ်။
Times က လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက အရာလေးတစ်ခုကိုလည်း တင်ပြထားပါတယ်။ Microsoft ဟာ PhotoDNA လို့ခေါ်တဲ့ software ဖန်တီးဖို့အတွက် အကူညီပေးခဲ့ပါတယ်။ အဲဒီ software လေးကတော့ ကွန်ပျူတာတွေကိုအသုံးပြုပြီး ဓါတ်ပုံတွေကို သိရှိအောင်လုပ်ပြီးတော့ တရားမဝင်ပုံရိပ်တွေရဲ့ database တွေနဲ့ နှိုင်းယှဉ်သိရှိနိုင်စေဖို့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Bing နဲ့ Bing ရဲ့ ရလဒ်တွေကိုအသုံးပြုထားတဲ့ search engine တွေဟာ PhotoDNA ရဲ့လုပ်ဆောင်ချက်မကောင်းကြောင်းကို ထောက်ပြနေတာပါ။
Times က ဖန်တီးထားတဲ့ computer program ကိုအသုံးပြုပြီး search engine ထဲကိုရှာဖို့အတွက် term တွေအများကြီးထည့်ကြည့်တဲ့အခါ ကလေးငယ်လိင်အလွဲစားလုပ်တဲ့အရာတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒါတွေဟာ တရားမဝင်တဲ့အတွက်ကြောင့် program ဟာ ပုံရိပ်တွေကို ပိတ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်တာနက်ပေါ်မှာ ဘယ်နေရာကနေ ဓါတ်ပုံတွေလာနေသလဲဆိုတာကို မှတ်သားခဲ့ပါတယ်။ အဲဒီနောက်မှာ လိပ်စာတွေအရ PhotoDNA service ကို ညွှန်နေတာပါ။ ပုံအများစုဟာ တရားမဝင်ပုံရိပ်တွေနဲ့ အတော်များများ ကိုက်ညီနေခဲ့ပါတယ်။
ဇန်နဝါရီလမှာတော့ PhotoDNA နဲ့ လူသားတွေ ပူးပေါင်းပြီးတော့ content တွေကို စောင့်ကြည့်ခဲ့တယ်လို့ Microsoft က ပြောထားပါတယ်။ ဒါပေမယ့်လည်း ပြီးပြည့်စုံတဲ့လုပ်ဆောင်ချက်တွေကိုတော့ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါဘူး။ child porn ကို ပစ်မှတ်ထားပြီးဆောင်ရွက်နေတယ်လို့ပဲ ပြောကြားခဲ့ပါတယ်။
NYT က ဒီကိစ္စကိုပြောကတည်းက ကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်။ algorithm ထဲမှာ အဆင်မပြေတဲ့ပုံရိပ်တွေဖမ်းယူနိုင်ဖို့အတွက် ခက်ခဲနေတာမျိုး၊ မှားယွင်းနေတာမျိုးတွေ တွေ့ရှိခဲ့တာမို့ ပြင်ဆင်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။
Bing သတင်းကတော့ အခြားနည်းပညာလုပ်ငန်းတွေလည်း child porn နဲ့ ပတ်သတ်နေနိုင်ကြောင်းကို ပြောပြလိုက်သလိုပါပဲ။ နည်းပညာလုပ်ငန်းတွေရဲ့နည်းလမ်းတွေက မတူညီတဲ့အတွက်ကြောင့်၊ ပေါက်ကြားလို့မရအောင် လျှို့ဝှက်ထားတာဖြစ်တဲ့အတွက်ကြောင့် traffic ရဲ့ နောက်ကွယ်မှာရှိနေတဲ့ ရာဇဝတ်သားကို ဖျောက်ထားသလိုဖြစ်နေပါတယ်။
Privacy နဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်နေတဲ့အတွက်ကြောင့် အချို့လုပ်ငန်းတွေကတော့ ပြောကြပါတယ်။ နည်းပညာလုပ်ငန်းတွေဟာ facial recognition, malware detection နဲ့ copyright enforcement တွေကို အာရုံစိုက်နေမယ့်အစား ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကို အသားပေးပြီး သုံးသပ်သင့်ပါတယ်။ တချို့လုပ်ငန်းတွေကတော့ ဒီလိုအလွဲသုံးစား content တွေကိုရှာတဲ့နေရာမှာလည်း မတူညီကြပါဘူး။ ဒါဟာ privacy နဲ့ ပတ်သတ်နေတယ်ဆိုတာ မြင်သာနေလို့ပါပဲ။

[Zawgyi]


Ref : cnet

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.