iOS 13.2.2 / iPadOS 13 မှာ Checkra1n အသုံးပြုပြီးတော့ Jailbreak လုပ်နည်း

0
397

[Unicode]

iOS 13.2.2 / iPadOS 13 မှာ Checkra1n အသုံးပြုပြီးတော့ Jailbreak ဘယ်လိုလုပ်ရမလဲဆိုတာကို ဗွီဒီယိုကျူတိုရီယယ်လေးပြထားပါတယ်။
သိထားပြီးသားဖြစ်မှာပါ။ checkra1n ဟာ ပထမဆုံးသော iOS 13 jailbreak ဖြစ်ပြီး အခုဆိုရင် public ထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ ဒီ jailbreak က iOS 13 နဲ့ iPadOS 13 အတွက် ပထမဆုံးဖြစ်ရုံသာမက bootrom-base ဖြစ်ပါတယ်။ checkm8 bootrom-base ဆိုတာကတော့ Apple ဟာ iOS firmware update တွေမှာ patch လုပ်လို့မရပါဘူး။ hardware ထဲမှာ ယိုပေါက်ရှိအောင်လုပ်ထားတဲ့အတွက်ကြောင့်မို့ hardware မပြောင်းမချင်းအဆင်ပြေနေမှာဖြစ်တော့ သုံးရတာအဆင်ပြေမှာပါ။
အဲဒီယိုပေါက်နဲ့ jailbreak မျိုးမြင်တဲ့ နောက်ဆုံးတစ်ခေါက် iOS ကတော့ ၂၀၁၀လောက်ကတည်းကပါ။ အဲဒီအချိန်တုန်းက geohot ကနေပြီးတော့ limera1n exploit+jailbreak ကို iPhone မော်ဒယ်လ်အားလုံးအတွက် ထုတ်ပေးခဲ့ပါတယ်။


checkra1n ဆီကိုပြန်သွားရမယ်ဆိုရင် Apple ရဲ့ A5-A11 architecture အသုံးပြုထားတဲ့ device အားလုံးနဲ့ကိုက်ညီနေတာဖြစ်လို့ iPhone X အထိ device အားလုံးကို ယိုပေါက်ဖန်တီးနိုင်ပါတယ်။ iPhone 11 မှာတော့ checkm8 ကို hardware အသစ်နဲ့ပြင်ဆင်လိုက်လို့ပါ။
အတိုချုပ်ရရင်တော့ iPhone X ပိုင်ရှင်တွေနဲ့ အရင်မော်ဒယ်လ်တွေကတော့ jailbreak အသုံးပြုမယ်ဆိုရင် နောက်ထပ်လာသမျှ iOS ဗားရှင်းတွေအထိ အဆင်ပြေနေမှာပါ။
Checkm8-base checkra1n မှာ ကန့်သတ်ချက်လေးတွေတော့ရှိပါတယ်။ reboot တိုင်းမှာ jailbreak ပြန်လုပ်ရမှာပါ။ နောက်တစ်ခုကတော့ macOS အတွက်သာ ရနိုင်ပါတယ်။ Windows နဲ့ Linux ဗားရှင်းတွေလည်း ရနိုင်အောင်လုပ်နေတယ်လို့တော့ ပြောပါတယ်။
Checkra1n jailbreak ကို checkra1n.com (checkra.in) မှာ ဒေါင်းလုတ်ဆွဲလို့ရနေပါပြီ။ လက်ရှိမှာ 0.9.1 beta ထိ ရောက်နေပါပြီ။
အောက်မှာ ကျူတိုရီယမ်လေးကို ပြထားပါတယ်။

[Zawgyi]

iOS 13.2.2 / iPadOS 13 မွာ Checkra1n အသုံးျပဳၿပီးေတာ့ Jailbreak ဘယ္လိုလုပ္ရမလဲဆိုတာကို ဗြီဒီယိုက်ဴတိုရီယယ္ေလးျပထားပါတယ္။
သိထားၿပီးသားျဖစ္မွာပါ။ checkra1n ဟာ ပထမဆုံးေသာ iOS 13 jailbreak ျဖစ္ၿပီး အခုဆိုရင္ public ထုတ္ေပးလိုက္ၿပီပဲျဖစ္ပါတယ္။ ဒီ jailbreak က iOS 13 နဲ႔ iPadOS 13 အတြက္ ပထမဆုံးျဖစ္႐ုံသာမက bootrom-base ျဖစ္ပါတယ္။ checkm8 bootrom-base ဆိုတာကေတာ့ Apple ဟာ iOS firmware update ေတြမွာ patch လုပ္လို႔မရပါဘူး။ hardware ထဲမွာ ယိုေပါက္ရွိေအာင္လုပ္ထားတဲ့အတြက္ေၾကာင့္မို႔ hardware မေျပာင္းမခ်င္းအဆင္ေျပေနမွာျဖစ္ေတာ့ သုံးရတာအဆင္ေျပမွာပါ။
အဲဒီယိုေပါက္နဲ႔ jailbreak မ်ိဳးျမင္တဲ့ ေနာက္ဆုံးတစ္ေခါက္ iOS ကေတာ့ ၂၀၁၀ေလာက္ကတည္းကပါ။ အဲဒီအခ်ိန္တုန္းက geohot ကေနၿပီးေတာ့ limera1n exploit+jailbreak ကို iPhone ေမာ္ဒယ္လ္အားလုံးအတြက္ ထုတ္ေပးခဲ့ပါတယ္။


checkra1n ဆီကိုျပန္သြားရမယ္ဆိုရင္ Apple ရဲ႕ A5-A11 architecture အသုံးျပဳထားတဲ့ device အားလုံးနဲ႔ကိုက္ညီေနတာျဖစ္လို႔ iPhone X အထိ device အားလုံးကို ယိုေပါက္ဖန္တီးႏိုင္ပါတယ္။ iPhone 11 မွာေတာ့ checkm8 ကို hardware အသစ္နဲ႔ျပင္ဆင္လိုက္လို႔ပါ။
အတိုခ်ဳပ္ရရင္ေတာ့ iPhone X ပိုင္ရွင္ေတြနဲ႔ အရင္ေမာ္ဒယ္လ္ေတြကေတာ့ jailbreak အသုံးျပဳမယ္ဆိုရင္ ေနာက္ထပ္လာသမွ် iOS ဗားရွင္းေတြအထိ အဆင္ေျပေနမွာပါ။
Checkm8-base checkra1n မွာ ကန႔္သတ္ခ်က္ေလးေတြေတာ့ရွိပါတယ္။ reboot တိုင္းမွာ jailbreak ျပန္လုပ္ရမွာပါ။ ေနာက္တစ္ခုကေတာ့ macOS အတြက္သာ ရႏိုင္ပါတယ္။ Windows နဲ႔ Linux ဗားရွင္းေတြလည္း ရႏိုင္ေအာင္လုပ္ေနတယ္လို႔ေတာ့ ေျပာပါတယ္။
Checkra1n jailbreak ကို checkra1n.com (checkra.in) မွာ ေဒါင္းလုတ္ဆြဲလို႔ရေနပါၿပီ။ လက္ရွိမွာ 0.9.1 beta ထိ ေရာက္ေနပါၿပီ။
ေအာက္မွာ က်ဴတိုရီယမ္ေလးကို ျပထားပါတယ္။

Ref : redmondpie

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.