DJ Calvin Harris ရဲ့ စတူဒီယိုထဲမှာ တွေ့မြင်လိုက်ရတဲ့ Mac Pro

0
1591

[Unicode]

Mac Pro ကတော့ တစ်ရက်ထက်တစ်ရက် ပိုစိတ်ဝင်စားဖို့ကောင်းနေပါပြီ။ Apple က “fall” release လို့ပြောထားတာမလား။ အခုတော့ Mac Pro ကို အစောပိုင်းတွေ့မြင်ရမှုတစ်ခု ပေါ်လာခဲ့ပါတယ်။ Calvin Harris ဆီက အမှတ်မထင်တွေ့မြင်လိုက်ရတာပါ။
Harris က Instagram ရဲ့ stories မှာ ဗွီဒီယိုအချို့ကိုတင်ခဲ့ပါတယ်။ သီချင်းအသစ်အတွက် အမြည်းတင်တဲ့သဘောပါ။ ဗွီဒီယိုထဲမှာ ကျွန်တော်တို့အနီးကပ်ကြည့်လိုက်တဲ့အခါ Mac Pro အသစ်ကို မြင်လိုက်မိပါတယ်။
Mac Pro ဟာ Calvin Harris ရဲ့ Instagram story ထဲမှာတော့ စားပွဲဘေးကကြမ်းပြင်ပေါ်မှာ တည်ရှိနေခဲ့ပါတယ်။ ပုံစံအရတော့ ဘီးပါတဲ့ဗားရှင်းရဖို့လောက်အထိ ကံမပါဘူးနဲ့တူပါတယ်။ ဘီးတွေကတော့ Mac Pro ထွက်တဲ့အခါမှာလည်း optional အနေနဲ့ဆိုတော့ လိုချင်ရင် ပိုက်ပိုက်ထပ်ကုန်မှာပေါ့။
Apple ဟာ Mac Pro အသစ်ကို ဖန်တီးမှုစွမ်းရည်ရှိတဲ့ ပရော်ဖက်ရှင်နယ်တွေနဲ့ ခဏလောက်ပေးထားပြီး စမ်းသုံးခွင့်ပေးထားတယ်နဲ့တူပါတယ်။ နောက်မှ public release ထုတ်ပေးမှာပါ။
Mac Pro အသစ်ဟာ ၅၉၉၉ဒေါ်လာနဲ့ 8-core Intel Xeon processor, 256 GB SSD, 32GB RAM တို့ကို ယူဆောင်လာမှာပါ။ 28-core CPU, 4 GPUs နဲ့ 1.5 TB RAM အထိ configurations တွေ အော်ဒါမှာယူနိုင်ဦးမှာပါ။
Mac Pro နဲ့အတူ Apple ဟာ ဒေါ်လာ၆၀၀၀ တန် Pro Display XDR ကို ကြေညာခဲ့ပါသေးတယ်။ တစ်ချိန်တည်းထွက်လာမယ်လို့ မျှော်မှန်းထားပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက Final Cut Pro X Summit ကို Apple Park မှာ ကျင်းပခဲ့ပါတယ်။ event မစခင်မှာ Apple ဟာ Apple product team ဆီက အံ့ဩစရာတွေထည့်သွင်းထားတယ်လို့ ပြောခဲ့ပါသေးတယ်။ Final Cut Pro X Summit ဟာ Mac Pro အသစ်အတွက် hands-on time ကောင်းကောင်းပေးဖို့ အကောင်းဆုံးနေရာဖြစ်နိုင်ပါတယ်။
Mac Pro ကတော့ FCC approval ရထားပြီးတာမို့ မကြာခင်မှာ မြင်တွေ့ရတော့မှာပါ။ ဒီတော့ တစ်လခွဲလောက်ပဲ လိုတော့တာမို့ အဆင်သင့်ပဲလား။

[Zawgyi]

Mac Pro ကေတာ့ တစ္ရက္ထက္တစ္ရက္ ပိုစိတ္ဝင္စားဖို႔ေကာင္းေနပါၿပီ။ Apple က “fall” release လို႔ေျပာထားတာမလား။ အခုေတာ့ Mac Pro ကို အေစာပိုင္းေတြ႕ျမင္ရမႈတစ္ခု ေပၚလာခဲ့ပါတယ္။ Calvin Harris ဆီက အမွတ္မထင္ေတြ႕ျမင္လိုက္ရတာပါ။
Harris က Instagram ရဲ႕ stories မွာ ဗြီဒီယိုအခ်ိဳ႕ကိုတင္ခဲ့ပါတယ္။ သီခ်င္းအသစ္အတြက္ အျမည္းတင္တဲ့သေဘာပါ။ ဗြီဒီယိုထဲမွာ ကြၽန္ေတာ္တို႔အနီးကပ္ၾကည့္လိုက္တဲ့အခါ Mac Pro အသစ္ကို ျမင္လိုက္မိပါတယ္။
Mac Pro ဟာ Calvin Harris ရဲ႕ Instagram story ထဲမွာေတာ့ စားပြဲေဘးကၾကမ္းျပင္ေပၚမွာ တည္ရွိေနခဲ့ပါတယ္။ ပုံစံအရေတာ့ ဘီးပါတဲ့ဗားရွင္းရဖို႔ေလာက္အထိ ကံမပါဘူးနဲ႔တူပါတယ္။ ဘီးေတြကေတာ့ Mac Pro ထြက္တဲ့အခါမွာလည္း optional အေနနဲ႔ဆိုေတာ့ လိုခ်င္ရင္ ပိုက္ပိုက္ထပ္ကုန္မွာေပါ့။
Apple ဟာ Mac Pro အသစ္ကို ဖန္တီးမႈစြမ္းရည္ရွိတဲ့ ပေရာ္ဖက္ရွင္နယ္ေတြနဲ႔ ခဏေလာက္ေပးထားၿပီး စမ္းသုံးခြင့္ေပးထားတယ္နဲ႔တူပါတယ္။ ေနာက္မွ public release ထုတ္ေပးမွာပါ။
Mac Pro အသစ္ဟာ ၅၉၉၉ေဒၚလာနဲ႔ 8-core Intel Xeon processor, 256 GB SSD, 32GB RAM တို႔ကို ယူေဆာင္လာမွာပါ။ 28-core CPU, 4 GPUs နဲ႔ 1.5 TB RAM အထိ configurations ေတြ ေအာ္ဒါမွာယူႏိုင္ဦးမွာပါ။
Mac Pro နဲ႔အတူ Apple ဟာ ေဒၚလာ၆၀၀၀ တန္ Pro Display XDR ကို ေၾကညာခဲ့ပါေသးတယ္။ တစ္ခ်ိန္တည္းထြက္လာမယ္လို႔ ေမွ်ာ္မွန္းထားပါတယ္။
ၿပီးခဲ့တဲ့အပတ္တုန္းက Final Cut Pro X Summit ကို Apple Park မွာ က်င္းပခဲ့ပါတယ္။ event မစခင္မွာ Apple ဟာ Apple product team ဆီက အံ့ဩစရာေတြထည့္သြင္းထားတယ္လို႔ ေျပာခဲ့ပါေသးတယ္။ Final Cut Pro X Summit ဟာ Mac Pro အသစ္အတြက္ hands-on time ေကာင္းေကာင္းေပးဖို႔ အေကာင္းဆုံးေနရာျဖစ္ႏိုင္ပါတယ္။
Mac Pro ကေတာ့ FCC approval ရထားၿပီးတာမို႔ မၾကာခင္မွာ ျမင္ေတြ႕ရေတာ့မွာပါ။ ဒီေတာ့ တစ္လခြဲေလာက္ပဲ လိုေတာ့တာမို႔ အဆင္သင့္ပဲလား။

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.