Siri ကြောင့်ဖြစ်တဲ့ encrypted email bug fix မထွက်လာသေးခင် ဘယ်လိုဖြေရှင်းကြမလဲ

0
170

[Unicode]

Siri ကြောင့်ဖြစ်တဲ့ macOS Mail app ရဲ့ ယိုပေါက်တစ်ခုရှိနေတယ်လို့ မကြာသေးခင်က တွေ့ရှိထားပါတယ်။ သုံးစွဲသူတွေရဲ့ မေးလ်တွေကို encrypt မလုပ်ထားခြင်းပါ။ Apple က ပြင်ဆင်မှုတွေလုပ်ဆောင်နေတုန်းမှာ ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲဆိုတာလေးကို နည်းလမ်းလေးတွေ ဝေမျှချင်ပါတယ်။
Apple IT specialist Bob Gendler က လွန်ခဲ့တဲ့သုံးလတည်းက ယိုပေါက်ကို တွေ့ရှိခဲ့တာဖြစ်ပြီး ဂျူလိုင်၂၉ရက်နေ့မှာ Apple ကို တင်ပြထားပါတယ်။ အတန်ကြာစောင့်ဆိုင်းပြီးနောက်မှာတော့ ဖြေရှင်းချက်လေးရလာခဲ့ပါပြီ။ ဒီဖြေရှင်းမှုလေးကိုတော့ လာမယ့် update မှာ ထည့်သွင်းသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို ဒီတစ်ပတ်ရဲ့ Medium ပို့စ်မှာ တင်ပြထားပါတယ်။
macOS Mail app encryption bug ဟာ Catalina, Mojave, High Sierra နဲ့ Sierra သုံးစွဲသူတွေကို သက်ရောက်နေကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မနှစ်တုန်းကလည်း iOS နဲ့ macOS Mail app တွေရဲ့ HTML rendering ထဲမှာ ယိုပေါက်ဖြစ်နေတာမို့ encrypt လုပ်ထားတဲ့မေးလ်တေွကို ဒီအတိုင်းတွေ့မြင်နေရဖူးပါတယ်။ bug အသစ်ကတော့ Siri ဟာ မေးလ်တွေကိုဖတ်ရှုလို့ရအောင်လုပ်ထားတာမို့ unencrypt ဗားရှင်းအနေနဲ့ ရနိုင်နေတာဖြစ်ပါတယ်။
Siri က သုံးစွဲသူတွေကို အချက်အလက်တွေ အကြံပြုလေ့ရှိပါတယ်။ macOS database ဖိုင်တွေထဲမှာ Siri အကြံပြုဖို့လိုအပ်တဲ့အချက်အလက်တွေစုဆောင်းရမယ့် မေးလ်နဲ့ အခြား app တွေရဲ့ အချက်အလက်တွေသိမ်းဆည်းထားတာကို တွေ့ရပါတယ်။ ဒါက အံ့ဩစရာတော့မဟုတ်ပါဘူး။ ဒီအချက်အလက်တွေကို အသုံးပြုပြီးမှသာ အကြံပြုနိုင်မှာဖြစ်လို့ပါပဲ။
ဒါပေမယ့် snippets.db ဆိုတဲ့ဖိုင်တစ်ခုကတော့ မေးလ်တွေရဲ့ unencrypt ဗားရှင်းကို သိမ်းဆည်းထားပါတယ်။ ပုံလေးပြထားပါတယ်။


macOS ပေါ်က မေးလ်တွေကို encrypt ဖြစ်အောင် ဘယ်လိုပြင်ဆင်မလဲ
Apple က ပြင်ဆင်နေတုန်းမှာ နှစ်မျိုးလုပ်ဆောင်လို့ရပါတယ်။
Option 1:
• System Preferences > Security & Privacy > FileVault ကနေ FileVault ဖွင့်လိုက်ပါ။
Option 2:
• FileVault မဖွင့်ချင်ဘူးဆိုရင် Siri ကို အီးမေးလ်မဖတ်နိုင်အောင် ပိတ်လိုက်ပါ။
• System Preferences > Siri > Siri Suggestions & Privacy ကို သွားရမှာပါ။
• Mail ကိုနှိပ်ပြီး Learn from this App ဆိုတာလေးကို အမှန်ခြစ်ဖြုတ်လိုက်ပါ။

[Zawgyi]

Siri ေၾကာင့္ျဖစ္တဲ့ macOS Mail app ရဲ႕ ယိုေပါက္တစ္ခုရွိေနတယ္လို႔ မၾကာေသးခင္က ေတြ႕ရွိထားပါတယ္။ သုံးစြဲသူေတြရဲ႕ ေမးလ္ေတြကို encrypt မလုပ္ထားျခင္းပါ။ Apple က ျပင္ဆင္မႈေတြလုပ္ေဆာင္ေနတုန္းမွာ ဒီကိစၥကိုဘယ္လိုေျဖရွင္းမလဲဆိုတာေလးကို နည္းလမ္းေလးေတြ ေဝမွ်ခ်င္ပါတယ္။
Apple IT specialist Bob Gendler က လြန္ခဲ့တဲ့သုံးလတည္းက ယိုေပါက္ကို ေတြ႕ရွိခဲ့တာျဖစ္ၿပီး ဂ်ဴလိုင္၂၉ရက္ေန႔မွာ Apple ကို တင္ျပထားပါတယ္။ အတန္ၾကာေစာင့္ဆိုင္းၿပီးေနာက္မွာေတာ့ ေျဖရွင္းခ်က္ေလးရလာခဲ့ပါၿပီ။ ဒီေျဖရွင္းမႈေလးကိုေတာ့ လာမယ့္ update မွာ ထည့္သြင္းသြားမွာျဖစ္ပါတယ္။ ဒီအေၾကာင္းကို ဒီတစ္ပတ္ရဲ႕ Medium ပို႔စ္မွာ တင္ျပထားပါတယ္။
macOS Mail app encryption bug ဟာ Catalina, Mojave, High Sierra နဲ႔ Sierra သုံးစြဲသူေတြကို သက္ေရာက္ေနေၾကာင္း ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ မႏွစ္တုန္းကလည္း iOS နဲ႔ macOS Mail app ေတြရဲ႕ HTML rendering ထဲမွာ ယိုေပါက္ျဖစ္ေနတာမို႔ encrypt လုပ္ထားတဲ့ေမးလ္ေတြကို ဒီအတိုင္းေတြ႕ျမင္ေနရဖူးပါတယ္။ bug အသစ္ကေတာ့ Siri ဟာ ေမးလ္ေတြကိုဖတ္ရႈလို႔ရေအာင္လုပ္ထားတာမို႔ unencrypt ဗားရွင္းအေနနဲ႔ ရႏိုင္ေနတာျဖစ္ပါတယ္။
Siri က သုံးစြဲသူေတြကို အခ်က္အလက္ေတြ အႀကံျပဳေလ့ရွိပါတယ္။ macOS database ဖိုင္ေတြထဲမွာ Siri အႀကံျပဳဖို႔လိုအပ္တဲ့အခ်က္အလက္ေတြစုေဆာင္းရမယ့္ ေမးလ္နဲ႔ အျခား app ေတြရဲ႕ အခ်က္အလက္ေတြသိမ္းဆည္းထားတာကို ေတြ႕ရပါတယ္။ ဒါက အံ့ဩစရာေတာ့မဟုတ္ပါဘူး။ ဒီအခ်က္အလက္ေတြကို အသုံးျပဳၿပီးမွသာ အႀကံျပဳႏိုင္မွာျဖစ္လို႔ပါပဲ။
ဒါေပမယ့္ snippets.db ဆိုတဲ့ဖိုင္တစ္ခုကေတာ့ ေမးလ္ေတြရဲ႕ unencrypt ဗားရွင္းကို သိမ္းဆည္းထားပါတယ္။ ပုံေလးျပထားပါတယ္။


macOS ေပၚက ေမးလ္ေတြကို encrypt ျဖစ္ေအာင္ ဘယ္လိုျပင္ဆင္မလဲ
Apple က ျပင္ဆင္ေနတုန္းမွာ ႏွစ္မ်ိဳးလုပ္ေဆာင္လို႔ရပါတယ္။
Option 1:
• System Preferences > Security & Privacy > FileVault ကေန FileVault ဖြင့္လိုက္ပါ။
Option 2:
• FileVault မဖြင့္ခ်င္ဘူးဆိုရင္ Siri ကို အီးေမးလ္မဖတ္ႏိုင္ေအာင္ ပိတ္လိုက္ပါ။
• System Preferences > Siri > Siri Suggestions & Privacy ကို သြားရမွာပါ။
• Mail ကိုႏွိပ္ၿပီး Learn from this App ဆိုတာေလးကို အမွန္ျခစ္ျဖဳတ္လိုက္ပါ။

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.