Samsung Galaxy Note 10 နဲ့ 10 Plus တို့ရဲ့ ယေဘုယျအခက်အခဲလေးများကို ကျော်လွှားနည်း

0
944

[Unicode]

Samsung Galaxy Note 10 နဲ့ 10 Plus တို့ဟာ ၂၀၁၉မှာ ထွက်ရှိခဲ့တဲ့ အကောင်းစားစမတ်ဖုန်းတွေထဲက နှစ်လုံးဖြစ်ပါတယ်။ အမိုက်စား hardware ၊ အလန်းစား ကင်မရာစနစ်တွေ၊ S Pen စတာတွေနဲ့ Galaxy Note လိုင်းကို ထူးခြားကောင်းမွန်စေခဲ့ပါတယ်။
ဒါပေမယ့်လည်း ဖုန်းကောင်းတစ်လုံးဟာ ပြီးပြည့်စုံတဲ့ဖုန်းတစ်လုံးတော့ မဖြစ်နိုင်ပါဘူး။ အခက်အခဲလေးတွေကတော့ အချိန်နဲ့အမျှဖြစ်ပေါ်လာနိုင်တုန်းပါပဲ။ Note 10 လိုမျိုးစျေးကြီးတဲ့ ဖုန်းတွေကို bug ကြောင့် စိတ်ပျက်စရာတွေဖြစ်လာနိုင်ပေမယ့်လည်း fixe တွေ၊ ဖြေရှင်းနည်းတွေ မရှိတာမှမဟုတ်တာ။ ဒီတော့ လက်ရှိဖြစ်နေတဲ့ bug တွေကို ဖြေရှင်းဖို့အတွက် ရထားတဲ့နည်းလမ်းလေးတွေကို စုစည်းပြီးတော့ တင်ပြပေးလိုက်ရပါတယ်။
“refining picture” notification
Note 10 ဖြစ်ဖြစ် Note 10 Plus ဖြစ်ဖြစ် ဒီနှစ်ရဲ့ Samsung ဖုန်းဝယ်တော့မယ်ဆိုရင် အဓိကကြည့်တဲ့အချက်က ကင်မရာပါပဲ။ စိတ်မကောင်းစရာတစ်ခုက November update ပြီးတဲ့နောက်မှာ သုံးစွဲသူအတော်များများက “refining picture” ဆိုတဲ့ notification ကို အမြဲတမ်းတွေ့နေရတယ်လို့ ပြောထားပါတယ်။ restart မလုပ်မချင်း notification ကြီးက ပျောက်မသွားပါဘူး။
Notification ဟာ camera app ကို နောက်ကွယ်မှာလုပ်ဆောင်နေခြင်းအား တားမြစ်ထားတဲ့ ဘတ်ထရီရဲ့လုပ်ဆောင်ချက်ကြောင့် အခုလိုပေါ်နေရခြင်းဖြစ်ပါတယ်။ image processing မပြီးခင်မှာ app ကို ပိတ်လိုက်မယ်ဆိုရင် notification က ပျောက်မှာမဟုတ်တော့ပါဘူး။ ဒါပေမယ့်လည်း ရိုးရိုးလေးဖြေရှင်းနိုင်တာရှိပါတယ်။
ဖြေရှင်းနည်း
camera app ကနေ background processing management ကိုတော့ ပိတ်ထားဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် Settings > Device Care > Battery ကိုသွားလိုက်ပါ။ ပြီးရင်တော့ Camera app ကို ရှာပြီး Put to sleep option ကို ပိတ်ထားပါ။
Signal
နောက်တစ်ခုအဖြစ်များတာကတော့ လိုင်းဆွဲအားမကောင်းတာပါ။ carrier မတူညီတဲ့ Note 10 သုံးစွဲသူတွေဟာ လိုင်းဆွဲအားနည်းလို့ဆိုပြီး အပြစ်တင်နေကြပါတယ်။ ဒီဆင်းကဒ်နဲ့ အရင်ဖုန်းမှာထည့်ကြည့်တုန်းက တိုင်ပြည့်တက်ပေမယ့် အခုမတက်တော့ပါဘူး။ အသုံးပြုရတာ အဆင်မပြေဘူး။
သိထားဖို့လိုတာကတော့ လိုင်းကိုတိုင်းတာတဲ့နေရာမှာ ဖုန်းတွေက နည်းလမ်းအမျိုးမျိုးကို အသုံးပြုပါတယ်။ ဒါကြောင့် တိုင်အရေအတွက်ဟာ ဖုန်းမတူရင် ပြနေတဲ့လိုင်းအားလည်းမတူညီပါဘူး။ ဒါပေမယ့် Note 10 မှာကတော့ ဒါကြောင့်ဖြစ်နေတာလားဆိုတာ မသဲကွဲပါဘူး။ ဘယ်လို fix လုပ်ရမလဲဆိုတာက မရှင်းဘူးဖြစ်နေပါတယ်။ Samsung ကတော့ တရားဝင်ဖြေရှင်းပေးဖို့ လုပ်နေပါတယ်။ လက်ရှိမှာက fix မရနိုင်သေးတဲ့အနေအထားပါ။
လုပ်နိုင်တာက
Wi-Fi calling သုံးလိုက်ရင် အဆင်ပြေမှာပါ။ Wi-Fi calling ဖွင့်ဖို့အတွက်ဆိုရင်တော့ Settings > Connections ထဲက Wi-Fi calling ကို ဖွင့်လိုက်ပါ။ အဲဒီမှာ မတွေ့ဘူးဆိုရင်တော့ carrier ကို ဆက်သွယ်မေးမြန်းရမှာပါ။
လိုင်းဆွဲအားပဲ ပြန်ပြင်ချင်တယ်ဆိုရင်တော့ carrier နဲ့ အဆက်အသွယ်မပြတ်ရှိနေပြီး ဘာလုပ်ပေးနိုင်သလဲဆိုတာကို စုံစမ်းပါ။
ညအချိန် ဖုန်းဟာ restart ဖြစ်သွားခြင်း
အခြားသော Galaxy ဖုန်းတွေလိုပဲ Note 10 ဟာ ညမှာ default restart ဖြစ်နေပါတယ်။ restart ဟာ အကျိုးကျေးဇူးရှိပါတယ်။ ဖုန်းရဲ့မမ်မိုရီရှင်းလင်းခြင်းနဲ့ ချောမွေ့စွာလုပ်ဆောင်နိုင်စေခြင်းတွေ ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့်လည်း မလုပ်စေချင်ဘူးဆိုရင်ရော။ မနက်ခင်းတိုင်းမှာ password ရိုက်ထည့်နေရတာကလည်း စိတ်ရှုပ်စရာပဲမဟုတ်လား။
ဖြေရှင်းနည်းကတော့
Auto restart option ကို ပိတ်လိုက်ပါ။ Settings > Device care ထဲက အစက်သုံးစက်ကိုနှိပ်ပြီး Auto restart ကို ပိတ်လိုက်ပါ။
ထည့်မထားတဲ့လက်ဗွေနဲ့ ဖွင့်လို့ရနေခြင်း
အမှားမခံတဲ့နေရာတစ်ခုပါ။ မှန်ကပ်ကြောင့်ဖြစ်နေတယ်လို့ပြောပေမယ့်လည်း အဆင်မပြေပါဘူး။ ကိုယ်က မှန်ကပ် မကပ်ထားဘူးဆိုပါတော့။ ခိုးချင်တဲ့သူက မှန်ကပ်ကို ဆိုင်မှာဝယ်ပြီး ကပ်ခိုးလို့ရနေတာပဲမဟုတ်လား။ Samsung က ဒီဖြစ်ရပ်ကိုသိထားပါတယ်။ software update တော့ လုပ်နေပါပြီ။ ဒီအချိန်မှာ ဘာလုပ်သင့်သလဲ။
လုပ်နိုင်တာက
in-display fingerprint scanner ကို unlock option ကနေ ဖယ်ရှားလိုက်ပါ။ Settings app ကိုသွားပြီး Lock Screen > Screen lock type ထဲမှာ PIN, password, or pattern ရိုက်ထည့်ပြီးတော့ ပိတ်လို့ရပါပြီ။
ဖြေရှင်းနည်း
Update ထွက်လာပြီဆိုရင်တော့ Settings > Software update အောက်မှာ Download နှိပ်ပြီး သွင်းလိုက်ပါ။
ဘတ်ထရီသက်တမ်း
Note 10 နဲ့ Note 10 Plus တို့မှာ ဘတ်ထရီကြီးတွေပါဝင်ပေမယ့်လည်း ဘတ်ထရီသက်တမ်းစားအောင် လုပ်ဆောင်နေတာတွေ အများကြီးရှိနေပါတယ်။ ဘတ်ရီသက်တမ်းဟာ မှန်းထားသလောက်မဖြစ်နေဘူးလို့လည်း ဝေဖန်နေကြပါတယ်။
ဘတ်ထရီက ရေရှည်မခံရတာ အကြောင်းရင်းတွေအများကြီးကြောင့်ပါ။ software နဲ့ app တွေကို အပြစ်တင်လို့ရပါတယ်။ Samsung က မကြာခင်မှာ update ထုတ်ပေးမှာပါ။ ဒါပေမယ့်လည်း အခု ဘယ်လိုလုပ်ကြမလဲ။
လုပ်နိုင်တာက
ပါဝါအစားဆုံး apps နဲ့ services ကို ကြည့်ပါ။ Settings > Device care > Battery usage ထဲမှာ အသုံးများနေတဲ့ app ကိုကြည့်လိုက်ပါ။
Samsung ရဲ့ battery optimization tool ကိုလည်း သုံးကြည့်ပါ။
Carrier ဆီကဝယ်တာဆိုရင်တော့ carrier bloatware ကြောင့်လည်း ဖြစ်နိုင်တာပဲ။ bloatware ပိတ်လိုက်ရင်တော့ အဆင်ပြေသွားမှာပါ။
ဒီနေရာမှာ third-party app တွေလည်း စမ်းကြည့်သင့်ပါတယ်။ Naptime ကိုတော့ ထောက်ခံပေးချင်တယ်။ Android ရဲ့ built-in app management service တွေကို မြန်ဆန်စေတာမို့ ဘတ်ထရီစားသက်သာစေပါတယ်။

[Zawgyi]

Samsung Galaxy Note 10 နဲ႔ 10 Plus တို႔ဟာ ၂၀၁၉မွာ ထြက္ရွိခဲ့တဲ့ အေကာင္းစားစမတ္ဖုန္းေတြထဲက ႏွစ္လုံးျဖစ္ပါတယ္။ အမိုက္စား hardware ၊ အလန္းစား ကင္မရာစနစ္ေတြ၊ S Pen စတာေတြနဲ႔ Galaxy Note လိုင္းကို ထူးျခားေကာင္းမြန္ေစခဲ့ပါတယ္။
ဒါေပမယ့္လည္း ဖုန္းေကာင္းတစ္လုံးဟာ ၿပီးျပည့္စုံတဲ့ဖုန္းတစ္လုံးေတာ့ မျဖစ္ႏိုင္ပါဘူး။ အခက္အခဲေလးေတြကေတာ့ အခ်ိန္နဲ႔အမွ်ျဖစ္ေပၚလာႏိုင္တုန္းပါပဲ။ Note 10 လိုမ်ိဳးေစ်းႀကီးတဲ့ ဖုန္းေတြကို bug ေၾကာင့္ စိတ္ပ်က္စရာေတြျဖစ္လာႏိုင္ေပမယ့္လည္း fixe ေတြ၊ ေျဖရွင္းနည္းေတြ မရွိတာမွမဟုတ္တာ။ ဒီေတာ့ လက္ရွိျဖစ္ေနတဲ့ bug ေတြကို ေျဖရွင္းဖို႔အတြက္ ရထားတဲ့နည္းလမ္းေလးေတြကို စုစည္းၿပီးေတာ့ တင္ျပေပးလိုက္ရပါတယ္။
“refining picture” notification
Note 10 ျဖစ္ျဖစ္ Note 10 Plus ျဖစ္ျဖစ္ ဒီႏွစ္ရဲ႕ Samsung ဖုန္းဝယ္ေတာ့မယ္ဆိုရင္ အဓိကၾကည့္တဲ့အခ်က္က ကင္မရာပါပဲ။ စိတ္မေကာင္းစရာတစ္ခုက November update ၿပီးတဲ့ေနာက္မွာ သုံးစြဲသူအေတာ္မ်ားမ်ားက “refining picture” ဆိုတဲ့ notification ကို အၿမဲတမ္းေတြ႕ေနရတယ္လို႔ ေျပာထားပါတယ္။ restart မလုပ္မခ်င္း notification ႀကီးက ေပ်ာက္မသြားပါဘူး။
Notification ဟာ camera app ကို ေနာက္ကြယ္မွာလုပ္ေဆာင္ေနျခင္းအား တားျမစ္ထားတဲ့ ဘတ္ထရီရဲ႕လုပ္ေဆာင္ခ်က္ေၾကာင့္ အခုလိုေပၚေနရျခင္းျဖစ္ပါတယ္။ image processing မၿပီးခင္မွာ app ကို ပိတ္လိုက္မယ္ဆိုရင္ notification က ေပ်ာက္မွာမဟုတ္ေတာ့ပါဘူး။ ဒါေပမယ့္လည္း ႐ိုး႐ိုးေလးေျဖရွင္းႏိုင္တာရွိပါတယ္။
ေျဖရွင္းနည္း
camera app ကေန background processing management ကိုေတာ့ ပိတ္ထားဖို႔ လိုအပ္ပါတယ္။ ဒီလိုလုပ္ဖို႔အတြက္ Settings > Device Care > Battery ကိုသြားလိုက္ပါ။ ၿပီးရင္ေတာ့ Camera app ကို ရွာၿပီး Put to sleep option ကို ပိတ္ထားပါ။
Signal
ေနာက္တစ္ခုအျဖစ္မ်ားတာကေတာ့ လိုင္းဆြဲအားမေကာင္းတာပါ။ carrier မတူညီတဲ့ Note 10 သုံးစြဲသူေတြဟာ လိုင္းဆြဲအားနည္းလို႔ဆိုၿပီး အျပစ္တင္ေနၾကပါတယ္။ ဒီဆင္းကဒ္နဲ႔ အရင္ဖုန္းမွာထည့္ၾကည့္တုန္းက တိုင္ျပည့္တက္ေပမယ့္ အခုမတက္ေတာ့ပါဘူး။ အသုံးျပဳရတာ အဆင္မေျပဘူး။
သိထားဖို႔လိုတာကေတာ့ လိုင္းကိုတိုင္းတာတဲ့ေနရာမွာ ဖုန္းေတြက နည္းလမ္းအမ်ိဳးမ်ိဳးကို အသုံးျပဳပါတယ္။ ဒါေၾကာင့္ တိုင္အေရအတြက္ဟာ ဖုန္းမတူရင္ ျပေနတဲ့လိုင္းအားလည္းမတူညီပါဘူး။ ဒါေပမယ့္ Note 10 မွာကေတာ့ ဒါေၾကာင့္ျဖစ္ေနတာလားဆိုတာ မသဲကြဲပါဘူး။ ဘယ္လို fix လုပ္ရမလဲဆိုတာက မရွင္းဘူးျဖစ္ေနပါတယ္။ Samsung ကေတာ့ တရားဝင္ေျဖရွင္းေပးဖို႔ လုပ္ေနပါတယ္။ လက္ရွိမွာက fix မရႏိုင္ေသးတဲ့အေနအထားပါ။
လုပ္ႏိုင္တာက
Wi-Fi calling သုံးလိုက္ရင္ အဆင္ေျပမွာပါ။ Wi-Fi calling ဖြင့္ဖို႔အတြက္ဆိုရင္ေတာ့ Settings > Connections ထဲက Wi-Fi calling ကို ဖြင့္လိုက္ပါ။ အဲဒီမွာ မေတြ႕ဘူးဆိုရင္ေတာ့ carrier ကို ဆက္သြယ္ေမးျမန္းရမွာပါ။
လိုင္းဆြဲအားပဲ ျပန္ျပင္ခ်င္တယ္ဆိုရင္ေတာ့ carrier နဲ႔ အဆက္အသြယ္မျပတ္ရွိေနၿပီး ဘာလုပ္ေပးႏိုင္သလဲဆိုတာကို စုံစမ္းပါ။
ညအခ်ိန္ ဖုန္းဟာ restart ျဖစ္သြားျခင္း
အျခားေသာ Galaxy ဖုန္းေတြလိုပဲ Note 10 ဟာ ညမွာ default restart ျဖစ္ေနပါတယ္။ restart ဟာ အက်ိဳးေက်းဇူးရွိပါတယ္။ ဖုန္းရဲ႕မမ္မိုရီရွင္းလင္းျခင္းနဲ႔ ေခ်ာေမြ႕စြာလုပ္ေဆာင္ႏိုင္ေစျခင္းေတြ ေပးစြမ္းႏိုင္ပါတယ္။ ဒါေပမယ့္လည္း မလုပ္ေစခ်င္ဘူးဆိုရင္ေရာ။ မနက္ခင္းတိုင္းမွာ password ႐ိုက္ထည့္ေနရတာကလည္း စိတ္ရႈပ္စရာပဲမဟုတ္လား။
ေျဖရွင္းနည္းကေတာ့
Auto restart option ကို ပိတ္လိုက္ပါ။ Settings > Device care ထဲက အစက္သုံးစက္ကိုႏွိပ္ၿပီး Auto restart ကို ပိတ္လိုက္ပါ။
ထည့္မထားတဲ့လက္ေဗြနဲ႔ ဖြင့္လို႔ရေနျခင္း
အမွားမခံတဲ့ေနရာတစ္ခုပါ။ မွန္ကပ္ေၾကာင့္ျဖစ္ေနတယ္လို႔ေျပာေပမယ့္လည္း အဆင္မေျပပါဘူး။ ကိုယ္က မွန္ကပ္ မကပ္ထားဘူးဆိုပါေတာ့။ ခိုးခ်င္တဲ့သူက မွန္ကပ္ကို ဆိုင္မွာဝယ္ၿပီး ကပ္ခိုးလို႔ရေနတာပဲမဟုတ္လား။ Samsung က ဒီျဖစ္ရပ္ကိုသိထားပါတယ္။ software update ေတာ့ လုပ္ေနပါၿပီ။ ဒီအခ်ိန္မွာ ဘာလုပ္သင့္သလဲ။
လုပ္ႏိုင္တာက
in-display fingerprint scanner ကို unlock option ကေန ဖယ္ရွားလိုက္ပါ။ Settings app ကိုသြားၿပီး Lock Screen > Screen lock type ထဲမွာ PIN, password, or pattern ႐ိုက္ထည့္ၿပီးေတာ့ ပိတ္လို႔ရပါၿပီ။
ေျဖရွင္းနည္း
Update ထြက္လာၿပီဆိုရင္ေတာ့ Settings > Software update ေအာက္မွာ Download ႏွိပ္ၿပီး သြင္းလိုက္ပါ။
ဘတ္ထရီသက္တမ္း
Note 10 နဲ႔ Note 10 Plus တို႔မွာ ဘတ္ထရီႀကီးေတြပါဝင္ေပမယ့္လည္း ဘတ္ထရီသက္တမ္းစားေအာင္ လုပ္ေဆာင္ေနတာေတြ အမ်ားႀကီးရွိေနပါတယ္။ ဘတ္ရီသက္တမ္းဟာ မွန္းထားသေလာက္မျဖစ္ေနဘူးလို႔လည္း ေဝဖန္ေနၾကပါတယ္။
ဘတ္ထရီက ေရရွည္မခံရတာ အေၾကာင္းရင္းေတြအမ်ားႀကီးေၾကာင့္ပါ။ software နဲ႔ app ေတြကို အျပစ္တင္လို႔ရပါတယ္။ Samsung က မၾကာခင္မွာ update ထုတ္ေပးမွာပါ။ ဒါေပမယ့္လည္း အခု ဘယ္လိုလုပ္ၾကမလဲ။
လုပ္ႏိုင္တာက
ပါဝါအစားဆုံး apps နဲ႔ services ကို ၾကည့္ပါ။ Settings > Device care > Battery usage ထဲမွာ အသုံးမ်ားေနတဲ့ app ကိုၾကည့္လိုက္ပါ။
Samsung ရဲ႕ battery optimization tool ကိုလည္း သုံးၾကည့္ပါ။
Carrier ဆီကဝယ္တာဆိုရင္ေတာ့ carrier bloatware ေၾကာင့္လည္း ျဖစ္ႏိုင္တာပဲ။ bloatware ပိတ္လိုက္ရင္ေတာ့ အဆင္ေျပသြားမွာပါ။
ဒီေနရာမွာ third-party app ေတြလည္း စမ္းၾကည့္သင့္ပါတယ္။ Naptime ကိုေတာ့ ေထာက္ခံေပးခ်င္တယ္။ Android ရဲ႕ built-in app management service ေတြကို ျမန္ဆန္ေစတာမို႔ ဘတ္ထရီစားသက္သာေစပါတယ္။

Ref : digitaltrends

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.