Pixel 4 မှာပါဝင်လာတဲ့ Google Assistant ကို စမ်းသပ်ကြည့်သင့်တဲ့အရာ(၆)မျိုး

0
290

[Unicode]

ဒီနှစ်ရဲ့ I/O မှာ Google က မျိုးဆက်သစ် Assistant ကို မိတ်ဆက်တဲ့အခါ မြန်ဆန်မှုနဲ့ တစ်ချိန်တည်းလုပ်ဆောင်နိုင်မှုမှာ အတော်လေးကို ကြိုက်ခဲ့ပါတယ်။ ဒါပေမယ့် Pixel 4 ထွက်လာတဲ့အခါမှာတော့ လက်တွေ့ကနည်းနည်းပါ။ ကန့်သတ်ချုပ်ချယ်မှုတွေများပြားနေတယ်လို့ သတိထားမိခဲ့တယ်။ compact UI နဲ့ continued conversation ပါဝင်လာပေမယ့်လည်း English တစ်မျိုးတည်းအတွက်သာ ရနိုင်သေးတယ်။ full gesture navigation လိုအပ်တယ်။ ဖုန်းမှာ G Suite အကောင့်ရှိရင် အလုပ်မလုပ်ပါဘူး။ ရှိနေတဲ့ Assistant မှာ မရနိုင်တဲ့ feature အချို့ကိုတော့ ရအောင်လုပ်ပေးထားပါတယ်။ အခြား app တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုကောင်းလာတယ်။ Assistant ကို မက်ဆေ့ချ်ပြန်ခိုင်းလို့ရတယ်။ ဓါတ်ပုံ share ခိုင်းလို့ရတယ်။ app တွေကြားမှာ ရှာချင်တာရှာလို့ရတယ်။
Messages or WhatsApp မှာ စာပြန်ခြင်း
Messages or WhatsApp မှာ conversation တစ်ခုကိုဖွင့်ပြီးတော့ Assistant ကို ခေါ်လိုက်ပါ။ (squeeze, OK Google ဒါမှမဟုတ် ဒေါင့်နားကနေ swipe) “Reply” လို့ပြောပြီး ပြန်ချင်တဲ့စာသားကို ပြောပါ။ Assistant က စာသားအဖြစ်နဲ့ပြောင်းပြီးတော့ လက်ရှိ active ဖြစ်နေတဲ့ chat ကို ပို့ပေးပါလိမ့်မယ်။ မြန်ဆန်ပြီး တစ်ချိန်တည်းမှာအလုပ်ဖြစ်ပါတယ်။ လက်ညစ်ပတ်နေတာ၊ မအားတဲ့အခါမျိုးမှာ စာရိုက်ရသက်သာတာပေါ့။
ဒီအချက်ကို Google ရဲ့ ကိုယ်ပိုင် Messages app နဲ့ WhatsApp မှာသာ ရနိုင်ပါသေးတယ်။ Telegram မှာ မရနိုင်သေးပါဘူး။


Google Photos မှာ ဓါတ်ပုံတွေရှာခြင်း၊ မျှဝေခြင်း
Assistant ကို ဓါတ်ပုံတွေရှာခိုင်းမယ်ဆိုရင် သူ့ရဲ့ကိုယ်ပိုင် interface အတွင်းမှာပဲ ပြသတာမဟုတ်လား။ Pixel 4 မှာတော့ “show me my photos of food” လို့ပြောလိုက်ရင် Google Photos ပွင့်သွားပြးတော့ app အတွင်းမှာ တိုက်ရိုက်ပြသပေးနိုင်လာပါတယ်။
ပိုကောင်းလာတာက Photos ထဲမှာ ဓါတ်ပုံတွေကိုကြည့်တဲ့အခါ အဆင်ပြေတဲ့တစ်ခုကိုရွေးပြီးနောက်မှာ “Share it with Bob” လို့ပြောလိုက်လို့ရပါတယ်။ Messages နဲ့ WhatsApp သွင်းထားမယ်ဆိုရင်တော့ Assistant က ဘယ် app သုံးရမလဲလို့မေးမှာပါ။ အဲဒီနောက်မှာတော့ သင့်လျော်တဲ့ conversation ကို ဓါတ်ပုံပို့ပေးပါလိမ့်မယ်။
Share လုပ်တဲ့အခါမှာ အတော်လေးမြန်ဆန်လာစေမယ့် လုပ်ဆောင်ချက်လေးတစ်ခုလို့ မြင်မိပါတယ်။ app ကိုရွေးလိုက်။ contact ရှာရလိုက်နဲ့ပေါ့။ Telegram မှာ ဒီလုပ်ဆောင်ချက် ပါမလာသေးပါဘူး။


YouTube ပေါ်ကဗွီဒီယိုတွေရှာဖွေခြင်း
Homescreen မှာပဲဖြစ်ဖြစ် app တစ်ခုခုထဲမှာဖြစ်ဖြစ် Assistant ကို “search for yoga classes on YouTube” ဒါမှမဟုတ် ကြိုက်နှစ်သက်ရာ ဗွီဒီယိုတစ်ခုကိုရှာခိုင်းလိုက်ပါ။ ပုံမှန်ဆိုရင် Assistant က YouTube ကိုဖွင့်ပြီးတော့ ပထမဆုံးမြင်တဲ့ဗွီဒီယိုကို ဖွင့်မှာပါ။ အခုကတော့ ရလဒ်ကိုအရင်ပြမှာဖြစ်လို့ စိတ်ကြိုက်တစ်ခုကို ရွေးချယ်ပြီး ဖွင့်လို့ရပါပြီ။


Gmail မှာ အီးမေးလ်ရှာခြင်း
Email လည်း အလားတူပါပဲ။ “Show me emails from Yelp on Gmail” လို့ပြောလိုက်တာနဲ့ Gmail ပွင့်လာပြီးတော့ ရလဒ်တွေကို ဖော်ပြပေးသွားမှာပါ။ Assistant ထဲမှာ ကဒ်ပုံစံလေးနဲ့ ပြသတာမျိုး မဟုတ်တော့ပါဘူး။


Maps မှာ ဟော်တယ်ရှာခြင်း
in-app search feature လေးကို Maps ထဲမှာလည်း ထည့်သွင်းပေးထားပါတယ်။ “Find hotels in San Diego on Maps” လို့ပြောလိုက်ရင် Maps လေးကို တည်နေရာအလိုက်တွေ့မြင်ရမှာဖြစ်ပြီး ရလဒ်တွေကို ဖော်ပြပေးမှာပါ။


ဝက်ဘ်ဆိုက်ဖွင့်ခိုင်းခြင်း
နောက်ဆုံးတစ်ခုကေတာ့ Go to androidpolice.com” or “Open androidpolice.com” လို့ စမ်းကြည့်လိုက်ပါ။ အရင်တုန်းက Chrome Custom Tab ထဲမှာ ဝက်ဘ်ဆိုက်ကိုဖွင့်ပေးပေမယ့်လည်း Pixel 4 မှာတော့ Chrome ထဲမှာ options နဲ့ features အစုံအလင် အသုံးပြုနိုင်မှာပါ။
Assistant အသစ်လေးဟာ ကနဦးပဲရှိပါသေးတယ်။ ဖုန်းတစ်လုံးထဲမှာ ဘာသာစကားတစ်မျိုးနဲ့ ကန့်သတ်ချက်တွေများနေတုန်းပါ။ အများကြီးကိုအသုံးပြုဖို့အတွက် ဖြန့်လို့မရသေးပါဘူး။ ဒါပေမယ့်လည်း သူတို့ရဲ့အနာဂတ်ကို မှန်းမျှော်တွေးလို့ရနေပါတယ်။ app အချို့နဲ့ တိုက်ရိုက်ပေါင်းစပ်ခွင့်ရသွားခြင်းဟာ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုမြှင့်တင်ပေးနိုင်ပြီး စက္ကန့်အနည်းငယ်အတွင်း အလုပ်အများကြီးပြီးမြောက်အောင် ဖန်တီးပေးနိုင်တာကိုလည်း လက်ခံရမှာပါ။

[Zawgyi]

ဒီႏွစ္ရဲ႕ I/O မွာ Google က မ်ိဳးဆက္သစ္ Assistant ကို မိတ္ဆက္တဲ့အခါ ျမန္ဆန္မႈနဲ႔ တစ္ခ်ိန္တည္းလုပ္ေဆာင္ႏိုင္မႈမွာ အေတာ္ေလးကို ႀကိဳက္ခဲ့ပါတယ္။ ဒါေပမယ့္ Pixel 4 ထြက္လာတဲ့အခါမွာေတာ့ လက္ေတြ႕ကနည္းနည္းပါ။ ကန႔္သတ္ခ်ဳပ္ခ်ယ္မႈေတြမ်ားျပားေနတယ္လို႔ သတိထားမိခဲ့တယ္။ compact UI နဲ႔ continued conversation ပါဝင္လာေပမယ့္လည္း English တစ္မ်ိဳးတည္းအတြက္သာ ရႏိုင္ေသးတယ္။ full gesture navigation လိုအပ္တယ္။ ဖုန္းမွာ G Suite အေကာင့္ရွိရင္ အလုပ္မလုပ္ပါဘူး။ ရွိေနတဲ့ Assistant မွာ မရႏိုင္တဲ့ feature အခ်ိဳ႕ကိုေတာ့ ရေအာင္လုပ္ေပးထားပါတယ္။ အျခား app ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ ပိုေကာင္းလာတယ္။ Assistant ကို မက္ေဆ့ခ်္ျပန္ခိုင္းလို႔ရတယ္။ ဓါတ္ပုံ share ခိုင္းလို႔ရတယ္။ app ေတြၾကားမွာ ရွာခ်င္တာရွာလို႔ရတယ္။
Messages or WhatsApp မွာ စာျပန္ျခင္း
Messages or WhatsApp မွာ conversation တစ္ခုကိုဖြင့္ၿပီးေတာ့ Assistant ကို ေခၚလိုက္ပါ။ (squeeze, OK Google ဒါမွမဟုတ္ ေဒါင့္နားကေန swipe) “Reply” လို႔ေျပာၿပီး ျပန္ခ်င္တဲ့စာသားကို ေျပာပါ။ Assistant က စာသားအျဖစ္နဲ႔ေျပာင္းၿပီးေတာ့ လက္ရွိ active ျဖစ္ေနတဲ့ chat ကို ပို႔ေပးပါလိမ့္မယ္။ ျမန္ဆန္ၿပီး တစ္ခ်ိန္တည္းမွာအလုပ္ျဖစ္ပါတယ္။ လက္ညစ္ပတ္ေနတာ၊ မအားတဲ့အခါမ်ိဳးမွာ စာ႐ိုက္ရသက္သာတာေပါ့။
ဒီအခ်က္ကို Google ရဲ႕ ကိုယ္ပိုင္ Messages app နဲ႔ WhatsApp မွာသာ ရႏိုင္ပါေသးတယ္။ Telegram မွာ မရႏိုင္ေသးပါဘူး။


Google Photos မွာ ဓါတ္ပုံေတြရွာျခင္း၊ မွ်ေဝျခင္း
Assistant ကို ဓါတ္ပုံေတြရွာခိုင္းမယ္ဆိုရင္ သူ႔ရဲ႕ကိုယ္ပိုင္ interface အတြင္းမွာပဲ ျပသတာမဟုတ္လား။ Pixel 4 မွာေတာ့ “show me my photos of food” လို႔ေျပာလိုက္ရင္ Google Photos ပြင့္သြားျပးေတာ့ app အတြင္းမွာ တိုက္႐ိုက္ျပသေပးႏိုင္လာပါတယ္။
ပိုေကာင္းလာတာက Photos ထဲမွာ ဓါတ္ပုံေတြကိုၾကည့္တဲ့အခါ အဆင္ေျပတဲ့တစ္ခုကိုေ႐ြးၿပီးေနာက္မွာ “Share it with Bob” လို႔ေျပာလိုက္လို႔ရပါတယ္။ Messages နဲ႔ WhatsApp သြင္းထားမယ္ဆိုရင္ေတာ့ Assistant က ဘယ္ app သုံးရမလဲလို႔ေမးမွာပါ။ အဲဒီေနာက္မွာေတာ့ သင့္ေလ်ာ္တဲ့ conversation ကို ဓါတ္ပုံပို႔ေပးပါလိမ့္မယ္။
Share လုပ္တဲ့အခါမွာ အေတာ္ေလးျမန္ဆန္လာေစမယ့္ လုပ္ေဆာင္ခ်က္ေလးတစ္ခုလို႔ ျမင္မိပါတယ္။ app ကိုေ႐ြးလိုက္။ contact ရွာရလိုက္နဲ႔ေပါ့။ Telegram မွာ ဒီလုပ္ေဆာင္ခ်က္ ပါမလာေသးပါဘူး။


YouTube ေပၚကဗြီဒီယိုေတြရွာေဖြျခင္း
Homescreen မွာပဲျဖစ္ျဖစ္ app တစ္ခုခုထဲမွာျဖစ္ျဖစ္ Assistant ကို “search for yoga classes on YouTube” ဒါမွမဟုတ္ ႀကိဳက္ႏွစ္သက္ရာ ဗြီဒီယိုတစ္ခုကိုရွာခိုင္းလိုက္ပါ။ ပုံမွန္ဆိုရင္ Assistant က YouTube ကိုဖြင့္ၿပီးေတာ့ ပထမဆုံးျမင္တဲ့ဗြီဒီယိုကို ဖြင့္မွာပါ။ အခုကေတာ့ ရလဒ္ကိုအရင္ျပမွာျဖစ္လို႔ စိတ္ႀကိဳက္တစ္ခုကို ေ႐ြးခ်ယ္ၿပီး ဖြင့္လို႔ရပါၿပီ။


Gmail မွာ အီးေမးလ္ရွာျခင္း
Email လည္း အလားတူပါပဲ။ “Show me emails from Yelp on Gmail” လို႔ေျပာလိုက္တာနဲ႔ Gmail ပြင့္လာၿပီးေတာ့ ရလဒ္ေတြကို ေဖာ္ျပေပးသြားမွာပါ။ Assistant ထဲမွာ ကဒ္ပုံစံေလးနဲ႔ ျပသတာမ်ိဳး မဟုတ္ေတာ့ပါဘူး။


Maps မွာ ေဟာ္တယ္ရွာျခင္း
in-app search feature ေလးကို Maps ထဲမွာလည္း ထည့္သြင္းေပးထားပါတယ္။ “Find hotels in San Diego on Maps” လို႔ေျပာလိုက္ရင္ Maps ေလးကို တည္ေနရာအလိုက္ေတြ႕ျမင္ရမွာျဖစ္ၿပီး ရလဒ္ေတြကို ေဖာ္ျပေပးမွာပါ။


ဝက္ဘ္ဆိုက္ဖြင့္ခိုင္းျခင္း
ေနာက္ဆုံးတစ္ခုေကတာ့ Go to androidpolice.com” or “Open androidpolice.com” လို႔ စမ္းၾကည့္လိုက္ပါ။ အရင္တုန္းက Chrome Custom Tab ထဲမွာ ဝက္ဘ္ဆိုက္ကိုဖြင့္ေပးေပမယ့္လည္း Pixel 4 မွာေတာ့ Chrome ထဲမွာ options နဲ႔ features အစုံအလင္ အသုံးျပဳႏိုင္မွာပါ။
Assistant အသစ္ေလးဟာ ကနဦးပဲရွိပါေသးတယ္။ ဖုန္းတစ္လုံးထဲမွာ ဘာသာစကားတစ္မ်ိဳးနဲ႔ ကန႔္သတ္ခ်က္ေတြမ်ားေနတုန္းပါ။ အမ်ားႀကီးကိုအသုံးျပဳဖို႔အတြက္ ျဖန႔္လို႔မရေသးပါဘူး။ ဒါေပမယ့္လည္း သူတို႔ရဲ႕အနာဂတ္ကို မွန္းေမွ်ာ္ေတြးလို႔ရေနပါတယ္။ app အခ်ိဳ႕နဲ႔ တိုက္႐ိုက္ေပါင္းစပ္ခြင့္ရသြားျခင္းဟာ လုပ္ေဆာင္ႏိုင္စြမ္းကို ပိုမိုျမႇင့္တင္ေပးႏိုင္ၿပီး စကၠန႔္အနည္းငယ္အတြင္း အလုပ္အမ်ားႀကီးၿပီးေျမာက္ေအာင္ ဖန္တီးေပးႏိုင္တာကိုလည္း လက္ခံရမွာပါ။

Ref : androidpolice

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.