OPPO Reno 2 စမတ်ဖုန်းအကြောင်းသုံးသပ်ချက်

0
751

[Zawgyi]



Design ပိုင်း

[Unicode] စမတ်ဖုန်းဝယ်မယ်ဆိုရင် ရွေးချယ်စရာအများကြီးရှိနေပါပြီ။ ဘယ်ဈေးနှုန်းအတန်းအစားထဲကနေ ဘယ်လိုအနေအထားနဲ့လိုချင်လဲ ? ကိုယ့်လိုအပ်ချက်နဲ့ထပ်တူနီးပါးလောက်ကိုက်ညီတဲ့စမတ်ဖုန်းကိုရွေးဝယ်လို့ရနိုင်တဲ့အနေအထားပါ။ ဒီနေ့ပြောပြမယ့် Oppo Reno 2 ရဲ့ဈေးနှုန်းအတန်းအစားထဲမှာဆိုရင် Redmi K20 Pro ၊ OnePlus 7T , Google Pixel 3A နဲ့ Asus ROG Phone 2 စတဲ့စမတ်ဖုန်းတွေဟာလည်း အထင်ကြီးဖွယ်ရာ ၊ ရွေးချယ်ချင်စရာပြိုင်ဘက်တွေအနေနဲ့ရှိနေကြပါတယ်။

ဒါဆို ဒီနေ့အတွက်အနေနဲ့ သီးသန့်ပြောပြချင်တဲ့ OPPO Reno 2 ကိုရော ကျွန်တော့်အမြင်ဘယ်လိုရှိလဲ ?

Design ပိုင်း
OPPO Reno 2 ကို Sunset Pink, Ocean Blue နှင့် Luminous Black စတဲ့အရောင် ၃ မျိုးနဲ့ဝယ်ယူရရှိနိုင်မှာပါ။


[Unicode] ဖုန်းရဲ့အရောင် ၃ မျိုးစလုံးဟာ သူ့ဟာနဲ့သူဆန်းသစ်လှပမှုအပြည့်ရှိပြီးသားပါ။ ဖုန်းရဲ့အနောက်ဘက်ကို အပွန်းအစင်းဖြစ်မှုဒဏ်ခံနိုင်တဲ့ Corning Gorilla Glass 5 နဲ့ကာကွယ်ဖုံးအုပ်ပေးထားပြီး ဖုန်းနောက်ဘက်ခြမ်းက Glass Panel နဲ့ဆိုတော့ ပြောင်ပြောင်လက်လက်အနေအထားကိုမှ သူ့ရဲ့လှပတဲ့ဒီဇိုင်းကြောင့် အလွယ်တကူအာရုံစူးစိုက်မိစေပါတယ်။ ဈေးနှုန်းမြင့်ပြီး Built-quality ကောင်းမွန်တဲ့စမတ်ဖုန်းတစ်လုံးရဲ့အနေအထား ၊ Premium ဆန်တဲ့အနေအထားအပြည့်ရှိတယ်လို့ ခံစားရပါတယ်။


[Unicode] Reno 2 ရဲ့နောက်ကျောဘက်ခြမ်းမှာ ကင်မရာ ၄ လုံးပါဝင်ပြီး ယင်း ကင်မရာ ၄ လုံးကို ဖုန်းရဲ့အလယ်တည့်တည့်မှာ ဒေါင်လိုက် အတန်းလိုက်အနေအထားနဲ့ ဒီဇိုင်းချထည့်သွင်းပေးထားတာပါ။ ကင်မရာ ၄ လုံးရဲ့အောက်ဘက်ခြမ်းမှာတော့ ဖုန်းကိုယ်ထည်အပြင်ဘက်ကိုအနည်းငယ်လေး ဖုထွက်ထားတဲ့ O-Dot လေးတစ်ခုပါဝင်ပါတယ်။ ဒီ O-Dot ကိုတော့ ဖုန်းကိုစားပွဲပေါ်ချထားတဲ့အခါ နောက်ကျောဘက်ခြမ်းကကင်မရာတွေနဲ့ စားပွဲကြမ်းပြင်တိုက်ရိုက်ထိတွေ့မှုမဖြစ်အောင် ၊ ကင်မရာနေရာတွေအပွန်းအစင်းမဖြစ်အောင် သေချာဒီဇိုင်းလုပ်ထည့်သွင်းထားတာလို့သိရပါတယ်။


[Unicode] ရှေ့ဘက်ခြမ်းမှာကျတော့ Notch လုံးဝမပါတဲ့ Full-Screen Display ကိုအသုံးပြုထားတာပါ။


[Unicode] ရှေ့ဘက် Display Panel ကိုတော့ Gorilla Glass 6 မှန်အမျိုးအစားနဲ့ဖုံးအုပ်ထားပါတယ်။



[Unicode]Full-Screen အနေအထားရရှိဖို့ ဖုန်းရဲ့ထိပ်မှာ Selfie Camera နေရာကိုဖျောက်ထားပြီး ဖုန်းရဲ့ထိပ်ကိုယ်ထည်အတွင်းထဲမှာ ငါးမန်းတောင် Pop-up Selfie Camera အနေအထားနဲ့ထည့်သွင်းပေးထားပါတယ်။

ဖုန်း၏ဘယ်ဘက်တွင် volume up/down ခလုတ်သာပါဝင်ပြီး ညာဘက်ခြမ်းမှာတော့ power ခလုတ်နှင့် SIM Slot တို့ပါဝင်ပါတယ်။ ဒီဇိုင်းပိုင်းအရနှစ်သက်မိတာလေးတစ်ခုက ဖုန်းရဲ့ဘေးဘောင် ၂ ဖက်က Button အားလုံးသည် လက်ချောင်းအလွယ်တကူရောက်ရှိနိုင်တဲ့နေရာ ၊ ဖုန်းရဲ့ဘောင် အလယ်နေရာနားလောက်မှာပဲထည့်သွင်းပေးထားတာကိုပါ။


[Unicode]Speaker grille, USB Type-C Port, ၃.၅ မီလီမီတာနားကြပ်ပေါက်နှင့် Mic Port တွေကို ဖုန်းရဲ့အောက်ခြေမှာထည့်သွင်းပေးထားပါတယ်။ Reno 2 မှာ Headphone jack ဆက်လက်ထည့်သွင်းပေးထားတဲ့အချက်ကိုလည်းသဘောကျပါတယ်။


[Unicode]Design ပိုင်းအရခြုံငုံသုံးသပ်ရရင် OPPO Reno 2 က သူ့အရင် ပထမမျိုးဆက် Reno ထက်သိသာတဲ့ ဒီဇိုင်းပုံစံပြောင်းလဲမှုမရှိပါ။ ငါးမန်းတောင် Selfie Camera ဒီဇိုင်းကတော့ ယခင်ရော ၊ ယခု Reno 2 မှာပါအသုံးပြုထားတာမို့ ကျန်တဲ့ဖုန်းဒီဇိုင်းကိုယ်ထည်ပုံစံအနေအထားအပြောင်းအလဲလုပ်ရင်တောင်မှ ဒီ Shark-fin Pop up selfie ဒီဇိုင်းကိုတော့ Reno စီးရီးစမတ်ဖုန်းတွေရဲ့ အဓိကအမှတ်အသားအဖြစ် နောက်ထုတ်မယ့် Reno မျိုးဆက်သစ်တွေမှာလည်းဆက်လက်အသုံးပြုသွားမယ်လို့ထင်ပါတယ်။


[Unicode]

Oppo Reno 2 ကင်မရာစနစ် – gimmick မဟုတ်ပါ
အစပိုင်းမှာတော့ Reno 2 ရဲ့ကင်မရာစနစ်က gimmick ဖြစ်တယ်လို့ထင်ခဲ့မိတယ်။ ဘာလို့လဲဆိုတော့ အခုနောက်ပိုင်း စမတ်ဖုန်းတော်တော်များများက quad ကင်မရာစနစ်တွေကိုအပြိုင်အဆိုင်လုပ်လာကြပြီး မဖြစ်နိုင်ဖွယ်ရာ zoom level တွေထိဆွဲလို့ရနိုင်ကြောင်းပြောလာတာတွေကြောင့်ပါ။ ဒါပေမယ့် Reno 2 ကတော့ ကွဲပြားခြားနားပါတယ်။

အရင်ဆုံး ဒီဖုန်းမှာပါတဲ့ Camera spec တွေကိုအရင်ပြောပြချင်ပါတယ်။

နောက်ကင်မရာ setup:

(OIS + EIS ပါဝင်ပြီး Sony IMX 586 Sensor အသုံးပြုထားသော 48MP Wide Camera
13 MP Tele
8 MP Ultra-wide
2MP Mono စတဲ့ ကင်မရာ ၄ လုံးတပ်ဆင်ပေးထားသည်)
နောက်ဘက်ခြမ်း Camera စနစ်တွင်ထူးခြားချက်များအနေနဲ့ Ultra Dark Mode နှင့် Ultra Steady Video feature ကိုလည်းထည့်သွင်းပေးထားပါတယ်။

ရှေ့ကင်မရာတည်ဆောက်ပုံ –

ငါးမန်းတောင် Style 16MP pop-up selfie ကင်မရာ
AI Beauty Mode


[Unicode]တကယ်ကောင်းမွန်တဲ့ Camera spec list တစ်ခုဖြစ်ပြီး ဒီဖုန်းနဲ့ရိုက်ကူးကြည့်ထားတဲ့ဓာတ်ပုံများမှာလည်းအထင်ကြီးစရာကောင်းတဲ့ရလဒ်အနေအထားကိုရရှိပါတယ်။ အောက်ကပုံနမူနာတွေကိုကြည့်ပါ။


[Unicode]အထူးသဖြင့် ဖုန်းရဲ့နောက်ဘက်ခြမ်း Primary ကင်မရာနဲ့ရိုက်ကူးထားတဲ့ ပုံတွေဟာ တော်တော်လေး Sharp ဖြစ်ပြီး Color အနေအထားတွေလည်းကောင်းပါတယ် ။


[Unicode] Reno 2 မှာပါတဲ့ Night Mode ဟာတော်တော်ကောင်းပါတယ်။ Google Pixel စီးရီးဖုန်းတွေရဲ့ Night Mode ကိုတောင်မှကောင်းကောင်းကြီးယှဉ်နိုင်တဲ့အနေအထားမှာရှိပါတယ်။ အောက်မှာပြထားတဲ့ပုံက ပတ်ဝန်းကျင်အနည်းငယ်မှောင်နေတဲ့အနေအထားမှာရိုက်ကူးထားတဲ့ပုံပါ။


[Unicode] အမှောင်ထဲမှာရိုက်ကူးထားပေမယ့် ပုံထဲမှာပါတဲ့အရာဝတ္တုတိုင်းကို detail ကျကျမြင်ရပြီး Sharp ဖြစ်တဲ့ပုံအနေအထားနဲ့ရိုက်ကူးပေးနိုင်တာတွေ့ရပါတယ်။ Pixel 3A နဲ့ Reno 2 ကို ယှဉ်ပြောနေပေမယ့်လည်း အရင်နှစ်ကထွက်ရှိထားတဲ့ Google Pixel 3A ရဲ့ Night mode က ဒီနှစ်ကုန်မှာထွက်ရှိထားတဲ့ Reno2 ရဲ့ Night Mode ထက်တော့ Shadow နဲ့ Lighting Structure တွေမှာ ပိုပြီးတော့ အသေးစိတ်ရိုက်ကူးနိုင်နေဆဲဖြစ်ပါတယ်။ Pixel 3A သည်ညဘက်ရိုက်ချက်များအတွက်ဆရာတစ်ဆူဖြစ်နေဆဲလို့ဆိုရမှာပါ။


[Unicode] အခုစမ်းသပ်ချက်များထဲမှာတော့ Reno 2 ရဲ့ Ultra wide နဲ့ Tele Lens တွေနဲ့သိပ်မရိုက်ဖြစ်ခဲ့ပါဘူး ။ 48 MP Sensor နဲ့ရိုက်တာလောက်ရုပ်ထွက်မကောင်းတာကြောင့်လည်းပါတယ်။ 13MP Tele (သို့) 8MP Ultra Wide နဲ့ရိုက်တဲ့ ပုံတွေက soft ဖြစ်တဲ့ဘက်ကိုအရမ်းရောက်နေပြီး Noise အနည်းငယ်ထချင်တာတွေ့ရပါတယ်။ ဒါ့အပြင် 5x hybrid zoom ဟာ optical zoom မဟုတ်တဲ့အတွက် အလင်းရောင်အားနည်းတဲ့အချိန်မှာ Zoom ဆွဲရိုက်ကူးကြည့်တဲ့အခါ ပုံထွက်ရလဒ်က Sharp မဖြစ်သလို Zoom ဆွဲရိုက်ကူးထားတဲ့ပုံတွေကို ပုံထွက်မကောင်း/ကောင်းအောင် Software ပိုင်းနဲ့ပြင်ဆင်ထားမှုတွေက အနည်းငယ်ပိုသိသာနေတယ်လို့ခံစားရပါတယ်။


[Unicode] Selfies Camera နဲ့ရိုက်ကြည့်တဲ့ ပုံတွေကတော့ တော်တော်လေးကိုကြည်လင်ပြတ်သားမှုရှိပါတယ်။ နောက်ဘက်ခြမ်း 48MP Camera Sensor လောက်ကိုပုံထွက်ကောင်းမွန်ပြီး Sharp ဖြစ်တာကိုတွေ့ရပါတယ်။



[Unicode]ဓါတ်ပုံရိုက်ကူးမှုပိုင်းအတွက်အားရတယ် ၊ ဗီဒီယိုပိုင်းတော့မကြိုက်

Reno 2 မှာ Ultra Steady Video feature ပါတယ်ဆိုပေမယ့် စမ်းသပ်ရိုက်ကူးကြည့်ထားသလောက်အနေအထားအရတော့ Software ပိုင်းနဲ့ရုပ်ထွက်ငြိမ်အောင်လုပ်ပေးထားတယ်ဆိုတာကို သိသိသာသာမြင်တွေ့နေရပြီး ရိုက်ကူးလို့ရလာတဲ့ ဗီဒီယိုအနေအထားကလည်း ရုပ်ထွက်အရမ်းမငြိမ်သလို ၊ ညွှန်းထားတဲ့အတိုင်း ကောင်းလှတယ်လို့တော့သိပ်မခံစားရပါဘူး။ အခုနောက်ပိုင်းထွက် တန်ဖိုးသင့်စမတ်ဖုန်းတွေမှာပါလာတဲ့ Steady Video feature အနေအထားလောက်ပါပဲ။ OPPO Reno 2 နဲ့ရိုက်ကူးကြည့်ထားတဲ့ ဗီဒီယိုအနေအထားဟာ သူတို့ညွှန်းထားသလောက် ထူးထူးခြားခြားဖြစ်မနေပါဘူး ။


[Unicode] OPPO Reno 2 နဲ့စမ်းသပ်ရိုက်ကူးထားတဲ့ အောက်က ဗီဒီယိုနမူနာကိုကြည့်ပါ။


[Unicode] လမ်းလျှောက်ရင်းနဲ့ရိုက်ထားတဲ့ ဗီဒီယိုတစ်ခုပါပဲ ။ ဗီဒီယိုသည်ယေဘုယျအားဖြင့်တည်ငြိမ်သော်လည်း ဖုန်း Screen ထက်ကြီးတဲ့ Screen ပေါ်မှာ ကြည့် ကြည့်မယ်ဆိုရင်တော့ ရုပ်ထွက်အနည်းငယ် Smooth မဖြစ်တာလေးတွေကိုတွေ့မြင်ရပါတယ်။ Reno 2 မှာ ဗီဒီယိုကို 4K Resolution ကိုမှ 30fps အနေအထားနဲ့လည်းရိုက်ကူးနိုင်ပါတယ်။ ဒါပေမယ့် 1080p အနေအထားနဲ့ဗီဒီယိုရိုက်ကူးတဲ့အချိန်မှာ video stabilization ပိုကောင်းပါတယ်။


[Unicode] ဒါကတော့ 5x hybrid zoom ကိုသုံးပြီးဗီဒီယိုရိုက်ကူးတာပါ။ အလင်းရောင်အားကောင်းတဲ့ ပတ်ဝန်းကျင်အနေအထားမှာ 5x hybrid Zoom ဆွဲပြီး ဗီဒီယိုရိုက်ကူးကြည့်တာမှာတော့ Sharp ဖြစ်ပြီးကောင်းမွန်တဲ့ရုပ်ထွက်အနေအထားရတာကိုတွေ့မြင်ရမှာပါ။





[Unicode]

စွမ်းဆောင်ရည်နှင့် features
ကင်မရာပိုင်းလေ့လာပြီးပြီဆိုတော့ Display နဲ့ Performance ပိုင်းကိုဆက်လေ့လာကြည့်ရအောင် ။ OPPO Reno 2 မှာ 6.5 လက်မအရွယ် AMOLED Display ကိုသုံးထားတာပါ။ Screen Resolution အနေနဲ့ 1080 x 2400 pixels ရှိပြီး ရုပ်ထွက်ကောင်းမွန်တောက်ပမှုရှိတဲ့ Display လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် သူနဲ့ဈေးတန်းတူစမတ်ဖုန်းဖြစ်တဲ့ ASUS ROG Phone 2 ရဲ့ 120-Hz, 10-bit HDR AMOLED panel နဲ့သွားနှိုင်းယှဉ်လို့တော့မရပါဘူး။

Reno 2 မှာအသုံးပြုထားတဲ့ စပီကာတွေကကျယ်လောင်ကောင်းမွန်မှုရှိပါတယ်။ ဒါပေမယ့် Stereo Speaker စနစ်တော့မဟုတ်ပါဘူး ။ ဖုန်းကို Landscape အနေအထားနဲ့ Game ဆော့နေစဉ် ၊ ဗီဒီယိုကြည့်နေစဉ် ဖုန်းရဲ့အောက်ဘက်ခြမ်း စပီကာနေရာတွေကို လက်နဲ့ကာမိနေတယ်ဆိုရင်တော့ လက်နဲ့အုပ်မိပြီးအသံကတိုးသွားတာမို့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဈေးနှုန်း ၈ သိန်းဝန်းကျင်နဲ့ရောင်းနေတဲ့ OPPO Reno 2 လို Full Screen Display နဲ့စမတ်ဖုန်းမှာ Stereo Speaker စနစ်လောက်တော့ထည့်သွင်းပေးသင့်တယ်လို့မြင်ပါတယ်။

4,000 mAh ဘက်ထရီက တစ်နေ့လုံးအသုံးခံသလို Reno 2 မှာပါတဲ့ VOOC 3.0 charging စနစ်ကလည်း အားသွင်းတော်တော့်ကိုမြန်ပါတယ်။ Battery ပိုင်းမှာတော့စိတ်ကျေနပ်မှုအပြည့်ပေးနိုင်ပါတယ်။ ဒါပေမယ့် သူနဲ့ဈေးတန်းတူ ROG Phone 2 မှာတော့ Dash Charging အမြန်အားသွင်းစနစ်နဲ့ 6,000 mAh Battery တောင်ပါဝင်နေပါသေးတယ်။

OPPO Reno 2 မှာ CPU အနေနဲ့ Snapdragon 730G ကိုအသုံးပြုထားပါတယ်။ Samsung A80 နဲ့ Xiaomi Redmi K20 စမတ်ဖုန်းတွေမှာလည်း Snapdragon 730G ကိုအသုံးပြုထားပါတယ်။ ဒီ Chipset ကဘာတွေကောင်းလဲဆိုတော့ သူ့အရင်ထွက်ထားတဲ့ Snapdragon 710 ထက် Graphic ပိုင်းမှာ 25% လောက်ပိုကောင်းလာတယ်။ ဆိုတော့ Gaming ပိုင်းမှာ Snapdraon 710 သုံးထားတဲ့ Mi 9 Lite, Xiaomi CC9 ,Realme 3 Pro တို့လိုဖုန်းတွေထက် Gaming Performance သိသိသာသာပိုကောင်းလာတယ်ပေါ့။ PUBG Mobile , Mobile Legend, Asphalt 9 စတဲ့ဂိမ်းတွေကို Graphic အမြင့်နဲ့စမ်းဆော့ကြည့်တာမှာ တော်တော်လေးအဆင်ပြေကောင်းမွန်တဲ့ Gaming experience/performance ကိုရပါတယ်။ ဒါ့အပြင် နောက်ဆုံးထွက် Wifi Standard ဖြစ်တဲ့ Wifi 6 ကိုလည်း support လုပ်တာကြောင့် Wifi 6 feature ပါတဲ့ Wifi Router တွေရဲ့ Wifi ကွန်ရက်မှာ ဒီဖုန်းနဲ့အသုံးပြုမယ်ဆိုရင် အလွန်မြန်ဆန်တဲ့ Wifi Speed နဲ့အသုံးပြုနိုင်မှာပါ။ အပြစ်ပြောစရာမတွေ့သလောက်ပါပဲ။ ဒါပေမယ့် Snapdragon 730G သည် Snapdragon 855 မဟုတ်ပါ။ မျှော်လင့်ထားသည့်အတိုင်းစွမ်းဆောင်ရည်သည်အနည်းငယ်မျှသာရှိသည်။ အကယ်၍ သင်သည် OnePlus 7 သို့မဟုတ် Redmi K20 Pro ကိုအသုံးပြုပါက Reno 2 ကိုသုံးကြည့်မယ်ဆိုရင်တော့ Performance ပိုင်းကွာဟချက်အနည်းငယ်ကိုသတိထားမိမှာပါ။ ဒါပေမယ့် ဒါဟာ Reno 2 စမတ်ဖုန်းက Performance မကောင်းဘူးလို့ဆိုလိုတာမဟုတ်ပါ။ Snapdragon 730G Chipset တွေရဲ့ feature အတိုင်းကောင်းမွန်မှုအပြည့်ရှိပါတယ်။ Reno 2 နဲ့ဈေးတန်းတူ (သို့) ဈေးအနည်းငယ်ပိုသက်သာတဲ့စမတ်ဖုန်းအချို့မှာ လက်ရှိ အကောင်းဆုံး Chipset ဖြစ်တဲ့ Snapdragon 855 အားအသုံးပြုထားခြင်းက အနည်းငယ်နှိုင်းယှဉ်စဉ်းစားစရာဖြစ်နေတာပါ။

သုံးသပ်ချက်







[Unicode] သုံးသပျခကျြ

OPPO Reno 2 ဟာ OPPO Reno ပထမမျိုးဆက်ရဲ့ဆန်းသစ်ပြီးလှပတဲ့ဒီဇိုင်းကိုယခု ဒုတိယမျိုးဆက် Reno မှာလည်းဆက်လက်အသုံးပြုထားပြီး ကင်မရာကောင်းကောင်းနှင့် chipset ကောင်းကောင်းပါဝင်တဲ့စမတ်ဖုန်းလို့ဆိုရမှာပါ။ ဈေးနှုန်းအနေနဲ့ ၇၉ ၉ ၀၀၀ နဲ့ရောင်းချပေးနေတာကြောင့် ဒီဈေးတန်းအနေအထားထဲမှာဆိုရင် Huawei P30 , K20 Pro , OnePlus 7 ကဲ့သို့သော Performance ကောင်းကောင်း ၊ ကင်မရာကောင်းကောင်းနဲ့စမတ်ဖုန်းတွေကလည်း သူနဲ့ယှဉ်ပြိုင်ရွေးချယ်စရာအဖြစ်ရှိနေပြန်ပါတယ်။

Reno 2 ရဲ့ပြိုင်ဘက်အချို့

Redmi K20 Pro ဆိုရင် ‘flagship killer’ ဆိုတဲ့နာမည်ကိုခံယူထိုက်တဲ့စမတ်ဖုန်းတစ်လုံးပါ။ မြန်မာငွေ ၅ သိန်းဝန်းကျင်စမတ်ဖုန်းတွေထဲမှာတော့ K20 Pro ဖုန်းတစ်လုံးရဲ့ Performance ပိုင်းအနေနဲ့ Powerful အဖြစ်ဆုံးဖုန်းလို့ပြောချင်ပါတယ်။ ဒါပေမယ့် Reno 2 နဲ့နှိုင်းယှဉ်ရင်တော့ ကင်မရာပိုင်းမှာအနည်းငယ်ညံ့တယ်လို့ဆိုရမှာပါ။

ဈေးနှုန်း ၇ သိန်းဝန်းကျင်ဖုန်းတွေထဲမှာတော့ OnePlus 7T သည်စွမ်းဆောင်ရည်ပိုင်းအနေနဲ့ ဈေးနှုန်းချင်းသိပ်မကွာတော့တဲ့ OPPO Reno 2 ရဲ့အထူးပြိုင်ဘက်ပါ။ OnePlus 7T ကတော့ အကြမ်းဖျဉ်းအားဖြင့် ကင်မရာကောင်းတဲ့ဖုန်းတစ်လုံးလို့ဆိုနိုင်ပါတယ်။

Asus ROG Phone 2 ကတော့ဈေးနှုန်းအနေနဲ့ 799000 ဆိုတော့ Reno 2 နဲ့ဈေးနှုန်းအတူတူပါပဲ။ ROG Phone 2 ကလည်း Performance ပိုင်းအနေနဲ့ရော Display အနေနဲ့ပါတော်တော်ကောင်းပါတယ်။ 48MP ကင်မရာလည်းပါဝင်ပါတယ်။

စမတ်ဖုန်းဝယ်မယ်ဆိုရင် ရွေးချယ်စရာအများကြီးရှိနေပါပြီ။ ဘယ်ဈေးနှုန်းအတန်းအစားထဲကနေ ဘယ်လိုအနေအထားနဲ့လိုချင်လဲ ? ကိုယ့်လိုအပ်ချက်နဲ့ထပ်တူနီးပါးလောက်ကိုက်ညီတဲ့စမတ်ဖုန်းကိုရွေးဝယ်လို့ရနိုင်တဲ့အနေအထားပါ။ ဒီနေ့ပြောပြမယ့် Oppo Reno 2 ရဲ့ဈေးနှုန်းအတန်းအစားထဲမှာဆိုရင် Redmi K20 Pro ၊ OnePlus 7T , Google Pixel 3A နဲ့ Asus ROG Phone 2 စတဲ့စမတ်ဖုန်းတွေဟာလည်း အထင်ကြီးဖွယ်ရာ ၊ ရွေးချယ်ချင်စရာပြိုင်ဘက်တွေအနေနဲ့ရှိနေကြပါတယ်။

ဒါပေမယ့် သင့်အနေနဲ့ OPPO Reno 2 ရဲ့shark-fin ဒီဇိုင်းနဲ့ Pop-up Selfie Camera ကိုနှစ်သက်တယ် ၊ Display Quality ကောင်းမွန်တဲ့ Full Screen Display ပုံစံကိုကြိုက်တယ် ၊ Camera ပိုင်းရော Performance ပိုင်းပါကောင်းမွန်တဲ့ဖုန်းတစ်လုံးကို ရွေးချယ်မယ်ဆိုရင်တော့ Reno 2 ကလည်း သင့်အတွက်အရွေးမှားမှာမဟုတ်တဲ့ ၊ ရွေးချယ်သင့်တဲ့စမတ်ဖုန်းစာရင်းထဲမှာထည့်စဉ်းစားလို့ရပါတယ် ။ OPPO စမတ်ဖုန်းတွေကိုပဲအစဉ်တစိုက်ကိုင်လာတဲ့ OPPO fan တွေအတွက်ဆိုရင်တော့ OPPO ထဲကမှ ဈေးအမြင့် ၊ မော်ဒယ်အမြင့်ထဲကနေကိုင်မယ်ဆို လုံးဝမျက်စိမှိတ်ရွေးချယ်လို့ရတဲ့ စမတ်ဖုန်းဖြစ်ကြောင်းပြောကြားရင်း….

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.