Mi Note 10 နှင့် Mi Note 10 Pro တို့ကိုကမ္ဘာ့ပထမဆုံး 108MP penta ကင်မရာဖုန်းများအဖြစ်မိတ်ဆက်

0
1572



[Unicode]Xiaomi က Mi Note 10 နှင့် Mi Note 10 Pro တို့ကိုမိတ်ဆက်ခဲ့ပါပြီ။ ဒီဖုန်းတွေက ကမ္ဘာ့ပထမဆုံး 108MP penta ကင်မရာစမတ်ဖုန်းတွေဖြစ်ပါတယ် ။ Mi Note 10 ကတော့ Mi CC9 Pro ကိုပဲ International ဈေးကွက်အတွက် နာမည်အသစ်နဲ့ re-branded လုပ်ပြီး မိတ်ဆက်လိုက်ခြင်း ဖြစ်ကာ Mi Note 10 Pro ကတော့ Mi Note 10 ကိုမှ RAM ပမာဏပိုများပေးပြီး ၊ ပိုများတဲ့ Storage နဲ့မိတ်ဆက်ပေးလိုက်ခြင်းပါပဲ။ Mi Note 10 ဆိုတာတစ်နည်းအားဖြင့်ပြောရရင် Mi CC9 Pro ရဲ့ International Edition ပေါ့။


[Unicode]Mi Note 10 ကို ဖုန်းရဲ့ရှေ့ဘက်ခြမ်း ၊ နောက်ဘက်ခြမ်း နှစ်ဖက်စလုံးတွင် 3D ဖန်သားပြင်ဖြင့်ဖုံးအုပ်ထားပြီး Gorilla Glass 5 မှန်အမျိုးအစားကိုအသုံးပြုထားပါတယ် ။ ရှေ့မျက်နှာပြင် Display မှာတော့ Waterdrop notch ပါဝင်ပြီး ဘေးဘောင် bezels တွေကလည်းတော်တော်လေးပါး ပါတယ် ။ Mi Note 10 မှာအသုံးပြုထားတဲ့ Display ကိုတော့ Xiaomi က Arc AMOLED display လို့အမည်ပေးထားပါတယ် ။ ဖုန်းရဲ့ထောင့်နေရာများကိုလုံးဝန်းပေးထားပြီး အနားသားတွေကိုအနည်းငယ်စောင်းတဲ့အနေအထားပုံစံနဲ့ပြုလုပ်ပေးထားတဲ့အတွက် ဖုန်းကိုလက်ထဲမှာကိုင်ထားရတဲ့အနေအထားကပိုပြီးသက်တောင့်သက်သာရှိလာပါလိမ့်မယ်။

Mi Note 10 ကို Aurora Green, Glacier White နှင့် Midnight Black စတဲ့ အရောင်သုံးမျိုးဖြင့်ရရှိနိုင်မှာပါ။


[Unicode]Mi Note 10 ရဲ့ Arc AMOLED မျက်နှာပြင်ဟာ Screen size အားဖြင့် ၆.၄၇ လက်မအရွယ်ဖြစ်ပြီး resolution ကတော့ FHD + ပါ။ ဒီဖုန်းမှာပါတဲ့ In-Display Fingerprint Sensor က အရင်ဖုန်းတွေမှာပါတဲ့ In-Display Fingerprint Sensor တွေထက် ၈၈% ပိုပါးလွှာပြီး လက်ဗွေကို scan ဖတ်နိုင်တဲ့ Area ကလည်းပိုကြီးပါတယ်။ Security ပိုင်းမှာ In-Display Fingerprint Sensor အပြင် Face Unlock စနစ်လည်းပါဝင်ပါသေးတယ်။



[Unicode]Mi Note 10 ရော Mi Note 10 Pro မှာပါ Processor အနေနဲ့ Snapdragon 730G ကိုအသုံးပြုပေးထားပါတယ်။ အစတုန်းက Mi Note 10 Pro မှာတော့ Snapdragon 855 သုံးထားလိမ့်မယ်လို့ယူဆခဲ့ကြပါသေးတယ်။ Mi Note 10 မှာ RAM 6GB, Storage 128gb ပါဝင်ပြီး Mi Note 10 Pro မှာတော့ RAM 8GB, Storage 256gb ပါဝင်ပါတယ်။

ဖုန်း၏ အဓိက feature တစ်ရပ်ကတော့ နောက်ဘက်ခြမ်းမှာ Camera ၅ လုံးပါဝင်ခြင်းပါပဲ။ ဒေါင်လိုက်အနေအထားနဲ့ ဒီဇိုင်းနေရာချထားပြီး အပေါ်ဆုံးကင်မရာက 5MP optical zoom၊ 10x hybrid zoom နှင့် 50x digital zoom အထိဆွဲနိုင်တဲ့ 5MP f / 2.0 Telephoto Lens ပါ ။ ဒီ sensor မှာ optical image stabilization လည်းပါဝင်ပါတယ်။ ဒုတိယမြောက်တစ်လုံးအနေနဲ့ 2MP optical zoom နှင့် Dual PD ပါ ၀ င်သည့် 12MP f / 2.0 Telephoto Lens တစ်လုံးကိုထပ်မံတပ်ဆင်ပေးထားတာပါ။ တတိယမြောက်တစ်လုံးကတော့ အဓိက main ပေါ့။ ကမ္ဘာ့ပထမဆုံး 108MP f/1.69 sensor ကိုမှ 1.6um 4-in-1 Super Pixel နှင့် optical image stabilization feature တွေနဲ့ပေါင်းစပ်ထားတာပါ။ ဒီ Lens ၃ လုံးရဲ့အောက်မှာတော့ 20MP f / 2.2 117 ° ultra-wide-angle ကင်မရာနဲ့ 2MP 1.75um macro ကင်မရာတွေပါဝင်ပါတယ်။ Flash အနေနဲ့ကတော့ ကင်မရာ ဒေါင်လိုက်အနေအထားရဲ့ဘေးမှာ dual flash နှင့် dual soft flash ဆိုပြီး ၂ ခုထည့်သွင်းပေးထားတာပါ။


[Unicode]Camera ပိုင်းမှာ Night Mode 2.0 ကိုမှ RAW multi-frame noise reduction feature ပါဝင်လာပါတယ်။အခြား feature တွေအနေနဲ့ 27MP Low-light Photo များရိုက်ကူးနိုင်ခြင်း ၊ focal length 50mm အနေအထားနဲ့ Protrait Photo တွေရိုက်ကူးနိုင်ခြင်း ၊ macro ဓာတ်ပုံများကိုလည်းရိုက်ကူးနိုင်ခြင်းစတဲ့ feature တွေလည်းပါဝင်ပါတယ်။ ဒါ့အပြင် Presets ၇ မျိုးပါဝင်တဲ့ Vlog Mode, 960fps Slow-motion video ရိုက်ကူးမှုနဲ့ 4K ultrawide angle ဗီဒီယိုများကိုလည်းရိုက်ကူးနိုင်ဦးမှာပါ။ Camera ပိုင်းအနေနဲ့ တော်တော်ကြီးကို ကောင်းမွန်အောင်လုပ်ဆောင်ပေးထားတာတွေ့ရပါတယ်။


[Unicode]Mi Note 10 မှာ Selfie Camera အနေနဲ့ 32MP Selfie Camera ပါဝင်ပြီး Selfie ရိုက်ကူးမှုအတွက်ပိုကောင်းအောင်လုပ်ဆောင်ပေးမယ့် feature တွေအဖြစ် panorama selfie, palm shutter, AI beauty, AI scene detection စတဲ့ feature တွေလည်းပါဝင်ပါတယ်။



[Unicode]

Mi Note 10 တွင် 5260mAh ဘက်ထရီပမာဏပါဝင်ပြီး တစ်ခါအားအပြည့်သွင်းထားရင် ၂ ရက်လောက်အသုံးခံတယ်လို့ဆိုပါတယ်။ 30W အမြန်အားသွင်းစနစ်လည်းပါဝင်ပြီး ၆၅ မိနစ်အတွင်း ဝ% မှ ၁၀၀% အထိ အားအပြည့်သွင်းပေးနိုင်ပါတယ်။
Mi Note 10/10 Pro မှာတော့ Operating System အနေနဲ့ MIUI 11 ကိုအသုံးပြုထားပါတယ်။

Mi Note 10 ကိုတော့ မြန်မာငွေ ၉ သိန်းဝန်းကျင် ၊ Mi Note 10 Pro ကိုတော့ မြန်မာငွေ ၁၁ သိန်းဝန်းကျင်နဲ့ရောင်းချသွားမှာဖြစ်ပြီး ပြည်တွင်းဈေးကွက်ကိုတော့ နိုဝင်ဘာလအတွင်းစတင်ဝင်ရောက်လာဖွယ်ရှိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.