[Unicode]
Instagram CEO, Adam Mosseri ကတော့ မနေ့ကညနေခင်းမှာ သတင်းတစ်ခုကို မျှဝေပေးခဲ့ပါတယ်။ သူတို့ဟာ ယူအက်စ်မှာရှိတဲ့သုံးစွဲသူအချို့ကို like အရေအတွက်တွေ ဖျောက်ပြီးစမ်းသပ်သွားမှာဖြစ်ပါတယ်။ ဒီစမ်းသပ်မှုကို နောက်တစ်ပတ်မှာ စတင်မှာပါ။ ဒီစမ်းသပ်မှုဟာ ကနေဒါ၊ အီတလီ၊ ဩစတေးလျနဲ့ ဘရာဇီးတို့မှာ စမ်းသပ်ပြီးနောက် ရောက်ရှိလာတာဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းမှာ Instagram ထဲက like အရေအတွက်ကိုဖယ်ရှားတဲ့စမ်းသပ်မှုစတင်ခဲ့ပြီး မျှဝေထားတဲ့ ဓါတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို အလေးထားဖို့၊ like အရေအတွက်ကို အလေးမထားဖို့ လုပ်ဆောင်ခဲ့တာပါ။
Wired25 နဲ့ အင်တာဗျူးမှာလည်း နောက်တစ်ပတ်ဆိုရင် ယူအက်စ်ကို စမ်းသပ်တော့မှာဖြစ်တယ်လို့ ထည့်သွင်းပြောကြားသွားပါတယ်။ ဒီပြောင်းလဲမှုဟာ လူငယ်တွေကိုဦးတည်ထားတယ်လို့လည်း ပြောခဲ့ပါသေးတယ်။
ဟုတ်ပါတယ်။ လူငယ်တွေအတွက်ပါပဲ။ Instagram ကို ပြိုင်ပွဲတစ်ခုအနေနဲ့သုံးနေကြခြင်းထက် သူတို့ချစ်မြတ်နိုးရသူတွေနဲ့ ချိတ်ဆက်ဖို့၊ သူတို့ကိုအားကျစေတဲ့အရာတွေ မြင်တွေ့နိုင်ဖို့အတွက် သုံးစေချင်တာပါ။ ဒါကလည်း လူငယ်တွေအတွက် အလွန်အရေးကြီးနေပါတယ်။
နောက်တစ်ပတ် ယူအက်စ်ကိုစမ်းသပ်တဲ့အခါမှာ သုံးစွဲသူအကန့်အသတ်နဲ့သာ ပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် စမ်းသပ်မှုမှာမပါဝင်သေးတဲ့သုံးစွဲသူတွေကတော့ အရင်အတိုင်း like အရေအတွက်တွေကို တွေ့မြင်နေရဦးမှာပါ။ စမ်းသပ်မှုထဲကိုပါဝင်နေတဲ့သူတွေကတော့ တင်ထားတဲ့ပုံလေးရဲ့အပေါ်မှာ သူတို့ပါဝင်နေကြောင်း notification တစ်ခု တွေ့မြင်ရမှာဖြစ်ပါတယ်။
ယူအက်စ်ဟာ ဒီလိုစမ်းသပ်မှုထဲကို ရှစ်နိုင်ငံမြောက်အနေနဲ့ ပါဝင်လာတာဖြစ်ပါတယ်။ စတင်စမ်းသပ်ခဲ့တဲ့နိုင်ငံတွေကတော့ ကနေဒါ၊ အိုင်ယာလန်၊ အီတလီ၊ ဂျပန်၊ ဘရာဇီး၊ ဩစတေးလျ၊ နယူးဇီလန်တို့ ဖြစ်ပါတယ်။
[Zawgyi]
Instagram CEO, Adam Mosseri ကေတာ့ မေန႔ကညေနခင္းမွာ သတင္းတစ္ခုကို မွ်ေဝေပးခဲ့ပါတယ္။ သူတို႔ဟာ ယူအက္စ္မွာရွိတဲ့သုံးစြဲသူအခ်ိဳ႕ကို like အေရအတြက္ေတြ ေဖ်ာက္ၿပီးစမ္းသပ္သြားမွာျဖစ္ပါတယ္။ ဒီစမ္းသပ္မႈကို ေနာက္တစ္ပတ္မွာ စတင္မွာပါ။ ဒီစမ္းသပ္မႈဟာ ကေနဒါ၊ အီတလီ၊ ဩစေတးလ်နဲ႔ ဘရာဇီးတို႔မွာ စမ္းသပ္ၿပီးေနာက္ ေရာက္ရွိလာတာျဖစ္ပါတယ္။
ဒီႏွစ္အေစာပိုင္းမွာ Instagram ထဲက like အေရအတြက္ကိုဖယ္ရွားတဲ့စမ္းသပ္မႈစတင္ခဲ့ၿပီး မွ်ေဝထားတဲ့ ဓါတ္ပုံေတြနဲ႔ ဗြီဒီယိုေတြကို အေလးထားဖို႔၊ like အေရအတြက္ကို အေလးမထားဖို႔ လုပ္ေဆာင္ခဲ့တာပါ။
Wired25 နဲ႔ အင္တာဗ်ဴးမွာလည္း ေနာက္တစ္ပတ္ဆိုရင္ ယူအက္စ္ကို စမ္းသပ္ေတာ့မွာျဖစ္တယ္လို႔ ထည့္သြင္းေျပာၾကားသြားပါတယ္။ ဒီေျပာင္းလဲမႈဟာ လူငယ္ေတြကိုဦးတည္ထားတယ္လို႔လည္း ေျပာခဲ့ပါေသးတယ္။
ဟုတ္ပါတယ္။ လူငယ္ေတြအတြက္ပါပဲ။ Instagram ကို ၿပိဳင္ပြဲတစ္ခုအေနနဲ႔သုံးေနၾကျခင္းထက္ သူတို႔ခ်စ္ျမတ္ႏိုးရသူေတြနဲ႔ ခ်ိတ္ဆက္ဖို႔၊ သူတို႔ကိုအားက်ေစတဲ့အရာေတြ ျမင္ေတြ႕ႏိုင္ဖို႔အတြက္ သုံးေစခ်င္တာပါ။ ဒါကလည္း လူငယ္ေတြအတြက္ အလြန္အေရးႀကီးေနပါတယ္။
ေနာက္တစ္ပတ္ ယူအက္စ္ကိုစမ္းသပ္တဲ့အခါမွာ သုံးစြဲသူအကန႔္အသတ္နဲ႔သာ ပါဝင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ စမ္းသပ္မႈမွာမပါဝင္ေသးတဲ့သုံးစြဲသူေတြကေတာ့ အရင္အတိုင္း like အေရအတြက္ေတြကို ေတြ႕ျမင္ေနရဦးမွာပါ။ စမ္းသပ္မႈထဲကိုပါဝင္ေနတဲ့သူေတြကေတာ့ တင္ထားတဲ့ပုံေလးရဲ႕အေပၚမွာ သူတို႔ပါဝင္ေနေၾကာင္း notification တစ္ခု ေတြ႕ျမင္ရမွာျဖစ္ပါတယ္။
ယူအက္စ္ဟာ ဒီလိုစမ္းသပ္မႈထဲကို ရွစ္ႏိုင္ငံေျမာက္အေနနဲ႔ ပါဝင္လာတာျဖစ္ပါတယ္။ စတင္စမ္းသပ္ခဲ့တဲ့ႏိုင္ငံေတြကေတာ့ ကေနဒါ၊ အိုင္ယာလန္၊ အီတလီ၊ ဂ်ပန္၊ ဘရာဇီး၊ ဩစေတးလ်၊ နယူးဇီလန္တို႔ ျဖစ္ပါတယ္။
Ref : 9to5mac