James Corden ရဲ့ ‘Late Late Show’ မှာ အမှားအယွင်းဖြစ်ခဲ့တဲ့ Apple Watch ရဲ့ fall detection စနစ်

0
321

[Unicode]

Apple Watch သုံးစွဲသူတွေဆီကနေ သူတို့အသက်ကို ဘယ်လိုမျိုးကယ်တင်ပေးခဲ့တယ်ဆိုတဲ့သတင်းတွေလည်း ကြားရသလောက်ကို တင်ဆက်ပေးခဲ့ဖူးပါတယ်။ ဒီတစ်ခေါက်မှာတော့ အသက်ကယ်ဖို့အတွက်ထည့်သွင်းထားတဲ့ feature လေးက ဟာသလူရွှင်တော် James Corden နဲ့ ဘယ်လိုတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ကြည့်လိုက်ရအောင်။
James Corden ပါဝင်ခဲ့တဲ့ The Late Late Show ရဲ့ အပိုင်းတစ်ခုမှာ ပရိသတ်တစ်ယောက်ရဲ့ Apple Watch ဟာ fall detection အလိုအလျောက်သိသွားပြီးတော့ အရေးပေါ်ဆားဗစ်ကို လှမ်းခေါ်ခဲ့ပါတယ်။
Apple Watch Series 4 နဲ့ Series 5 နှစ်ခုလုံးမှာ အသက် ၆၅နှစ်နဲ့အထက် သုံးစွဲသူတွေအတွက် fall detection အလိုအလျောက်ထောက်ပံ့ထားပါတယ်။ fall detection ဟာ လူငယ်သုံးစွဲသူတွေမှာတော့ ဘတ်စကတ်ဘောကစားတာမျိုး၊ အခြားသောအားကစားတွေလုပ်ဆောင်နိုင်တာမို့ ပိတ်ထားပေးလေ့ရှိပါတယ်။
James Corden တင်ဆက်နေစဉ်မှာ Fall detection ရဲ့ အူကြောင်ကြောင်ဖြစ်ရပ်ပေါ်လာခဲ့ပေမယ့်လည်း ဘယ်သူကမှ ထိခိုက်ဒဏ်ရာမရခဲ့ကြပါဘူး။ မှားပြီးတော့ ဖြစ်ခဲ့တာပါ။ အားလုံးကနည်းနည်းတော့ အံ့ဩသွားကြပါတယ်။
ဒီဖြစ်ရပ်ဟာ လူကြိုက်များတဲ့ animated ဇာတ်ကောင် Shrek အကြောင်းကို မှန်ကန်စွာဖြေဆိုပြီးနောက်မှာ ဖြစ်ခဲ့တာပါ။
fall detection alert ရဲ့ siren tone ဟာ ပွဲကျင်းပနေတဲ့ နောက်ခံတွေကြားကမှာ တိုးတိုးလေးမြည်နေတာပါ။ ဒါပေမယ့် Corden က အနည်းငယ်တိတ်ဆိတ်သွားတဲ့အချိန်မှာ siren tone ကို သတိပြုမိခဲ့ပါတယ်။
ဒီဖြစ်ရပ်လေးကို ဗွီဒီယိုရဲ့ ၅မိနစ် ၃၉စက္ကန့်မှာ တွေ့မြင်ခံစားနိုင်ပါတယ်။
စစချင်းမှာတော့ မြန်မြန်ဆန်ဆန် ထိုင်လိုက်ခြင်းက alarm အမှားကို ဖြစ်စေတယ်လို့ထင်ရပါတယ်။ ဒါပေမယ့် ရုတ်တရက် လက်ကိုအမြန်အဆန်ပြောင်းလဲလိုက်ခြင်း၊ တီဗွီမှာပါနေရတဲ့အတွက်ကြောင့် နှလုံးခုန်သံတွေမြန်ဆန်လာခြင်းကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မိပါတယ်။

[Zawgyi]

Apple Watch သုံးစြဲသူေတြဆီကေန သူတို႔အသက္ကို ဘယ္လိုမ်ိဳးကယ္တင္ေပးခဲ့တယ္ဆိုတဲ့သတင္းေတြလည္း ၾကားရသေလာက္ကို တင္ဆက္ေပးခဲ့ဖူးပါတယ္။ ဒီတစ္ေခါက္မွာေတာ့ အသက္ကယ္ဖို႔အတြက္ထည့္သြင္းထားတဲ့ feature ေလးက ဟာသလူ႐ႊင္ေတာ္ James Corden နဲ႔ ဘယ္လိုေတြျဖစ္ပ်က္ခဲ့သလဲဆိုတာ ၾကည့္လိုက္ရေအာင္။
James Corden ပါဝင္ခဲ့တဲ့ The Late Late Show ရဲ႕ အပိုင္းတစ္ခုမွာ ပရိသတ္တစ္ေယာက္ရဲ႕ Apple Watch ဟာ fall detection အလိုအေလ်ာက္သိသြားၿပီးေတာ့ အေရးေပၚဆားဗစ္ကို လွမ္းေခၚခဲ့ပါတယ္။
Apple Watch Series 4 နဲ႔ Series 5 ႏွစ္ခုလုံးမွာ အသက္ ၆၅ႏွစ္နဲ႔အထက္ သုံးစြဲသူေတြအတြက္ fall detection အလိုအေလ်ာက္ေထာက္ပံ့ထားပါတယ္။ fall detection ဟာ လူငယ္သုံးစြဲသူေတြမွာေတာ့ ဘတ္စကတ္ေဘာကစားတာမ်ိဳး၊ အျခားေသာအားကစားေတြလုပ္ေဆာင္ႏိုင္တာမို႔ ပိတ္ထားေပးေလ့ရွိပါတယ္။
James Corden တင္ဆက္ေနစဥ္မွာ Fall detection ရဲ႕ အူေၾကာင္ေၾကာင္ျဖစ္ရပ္ေပၚလာခဲ့ေပမယ့္လည္း ဘယ္သူကမွ ထိခိုက္ဒဏ္ရာမရခဲ့ၾကပါဘူး။ မွားၿပီးေတာ့ ျဖစ္ခဲ့တာပါ။ အားလုံးကနည္းနည္းေတာ့ အံ့ဩသြားၾကပါတယ္။
ဒီျဖစ္ရပ္ဟာ လူႀကိဳက္မ်ားတဲ့ animated ဇာတ္ေကာင္ Shrek အေၾကာင္းကို မွန္ကန္စြာေျဖဆိုၿပီးေနာက္မွာ ျဖစ္ခဲ့တာပါ။
fall detection alert ရဲ႕ siren tone ဟာ ပြဲက်င္းပေနတဲ့ ေနာက္ခံေတြၾကားကမွာ တိုးတိုးေလးျမည္ေနတာပါ။ ဒါေပမယ့္ Corden က အနည္းငယ္တိတ္ဆိတ္သြားတဲ့အခ်ိန္မွာ siren tone ကို သတိျပဳမိခဲ့ပါတယ္။
ဒီျဖစ္ရပ္ေလးကို ဗြီဒီယိုရဲ႕ ၅မိနစ္ ၃၉စကၠန႔္မွာ ေတြ႕ျမင္ခံစားႏိုင္ပါတယ္။
စစခ်င္းမွာေတာ့ ျမန္ျမန္ဆန္ဆန္ ထိုင္လိုက္ျခင္းက alarm အမွားကို ျဖစ္ေစတယ္လို႔ထင္ရပါတယ္။ ဒါေပမယ့္ ႐ုတ္တရက္ လက္ကိုအျမန္အဆန္ေျပာင္းလဲလိုက္ျခင္း၊ တီဗြီမွာပါေနရတဲ့အတြက္ေၾကာင့္ ႏွလုံးခုန္သံေတြျမန္ဆန္လာျခင္းေၾကာင့္လည္း ျဖစ္ႏိုင္တယ္လို႔ သုံးသပ္မိပါတယ္။

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.