iPhone, iPad, iPod touch တို့မှာ ကလေးတွေရဲ့ texts, calls, contacts တွေကို Screen Time နဲ့ ထိန်းချုပ်ခြင်း

0
234

[Unicode]

Apple က သူ့ရဲ့ Screen Time software လေးမှာ မိသားစုသုံး device တစ်ခုအနေနဲ့အသုံးပြုတဲ့အခါ လိုအပ်တဲ့ feature တွေအပြင် အခုနောက်ပိုင်း အတောင်းဆိုခံရဆုံးကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါကတော့ ကလေးငယ်တွေရဲ့ texts, phone calls, FaceTime calls, contacts တွေကို iPhone, iPad, iPod touch တွေပေါ်မှာ ထိန်းချုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ iOS 13.3 နဲ့နောက်ပိုင်းဗားရှင်းတွေမှာ ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြထားတာမို့ စိတ်ဝင်စားရင် ဆက်လက်ဖတ်ရှုပေးပါဦး။
Screen Time ကို iOS 12 လောက်မှာ iPhone, iPad, iPod touch တို့မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကလေးတွေရဲ့ texts, phone calls, FaceTime calls, contacts တွေကို အပြည့်အ၀ထိန်းချုပ်ခွင့် မရသေးပါဘူး။ အခုတော့ iOS 13.3 မှာ မိဘတွေအနေနဲ့ ဒီ feature လေးကို သံသယကင်းကင်းနဲ့ အသုံးပြုနိုင်စေဖို့အတွက် ပြင်ဆင်ထည့်သွင်းပေးလိုက်ပါပြီ။
အခုအချိန်မှာ iOS 13.3 ဟာ developer or public beta ဗားရှင်းသာ ရနိုင်ပါသေးတယ်။ စမ်းကြည့်ချင်တယ်ဆိုရင်‌တော့ Apple ရဲ့ အခမဲ့ public beta program လေးကို လေ့လာကြည့်ပါ။ ဒါပေမယ့် မကြာခင်မှာတော့ ဒီ feature လေးက အားလုံးဆီကို ရောက်ရှိလာမှာပါ။
အောက်မှာတော့ Screen Time ကို အသုံးပြုပြီး ကလေးတွေရဲ့ device ကို ဘယ်လိုထိန်းချုပ်မလဲ၊ ကန့်သတ်မှုအသစ်တွေကို ဘယ်လိုလုပ်ကြမလဲဆိုတာကို ရှင်းပြပေးထားပါတယ်။
သတိပြုရမယ့်အချက် : အောက်ကနည်းလမ်းတွေကို အသုံးပြုဖို့အတွက်ဆိုရင် ထိန်းချုပ်ခံရမယ့် device ရော၊ ထိန်းချုပ်မယ့် device ရောက iOS 13.3 နှင့်အထက် ဖြစ်နေဖို့လိုအပ်ပါတယ်။
ကလေးရဲ့ device မှာ Screen Time သုံးဖို့ ပြင်ဆင်ခြင်း

  1. Family Sharing သုံးရပါမယ်။ ကလေးအတွက် အကောင့်မရှိသေးရင် လုပ်ထားလိုက်ပါ။
  2. Family Sharing အသုံးပြုပြီးတော့ ကလေးရဲ့အကောင့်ကို “child’s account” အနေနဲ့ iPhone or iPad Settings မှာ ထည့်ထားပါ။
  3. Screen Time ကို သွားပြီးတော့ ကလေးရဲ့နာမည်ကိုရှာပြီး နှိပ်လိုက်ပါ။
  4. Screen Time ကို ဖွင့်လိုက်ပါ။
  5. Downtime, App Limits, Content & Privacy တွေ သတ်မှတ်ဖို့အတွက် လုပ်ဆောင်ပါ။
  6. ပြီးသွားရင်တော့ texts, calls, contacts တွေလာပါလိမ့်မယ်။


Communication Limits လုပ်ခြင်း

  1. Screen Time မှာ ကလေးအကောင့်ကို ရွေးထားပြီး Communication Limits ကို နှိပ်ပါ။
  2. text, call, FaceTime တွေသုံးတဲ့အခါ ဘယ်သူ့ကိုပဲ အသုံးပြုရမယ်ဆိုပြီး ကန့်သတ်လိုက်ပါ။
  3. During Allowed Screen Time နဲ့ During Downtime အတွက် စည်းမျဉ်းတွေ သတ်မှတ်လိုက်ပါ။
  4. granular control ရနိုင်ဖို့အတွက် Manage (ကလေးရဲ့) Contacts ဘေးက ခလုတ်လေးကို နှိပ်ထားပါ။
  5. Manage Contacts ဖွင့်ပြီးသွားရင်တော့ စာဖတ်သူရော၊ ကလေးပါ request ကို အတည်ပြုပေးရပါမယ်။

ဒီလိုမျိုးလေးပါ။
Contacts တွေကို ထိန်းချုပ်ချင်တယ်ဆိုရင်တော့ allowed communication အောက်ကဟာလေးကို ဖွင့်ရမှာပါ။

ဖွင့်ပြီးရင်တော့ နှစ်ယောက်လုံးက Screen Time > Requests: Manage Contacts > အောက်မှာ Approve ကို နှိပ်ပေးပါ။
ပြီးသွားရင်တော့ ညာဘက်မှာပြထားတဲ့အတိုင်း စိတ်ကြိုက် ထိန်းချုပ်နိုင်ပါပြီ။

[Zawgyi]

Apple က သူ႔ရဲ႕ Screen Time software ေလးမွာ မိသားစုသုံး device တစ္ခုအေနနဲ႔အသုံးျပဳတဲ့အခါ လိုအပ္တဲ့ feature ေတြအျပင္ အခုေနာက္ပိုင္း အေတာင္းဆိုခံရဆုံးကိုလည္း ထည့္သြင္းေပးထားပါတယ္။ ဒါကေတာ့ ကေလးငယ္ေတြရဲ႕ texts, phone calls, FaceTime calls, contacts ေတြကို iPhone, iPad, iPod touch ေတြေပၚမွာ ထိန္းခ်ဳပ္ႏိုင္ျခင္းပဲ ျဖစ္ပါတယ္။ iOS 13.3 နဲ႔ေနာက္ပိုင္းဗားရွင္းေတြမွာ ဘယ္လိုလုပ္ရမလဲဆိုတာကို ေျပာျပထားတာမို႔ စိတ္ဝင္စားရင္ ဆက္လက္ဖတ္ရႈေပးပါဦး။
Screen Time ကို iOS 12 ေလာက္မွာ iPhone, iPad, iPod touch တို႔မွာ စတင္မိတ္ဆက္ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက ကေလးေတြရဲ႕ texts, phone calls, FaceTime calls, contacts ေတြကို အျပည့္အ၀ထိန္းခ်ဳပ္ခြင့္ မရေသးပါဘူး။ အခုေတာ့ iOS 13.3 မွာ မိဘေတြအေနနဲ႔ ဒီ feature ေလးကို သံသယကင္းကင္းနဲ႔ အသုံးျပဳႏိုင္ေစဖို႔အတြက္ ျပင္ဆင္ထည့္သြင္းေပးလိုက္ပါၿပီ။
အခုအခ်ိန္မွာ iOS 13.3 ဟာ developer or public beta ဗားရွင္းသာ ရႏိုင္ပါေသးတယ္။ စမ္းၾကည့္ခ်င္တယ္ဆိုရင္‌ေတာ့ Apple ရဲ႕ အခမဲ့ public beta program ေလးကို ေလ့လာၾကည့္ပါ။ ဒါေပမယ့္ မၾကာခင္မွာေတာ့ ဒီ feature ေလးက အားလုံးဆီကို ေရာက္ရွိလာမွာပါ။
ေအာက္မွာေတာ့ Screen Time ကို အသုံးျပဳၿပီး ကေလးေတြရဲ႕ device ကို ဘယ္လိုထိန္းခ်ဳပ္မလဲ၊ ကန႔္သတ္မႈအသစ္ေတြကို ဘယ္လိုလုပ္ၾကမလဲဆိုတာကို ရွင္းျပေပးထားပါတယ္။
သတိျပဳရမယ့္အခ်က္ : ေအာက္ကနည္းလမ္းေတြကို အသုံးျပဳဖို႔အတြက္ဆိုရင္ ထိန္းခ်ဳပ္ခံရမယ့္ device ေရာ၊ ထိန္းခ်ဳပ္မယ့္ device ေရာက iOS 13.3 ႏွင့္အထက္ ျဖစ္ေနဖို႔လိုအပ္ပါတယ္။
ကေလးရဲ႕ device မွာ Screen Time သုံးဖို႔ ျပင္ဆင္ျခင္း

  1. Family Sharing သုံးရပါမယ္။ ကေလးအတြက္ အေကာင့္မရွိေသးရင္ လုပ္ထားလိုက္ပါ။
  2. Family Sharing အသုံးျပဳၿပီးေတာ့ ကေလးရဲ႕အေကာင့္ကို “child’s account” အေနနဲ႔ iPhone or iPad Settings မွာ ထည့္ထားပါ။
  3. Screen Time ကို သြားၿပီးေတာ့ ကေလးရဲ႕နာမည္ကိုရွာၿပီး ႏွိပ္လိုက္ပါ။
  4. Screen Time ကို ဖြင့္လိုက္ပါ။
  5. Downtime, App Limits, Content & Privacy ေတြ သတ္မွတ္ဖို႔အတြက္ လုပ္ေဆာင္ပါ။
  6. ၿပီးသြားရင္ေတာ့ texts, calls, contacts ေတြလာပါလိမ့္မယ္။

Communication Limits လုပ္ျခင္း

  1. Screen Time မွာ ကေလးအေကာင့္ကို ေ႐ြးထားၿပီး Communication Limits ကို ႏွိပ္ပါ။
  2. text, call, FaceTime ေတြသုံးတဲ့အခါ ဘယ္သူ႔ကိုပဲ အသုံးျပဳရမယ္ဆိုၿပီး ကန႔္သတ္လိုက္ပါ။
  3. During Allowed Screen Time နဲ႔ During Downtime အတြက္ စည္းမ်ဥ္းေတြ သတ္မွတ္လိုက္ပါ။
  4. granular control ရႏိုင္ဖို႔အတြက္ Manage (ကေလးရဲ႕) Contacts ေဘးက ခလုတ္ေလးကို ႏွိပ္ထားပါ။
  5. Manage Contacts ဖြင့္ၿပီးသြားရင္ေတာ့ စာဖတ္သူေရာ၊ ကေလးပါ request ကို အတည္ျပဳေပးရပါမယ္။


ဒီလိုမ်ိဳးေလးပါ။
Contacts ေတြကို ထိန္းခ်ဳပ္ခ်င္တယ္ဆိုရင္ေတာ့ allowed communication ေအာက္ကဟာေလးကို ဖြင့္ရမွာပါ။


ဖြင့္ၿပီးရင္ေတာ့ ႏွစ္ေယာက္လုံးက Screen Time > Requests: Manage Contacts > ေအာက္မွာ Approve ကို ႏွိပ္ေပးပါ။
ၿပီးသြားရင္ေတာ့ ညာဘက္မွာျပထားတဲ့အတိုင္း စိတ္ႀကိဳက္ ထိန္းခ်ဳပ္ႏိုင္ပါၿပီ။

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.