iPhone 11 Pro Max ဟာ Huawei Mate 30 Pro ကို မယှဉ်နိုင်

0
1144

[Unicode]

ပထမဆုံးအနေနဲ့ ဝန်ခံစရာရှိတာကတော့ DxOMark ရဲ့ သုံးသပ်မှုဟာ အကောင်းဆုံးဟန်းဆက်ကို ရွေးချယ်ပေးတဲ့ သုံးသပ်မှုမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ရမှတ်တွေကတော့ စိတ်ဝင်စားဖို့ကောင်းတာ လက်ခံရပါမယ်။ ဒီနေ့မှာတော့ iPhone 11 Pro Max DxOMark review လေးကို တွေ့မြင်ရပြီးတော့ သူ့ရဲ့ရမှတ်တွေက အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။
Apple ရဲ့ နောက်ဆုံးထွက်နဲ့ အကောင်းဆုံးသောစမတ်ဖုန်းဖြစ်တဲ့ iPhone 11 Pro Max ကတော့ သူ့ရဲ့ ကင်မရာသုံးလုံးစနစ်နဲ့အတူ ဓါတ်ဖမ်းခြင်းဆိုင်ရာမှာတော့ ၁၁၇မှတ် ရထားပါတယ်။ ဒါဟာ Samsung Galaxy Note 10 Plus ရမှတ်နဲ့အတူတူဖြစ်ပါတယ်။ ဒါပေမယ့်လည်း Android စမတ်ဖုန်းနှစ်လုံးဖြစ်တဲ့ Xiaomi Mi CC9 Premium Edition နဲ့ Huawei Mate 30 Pro တို့ထက်တော့ သိသိသာသာ နည်းပါးနေပါတယ်။ အဲဒီဖုန်းနှစ်ခုလုံးဟာ ၁၂၁မှတ်နဲ့ ဦးဆောင်ထားကြပါတယ်။
iPhone 11 Pro Max DxOMark review မှာတော့ iPhone ဟာ ဗွီဒီယိုရိုက်ကူးမှုအပိုင်းမှာ Mi CC9 နဲ့ ယှဉ်နိုင်ပြီး Mate 30 Pro ထက် အနည်းငယ်ပိုကောင်းတယ်လို့ အဆုံးသတ်ထားပါတယ်။
DxOMark ဟာ Deep Fusion လို့ခေါ်တဲ့ ဓါတ်ပုံတွေကို စွမ်းဆောင်ရည်မြင့်မားစွာပုံဖော်ပေးနေတဲ့နည်းပညာကို အဆင့်မြှင့်တင်ထားမှုအပေါ်မှာလည်း သုံးသပ်ခဲ့ပါတယ်။ iPhone ကင်မရာဘာလုပ်နိုင်သလဲဆိုတာကို နမူနာပြရမယ်ဆိုရင်တော့ ပုံသုံးခုရှိပါတယ်။ iPhone ၊ Galaxy Note 10 Plus 5G နဲ့ Mate 30 Pro တို့နဲ့ရိုက်ကူးထားတာပါ။ ဘယ်တစ်ခုက ဘာနဲ့ရိုက်ထားသလဲ မှန်းကြည့်ပါ။ မညစ်ကြေးနော်။


ဘယ်ကနေ ညာကို Mate 30 Pro, the iPhone 11 Pro Max, Galaxy Note 10 Plus 5G ဆိုပြီး အစီစဉ်လိုက်သွားထားပါတယ်။ အခြားဖုန်းတွေနဲ့ယှဉ်လိုက်ရင် iPhone ဟာ ကောင်းကင်ရဲ့နောက်ခံကို တော်တော်လေးတောက်ပထားတာကို တွေ့ရမှာပါ။
iPhone 11 Pro Max DxOMark review အပြည့်အစုံမှာတော့ iPhone ဟာ ဘယ်လိုနေရာတွေမှာပိုကောင်းတယ်ဆိုတာ များများစားစား တွေ့မြင်ရမှာပါ။ ဒါပေမယ့်လည်း ခြုံကြည့်လိုက်ရင်တော့ Mate 30 Pro လောက်မကောင်းပါဘူး။
iPhone ဟာ Huawei နဲ့ မယှဉ်နိုင်တာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ iPhone XS Max တုန်းကလည်း ၁၀၆သာ ရခဲ့ပြီး Huawei P20 Pro နဲ့ Mate 20 Pro ကတော့ ၁၀၉ နဲ့ ၁၁၂ အထိ ရခဲ့ပါတယ်။
စာဖတ်သူတွေရော လက်ရှိသုံးနေပြီလား။ သုံးနေပြီဆိုရင် ဘယ်လိုအတွေ့အကြုံလေးတွေရှိလဲဆိုတာ ဝေမျှပေးခဲ့ပါဦး။

[Zawgyi]

ပထမဆုံးအေနနဲ႔ ဝန္ခံစရာရွိတာကေတာ့ DxOMark ရဲ႕ သုံးသပ္မႈဟာ အေကာင္းဆုံးဟန္းဆက္ကို ေ႐ြးခ်ယ္ေပးတဲ့ သုံးသပ္မႈမ်ိဳးမဟုတ္ပါဘူး။ ဒါေပမယ့္ ရမွတ္ေတြကေတာ့ စိတ္ဝင္စားဖို႔ေကာင္းတာ လက္ခံရပါမယ္။ ဒီေန႔မွာေတာ့ iPhone 11 Pro Max DxOMark review ေလးကို ေတြ႕ျမင္ရၿပီးေတာ့ သူ႔ရဲ႕ရမွတ္ေတြက အေတာ္ေလးစိတ္ဝင္စားဖို႔ေကာင္းပါတယ္။
Apple ရဲ႕ ေနာက္ဆုံးထြက္နဲ႔ အေကာင္းဆုံးေသာစမတ္ဖုန္းျဖစ္တဲ့ iPhone 11 Pro Max ကေတာ့ သူ႔ရဲ႕ ကင္မရာသုံးလုံးစနစ္နဲ႔အတူ ဓါတ္ဖမ္းျခင္းဆိုင္ရာမွာေတာ့ ၁၁၇မွတ္ ရထားပါတယ္။ ဒါဟာ Samsung Galaxy Note 10 Plus ရမွတ္နဲ႔အတူတူျဖစ္ပါတယ္။ ဒါေပမယ့္လည္း Android စမတ္ဖုန္းႏွစ္လုံးျဖစ္တဲ့ Xiaomi Mi CC9 Premium Edition နဲ႔ Huawei Mate 30 Pro တို႔ထက္ေတာ့ သိသိသာသာ နည္းပါးေနပါတယ္။ အဲဒီဖုန္းႏွစ္ခုလုံးဟာ ၁၂၁မွတ္နဲ႔ ဦးေဆာင္ထားၾကပါတယ္။
iPhone 11 Pro Max DxOMark review မွာေတာ့ iPhone ဟာ ဗြီဒီယို႐ိုက္ကူးမႈအပိုင္းမွာ Mi CC9 နဲ႔ ယွဥ္ႏိုင္ၿပီး Mate 30 Pro ထက္ အနည္းငယ္ပိုေကာင္းတယ္လို႔ အဆုံးသတ္ထားပါတယ္။
DxOMark ဟာ Deep Fusion လို႔ေခၚတဲ့ ဓါတ္ပုံေတြကို စြမ္းေဆာင္ရည္ျမင့္မားစြာပုံေဖာ္ေပးေနတဲ့နည္းပညာကို အဆင့္ျမႇင့္တင္ထားမႈအေပၚမွာလည္း သုံးသပ္ခဲ့ပါတယ္။ iPhone ကင္မရာဘာလုပ္ႏိုင္သလဲဆိုတာကို နမူနာျပရမယ္ဆိုရင္ေတာ့ ပုံသုံးခုရွိပါတယ္။ iPhone ၊ Galaxy Note 10 Plus 5G နဲ႔ Mate 30 Pro တို႔နဲ႔႐ိုက္ကူးထားတာပါ။ ဘယ္တစ္ခုက ဘာနဲ႔႐ိုက္ထားသလဲ မွန္းၾကည့္ပါ။ မညစ္ေၾကးေနာ္။


ဘယ္ကေန ညာကို Mate 30 Pro, the iPhone 11 Pro Max, Galaxy Note 10 Plus 5G ဆိုၿပီး အစီစဥ္လိုက္သြားထားပါတယ္။ အျခားဖုန္းေတြနဲ႔ယွဥ္လိုက္ရင္ iPhone ဟာ ေကာင္းကင္ရဲ႕ေနာက္ခံကို ေတာ္ေတာ္ေလးေတာက္ပထားတာကို ေတြ႕ရမွာပါ။
iPhone 11 Pro Max DxOMark review အျပည့္အစုံမွာေတာ့ iPhone ဟာ ဘယ္လိုေနရာေတြမွာပိုေကာင္းတယ္ဆိုတာ မ်ားမ်ားစားစား ေတြ႕ျမင္ရမွာပါ။ ဒါေပမယ့္လည္း ၿခဳံၾကည့္လိုက္ရင္ေတာ့ Mate 30 Pro ေလာက္မေကာင္းပါဘူး။
iPhone ဟာ Huawei နဲ႔ မယွဥ္ႏိုင္တာ ပထမဆုံးအႀကိမ္မဟုတ္ေတာ့ပါဘူး။ iPhone XS Max တုန္းကလည္း ၁၀၆သာ ရခဲ့ၿပီး Huawei P20 Pro နဲ႔ Mate 20 Pro ကေတာ့ ၁၀၉ နဲ႔ ၁၁၂ အထိ ရခဲ့ပါတယ္။
စာဖတ္သူေတြေရာ လက္ရွိသုံးေနၿပီလား။ သုံးေနၿပီဆိုရင္ ဘယ္လိုအေတြ႕အႀကဳံေလးေတြရွိလဲဆိုတာ ေဝမွ်ေပးခဲ့ပါဦး။

Ref : androidauthority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.