Google ရဲ့ app တွေမပါတဲ့ Huawei စမတ်ဖုန်းတစ်လုံးကို အသုံးပြုကြည့်သောအခါ

0
2089

[Unicode]

အခုအချိန်လောက်ဆို Huawei ကြုံနေရတဲ့ပိတ်ပင်မှုတွေလည်း ကြားပြီးသိပြီးလောက်ရောပေါ့။ မေလတုန်းက ယူအက်စ်အစိုးရဟာ တရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲတစ်ခု ပြုလုပ်တဲ့အနေနဲ့ Huawei ကို အမေရိကန်လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ခွင့် ပိတ်ပင်ထားပါတယ်။ ဒါကြောင့် Huawei ဟာ Intel နဲ့ Qualcomm ရဲ့ chip တွေ ၊ Windows နဲ့ Google Mobile Services (GMS) တွေလိုမျိုး Microsoft နဲ့ Google ရဲ့ software တွေ ၊ ယူအက်စ်ရဲ့နည်းပညာတေွကို ဆုံးရှုံးခဲ့ရပါတယ်။
Huawei ရဲ့ ဖုန်းအများစုမှာက ကိုယ်ပိုင် Kirin processor အသုံးပြုထားတာဆိုတော့ Qualcomm ကိုဆုံးရှုံးရလည်း ကိစ္စကြီးတော့ မဟုတ်ပါဘူး။ Android ဟာလည်း open source ဖြစ်တဲ့အတွက် ဆက်လက်အသုံးပြုနိုင်နေပါသေးတယ်။ Huawei ဖုန်းတွေမှာ Google ရဲ့ app နဲ့ service တွေ၊ Google API သုံးထားတဲ့ third party app တွေ အသုံးပြုခွင့်မရခြင်းဟာ ဥရောပအပါအဝင် သူတို့ဟန်းဆက်တွေလူကြိုက်များတဲ့စျေးကွက်တွေမှာ အဟန့်အတားတစ်ခုဖြစ်လာခဲ့ပါတယ်။
GMS တွေမပါဘဲ ပထမဆုံးအနေနဲ့ထုတ်ခဲ့တဲ့ စမတ်ဖုန်းနှစ်လုံးကတော့ Huawei Mate 30 Pro နဲ့ Honor 9x Pro ဖြစ်ပါတယ်။ တရုတ်စျေးကွက်ရဲ့ Honor 9x Pro လေးကို လက်ခံရရှိထားတဲ့အတွက်ကြောင့် GMS မပါတဲ့စမတ်ဖုန်းတစ်လုံးကို ပထမဆုံးအသုံးပြုရတဲ့ခံစားချက်တွေ ဖြစ်ပေါ်လာပါတယ်။ ကျွန်တော့ရဲ့တွေ့ကြုံရမှုတွေ၊ Google ဝန်ဆောင်မှု‌တွေကို မှီခိုနေသူတစ်ယောက်ဟာ အသုံးပြုနေကျမဟုတ်တော့တာတွေကို သုံးရတဲ့အခါ ဖြစ်ပေါ်လာမှုတွေကို မျှဝေဖို့အတွက် ရေးသားလိုက်ခြင်းဖြစ်ပါတယ်။
စိန်ခေါ်မှု
ဒီနေရာမှာ ပြောကြားချင်တာကတော့ ဘယ် app တွေက အလုပ်ဖြစ်တယ်၊ ဘယ်ဟာတွေကတော့ မရဘူး၊ ဘယ်လိုအစားထိုးလေးတွေရှိနေတယ်ဆိုတာပါ။ ဟုတ်ပါတယ်။ GMS support ထည့်ဖို့အတွက် နည်းလမ်းတွေရှိနေတယ်လို့လည်း သိရပါတယ်။ ဒါကိုထားလိုက်ပါဦး။ ပထမဆုံးအနေနဲ့ APK တချို့ကို ဒေါင်းလုတ်ဆွဲပြီး သွင်းလို့မရတော့ပါဘူး။ နောက်တစ်ခုကတော့ GMS support မထည့်ခင်မှာ ဘယ်လိုအသုံးပြုခြင်းအားဖြင့် တောင့်ခံနိုင်မလဲဆိုတာ စမ်းဖြစ်ခဲ့ပါတယ်။
အောက်မှာပြထားတဲ့ app တွေကတော့ Honor 9x Pro မှာ ရွေးချယ်စမ်းသပ်ခဲ့တာတွေ ဖြစ်ပါတယ်။ သုံးနေစဉ်မှာ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့ရသလဲဆိုတာကိုလည်း ပြောပြထားပါတယ်။ အမျိုးအစားတစ်ခုချင်းစီတိုင်းအတွက် ကျွန်တော်ဟာ ကျွန်တော်နှစ်သက်တာကိုသာ ရွေးချယ်ပြီးသွင်းထားတာပါ။ ပြီးတော့ အသုံးပြုဖို့လိုအပ်တာဖြစ်အောင်လည်း ရွေးချယ်ထားပါတယ်။ အောက်မှာပြထားတာတွေက သုံးသင့်တယ်လို့ဆိုလိုချင်းမဟုတ်ဘဲ ကျွန်တော့အကြိုက်တွေသာ တင်ပြပေးထားတာပါ။ ကိုယ်သုံးဖူးတာရှိရင်လည်း ကွန်မန့်မှာ အကြံပြုသွားနိုင်ပါတယ်။
App store
Google Play Store ကတော့ အသုံးပြုလို့မရတာ သေချာနေတာမို့ Huawei ရဲ့ built-in AppGallery ကို ကြည့်လိုက်တဲ့အခါ ကျွန်တော်စိတ်မဝင်စားတဲ့ တရုတ် app တွေအများကြီးဆိုတော့ Amazon App Store APK ဒေါင်းဖို့ ဆုံးဖြတ်လိုက်တယ်။ အဆုံးသတ်တော့မလှခဲ့ပါဘူး။ app ကိုသွင်းလို့အဆင်ပြေပေမယ့်၊ Amazon အကောင့်ဝင်လို့ရပေမယ့်လည်း network error ဖြစ်သွားပါတယ်။ LTE ဖြစ်ဖြစ် WiFi ဖြစ်ဖြစ် Amazon ဆာဗာကိုချိတ်ဆက်ခွင့် ပိတ်ထားခံရပါတယ်။
APK Mirror သုံးပြီးတော့ app တွေပြန်ဒေါင်းရပါတယ်။ ဒါက အချိန်ကုန်တာပေါ့။ အကြံပြုချက်တစ်ခုကြောင့် Aurora Store ကို အသုံးပြုကြည့်ခဲ့ပါတယ်။ ကျေးဇူးတင်ထိုက်ပါတယ်။ တကယ်ကိုမိုက်တဲ့အကြံပါပဲ။ Aurora Store ဟာ Google ရဲ့ store ထဲမှာရှိတဲ့ app တိုင်းကို Android device တွေက anonymous access လုပ်နိုင်တဲ့ unofficial Play Store ဖြစ်နေပါတယ်။ ကျွန်တော်လည်း သုံးဖို့ထောက်ခံချင်ပါတယ်။ အဲဒီနောက်မှာ‌တော့ ဒေါင်းတယ်၊ သွင်းတယ်၊ update လုပ်တယ်။ အေးဆေးပေါ့။
Launcher
default Huawei/Honor launcher ကို မကြိုက်တဲ့သူတစ်ယောက်ဆိုတော့ Nova launcher ကို အသုံးပြုခဲ့တယ်။ ဒီမှာတော့ ဘာမှအထူးအထွေမရှိပါဘူး။ default launcher မလုပ်ခင်အထိပေါ့။ တရုတ်နိုင်ငံမှာ ရောင်းချထားတဲ့ Huawei ၊ Honor ဖုန်းတွေမှာ ပြောင်းလဲလို့မရပါဘူး။ ကလုန်းတွေပေါ်ပြီးတော့ malware တွေဝင်တတ်လို့လားတော့မသိဘူး။ လုံး၀ပိတ်ထားပါတယ်။ အတော်လေးကို စိတ်ပျက်စရာပါပဲ။
Keyboard
ကျွန်တော်က Google ရဲ့ Gboard ကို ကြိုက်တာ။ အံ့ဩစရာပဲ သွင်းပြီးဖွင့်ကြည့်တော့ အဆင်ပြေပြေပဲ။ ဒီလိုအောင်မြင်တာရှားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အများစုက feature အချို့အလုပ်လုပ်ဖို့အတွက် လင့်ချိတ်ထားတဲ့အကောင့်လိုတယ်မဟုတ်လား။
Messaging
ကျွန်တော်ကြိုက်တာက Google Messages ပါ။ ဒါပေမယ့် အလုပ်မဖြစ်တော့လည်း built-in app လေးကို အသုံးပြုဖြစ်ခဲ့တယ်။ တခြားပိုကောင်းတဲ့ app တွေလည်းရှိမှာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဖုန်းကိုစမ်းသပ်တဲ့အချိန်မှာ စာပို့တာက အရေးကြီးလို့လား။ အကြံပေးကြပါဦး။
ကျွန်တော် review လုပ်တဲ့ဖုန်းမှာ WhatsApp, WeChat, Telegram တို့ မလိုတာမို့ မစမ်းကြည့်ခဲ့ပါဘူး။ ဒါပေမယ့်လည်း Facebook Messenger ကတော့ သူငယ်ချင်းတွေနဲ့ မိသားစုတွေအသုံးပြုတာမို့ သွင်းခဲ့ပါတယ်။ ထင်တဲ့တိုင်း အသုံးပြုလို့ရပါတယ်။
Social media
Twitter, Facebook, Instagram တွေကို အသုံးပြုကြည့်တဲ့အခါ အံ့ဩစရာမရှိအောင် သုံးလို့ရပါတယ်။
Email, calendar, contacts
ဒီလိုတစုတည်း ဖော်ပြလိုက်ရခြင်းက Gmail, Google Calendar, Google Contacts တို့ကို အဆင်ပြေပြေ syncs လုပ်နိုင်တဲ့ app တစ်ခုကို တွေ့ထားလို့ပါ။ စာဖတ်သူတို့မှန်းမိလောက်မယ့် Microsoft Outlook ဖြစ်ပါတယ်။ အတော်လေး သုံးကောင်းပါတယ်။ အားမရတာကတော့ ကျွန်တော်အတော်လေးသုံးဖြစ်နေတဲ့ Gmail label မပါတာလေးတစ်ခုပါပဲ။ ဒါပေမယ့်လည်း Google ဝန်ဆောင်မှုတွေနဲ့ ကောင်းကောင်းပေါင်းစပ်နိုင်စွမ်းတွေကြောင့် ဒါဟာ အသေးအဖွဲမျှသာ ဖြစ်သွားပါတယ်။
သုံးကြည့်လိုက်တဲ့အခါ Outlook က Google ဝန်ဆောင်မှုတွေကို login ဝင်တဲ့အခါ web view ကို အသုံးပြုထားပါတယ်။ ဒါဟာ Honor ရဲ့ built-in browser ဒါမှမဟုတ် အခြားတစ်ခုခုကများ ချုပ်ထားသလား မသေချာပါဘူး။ ဒီအတွက်အဖြေကတော့ Google Chrome ကို သွင်းပြီး default browser သွင်းလိုက်ပါတယ်။
Web browser
ကျွန်တော်က Google Chrome ကို device အများစုမှာသုံးရတာ ကြိုက်လေ့ရှိသူပါ။ GMS မပါပေမယ့်လည်း အဲဒီကောင်လေးကို အဆင်ပြေပြေသုံးနိုင်တာကို ဝမ်းသာမိတယ်။ bookmarks ၊ browsing history တွေပြန်လိုချင်ရင်တော့ Google အကောင့်ချိတ်မရလို့ မရနိုင်ပါဘူး။ form နဲ့ password autocompletion ကတော့ ထောက်ပံ့ပေးထားပါသေးတယ်။
Maps
Google Maps ကတော့ အသုံးများတဲ့ navigation app ဖြစ်ပါတယ်။ ဒီနေရာမှာလည်း အသုံးပြုလို့ရနေတုန်းပါပဲ။ ကျေနပ်ဖို့ကောင်းလိုက်တာ။ Chrome လိုပဲ အကောင့်နဲ့တော့ ချိတ်ဆက်လို့ မရနိုင်ပါဘူး။ Waze တော့ မသုံးဖြစ်လို့ မစမ်းမိခဲ့ဘူး။
Cloud storage
Google Drive နဲ့ Documents, Sheets, Slides app တွေသွင်းရတာအဆင်ပြေပေမယ့်လည်း သုံးလို့မရပါဘူး။ Google Drive ကို ဝက်ဘ်ဆိုက်ကနေသာ အသုံးပြုပါလို့ ပြောနေတာပါ။ ဒါပေမယ့်လည်း အဆင်ပြေပါတယ်။ GMS မပါဘဲ အသုံးပြုနိုင်တာကတော့ Dropbox ပါ။ ဒါပေမယ့် မစမ်းခဲ့ပါဘူး။
Music
ကျွန်တော်ကြိုက်မိတာက Google Play Music ဖြစ်ပေမယ့်လည်း အလုပ်မဖြစ်ပါဘူး။ Google Drive လိုပဲ ဝက်ဘ်ကနေလှမ်းသုံးရတာပါ။ ကျွန်တော်ကတော့ အဆင်ပြေတဲ့ Spotify ကို သုံးဖြစ်ခဲ့တယ်။
Photo နဲ့ video
Google Photos ကတော့ မရပါဘူး။ ဓါတ်ပုံတွေပြင်ဆင်ဖို့အတွက် သုံးနေတာဆိုတော့ Google Chrome တို့လိုရမလား မျှော်လင့်ခဲ့မိပါသေးတယ်။ သွင်းရတာအဆင်ပြေပေမယ့်လည်း ဖွင့်လိုက်ရင် ပိတ်သွားပါတယ်။ backup လုပ်တာထက်ပိုတဲ့လုပ်ဆောင်ချက်တွေ ပါဝင်နေတာမို့ နှမြောမိပါတယ်။ Snapseed ကတော့ အဆင်ပြေပါတယ်။
Google Play Movies ကို မသုံးဖူးတာမို့ Netflix ကိုသွင်းကြည့်တော့ အဆင်ပြေပါတယ်။ Google Play services လိုတယ်လို့ပြောနေပါတယ်။ Google app မဟုတ်ပေမယ့်လည်း သူ့ကိုမှီခိုနေတာကတော့ နည်းနည်းထူးဆန်းပါတယ်။
အခြားသော app များ
Lyft နဲ့ Uber ကို review အလုံးတွေမှာ သုံးလေ့မရှိပေမယ့်လည်း စမ်းကြည့်ဖို့ စဉ်းစားပါတယ်။ ဘာလို့လဲဆိုတော့ Google Maps APIs တွေသုံးထားပြီး Google Maps က အဆင်ပြေနေလို့ပါ။ သွင်းရတာအဆင်ပြေပေမယ့်လည်း Google Play Services မပါတော့ အလုပ်မလုပ်ပါဘူး။ တော်တော်လေး အသုံးမတည့်တာပေါ့။
လွှတ်ချလိုက်ပြီ
ဒီတစ်ခေါက်တော့ ကျွန်တော်အရှုံးပေးလိုက်ပြီ။ Google Drive ကို အစားထိုးမယ်၊ Google Photos ကို Dropbox နဲ့ သိမ်းမယ်။ Snapseed နဲ့ ပြင်မယ်။ Spotify ဆိုရင် Google Play Music ထက် လူကြိုက်များတယ်။ ဒါပေမယ့် Netflix, Lyft, Uber တို့ကတော့ အစားထိုးလို့မရဘူး။ Google Play Service ကို အသုံးပြုထားတဲ့ နေ့စဉ်သုံး app တွေတောင် မစမ်းကြည့်တော့ပါဘူး။ တောင့်ခံကြည့်ဖို့ဆုံးဖြတ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ GMS သွင်းလိုက်ရပါတော့တယ်။ ယူအက်စ်အစိုးရကလည်း မကြာခင်မှာ ဖြေလျှော့ပေးတော့မယ်ဆိုတော့ လွတ်မြောက်နိုင်မလား ကြည့်ရမှာပဲ။

[Zawgyi]

အခုအခ်ိန္ေလာက္ဆို Huawei ႀကဳံေနရတဲ့ပိတ္ပင္မႈေတြလည္း ၾကားၿပီးသိၿပီးေလာက္ေရာေပါ့။ ေမလတုန္းက ယူအက္စ္အစိုးရဟာ တ႐ုတ္နဲ႔ကုန္သြယ္ေရးစစ္ပြဲတစ္ခု ျပဳလုပ္တဲ့အေနနဲ႔ Huawei ကို အေမရိကန္လုပ္ငန္းေတြနဲ႔ စီးပြားေရးလုပ္ခြင့္ ပိတ္ပင္ထားပါတယ္။ ဒါေၾကာင့္ Huawei ဟာ Intel နဲ႔ Qualcomm ရဲ႕ chip ေတြ ၊ Windows နဲ႔ Google Mobile Services (GMS) ေတြလိုမ်ိဳး Microsoft နဲ႔ Google ရဲ႕ software ေတြ ၊ ယူအက္စ္ရဲ႕နည္းပညာေတြကို ဆုံးရႈံးခဲ့ရပါတယ္။
Huawei ရဲ႕ ဖုန္းအမ်ားစုမွာက ကိုယ္ပိုင္ Kirin processor အသုံးျပဳထားတာဆိုေတာ့ Qualcomm ကိုဆုံးရႈံးရလည္း ကိစၥႀကီးေတာ့ မဟုတ္ပါဘူး။ Android ဟာလည္း open source ျဖစ္တဲ့အတြက္ ဆက္လက္အသုံးျပဳႏိုင္ေနပါေသးတယ္။ Huawei ဖုန္းေတြမွာ Google ရဲ႕ app နဲ႔ service ေတြ၊ Google API သုံးထားတဲ့ third party app ေတြ အသုံးျပဳခြင့္မရျခင္းဟာ ဥေရာပအပါအဝင္ သူတို႔ဟန္းဆက္ေတြလူႀကိဳက္မ်ားတဲ့ေစ်းကြက္ေတြမွာ အဟန႔္အတားတစ္ခုျဖစ္လာခဲ့ပါတယ္။
GMS ေတြမပါဘဲ ပထမဆုံးအေနနဲ႔ထုတ္ခဲ့တဲ့ စမတ္ဖုန္းႏွစ္လုံးကေတာ့ Huawei Mate 30 Pro နဲ႔ Honor 9x Pro ျဖစ္ပါတယ္။ တ႐ုတ္ေစ်းကြက္ရဲ႕ Honor 9x Pro ေလးကို လက္ခံရရွိထားတဲ့အတြက္ေၾကာင့္ GMS မပါတဲ့စမတ္ဖုန္းတစ္လုံးကို ပထမဆုံးအသုံးျပဳရတဲ့ခံစားခ်က္ေတြ ျဖစ္ေပၚလာပါတယ္။ ကြၽန္ေတာ့ရဲ႕ေတြ႕ႀကဳံရမႈေတြ၊ Google ဝန္ေဆာင္မႈ‌ေတြကို မွီခိုေနသူတစ္ေယာက္ဟာ အသုံးျပဳေနက်မဟုတ္ေတာ့တာေတြကို သုံးရတဲ့အခါ ျဖစ္ေပၚလာမႈေတြကို မွ်ေဝဖို႔အတြက္ ေရးသားလိုက္ျခင္းျဖစ္ပါတယ္။
စိန္ေခၚမႈ
ဒီေနရာမွာ ေျပာၾကားခ်င္တာကေတာ့ ဘယ္ app ေတြက အလုပ္ျဖစ္တယ္၊ ဘယ္ဟာေတြကေတာ့ မရဘူး၊ ဘယ္လိုအစားထိုးေလးေတြရွိေနတယ္ဆိုတာပါ။ ဟုတ္ပါတယ္။ GMS support ထည့္ဖို႔အတြက္ နည္းလမ္းေတြရွိေနတယ္လို႔လည္း သိရပါတယ္။ ဒါကိုထားလိုက္ပါဦး။ ပထမဆုံးအေနနဲ႔ APK တခ်ိဳ႕ကို ေဒါင္းလုတ္ဆြဲၿပီး သြင္းလို႔မရေတာ့ပါဘူး။ ေနာက္တစ္ခုကေတာ့ GMS support မထည့္ခင္မွာ ဘယ္လိုအသုံးျပဳျခင္းအားျဖင့္ ေတာင့္ခံႏိုင္မလဲဆိုတာ စမ္းျဖစ္ခဲ့ပါတယ္။
ေအာက္မွာျပထားတဲ့ app ေတြကေတာ့ Honor 9x Pro မွာ ေ႐ြးခ်ယ္စမ္းသပ္ခဲ့တာေတြ ျဖစ္ပါတယ္။ သုံးေနစဥ္မွာ ဘယ္လိုစိန္ေခၚမႈေတြ ႀကဳံေတြ႕ရသလဲဆိုတာကိုလည္း ေျပာျပထားပါတယ္။ အမ်ိဳးအစားတစ္ခုခ်င္းစီတိုင္းအတြက္ ကြၽန္ေတာ္ဟာ ကြၽန္ေတာ္ႏွစ္သက္တာကိုသာ ေ႐ြးခ်ယ္ၿပီးသြင္းထားတာပါ။ ၿပီးေတာ့ အသုံးျပဳဖို႔လိုအပ္တာျဖစ္ေအာင္လည္း ေ႐ြးခ်ယ္ထားပါတယ္။ ေအာက္မွာျပထားတာေတြက သုံးသင့္တယ္လို႔ဆိုလိုခ်င္းမဟုတ္ဘဲ ကြၽန္ေတာ့အႀကိဳက္ေတြသာ တင္ျပေပးထားတာပါ။ ကိုယ္သုံးဖူးတာရွိရင္လည္း ကြန္မန႔္မွာ အႀကံျပဳသြားႏိုင္ပါတယ္။
App store
Google Play Store ကေတာ့ အသုံးျပဳလို႔မရတာ ေသခ်ာေနတာမို႔ Huawei ရဲ႕ built-in AppGallery ကို ၾကည့္လိုက္တဲ့အခါ ကြၽန္ေတာ္စိတ္မဝင္စားတဲ့ တ႐ုတ္ app ေတြအမ်ားႀကီးဆိုေတာ့ Amazon App Store APK ေဒါင္းဖို႔ ဆုံးျဖတ္လိုက္တယ္။ အဆုံးသတ္ေတာ့မလွခဲ့ပါဘူး။ app ကိုသြင္းလို႔အဆင္ေျပေပမယ့္၊ Amazon အေကာင့္ဝင္လို႔ရေပမယ့္လည္း network error ျဖစ္သြားပါတယ္။ LTE ျဖစ္ျဖစ္ WiFi ျဖစ္ျဖစ္ Amazon ဆာဗာကိုခ်ိတ္ဆက္ခြင့္ ပိတ္ထားခံရပါတယ္။
APK Mirror သုံးၿပီးေတာ့ app ေတြျပန္ေဒါင္းရပါတယ္။ ဒါက အခ်ိန္ကုန္တာေပါ့။ အႀကံျပဳခ်က္တစ္ခုေၾကာင့္ Aurora Store ကို အသုံးျပဳၾကည့္ခဲ့ပါတယ္။ ေက်းဇူးတင္ထိုက္ပါတယ္။ တကယ္ကိုမိုက္တဲ့အႀကံပါပဲ။ Aurora Store ဟာ Google ရဲ႕ store ထဲမွာရွိတဲ့ app တိုင္းကို Android device ေတြက anonymous access လုပ္ႏိုင္တဲ့ unofficial Play Store ျဖစ္ေနပါတယ္။ ကြၽန္ေတာ္လည္း သုံးဖို႔ေထာက္ခံခ်င္ပါတယ္။ အဲဒီေနာက္မွာ‌ေတာ့ ေဒါင္းတယ္၊ သြင္းတယ္၊ update လုပ္တယ္။ ေအးေဆးေပါ့။
Launcher
default Huawei/Honor launcher ကို မႀကိဳက္တဲ့သူတစ္ေယာက္ဆိုေတာ့ Nova launcher ကို အသုံးျပဳခဲ့တယ္။ ဒီမွာေတာ့ ဘာမွအထူးအေထြမရွိပါဘူး။ default launcher မလုပ္ခင္အထိေပါ့။ တ႐ုတ္ႏိုင္ငံမွာ ေရာင္းခ်ထားတဲ့ Huawei ၊ Honor ဖုန္းေတြမွာ ေျပာင္းလဲလို႔မရပါဘူး။ ကလုန္းေတြေပၚၿပီးေတာ့ malware ေတြဝင္တတ္လို႔လားေတာ့မသိဘူး။ လုံး၀ပိတ္ထားပါတယ္။ အေတာ္ေလးကို စိတ္ပ်က္စရာပါပဲ။
Keyboard
ကြၽန္ေတာ္က Google ရဲ႕ Gboard ကို ႀကိဳက္တာ။ အံ့ဩစရာပဲ သြင္းၿပီးဖြင့္ၾကည့္ေတာ့ အဆင္ေျပေျပပဲ။ ဒီလိုေအာင္ျမင္တာရွားပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အမ်ားစုက feature အခ်ိဳ႕အလုပ္လုပ္ဖို႔အတြက္ လင့္ခ်ိတ္ထားတဲ့အေကာင့္လိုတယ္မဟုတ္လား။
Messaging
ကြၽန္ေတာ္ႀကိဳက္တာက Google Messages ပါ။ ဒါေပမယ့္ အလုပ္မျဖစ္ေတာ့လည္း built-in app ေလးကို အသုံးျပဳျဖစ္ခဲ့တယ္။ တျခားပိုေကာင္းတဲ့ app ေတြလည္းရွိမွာ ကြၽန္ေတာ္သိပါတယ္။ ဒါေပမယ့္ ဖုန္းကိုစမ္းသပ္တဲ့အခ်ိန္မွာ စာပို႔တာက အေရးႀကီးလို႔လား။ အႀကံေပးၾကပါဦး။
ကြၽန္ေတာ္ review လုပ္တဲ့ဖုန္းမွာ WhatsApp, WeChat, Telegram တို႔ မလိုတာမို႔ မစမ္းၾကည့္ခဲ့ပါဘူး။ ဒါေပမယ့္လည္း Facebook Messenger ကေတာ့ သူငယ္ခ်င္းေတြနဲ႔ မိသားစုေတြအသုံးျပဳတာမို႔ သြင္းခဲ့ပါတယ္။ ထင္တဲ့တိုင္း အသုံးျပဳလို႔ရပါတယ္။
Social media
Twitter, Facebook, Instagram ေတြကို အသုံးျပဳၾကည့္တဲ့အခါ အံ့ဩစရာမရွိေအာင္ သုံးလို႔ရပါတယ္။
Email, calendar, contacts
ဒီလိုတစုတည္း ေဖာ္ျပလိုက္ရျခင္းက Gmail, Google Calendar, Google Contacts တို႔ကို အဆင္ေျပေျပ syncs လုပ္ႏိုင္တဲ့ app တစ္ခုကို ေတြ႕ထားလို႔ပါ။ စာဖတ္သူတို႔မွန္းမိေလာက္မယ့္ Microsoft Outlook ျဖစ္ပါတယ္။ အေတာ္ေလး သုံးေကာင္းပါတယ္။ အားမရတာကေတာ့ ကြၽန္ေတာ္အေတာ္ေလးသုံးျဖစ္ေနတဲ့ Gmail label မပါတာေလးတစ္ခုပါပဲ။ ဒါေပမယ့္လည္း Google ဝန္ေဆာင္မႈေတြနဲ႔ ေကာင္းေကာင္းေပါင္းစပ္ႏိုင္စြမ္းေတြေၾကာင့္ ဒါဟာ အေသးအဖြဲမွ်သာ ျဖစ္သြားပါတယ္။
သုံးၾကည့္လိုက္တဲ့အခါ Outlook က Google ဝန္ေဆာင္မႈေတြကို login ဝင္တဲ့အခါ web view ကို အသုံးျပဳထားပါတယ္။ ဒါဟာ Honor ရဲ႕ built-in browser ဒါမွမဟုတ္ အျခားတစ္ခုခုကမ်ား ခ်ဳပ္ထားသလား မေသခ်ာပါဘူး။ ဒီအတြက္အေျဖကေတာ့ Google Chrome ကို သြင္းၿပီး default browser သြင္းလိုက္ပါတယ္။
Web browser
ကြၽန္ေတာ္က Google Chrome ကို device အမ်ားစုမွာသုံးရတာ ႀကိဳက္ေလ့ရွိသူပါ။ GMS မပါေပမယ့္လည္း အဲဒီေကာင္ေလးကို အဆင္ေျပေျပသုံးႏိုင္တာကို ဝမ္းသာမိတယ္။ bookmarks ၊ browsing history ေတြျပန္လိုခ်င္ရင္ေတာ့ Google အေကာင့္ခ်ိတ္မရလို႔ မရႏိုင္ပါဘူး။ form နဲ႔ password autocompletion ကေတာ့ ေထာက္ပံ့ေပးထားပါေသးတယ္။
Maps
Google Maps ကေတာ့ အသုံးမ်ားတဲ့ navigation app ျဖစ္ပါတယ္။ ဒီေနရာမွာလည္း အသုံးျပဳလို႔ရေနတုန္းပါပဲ။ ေက်နပ္ဖို႔ေကာင္းလိုက္တာ။ Chrome လိုပဲ အေကာင့္နဲ႔ေတာ့ ခ်ိတ္ဆက္လို႔ မရႏိုင္ပါဘူး။ Waze ေတာ့ မသုံးျဖစ္လို႔ မစမ္းမိခဲ့ဘူး။
Cloud storage
Google Drive နဲ႔ Documents, Sheets, Slides app ေတြသြင္းရတာအဆင္ေျပေပမယ့္လည္း သုံးလို႔မရပါဘူး။ Google Drive ကို ဝက္ဘ္ဆိုက္ကေနသာ အသုံးျပဳပါလို႔ ေျပာေနတာပါ။ ဒါေပမယ့္လည္း အဆင္ေျပပါတယ္။ GMS မပါဘဲ အသုံးျပဳႏိုင္တာကေတာ့ Dropbox ပါ။ ဒါေပမယ့္ မစမ္းခဲ့ပါဘူး။
Music
ကြၽန္ေတာ္ႀကိဳက္မိတာက Google Play Music ျဖစ္ေပမယ့္လည္း အလုပ္မျဖစ္ပါဘူး။ Google Drive လိုပဲ ဝက္ဘ္ကေနလွမ္းသုံးရတာပါ။ ကြၽန္ေတာ္ကေတာ့ အဆင္ေျပတဲ့ Spotify ကို သုံးျဖစ္ခဲ့တယ္။
Photo နဲ႔ video
Google Photos ကေတာ့ မရပါဘူး။ ဓါတ္ပုံေတြျပင္ဆင္ဖို႔အတြက္ သုံးေနတာဆိုေတာ့ Google Chrome တို႔လိုရမလား ေမွ်ာ္လင့္ခဲ့မိပါေသးတယ္။ သြင္းရတာအဆင္ေျပေပမယ့္လည္း ဖြင့္လိုက္ရင္ ပိတ္သြားပါတယ္။ backup လုပ္တာထက္ပိုတဲ့လုပ္ေဆာင္ခ်က္ေတြ ပါဝင္ေနတာမို႔ ႏွေျမာမိပါတယ္။ Snapseed ကေတာ့ အဆင္ေျပပါတယ္။
Google Play Movies ကို မသုံးဖူးတာမို႔ Netflix ကိုသြင္းၾကည့္ေတာ့ အဆင္ေျပပါတယ္။ Google Play services လိုတယ္လို႔ေျပာေနပါတယ္။ Google app မဟုတ္ေပမယ့္လည္း သူ႔ကိုမွီခိုေနတာကေတာ့ နည္းနည္းထူးဆန္းပါတယ္။
အျခားေသာ app မ်ား
Lyft နဲ႔ Uber ကို review အလုံးေတြမွာ သုံးေလ့မရွိေပမယ့္လည္း စမ္းၾကည့္ဖို႔ စဥ္းစားပါတယ္။ ဘာလို႔လဲဆိုေတာ့ Google Maps APIs ေတြသုံးထားၿပီး Google Maps က အဆင္ေျပေနလို႔ပါ။ သြင္းရတာအဆင္ေျပေပမယ့္လည္း Google Play Services မပါေတာ့ အလုပ္မလုပ္ပါဘူး။ ေတာ္ေတာ္ေလး အသုံးမတည့္တာေပါ့။
လႊတ္ခ်လိုက္ၿပီ
ဒီတစ္ေခါက္ေတာ့ ကြၽန္ေတာ္အရႈံးေပးလိုက္ၿပီ။ Google Drive ကို အစားထိုးမယ္၊ Google Photos ကို Dropbox နဲ႔ သိမ္းမယ္။ Snapseed နဲ႔ ျပင္မယ္။ Spotify ဆိုရင္ Google Play Music ထက္ လူႀကိဳက္မ်ားတယ္။ ဒါေပမယ့္ Netflix, Lyft, Uber တို႔ကေတာ့ အစားထိုးလို႔မရဘူး။ Google Play Service ကို အသုံးျပဳထားတဲ့ ေန႔စဥ္သုံး app ေတြေတာင္ မစမ္းၾကည့္ေတာ့ပါဘူး။ ေတာင့္ခံၾကည့္ဖို႔ဆုံးျဖတ္ခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ GMS သြင္းလိုက္ရပါေတာ့တယ္။ ယူအက္စ္အစိုးရကလည္း မၾကာခင္မွာ ေျဖေလွ်ာ့ေပးေတာ့မယ္ဆိုေတာ့ လြတ္ေျမာက္ႏိုင္မလား ၾကည့္ရမွာပဲ။

Ref : androidpolice

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.