AirPods Pro ကို စိတ်ကြိုက်အရောင်မှာယူနိုင်တော့မယ့် ColorWare ရဲ့ ဝန်ဆောင်မှု

0
230

[Unicode]

Apple အနေနဲ့ AirPods Pro ကို မိတ်ဆက်တဲ့အခါမှာ အဖြူရောင်တစ်မျိုးတည်းထုတ်လုပ်နေတာကို ရပ်တံ့တော့မယ်လို့ သုံးစွဲသူအများစုက ယုံကြည်ခဲ့ကြပေမယ့်လည်း အနက်ရောင်ကို ထုတ်လုပ်ပေးခဲ့ခြင်း မရှိပါဘူး။ အရင်တုန်းကလိုပါပဲ။ ColorWare က AirPods Pro ကို matte ၊ glossy နဲ့ စိတ်ကြိုက်အရောင်တွေဖန်တီးပေးမှာပါ။
ColorWare က AirPods Pro အတွက် စိတ်ကြိုက်အရောင်တွေကို solid အနေနဲ့ ၁၆မျိုး၊ metallic အနေနဲ့ ၁၆မျိုး ရွေးချယ်ခွင့်ပေးထားပါတယ်။ solid ရော metallic အရောင်တွေအနေနဲ့ glossy or matte finishes ကို ရရှိနိုင်မှာပါ။
AirPod Pro ရဲ့ အရောင်ကိုရွေးချယ်နိုင်သလို wireless charging case အရောင်ကိုလည်း ရွေးချယ်နိုင်မှာပါ။ စျေးနှုန်းကတော့ စိတ်ကြိုက်အရောင်ခြယ်ခြင်းအတွက် ၁၈၉ဒေါ်လာ တောင်းဆိုထားပါတယ်။ package တစ်ခုလုံးအတွက်ဆိုရင်တော့ ၄၃၉ဒေါ်လာတောင်းထားတာပါ။ ပုံမှန် AirPods Pro ဆိုရင်တော့ ၂၄၉ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။ case အတွက် အရောင်မခြယ်ချင်ဘူးဆိုရင်တော့ ၃၈၉ဒေါ်လာပဲ ကျသင့်မှာဖြစ်ပါတယ်။
ရနိုင်တဲ့အရောင်တွေကိုတော့ ColoWare ရဲ့ ဝက်ဘ်ဆိုက်မှာသွားရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ကြာချိန်ကတော့ ၃ပတ်-၄ပတ် ဖြစ်ပါတယ်။ ဒီတော့ အားလပ်ရက်ရာသီမှာ လက်ဆောင်ပေးချင်တယ်ဆိုရင်တော့ မြန်မြန်မှာထားဖို့လိုပါတယ်။
မေးစရာရှိတာကတော့ အနက်ရောင် AirPods Pro ear tip တွေ ပထမဆုံးပေးနိုင်မယ့် third-party ဖြစ်မလား။ မစောင့်ချင်ဘူးဆိုရင်တော့လည်း AirPods Pro ကို ဒီအတိုင်းဝယ်ယူရုံပဲရှိတော့မှာပါ။

[Zawgyi]

Apple အေနနဲ႔ AirPods Pro ကို မိတ္ဆက္တဲ့အခါမွာ အျဖဴေရာင္တစ္မ်ိဳးတည္းထုတ္လုပ္ေနတာကို ရပ္တံ့ေတာ့မယ္လို႔ သုံးစြဲသူအမ်ားစုက ယုံၾကည္ခဲ့ၾကေပမယ့္လည္း အနက္ေရာင္ကို ထုတ္လုပ္ေပးခဲ့ျခင္း မရွိပါဘူး။ အရင္တုန္းကလိုပါပဲ။ ColorWare က AirPods Pro ကို matte ၊ glossy နဲ႔ စိတ္ႀကိဳက္အေရာင္ေတြဖန္တီးေပးမွာပါ။
ColorWare က AirPods Pro အတြက္ စိတ္ႀကိဳက္အေရာင္ေတြကို solid အေနနဲ႔ ၁၆မ်ိဳး၊ metallic အေနနဲ႔ ၁၆မ်ိဳး ေ႐ြးခ်ယ္ခြင့္ေပးထားပါတယ္။ solid ေရာ metallic အေရာင္ေတြအေနနဲ႔ glossy or matte finishes ကို ရရွိႏိုင္မွာပါ။
AirPod Pro ရဲ႕ အေရာင္ကိုေ႐ြးခ်ယ္ႏိုင္သလို wireless charging case အေရာင္ကိုလည္း ေ႐ြးခ်ယ္ႏိုင္မွာပါ။ ေစ်းႏႈန္းကေတာ့ စိတ္ႀကိဳက္အေရာင္ျခယ္ျခင္းအတြက္ ၁၈၉ေဒၚလာ ေတာင္းဆိုထားပါတယ္။ package တစ္ခုလုံးအတြက္ဆိုရင္ေတာ့ ၄၃၉ေဒၚလာေတာင္းထားတာပါ။ ပုံမွန္ AirPods Pro ဆိုရင္ေတာ့ ၂၄၉ေဒၚလာ က်သင့္မွာျဖစ္ပါတယ္။ case အတြက္ အေရာင္မျခယ္ခ်င္ဘူးဆိုရင္ေတာ့ ၃၈၉ေဒၚလာပဲ က်သင့္မွာျဖစ္ပါတယ္။
ရႏိုင္တဲ့အေရာင္ေတြကိုေတာ့ ColoWare ရဲ႕ ဝက္ဘ္ဆိုက္မွာသြားေရာက္ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။ ၾကာခ်ိန္ကေတာ့ ၃ပတ္-၄ပတ္ ျဖစ္ပါတယ္။ ဒီေတာ့ အားလပ္ရက္ရာသီမွာ လက္ေဆာင္ေပးခ်င္တယ္ဆိုရင္ေတာ့ ျမန္ျမန္မွာထားဖို႔လိုပါတယ္။
ေမးစရာရွိတာကေတာ့ အနက္ေရာင္ AirPods Pro ear tip ေတြ ပထမဆုံးေပးႏိုင္မယ့္ third-party ျဖစ္မလား။ မေစာင့္ခ်င္ဘူးဆိုရင္ေတာ့လည္း AirPods Pro ကို ဒီအတိုင္းဝယ္ယူ႐ုံပဲရွိေတာ့မွာပါ။

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.