original iPhone နဲ့ iPhone 11 Pro ကို နှိုင်းယှဉ်ပြထားတဲ့ ဗွီဒီယိုဖိုင်လေး ထွက်ပေါ်လာ

0
837

[Unicode]

iPhone 11 Pro ကို Pixel 4, DSLR ကင်မရာတွေ၊ အခြားဖုန်းတွေနဲ့ နှိုင်းယှဉ်ထားတာတွေ အများကြီး ရှာလို့တွေ့နိုင်ပါတယ်။ မနေ့ကညနေတုန်းက YouTuber MKBHD တင်ခဲ့တဲ့ဗွီဒီယိုအသစ်လေးမှာတော့ ၂၀၀၇ခုနှစ်က original iPhone နဲ့ iPhone 11 Pro ကို နှိုင်းယှဉ်ပြထားပါတယ်။
ဒီဇိုင်းပိုင်းအရ ပြောင်းလဲမှုတွေက အတော်လေးကိုသိသာထင်ရှားပါတယ်။ original iPhone မှာ သေးငယ်ပေမယ့် ထူထဲတဲ့ form factor ဖြစ်ပြီး မျက်နှာပြင်အရွယ်အစားက ၃.၅လက်မဖြစ်ပါတယ်။ ဒီနှစ်တွေတစ်လျှောက်မှာ သိသိသာသာကြီးလာပြီးတော့ ၂၀၀၇နဲ့၂၀၁၉ ယှဉ်လိုက်ရင် မြင်သာပါတယ်။
ဗွီဒီယိုရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကတော့ ကင်မရာကို နှိုင်းယှဉ်ပြထားတာပဲ ဖြစ်ပါတယ်။ iPhone 11 Pro camera ကို အသေးစိတ်ကြည့်ခဲ့ပြီးပါပြီ။ ဒါပေမယ့် original iPhone နဲ့ နှိုင်းယှဉ်ပြထားချက်ကတော့ ကျွန်တော်တို့ကို ရှုထောင့်တစ်မျိုးက ခံစားရစေပါတယ်။
တချို့သောပတ်ဝန်းကျင်တွေမှာ original iPhone ဟာ ဒီနေ့ခေတ်အတွက် လေးစားစရာပုံရိပ်တွေကို ဖမ်းယူပေးနိုင်နေတုန်းပါပဲ။ မှောင်တဲ့အနေအထားတွေမှာတော့ iPhone 11 Pro ရဲ့ အားသာချက်ကို မြင်တွေ့ရမှာပါ။ original iPhone မှာက အရှေ့ဆယ်လ်ဖီကင်မရာပါဝင်ခြင်း မရှိပါဘူး။ iPhone 4 မတိုင်ခင်အထိ မပါခဲ့ပါဘူး။


iPhone ဟာ ၁၂ကျော်သက်တမ်းကို ကျော်ဖြတ်လာခဲ့ပါပြီ။ ဒီဗွီဒီယိုလေးထဲမှာ ပြောင်းလဲမှုတွေကို တွေ့မြင်နိုင်ပါတယ်။ တစ်ဖက်မှာလည်း ဗွီဒီယိုလေးက original iPhone ရဲ့ ဘယ်လိုတွေစွမ်းဆောင်ရည်ကောင်းကြောင်းကိုလည်း အမှတ်ရစေခဲ့ပါတယ်။ ဗွီဒီယိုလေးထဲမှာ MKBHD ပြောခဲ့တဲ့အတိုင်းသာဆိုရင် Apple ဟာ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပြောင်းလဲမှုတွေအတော်လေး လုပ်ဆောင်ခဲ့ပါတယ်။ နှစ်တိုင်းမှာ ဘယ်လိုမျိုး iterative လေးတွေ ထုတ်ခဲ့သလဲဆိုတာလည်း ပါဝင်နေပါတယ်။
ဗွီဒီယိုအသေးစိတ်လေးကို အောက်ဆုံးမှာ သွားရောက်ကြည့်ရှုလိုက်ပါ။ ပြီးရင်တော့ ခံစားချက်တွေ ဘယ်လိုပွင့်အန်လာသလဲဆိုတာကို ချရေးခဲ့ပါဦး။

[Zawgyi]

iPhone 11 Pro ကို Pixel 4, DSLR ကင္မရာေတြ၊ အျခားဖုန္းေတြနဲ႔ ႏႈိင္းယွဥ္ထားတာေတြ အမ်ားႀကီး ရွာလို႔ေတြ႕ႏိုင္ပါတယ္။ မေန႔ကညေနတုန္းက YouTuber MKBHD တင္ခဲ့တဲ့ဗြီဒီယိုအသစ္ေလးမွာေတာ့ ၂၀၀၇ခုႏွစ္က original iPhone နဲ႔ iPhone 11 Pro ကို ႏႈိင္းယွဥ္ျပထားပါတယ္။
ဒီဇိုင္းပိုင္းအရ ေျပာင္းလဲမႈေတြက အေတာ္ေလးကိုသိသာထင္ရွားပါတယ္။ original iPhone မွာ ေသးငယ္ေပမယ့္ ထူထဲတဲ့ form factor ျဖစ္ၿပီး မ်က္ႏွာျပင္အ႐ြယ္အစားက ၃.၅လက္မျဖစ္ပါတယ္။ ဒီႏွစ္ေတြတစ္ေလွ်ာက္မွာ သိသိသာသာႀကီးလာၿပီးေတာ့ ၂၀၀၇နဲ႔၂၀၁၉ ယွဥ္လိုက္ရင္ ျမင္သာပါတယ္။
ဗြီဒီယိုရဲ႕ စိတ္ဝင္စားစရာအေကာင္းဆုံးအပိုင္းကေတာ့ ကင္မရာကို ႏႈိင္းယွဥ္ျပထားတာပဲ ျဖစ္ပါတယ္။ iPhone 11 Pro camera ကို အေသးစိတ္ၾကည့္ခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ original iPhone နဲ႔ ႏႈိင္းယွဥ္ျပထားခ်က္ကေတာ့ ကြၽန္ေတာ္တို႔ကို ရႈေထာင့္တစ္မ်ိဳးက ခံစားရေစပါတယ္။
တခ်ိဳ႕ေသာပတ္ဝန္းက်င္ေတြမွာ original iPhone ဟာ ဒီေန႔ေခတ္အတြက္ ေလးစားစရာပုံရိပ္ေတြကို ဖမ္းယူေပးႏိုင္ေနတုန္းပါပဲ။ ေမွာင္တဲ့အေနအထားေတြမွာေတာ့ iPhone 11 Pro ရဲ႕ အားသာခ်က္ကို ျမင္ေတြ႕ရမွာပါ။ original iPhone မွာက အေရွ႕ဆယ္လ္ဖီကင္မရာပါဝင္ျခင္း မရွိပါဘူး။ iPhone 4 မတိုင္ခင္အထိ မပါခဲ့ပါဘူး။


iPhone ဟာ ၁၂ေက်ာ္သက္တမ္းကို ေက်ာ္ျဖတ္လာခဲ့ပါၿပီ။ ဒီဗြီဒီယိုေလးထဲမွာ ေျပာင္းလဲမႈေတြကို ေတြ႕ျမင္ႏိုင္ပါတယ္။ တစ္ဖက္မွာလည္း ဗြီဒီယိုေလးက original iPhone ရဲ႕ ဘယ္လိုေတြစြမ္းေဆာင္ရည္ေကာင္းေၾကာင္းကိုလည္း အမွတ္ရေစခဲ့ပါတယ္။ ဗြီဒီယိုေလးထဲမွာ MKBHD ေျပာခဲ့တဲ့အတိုင္းသာဆိုရင္ Apple ဟာ ဆယ္စုႏွစ္တစ္ခုအတြင္းမွာ ေျပာင္းလဲမႈေတြအေတာ္ေလး လုပ္ေဆာင္ခဲ့ပါတယ္။ ႏွစ္တိုင္းမွာ ဘယ္လိုမ်ိဳး iterative ေလးေတြ ထုတ္ခဲ့သလဲဆိုတာလည္း ပါဝင္ေနပါတယ္။
ဗြီဒီယိုအေသးစိတ္ေလးကို ေအာက္ဆုံးမွာ သြားေရာက္ၾကည့္ရႈလိုက္ပါ။ ၿပီးရင္ေတာ့ ခံစားခ်က္ေတြ ဘယ္လိုပြင့္အန္လာသလဲဆိုတာကို ခ်ေရးခဲ့ပါဦး။

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.