Bill Gateကantitrust ဖြစ်ရပ်သာမရှိရင် Android ကို Windows Mobile က အသာစီးရနေဟုပြောကြား
0
1148
[Unicode]Microsoft မှ ဘီလ်ဂိတ်ကတော့ ၂၀၀၁ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ antitrust ဖြစ်ရပ်သာ မဖြစ်ခဲ့ဘူးဆိုရင် Windows Mobile ဟာ Android ကို ကျော်တက်သွားနိုင်တယ်လို့ ပြောထားပါတယ်။
[Zawgyi]Microsoft မှ ဘီလ်ဂိတ်ကတော့ ၂၀၀၁ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ antitrust ဖြစ်ရပ်သာ မဖြစ်ခဲ့ဘူးဆိုရင် Windows Mobile ဟာ Android ကို ကျော်တက်သွားနိုင်တယ်လို့ ပြောထားပါတယ်။
[Unicode]နယူးယောက်တိုင်းမ်ရဲ့ DealBook ညီလာခံမှာ စကားပြောတုန်းမှာ သူက “Microsoft အတွက် antitrust နဲ့ တရားရင်ဆိုင်လိုက်ရခြင်းဟာ အထိနာခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒီနေ့ခေတ်မှာ Android သုံးနေရမယ့်အစား ကျွန်တော်တို့ Windows Mobile အသုံးပြုနိုင်ရေးကို လျစ်လျူရှုပြီး ဖုန်းရဲ့ operating system ကိုသာ ပိုပြီးအာရုံစိုက်ခဲ့ရတယ်။ ”
[Unicode]Microsoft အပေါ်ချမှတ်ခဲ့တဲ့ ယူအက်စ်တရားစီရင်ရေးကို ၁၈နှစ်တာကာလကုန်ဆုံးသွားပေမယ့်လည်း ဂိတ်ကတော့ မကျေနပ်နိုင်သေးပါဘူး။ အဲဒီအချိန်တုန်းက အန်ဒီရူဘင်နဲ့အပေါင်းအပါတွေဟာ Android Inc. ကို စတင်တည်ထောင်နေချိန်နဲ့ တိုက်ဆိုင်သွားခဲ့ပါတယ်။ အခုတော့ Android ဟာ ကမ္ဘာ့လူကြိုက်အများဆုံးသော mobile operating system တစ်ခုအဖြစ်နဲ့ ရပ်တည်နေနိုင်ခဲ့ပါပြီ။
[Unicode]
Microsoft ဟာ Windows စွမ်းဆောင်ရည်သုံးစမတ်ဖုန်းတွေအတွက် Motorola နဲ့ ပူးပေါင်းနိုင်မယ့်အခွင့်အရေးကိုလည်း လက်လွတ်ဆုံးရှုံးခဲ့ရကြောင်း ဂိတ်က အခုလိုပြောကြားထားပါတယ်။
“Motorola အတွက် ဖုန်းတစ်လုံးထွက်ရှိပေးနိုင်ဖို့အတွက် ကျွန်တော်တို့ သုံးလနောက်ကျခဲ့တယ်။ သုံးလဆိုတာ အတော်လေးနောက်ကျနေပါပြီ။ ဒါဟာ အားလုံးကို ပြောင်းလဲသွားစေခဲ့တယ်။ အခုဒီမှာရှိနေတဲ့သူတွေအားလုံး Windows Mobile ဆိုတာ ကြားဖူးကြမှာမဟုတ်ဘူး။ ပြီးတော့ ဒီမှာရှိနေရမယ့် ဘီလျံအနည်းငယ်လည်း ပျောက်ဆုံးနေခဲ့တယ်လေ။”
Microsoft ဟာ Windows စွမ်းဆောင်ရည်သုံးစမတ်ဖုန်းတွေအတွက် Motorola နဲ့ ပူးပေါင်းနိုင်မယ့်အခွင့်အရေးကိုလည်း လက်လွတ်ဆုံးရှုံးခဲ့ရကြောင်း ဂိတ်က အခုလိုပြောကြားထားပါတယ်။
“Motorola အတွက် ဖုန်းတစ်လုံးထွက်ရှိပေးနိုင်ဖို့အတွက် ကျွန်တော်တို့ သုံးလနောက်ကျခဲ့တယ်။ သုံးလဆိုတာ အတော်လေးနောက်ကျနေပါပြီ။ ဒါဟာ အားလုံးကို ပြောင်းလဲသွားစေခဲ့တယ်။ အခုဒီမှာရှိနေတဲ့သူတွေအားလုံး Windows Mobile ဆိုတာ ကြားဖူးကြမှာမဟုတ်ဘူး။ ပြီးတော့ ဒီမှာရှိနေရမယ့် ဘီလျံအနည်းငယ်လည်း ပျောက်ဆုံးနေခဲ့တယ်လေ။”
[Zawgyi]
[Unicode]Microsoft ရဲ့ mobile ရည်ရွယ်ချက်ကြီးပျက်စီးခဲ့ရခြင်းအပေါ် မကျေမနပ်ဖြစ်ကြောင်း ထုတ်ဖော်ပြသခြင်းဟာ ပထမဆုံးအကြိမ်တော့ မဟုတ်တော့ပါဘူး။ mobile စစ်ပွဲမှာ Android ကို ရှုံးနိမ့်ခဲ့ရခြင်းဟာ သူ့အတွက်မဟာအမှားကြီးဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
[Unicode]Windows Mobile ကို ၂၀၀၃ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ Windows Phone အဖြစ်နဲ့ ၂၀၁၀မှာ ထွက်ရှိခဲ့ပြီးတော့ ၂၀၁၅ခုနှစ်မှာ Windows 10 Mobile ဖြစ်လာခဲ့ပါတယ်။ Microsoft ရဲ့ Android နဲ့ iOS ကို ပြိုင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ခြင်းဟာ မလှမပရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်တုန်းက ဘတ်ဂျက် Windows ဖုန်းတွေဟာ ဈေးသက်သာတဲ့ Android ဖုန်းတွေထက် ပိုကောင်းခဲ့တယ်။
[Unicode]Windows ကိုသုံးခဲ့ဖူးသေးလား။ သုံးခဲ့ဖူးမယ်ဆိုရင်တော့ အကြိုက်ဆုံးတစ်ချက်ကို ကွန်မန့်မှာ ရေးသွားပေးပါလား။
Ref : androidauthority
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.