3,730 mAh ဘတ်ထရီအသုံးပြုခွင့်ရရှိသွားတဲ့ Samsung Galaxy S11 စမတ်ဖုန်း

0
323

[Unicode]Samsung က Galaxy S11 series ကို ထုံးစံအတိုင်း ဖေဖော်ဝါရီလမှာ မိတ်ဆက်သွားဖို့ ပြင်ဆင်နေပါတယ်။ SafetyKorea ဝက်ဘ်ဆိုက်ကတော့ မော်ဒယ်လ်နံပါတ် G980 ရှိတဲ့ Samsung ဖုန်းတစ်လုံးအတွက် ရရှိထားတဲ့ ဘတ်ထရီမော်ဒယ်လ်နံပါတ် EB-BG980ABYရဲ့ battery certification တစ်ခုကို တင်ပြထားပါတယ်။ Galaxy S10e ဟာ SM-G970 ဖြစ်တဲ့အတွက်ကြောင့် Galaxy S11e ဟာ SM-G980 ဖြစ်လာနိုင်ပါတယ်။

[Zawgyi]Samsung က Galaxy S11 series ကို ထုံးစံအတိုင္း ေဖေဖာ္ဝါရီလမွာ မိတ္ဆက္သြားဖို႔ ျပင္ဆင္ေနပါတယ္။ SafetyKorea ဝက္ဘ္ဆိုက္ကေတာ့ ေမာ္ဒယ္လ္နံပါတ္ G980 ရွိတဲ့ Samsung ဖုန္းတစ္လုံးအတြက္ ရရွိထားတဲ့ ဘတ္ထရီေမာ္ဒယ္လ္နံပါတ္ EB-BG980ABYရဲ႕ battery certification တစ္ခုကို တင္ျပထားပါတယ္။ Galaxy S10e ဟာ SM-G970 ျဖစ္တဲ့အတြက္ေၾကာင့္ Galaxy S11e ဟာ SM-G980 ျဖစ္လာႏိုင္ပါတယ္။

[Unicode]ဘတ်ထရီရဲ့ဓါတ်ပုံလည်း တင်ထားပေမယ့် ဓါတ်ပုံအရည်အသွေးနိမ့်ပါးနေခြင်းကြောင့် 14.36 Wh ပဲ မြင်ရပါတယ်။ ဘတ်ထရီဟာ 3.85V နဲ့ လုပ်ဆောင်ပြီး 3,730 mAh ဖြစ်ပါတယ်။

[Zawgyi]ဘတ္ထရီရဲ႕ဓါတ္ပုံလည္း တင္ထားေပမယ့္ ဓါတ္ပုံအရည္အေသြးနိမ့္ပါးေနျခင္းေၾကာင့္ 14.36 Wh ပဲ ျမင္ရပါတယ္။ ဘတ္ထရီဟာ 3.85V နဲ႔ လုပ္ေဆာင္ၿပီး 3,730 mAh ျဖစ္ပါတယ္။

[Unicode]ကျွန်တော်တို့ကတော့ ဈေးကွက်မှာကြော်ငြာရင်မြင်တွေ့နေရတဲ့အတိုင်း 3,800-3,900 mAh ကို မြင်ချင်ပါတယ်။ Galaxy S10e မှာ 3,100 mAh ထည့်သွင်းပေးခဲ့တာမို့ အခုဟာက ၂၀%ကျော် တိုးတက်လာတယ်ပဲပြောရမယ်။ လေးထောင့်ပုံစံဖြစ်ပေမယ့်လည်း Galaxy S10e ဘတ်ထရီထက်တော့မကြီးပါဘူး။ ဒါပေမယ့် ဒီဇိုင်းကိုလုံးဝပြန်ပြင်ထားပါတယ်။

[Zawgyi]ကြၽန္ေတာ္တို႔ကေတာ့ ေစ်းကြက္မွာေၾကာ္ျငာရင္ျမင္ေတြ႕ေနရတဲ့အတိုင္း 3,800-3,900 mAh ကို ျမင္ခ်င္ပါတယ္။ Galaxy S10e မွာ 3,100 mAh ထည့္သြင္းေပးခဲ့တာမို႔ အခုဟာက ၂၀%ေက်ာ္ တိုးတက္လာတယ္ပဲေျပာရမယ္။ ေလးေထာင့္ပုံစံျဖစ္ေပမယ့္လည္း Galaxy S10e ဘတ္ထရီထက္ေတာ့မႀကီးပါဘူး။ ဒါေပမယ့္ ဒီဇိုင္းကိုလုံး၀ျပန္ျပင္ထားပါတယ္။

[Unicode]သတင်းတွေထွက်နေတာကို ဆက်လက်တင်ဆက်ပေးရမယ်ဆိုရင် လာမယ့် 90Hz screen နဲ့ 5G modem တို့ဟာ ပါဝါသုံးစွဲမှုများပြားနိုင်တဲ့အတွက်ကြောင့် ဘတ်ထရီကို ပိုကြီးအောင်လုပ်လိုက်တာပါ။ Galaxy S11 စမတ်ဖုန်းတွေမှာ 5G ရနိုင်မယ်လို့ ကျွန်တော်တို့သိထားပါတယ်။

[Zawgyi]သတင္းေတြထြက္ေနတာကို ဆက္လက္တင္ဆက္ေပးရမယ္ဆိုရင္ လာမယ့္ 90Hz screen နဲ႔ 5G modem တို႔ဟာ ပါဝါသုံးစြဲမႈမ်ားျပားႏိုင္တဲ့အတြက္ေၾကာင့္ ဘတ္ထရီကို ပိုႀကီးေအာင္လုပ္လိုက္တာပါ။ Galaxy S11 စမတ္ဖုန္းေတြမွာ 5G ရႏိုင္မယ္လို႔ ကြၽန္ေတာ္တို႔သိထားပါတယ္။

[Unicode]Galaxy S11 camera module ရဲ့ codename လေးကိုလည်း ကျွန်တော်တို့သိထားပါ‌သေးတယ်။ ဒါက သိပ်ပြီးတော့စိတ်လှုပ်ရှားစရာမဟုတ်ပေမယ့်လည်း သူ့ရဲ့ရောင်းအားကို မြှင့်တင်မယ့်အဓိကအချက်ဆိုတာ သိသာပါတယ်။ နာမည်လေးကတော့ Hubble ဖြစ်ပြီး 5x periscope lens ပါဝင်မှာပါ။ ကျွန်တော်တို့ galaxy ရဲ့ အဝေးကွာဆုံးနေရာတွေကို ပုံရိပ်တွေဖမ်းယူပေးနိုင်တဲ့ စွမ်းဆောင်ရည်မြင့်ကင်မရာရှိတဲ့ Hubble Space Telescope ကို အစွဲပြုပြီးတော့ ဒီနာမည်လေးကို ပေးထားတာပါ။

[Zawgyi]Galaxy S11 camera module ရဲ႕ codename ေလးကိုလည္း ကြၽန္ေတာ္တို႔သိထားပါ‌ေသးတယ္။ ဒါက သိပ္ၿပီးေတာ့စိတ္လႈပ္ရွားစရာမဟုတ္ေပမယ့္လည္း သူ႔ရဲ႕ေရာင္းအားကို ျမႇင့္တင္မယ့္အဓိကအခ်က္ဆိုတာ သိသာပါတယ္။ နာမည္ေလးကေတာ့ Hubble ျဖစ္ၿပီး 5x periscope lens ပါဝင္မွာပါ။ ကြၽန္ေတာ္တို႔ galaxy ရဲ႕ အေဝးကြာဆုံးေနရာေတြကို ပုံရိပ္ေတြဖမ္းယူေပးႏိုင္တဲ့ စြမ္းေဆာင္ရည္ျမင့္ကင္မရာရွိတဲ့ Hubble Space Telescope ကို အစြဲျပဳၿပီးေတာ့ ဒီနာမည္ေလးကို ေပးထားတာပါ။

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.