တရုတ်ပြည်သို့ရောက်ရှိနေသော နိုင်ငံခြားသားများ Alibaba နှင့် WeChat မှ ငွေပေးချေနိုင်

0
1099

[Unicode]တရုတ်နိုင်ငံကိုရောက်ဖူးတယ်ဆိုရင် ကဒ်တွေအသုံးပြုလို့မရတာ သိထားလောက်ရောပေါ့။ တချို့ဆိုရင်လည်း AliPay ၊ WeChat pay တို့လိုမျိုး မိုဘိုင်းလ်စနစ်တွေပဲ လက်ခံတာ။ အခုချိန်ထိတော့ အဲဒီဝန်ဆောင်မှုတွေကို နိုင်ငံခြားသားတွေရဲ့ credit or debit card တွေနဲ့ ချိတ်ဆက်အသုံးပြုခွင့်ပေးမထားသေးပါဘူး။

[Zawgyi]တ႐ုတ္ႏိုင္ငံကိုေရာက္ဖူးတယ္ဆိုရင္ ကဒ္ေတြအသုံးျပဳလို႔မရတာ သိထားေလာက္ေရာေပါ့။ တခ်ိဳ႕ဆိုရင္လည္း AliPay ၊ WeChat pay တို႔လိုမ်ိဳး မိုဘိုင္းလ္စနစ္ေတြပဲ လက္ခံတာ။ အခုခ်ိန္ထိေတာ့ အဲဒီဝန္ေဆာင္မႈေတြကို ႏိုင္ငံျခားသားေတြရဲ႕ credit or debit card ေတြနဲ႔ ခ်ိတ္ဆက္အသုံးျပဳခြင့္ေပးမထားေသးပါဘူး။

[Unicode]ဒါပေမယ့် ခရီးသွားတွေအနေနဲ့ သူတို့ရဲ့နိုင်ငံတကာသုံးကဒ်တွေကို သူတို့ရဲ့ payment app တွေမှာ ချိတ်ဆက်အသုံးပြုနိုင်ပါပြီလို့ Alibaba နဲ့ WeChat က ကြေညာထားပါတယ်။ တရုတ်နိုင်ငံမှာ Alipay သုံးချင်တယ်ဆိုရင်တော့ app လေးကိုဒေါင်းလုတ်ဆွဲပြီး sign up လုပ်တဲ့အခါမှာ သွင်းချင်တဲ့ international version ကို ဖော်ပြပေးရမှာပါ။ Visa, MasterCard, Japan JCB, Singapore Diners Club cards တွေကို ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။ WeChat ကိုပိုင်ဆိုင်တဲ့ Tencent ကလည်း American Express card တွေကိုပါ အသုံးပြုခွင့်ပေးသွားမယ်လို့ ပြောထားပါတယ်။

[Zawgyi]ဒါေပမယ့္ ခရီးသြားေတြအေနနဲ႔ သူတို႔ရဲ႕ႏိုင္ငံတကာသုံးကဒ္ေတြကို သူတို႔ရဲ႕ payment app ေတြမွာ ခ်ိတ္ဆက္အသုံးျပဳႏိုင္ပါၿပီလို႔ Alibaba နဲ႔ WeChat က ေၾကညာထားပါတယ္။ တ႐ုတ္ႏိုင္ငံမွာ Alipay သုံးခ်င္တယ္ဆိုရင္ေတာ့ app ေလးကိုေဒါင္းလုတ္ဆြဲၿပီး sign up လုပ္တဲ့အခါမွာ သြင္းခ်င္တဲ့ international version ကို ေဖာ္ျပေပးရမွာပါ။ Visa, MasterCard, Japan JCB, Singapore Diners Club cards ေတြကို ေထာက္ပံ့ေပးထားမယ္လို႔ သိရပါတယ္။ WeChat ကိုပိုင္ဆိုင္တဲ့ Tencent ကလည္း American Express card ေတြကိုပါ အသုံးျပဳခြင့္ေပးသြားမယ္လို႔ ေျပာထားပါတယ္။

[Unicode]မိုဘိုင်းလ်ပေးချေမှုတွေက တရုတ်နိုင်ငံမှာ အတော်လေးကို ခေတ်စားပါတယ်။ မေလတုန်းကထုတ်ပြန်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ အစီရင်ခံစာတစ်ခုမှာ ငွေပေးချေမှုစန်တွေကို တစ်နှစ်ကို ပျမ်းမျှ ဒေါ်လာ၁၆၁၂သုံးစွဲပြီးတော့ ၃၅ရာခိုင်နှုန်းလောက် ထိုးဖောက်နေတယ်လို့သိရပါတယ်။ ၂၀၁၈ခုနှစ်မှာ တရုတ်နိုင်ငံရဲ့သုံးစွဲသူတွေဟာ မိုဘိုင်းလ်ကနေ transaction ပေါင်း ၆၀.၅ဘီလျံမှတစ်ဆင့် ဒေါ်လာ၄၁.၃ထရီလျံသုံးစွဲခဲ့ကြပါတယ်။ ဒါကြောင့် အရင်နှစ်နဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင် ၆၁.၂ရာခိုင်နှုန်း တိုးတက်လာတာဖြစ်ပါတယ်။

[Zawgyi]မိုဘိုင္းလ္ေပးေခ်မႈေတြက တ႐ုတ္ႏိုင္ငံမွာ အေတာ္ေလးကို ေခတ္စားပါတယ္။ ေမလတုန္းကထုတ္ျပန္တဲ့ ကမာၻ႔စီးပြားေရးဖိုရမ္ရဲ႕ အစီရင္ခံစာတစ္ခုမွာ ေငြေပးေခ်မႈစန္ေတြကို တစ္ႏွစ္ကို ပ်မ္းမွ် ေဒၚလာ၁၆၁၂သုံးစြဲၿပီးေတာ့ ၃၅ရာခိုင္ႏႈန္းေလာက္ ထိုးေဖာက္ေနတယ္လို႔သိရပါတယ္။ ၂၀၁၈ခုႏွစ္မွာ တ႐ုတ္ႏိုင္ငံရဲ႕သုံးစြဲသူေတြဟာ မိုဘိုင္းလ္ကေန transaction ေပါင္း ၆၀.၅ဘီလ်ံမွတစ္ဆင့္ ေဒၚလာ၄၁.၃ထရီလ်ံသုံးစြဲခဲ့ၾကပါတယ္။ ဒါေၾကာင့္ အရင္ႏွစ္နဲ႔ႏႈိင္းယွဥ္လိုက္မယ္ဆိုရင္ ၆၁.၂ရာခိုင္ႏႈန္း တိုးတက္လာတာျဖစ္ပါတယ္။

[Unicode]နှစ်တုန်းက တရုတ်နိုင်ငံကို ခရီးသွား ၁၄၁မီလျံ လာရောက်လည်ပတ်ခဲ့ကြပါတယ်။ ဒါဟာ Alibaba နဲ့ WeChat တို့လိုလုပ်ငန်းတွေအတွက် ခရီးသွားတွေကို သူတို့ရဲ့ဝန်ဆောင်မှုပေးသုံးခြင်းဟာ ကြီးမားတဲ့အခွင့်အလမ်းတစ်ခု ဖြစ်လာစေခဲ့ပါတယ်။

[Zawgyi]ႏွစ္တုန္းက တ႐ုတ္ႏိုင္ငံကို ခရီးသြား ၁၄၁မီလ်ံ လာေရာက္လည္ပတ္ခဲ့ၾကပါတယ္။ ဒါဟာ Alibaba နဲ႔ WeChat တို႔လိုလုပ္ငန္းေတြအတြက္ ခရီးသြားေတြကို သူတို႔ရဲ႕ဝန္ေဆာင္မႈေပးသုံးျခင္းဟာ ႀကီးမားတဲ့အခြင့္အလမ္းတစ္ခု ျဖစ္လာေစခဲ့ပါတယ္။

Ref : thenextweb

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.