ချစ်သူများနေ့တုန်းကပို့ထားတဲ့မက်ဆေ့ချ်တွေ မနေ့ကမှရောက်လာလို့ အံ့ဩနေကြတဲ့ သုံးစွဲသူများ

0
601

[Unicode]

ယူအက်စ်ရဲ့ major carrier တွေရဲ့ လုပ်ဆောင်ချက်အဆင်မပြေမှုတစ်ခုကြောင့် iPhone နဲ့ Android သုံးစွဲသူတွေဟာ ဖေဖော်ဝါရီလ ချစ်သူများနေ့တုန်းက ပို့ထားခြင်းခံရတဲ့ မက်ဆေ့ချ်တွေကို အခုလက်ခံရရှိနေပါတယ်။ အခုလိုနောက်ကျနေတဲ့မက်ဆေ့ချ်တွေဟာ ဝေခွဲမရဖြစ်မှုတွေ၊ ဒဏ်ရာဟောင်းတွေကို နှိုးဆွပေးနေသလိုတွေ ဖြစ်စေခဲ့ပါတယ်။
ပြီးခဲ့တဲ့ညမှာ ယူအက်စ်မှာရှိတဲ့ wireless သုံးစွဲသူအတော်များများဟာ ချစ်သူများနေ့ ဒါမှမဟုတ် ဖေဖော်ဝါရီလအတွင်းက ပို့ထားတဲ့ မက်ဆေ့ချ်တွေကို လက်ခံရရှိခဲ့ကြပါတယ်။ အဲဒီမက်ဆေ့ချ်တွေဟာ အခုဆိုရင် ကိုးလနီးပါးလောက်ကြာမြင့်နေပြီဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကို ထပ်ပြီးတော့ထူးခြားဆန်းကြယ်သွားအောင် ပြောရမယ်ဆိုရင် T-Mobile, Sprint, AT&T, Verizon တို့လိုပဲ iPhone နဲ့ Android စမတ်ဖုန်းတွေမှာ ဒေသတွင်း carrier တွေလည်း ဖြစ်ပျက်နေခဲ့တာပါ။ iMessage မှာ သက်ရောက်မှုမရှိဘဲ SMS တစ်ခုတည်းမှာသာ အကျိုးသက်ရောက်နေတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ဘယ်ကနေအခြေခံသလဲဆိုတာကတော့ ရှာဖို့ခက်နေတုန်းပါပဲ။
AT&T နဲ့ Verizon တို့ပါဝင်နေပေမယ့်လည်း ဝေဖန်မှုအများဆုံးကတော့ T-Mobile နဲ့ Sprint ပါ။ ဘယ် carrier ရဲ့အမှားလဲဆိုတာ စဉ်းစားရတာခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအမှားကိုဖြစ်စေတာက လက်ခံတဲ့အချိန်လား၊ ပို့တဲ့အချိန်မှာဖြစ်ခဲ့တာလား မသိရသေးလို့ပါ။
စိတ်မကောင်းစွာနဲ့ပဲ နောက်ကျနေတဲ့မက်ဆေ့ချ်တွေဟာ ခေါင်းကိုက်စရာဖြစ်ရပ်တွေ၊ ချစ်ရသူဆုံးပါးသွားလို့ မက်ဆေ့ချ်လေးမြင်ပြီး ပူဆွေးရသူတွေ၊ ရည်းစားနဲ့ပျက်သွားလို့ ပြန်လည်နာကျင်လာတဲ့ ဒဏ်ရာဟောင်းတွေကို ခံစားရစေပါတယ်။
“အရှိုက်ထိစေတာပေါ့။ အမှန်အတိုင်းပြောရရင် အိပ်မက်မက်နေတယ်ပဲထင်ပြီး သူရှိနေသေးတယ်လို့ ကျွန်မထင်လိုက်မိသေးတယ်။” ဒီစာသားလေးကတော့ ဆုံးပါးသွားတဲ့ သူငယ်ချင်းဖြစ်သူထံက မက်ဆေ့ချ်ရခဲ့တဲ့ KuribHoe က တွစ်တာပေါ်မှာတင်ခဲ့တာပါ။ “ပြီးခဲ့တဲ့လတွေမှာ ကျွန်မအတွက်နေထိုင်ရတာ မလွယ်ကူခဲ့ပါဘူး။ အခုလိုမျိုးစာကို ထပ်ရလိုက်တော့ နောက်ထပ်နေရာလွတ်တစ်ခုကို ထပ်မံတွေ့ရှိလိုက်ရသလိုမျိုး ဟာနေခဲ့ပါတယ်။”
နောက်တစ်ခုကတော့ အဆက်ဟောင်းဆီကနေ စာရခဲ့တဲ့ အမျိုးသမီးတစ်ဦးပါ။ လက်ရှိမှာတော့ T-Mobile, Sprint, AT&T, Verizon တို့ဆီက အကြောင်းပြန်ချက်တော့ မရသေးပါဘူး။ မနေ့က စာတွေဘာတွေများ ရတဲ့သူရှိသေးလား။ ရှိရင် ပြောခဲ့ပါဦး။
Update: T-Mobile ရဲ့ပြောကြားချက်ကတော့ ဒီကိစ္စကို သိရှိပြီးဖြစ်ပိး ဖြေရှင်းနေပါတယ်။ ဒါဟာ “third party vendor” ကြောင့် ဖြစ်ရတာပါ။
Sprint ကတော့ အခုလိုပြောပါတယ်။ ဒီဖြစ်ရပ်က မက်ဆေ့ချ်ပို့ဖို့အတွက် carrier တွေအသုံးပြုနေတဲ့ စနစ်တစ်ခုရဲ့ အမှားဖြစ်နိုင်ချေရှိနေပါတယ်။ မနေ့ကဖြစ်ရပ်ကြောင့် ပြုပြင်နေတဲ့ update လုပ်နေပါပြီ။ မကြာခင်မှာဖြေရှင်းပေးသွားမှာပါ။ ဒီလိုမျိုး ရှုပ်ထွေးမှုတွေ ဖြစ်စေခဲ့လို့ တောင်းပန်ပါတယ်။

[Zawgyi]

ယူအက္စ္ရဲ႕ major carrier ေတြရဲ႕ လုပ္ေဆာင္ခ်က္အဆင္မေျပမႈတစ္ခုေၾကာင့္ iPhone နဲ႔ Android သုံးစြဲသူေတြဟာ ေဖေဖာ္ဝါရီလ ခ်စ္သူမ်ားေန႔တုန္းက ပို႔ထားျခင္းခံရတဲ့ မက္ေဆ့ခ်္ေတြကို အခုလက္ခံရရွိေနပါတယ္။ အခုလိုေနာက္က်ေနတဲ့မက္ေဆ့ခ်္ေတြဟာ ေဝခြဲမရျဖစ္မႈေတြ၊ ဒဏ္ရာေဟာင္းေတြကို ႏႈိးဆြေပးေနသလိုေတြ ျဖစ္ေစခဲ့ပါတယ္။
ၿပီးခဲ့တဲ့ညမွာ ယူအက္စ္မွာရွိတဲ့ wireless သုံးစြဲသူအေတာ္မ်ားမ်ားဟာ ခ်စ္သူမ်ားေန႔ ဒါမွမဟုတ္ ေဖေဖာ္ဝါရီလအတြင္းက ပို႔ထားတဲ့ မက္ေဆ့ခ်္ေတြကို လက္ခံရရွိခဲ့ၾကပါတယ္။ အဲဒီမက္ေဆ့ခ်္ေတြဟာ အခုဆိုရင္ ကိုးလနီးပါးေလာက္ၾကာျမင့္ေနၿပီျဖစ္ပါတယ္။
ဒီျဖစ္ရပ္ကို ထပ္ၿပီးေတာ့ထူးျခားဆန္းၾကယ္သြားေအာင္ ေျပာရမယ္ဆိုရင္ T-Mobile, Sprint, AT&T, Verizon တို႔လိုပဲ iPhone နဲ႔ Android စမတ္ဖုန္းေတြမွာ ေဒသတြင္း carrier ေတြလည္း ျဖစ္ပ်က္ေနခဲ့တာပါ။ iMessage မွာ သက္ေရာက္မႈမရွိဘဲ SMS တစ္ခုတည္းမွာသာ အက်ိဳးသက္ေရာက္ေနတာ ျဖစ္ပါတယ္။ ဒီျဖစ္ရပ္ဟာ ဘယ္ကေနအေျခခံသလဲဆိုတာကေတာ့ ရွာဖို႔ခက္ေနတုန္းပါပဲ။
AT&T နဲ႔ Verizon တို႔ပါဝင္ေနေပမယ့္လည္း ေဝဖန္မႈအမ်ားဆုံးကေတာ့ T-Mobile နဲ႔ Sprint ပါ။ ဘယ္ carrier ရဲ႕အမွားလဲဆိုတာ စဥ္းစားရတာခက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီအမွားကိုျဖစ္ေစတာက လက္ခံတဲ့အခ်ိန္လား၊ ပို႔တဲ့အခ်ိန္မွာျဖစ္ခဲ့တာလား မသိရေသးလို႔ပါ။
စိတ္မေကာင္းစြာနဲ႔ပဲ ေနာက္က်ေနတဲ့မက္ေဆ့ခ်္ေတြဟာ ေခါင္းကိုက္စရာျဖစ္ရပ္ေတြ၊ ခ်စ္ရသူဆုံးပါးသြားလို႔ မက္ေဆ့ခ်္ေလးျမင္ၿပီး ပူေဆြးရသူေတြ၊ ရည္းစားနဲ႔ပ်က္သြားလို႔ ျပန္လည္နာက်င္လာတဲ့ ဒဏ္ရာေဟာင္းေတြကို ခံစားရေစပါတယ္။
“အရႈိက္ထိေစတာေပါ့။ အမွန္အတိုင္းေျပာရရင္ အိပ္မက္မက္ေနတယ္ပဲထင္ၿပီး သူရွိေနေသးတယ္လို႔ ကြၽန္မထင္လိုက္မိေသးတယ္။” ဒီစာသားေလးကေတာ့ ဆုံးပါးသြားတဲ့ သူငယ္ခ်င္းျဖစ္သူထံက မက္ေဆ့ခ်္ရခဲ့တဲ့ KuribHoe က တြစ္တာေပၚမွာတင္ခဲ့တာပါ။ “ၿပီးခဲ့တဲ့လေတြမွာ ကြၽန္မအတြက္ေနထိုင္ရတာ မလြယ္ကူခဲ့ပါဘူး။ အခုလိုမ်ိဳးစာကို ထပ္ရလိုက္ေတာ့ ေနာက္ထပ္ေနရာလြတ္တစ္ခုကို ထပ္မံေတြ႕ရွိလိုက္ရသလိုမ်ိဳး ဟာေနခဲ့ပါတယ္။”
ေနာက္တစ္ခုကေတာ့ အဆက္ေဟာင္းဆီကေန စာရခဲ့တဲ့ အမ်ိဳးသမီးတစ္ဦးပါ။ လက္ရွိမွာေတာ့ T-Mobile, Sprint, AT&T, Verizon တို႔ဆီက အေၾကာင္းျပန္ခ်က္ေတာ့ မရေသးပါဘူး။ မေန႔က စာေတြဘာေတြမ်ား ရတဲ့သူရွိေသးလား။ ရွိရင္ ေျပာခဲ့ပါဦး။
Update: T-Mobile ရဲ႕ေျပာၾကားခ်က္ကေတာ့ ဒီကိစၥကို သိရွိၿပီးျဖစ္ပိး ေျဖရွင္းေနပါတယ္။ ဒါဟာ “third party vendor” ေၾကာင့္ ျဖစ္ရတာပါ။
Sprint ကေတာ့ အခုလိုေျပာပါတယ္။ ဒီျဖစ္ရပ္က မက္ေဆ့ခ်္ပို႔ဖို႔အတြက္ carrier ေတြအသုံးျပဳေနတဲ့ စနစ္တစ္ခုရဲ႕ အမွားျဖစ္ႏိုင္ေခ်ရွိေနပါတယ္။ မေန႔ကျဖစ္ရပ္ေၾကာင့္ ျပဳျပင္ေနတဲ့ update လုပ္ေနပါၿပီ။ မၾကာခင္မွာေျဖရွင္းေပးသြားမွာပါ။ ဒီလိုမ်ိဳး ရႈပ္ေထြးမႈေတြ ျဖစ္ေစခဲ့လို႔ ေတာင္းပန္ပါတယ္။

Ref: 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.