unlimited data သုံးနှုန်းမှုကြောင့် ဒေါ်လာ၆၀မီလျံပေးဆောင်ရတော့မယ့် AT&T

0
2165

[Unicode]ပြည်ထောင်စုကုန်သွယ်ရေးကော်မရှင်(FTC )က AT&T နဲ့ပတ်သတ်ပြီး အသေးစိတ်ကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။ “unlimited data” လို့ နားလည်မှုလွဲမှားအောင် အသုံးပြုခဲ့ခြင်းအတွက် လက်ရှိနဲ့အရင်တုန်းက subscriber တွေကို ဒေါ်လာ၆၀မီလျံ ပေးဆောင်ရမယ်လို့ AT&T ကို ပြောကြားလိုက်တာပါ။

[Zawgyi]ျပည္ေထာင္စုကုန္သြယ္ေရးေကာ္မရွင္(FTC )က AT&T နဲ႔ပတ္သတ္ၿပီး အေသးစိတ္ကို ထုတ္ေဖာ္ေၾကညာလိုက္ပါတယ္။ “unlimited data” လို႔ နားလည္မႈလြဲမွားေအာင္ အသုံးျပဳခဲ့ျခင္းအတြက္ လက္ရွိနဲ႔အရင္တုန္းက subscriber ေတြကို ေဒၚလာ၆၀မီလ်ံ ေပးေဆာင္ရမယ္လို႔ AT&T ကို ေျပာၾကားလိုက္တာပါ။

[Unicode]AT&T နဲ့ FTC တို့ရဲ့ဆွေးနွေးမှုကိုတော့ ဩဂုတ်လမှာစတင်ခဲ့တာဖြစ်ပေမယ့်လည်း အသေးစိတ်ကိုတော့ ဒီနေ့မှ ကြေညာခဲ့တာပါ။ ၂၀၁၄ခုနှစ်က unlimited data သုံးနှုန်းမှုနဲ့အတူ AT&T ကို စတင်တရားစွဲဆိုခဲ့ပြီး ဒေတာပမာဏတစ်ခုအရောက်မှာ အမြန်နှုန်းတွေကို ဖြတ်တောက်ပစ်မယ်ဆိုတဲ့အကြောင်း မပြောထားခဲ့တဲ့အတွက်ကြောင့်လို့ သိရပါတယ်။

[Zawgyi]AT&T နဲ႔ FTC တို႔ရဲ႕ေဆြးေႏြးမႈကိုေတာ့ ဩဂုတ္လမွာစတင္ခဲ့တာျဖစ္ေပမယ့္လည္း အေသးစိတ္ကိုေတာ့ ဒီေန႔မွ ေၾကညာခဲ့တာပါ။ ၂၀၁၄ခုႏွစ္က unlimited data သုံးႏႈန္းမႈနဲ႔အတူ AT&T ကို စတင္တရားစြဲဆိုခဲ့ၿပီး ေဒတာပမာဏတစ္ခုအေရာက္မွာ အျမန္ႏႈန္းေတြကို ျဖတ္ေတာက္ပစ္မယ္ဆိုတဲ့အေၾကာင္း မေျပာထားခဲ့တဲ့အတြက္ေၾကာင့္လို႔ သိရပါတယ္။

[Unicode]AT&T ဟာ unlimited data လို့ပဲသုံးနှုန်းထားပြီး ဘယ်လိုအရည်အသွေးတွေရှိသလဲ၊ ဘယ်လိုပေးမလဲဆိုတာကို သေသေချာချာမပြောခဲ့ဘူးလို့ FTC ရဲ့ သုံးစွဲသူကာကွယ်ရေး ဒါရိုက်တာ အန်ဒရူးစမစ်က ပြောပါတယ်။ သိသာတယ်ဆိုပေမယ့်လည်း Internet provider တွေအနေနဲ့က အမြန်နှုန်း ဒါမှမဟုတ် ပေးထားတဲ့ဒေတာပမာဏကိုတော့ ကန့်သတ်မှုတွေရှိကြောင်း ပြောကိုပြောရမယ်။

[Zawgyi]AT&T ဟာ unlimited data လို႔ပဲသုံးႏႈန္းထားၿပီး ဘယ္လိုအရည္အေသြးေတြရွိသလဲ၊ ဘယ္လိုေပးမလဲဆိုတာကို ေသေသခ်ာခ်ာမေျပာခဲ့ဘူးလို႔ FTC ရဲ႕ သုံးစြဲသူကာကြယ္ေရး ဒါ႐ိုက္တာ အန္ဒ႐ူးစမစ္က ေျပာပါတယ္။ သိသာတယ္ဆိုေပမယ့္လည္း Internet provider ေတြအေနနဲ႔က အျမန္ႏႈန္း ဒါမွမဟုတ္ ေပးထားတဲ့ေဒတာပမာဏကိုေတာ့ ကန႔္သတ္မႈေတြရွိေၾကာင္း ေျပာကိုေျပာရမယ္။

[Unicode]AT&T ကတော့ ဒီလိုဖြတ်တောက်မှုမှာ သုံးစွဲသူအနည်းလောက်သာ ထိခိုက်ခဲ့တယ်လို့ ပြန်လည်ချေပထားပါတယ်။ နောက်ပြီးအဲဒီသုံးစွဲသူတွေဟာ မက်ဆေ့ချ်ပို့ပြီး အသိပေးခံခဲ့ရတယ်လို့ ပြောပါတယ်။ FTC ဟာ အခြေအမြစ်မရှိတဲ့စွပ်စွဲချက်တွေ ပြုလုပ်နေတာလို့ ပြောပါတယ်။

[Zawgyi]AT&T ကေတာ့ ဒီလိုျဖတ္ေတာက္မႈမွာ သုံးစြဲသူအနည္းေလာက္သာ ထိခိုက္ခဲ့တယ္လို႔ ျပန္လည္ေခ်ပထားပါတယ္။ ေနာက္ၿပီးအဲဒီသုံးစြဲသူေတြဟာ မက္ေဆ့ခ်္ပို႔ၿပီး အသိေပးခံခဲ့ရတယ္လို႔ ေျပာပါတယ္။ FTC ဟာ အေျခအျမစ္မရွိတဲ့စြပ္စြဲခ်က္ေတြ ျပဳလုပ္ေနတာလို႔ ေျပာပါတယ္။

[Unicode]FTC ကတော့ ဒီနေ့ကြေညာချက်ထဲမှာ unlimited data အသုံးအနှုန်းကြောင့် ထိခိုက်ခဲ့ရတဲ့ သုံးစွဲသူတွေကို လျော်ကြေးပြန်ပေးတဲ့အနေနဲ့ ဒေါ်လာ၆၀မီလျံပေးရမယ်လို့ AT&T ကို ပြောထားပါတယ်။ သုံးစွဲသူတွေထဲမှာ ၂၀၁၁ကတည်းက unlimited plan အတွက် စာရင်းပေးသွင်းထားတဲ့သူတွေလည်း ပါဝင်နေမှာဖြစ်ပါတယ်။ FTC ကတော့ လက်ရှိ AT&T သုံးစွဲသူတွေအနေနဲ့လည်း bill credit ရရှိမှာဖြစ်ပြီး အရင်သုံးစွဲသူတွေကတော့ check လက်ခံရရှိမှာဖြစ်ကြောင်း ပြောထားပါတယ်။

[Zawgyi]FTC ကေတာ့ ဒီေန႔ေၾကညာခ်က္ထဲမွာ unlimited data အသုံးအႏႈန္းေၾကာင့္ ထိခိုက္ခဲ့ရတဲ့ သုံးစြဲသူေတြကို ေလ်ာ္ေၾကးျပန္ေပးတဲ့အေနနဲ႔ ေဒၚလာ၆၀မီလ်ံေပးရမယ္လို႔ AT&T ကို ေျပာထားပါတယ္။ သုံးစြဲသူေတြထဲမွာ ၂၀၁၁ကတည္းက unlimited plan အတြက္ စာရင္းေပးသြင္းထားတဲ့သူေတြလည္း ပါဝင္ေနမွာျဖစ္ပါတယ္။ FTC ကေတာ့ လက္ရွိ AT&T သုံးစြဲသူေတြအေနနဲ႔လည္း bill credit ရရွိမွာျဖစ္ၿပီး အရင္သုံးစြဲသူေတြကေတာ့ check လက္ခံရရွိမွာျဖစ္ေၾကာင္း ေျပာထားပါတယ္။

[Unicode]သုံးစွဲသူတွေအနေနဲ့ လျော်ကြေးအတွက် တောင်းခံလွှာတင်သွင်းစရာမလိုပါဘူး။ လက်ရှိ AT&T သုံးစွဲသူတွေက အလိုအလျောက် credit ရရှိမှာဖြစ်ပြီး အရင်တုန်းက သုံးစွဲသူတွေကတော့ သူတို့ရသင့်တဲ့ ပမာဏကို check ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် AT&T မှာ သုံးခဲ့တဲ့ iPhone သုံးစွဲသူတစ်ယောက်ဖြစ်ပြီး unlimited data ဝယ်ခဲ့ဖူးတယ်ဆိုရင် လျော်ကြေးပြန်ရမှာပါ။ ဒါပေမယ့်လည်း ပမာဏဘယ်လောက်ကို ပေးအပ်သွားမလဲဆိုတာကတော့ ပြောမထားသေးပါဘူး။

[Zawgyi]သုံးစြဲသူေတြအေနနဲ႔ ေလ်ာ္ေၾကးအတြက္ ေတာင္းခံလႊာတင္သြင္းစရာမလိုပါဘူး။ လက္ရွိ AT&T သုံးစြဲသူေတြက အလိုအေလ်ာက္ credit ရရွိမွာျဖစ္ၿပီး အရင္တုန္းက သုံးစြဲသူေတြကေတာ့ သူတို႔ရသင့္တဲ့ ပမာဏကို check ရရွိမွာျဖစ္ပါတယ္။ ဒါေၾကာင့္ AT&T မွာ သုံးခဲ့တဲ့ iPhone သုံးစြဲသူတစ္ေယာက္ျဖစ္ၿပီး unlimited data ဝယ္ခဲ့ဖူးတယ္ဆိုရင္ ေလ်ာ္ေၾကးျပန္ရမွာပါ။ ဒါေပမယ့္လည္း ပမာဏဘယ္ေလာက္ကို ေပးအပ္သြားမလဲဆိုတာကေတာ့ ေျပာမထားေသးပါဘူး။

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.