Fitbit ကို Google ဘာကြောင့်ဝယ်ရသလဲဆိုတဲ့ အကြောင်းအရင်းများ

0
508

[Unicode]Wear OS ဟာ Apple နဲ့ Samsung တို့ ပေးစွမ်းနေတဲ့ smartwatch experience တွေ၊ သူတို့လွှမ်းမိုးချုပ်ကိုင်ထားတဲ့စျေးကွက်တွေရယ်ကြောင့် အတော်လေးခက်ခက်ခဲခဲ ရုန်းကန်နေရတာ အားလုံးသိပြီးဖြစ်မှာပါ။ Google အနေနဲ့ နှစ်ပေါင်းများစွာကြိုးစားပြီးတော့ လုပ်ဆောင်ခဲ့ပေမယ့်လည်း Apple Watch ကတော့ စျေးကွက်မှာ အသာစီးရထားတုန်းပါပဲ။ ဒါကြောင့်လည်း smartwatch ကောင်းကောင်းပြုလုပ်နည်းကိုသိထားတဲ့လုပ်ငန်းတစ်ခုကို ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။

[Zawgyi]Wear OS ဟာ Apple နဲ႔ Samsung တို႔ ေပးစြမ္းေနတဲ့ smartwatch experience ေတြ၊ သူတို႔လႊမ္းမိုးခ်ဳပ္ကိုင္ထားတဲ့ေစ်းကြက္ေတြရယ္ေၾကာင့္ အေတာ္ေလးခက္ခက္ခဲခဲ ႐ုန္းကန္ေနရတာ အားလုံးသိၿပီးျဖစ္မွာပါ။ Google အေနနဲ႔ ႏွစ္ေပါင္းမ်ားစြာႀကိဳးစားၿပီးေတာ့ လုပ္ေဆာင္ခဲ့ေပမယ့္လည္း Apple Watch ကေတာ့ ေစ်းကြက္မွာ အသာစီးရထားတုန္းပါပဲ။ ဒါေၾကာင့္လည္း smartwatch ေကာင္းေကာင္းျပဳလုပ္နည္းကိုသိထားတဲ့လုပ္ငန္းတစ္ခုကို ဝယ္ယူဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

[Unicode]fitness tracker နဲ့အတူ စိတ်ဝင်စားမှုတွေရရှိအပြီးမှာ Fitbit က smartwatch လောကထဲကို ၂၀၁၇ခုနှစ်မှာ Ionic နဲ့ ဝင်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Versa, Versa Lite Edition နဲ့ Versa 2 တို့ ထပ်မံထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် မကြာသေးခင်က Apple ရဲ့ ဈေးကွက်ရှယ်ယာတွေ တိုးပွားလာတဲ့အတွက် အခက်ကြုံခဲ့ရပါတယ်။

[Zawgyi]fitness tracker နဲ႔အတူ စိတ္ဝင္စားမႈေတြရရွိအၿပီးမွာ Fitbit က smartwatch ေလာကထဲကို ၂၀၁၇ခုႏွစ္မွာ Ionic နဲ႔ ဝင္လာခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ Versa, Versa Lite Edition နဲ႔ Versa 2 တို႔ ထပ္မံထုတ္လုပ္ခဲ့ပါတယ္။ ဒါေပမယ့္ မၾကာေသးခင္က Apple ရဲ႕ ေစ်းကြက္ရွယ္ယာေတြ တိုးပြားလာတဲ့အတြက္ အခက္ႀကဳံခဲ့ရပါတယ္။

[Unicode]ဒီကမ်းလှမ်းချက်ဟာ နှစ်ယောက်စလုံးအတွက် ကောင်းမွန်တဲ့အရာတစ်ခုကို ယူဆောင်လာပေးပါတယ်။ Google က ၂၀၂၀မှာ ဒီကမ်းလှမ်းချက်ကို အဆုံးသတ်ပြီး ဘာတွေယူဆောင်လာမလဲ။ သေချာတာကတော့ wearable ဈေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကျောထောက်နောက်ခံတစ်ဦးရထားပြီ မဟုတ်လား။

[Zawgyi]ဒီကမ္းလွမ္းခ်က္ဟာ ႏွစ္ေယာက္စလုံးအတြက္ ေကာင္းမြန္တဲ့အရာတစ္ခုကို ယူေဆာင္လာေပးပါတယ္။ Google က ၂၀၂၀မွာ ဒီကမ္းလွမ္းခ်က္ကို အဆုံးသတ္ၿပီး ဘာေတြယူေဆာင္လာမလဲ။ ေသခ်ာတာကေတာ့ wearable ေစ်းကြက္ထဲကို ထိုးေဖာက္ဝင္ေရာက္ဖို႔ ေက်ာေထာက္ေနာက္ခံတစ္ဦးရထားၿပီ မဟုတ္လား။

[Unicode]

Pixel Watch ပြုလုပ်ဖို့အတွက်
Google အကြီးမားဆုံးရည်ရွယ်ထားတာကတော့ hardware အတွက်ပါ။ ဒါကြောင့် သူ့ရဲ့ကိုယ်ပိုင် smartwatch တစ်ခုကို တည်ဆောက်တာ မြင်ရပါလိမ့်မယ်။ Google အနေနဲ့ သူ့ရဲ့ smartwatch operating system ကိုပဲ အသားပေးလုပ်ဆောင်တော့မှာဖြစ်ပြီး hardware ကို အာရုံထားမှာမဟုတ်တော့ပါဘူး။ Samsung, LG နဲ့ Motorola တို့မှာအသုံးပြုနေတဲ့ Android Wear ကို ဘာတွေလုပ်ဆောင်နိုင်လဲဆိုတာ ပြသတော့မယ်လို့ ယူဆပါတယ်။ Hardware ပါတနာတွေဖြစ်တဲ့ Fossil, Louis Vuitton နဲ့ Mont Blanc တို့ဆီက ကိုယ်ပိုင် smartwatch ဘယ်လိုတည်ဆောက်သလဲဆိုတာ လေ့လာခဲ့ပြီးပါပြီ။

[Zawgyi]

Pixel Watch ျပဳလုပ္ဖို႔အတြက္
Google အႀကီးမားဆုံးရည္႐ြယ္ထားတာကေတာ့ hardware အတြက္ပါ။ ဒါေၾကာင့္ သူ႔ရဲ႕ကိုယ္ပိုင္ smartwatch တစ္ခုကို တည္ေဆာက္တာ ျမင္ရပါလိမ့္မယ္။ Google အေနနဲ႔ သူ႔ရဲ႕ smartwatch operating system ကိုပဲ အသားေပးလုပ္ေဆာင္ေတာ့မွာျဖစ္ၿပီး hardware ကို အာ႐ုံထားမွာမဟုတ္ေတာ့ပါဘူး။ Samsung, LG နဲ႔ Motorola တို႔မွာအသုံးျပဳေနတဲ့ Android Wear ကို ဘာေတြလုပ္ေဆာင္ႏိုင္လဲဆိုတာ ျပသေတာ့မယ္လို႔ ယူဆပါတယ္။ Hardware ပါတနာေတြျဖစ္တဲ့ Fossil, Louis Vuitton နဲ႔ Mont Blanc တို႔ဆီက ကိုယ္ပိုင္ smartwatch ဘယ္လိုတည္ေဆာက္သလဲဆိုတာ ေလ့လာခဲ့ၿပီးပါၿပီ။

[Unicode]Google အနေနဲ့လည်း ပြိုင်ဘက်တွေနဲ့အတူ hero watch တစ်လုံးထုတ်လုပ်ဖို့အတွက် လိုအပ်နေပါတယ်။ ဒီဝယ်ယူမှုဟာ သူ့အတွက်တော့ ဖြစ်နိုင်ချေပိုရှိလာစေပါတယ်။ Fitbit ရဲ့ Ionic ပွဲဦးထွက်ကောင်းခဲ့သလို Versa ကလည်း smartwatch လိုချင်ပေမယ့် ငွေအများကြီးမသုံးချင်သူတွေအတွက် စိတ်ဝင်စားမှုရခဲ့ပါတယ်။ Fitbit ရဲ့ အကောင်းဆုံးတွေ၊ စိတ်ကြိုက်ဖြစ်စေရမယ့် sporty or dressy ဒီဇိုင်းတွေလည်း မြင်ရနိုင်ပါတယ်။ Fitbit ဟာ ဒီဇိုင်းပိုင်းမှာ အားကိုးရလောက်တဲ့လူတွေရှိနေပြီး hardware ပိုင်းမှာလည်း ကျွမ်းကျင်တဲ့သူတွေရှိနေတယ်လို့ Google က ယုံကြည်ထားပါတယ်။

[Zawgyi]Google အေနနဲ႔လည္း ၿပိဳင္ဘက္ေတြနဲ႔အတူ hero watch တစ္လုံးထုတ္လုပ္ဖို႔အတြက္ လိုအပ္ေနပါတယ္။ ဒီဝယ္ယူမႈဟာ သူ႔အတြက္ေတာ့ ျဖစ္ႏိုင္ေခ်ပိုရွိလာေစပါတယ္။ Fitbit ရဲ႕ Ionic ပြဲဦးထြက္ေကာင္းခဲ့သလို Versa ကလည္း smartwatch လိုခ်င္ေပမယ့္ ေငြအမ်ားႀကီးမသုံးခ်င္သူေတြအတြက္ စိတ္ဝင္စားမႈရခဲ့ပါတယ္။ Fitbit ရဲ႕ အေကာင္းဆုံးေတြ၊ စိတ္ႀကိဳက္ျဖစ္ေစရမယ့္ sporty or dressy ဒီဇိုင္းေတြလည္း ျမင္ရႏိုင္ပါတယ္။ Fitbit ဟာ ဒီဇိုင္းပိုင္းမွာ အားကိုးရေလာက္တဲ့လူေတြရွိေနၿပီး hardware ပိုင္းမွာလည္း ကြၽမ္းက်င္တဲ့သူေတြရွိေနတယ္လို႔ Google က ယုံၾကည္ထားပါတယ္။

[Unicode]

Pebble
Wear OS ကလည်း ကြိုးစားဖို့လိုနေသေးတယ်။ UI တွေပိုကောင်းအောင်၊ iPhone တွေမှာ ပိုပြီးကောင်းကောင်းပေးစွမ်းနိုင်အောင်၊ Google Fit အတွက်လည်း ပိုကောင်းအောင် လုပ်ဖို့တွေလိုအပ်နေသေးတယ်။ ပြိုင်ဘက်တွေလောက် smartwatch experience ပေးနေတယ်လို့ကို ခံစားမရသေးတာ။ Fitbit ရဲ့ OS ကလည်း ပြီးပြည့်စုံနေတာရယ်လို့တော့ မဟုတ်ပါဘူး။ app support လိုအပ်နေသလို music support ၊ notification support တွေ ပြင်ဆင်ဖို့လိုအပ်နေပါတယ်။

[Zawgyi]

Pebble
Wear OS ကလည္း ႀကိဳးစားဖို႔လိုေနေသးတယ္။ UI ေတြပိုေကာင္းေအာင္၊ iPhone ေတြမွာ ပိုၿပီးေကာင္းေကာင္းေပးစြမ္းႏိုင္ေအာင္၊ Google Fit အတြက္လည္း ပိုေကာင္းေအာင္ လုပ္ဖို႔ေတြလိုအပ္ေနေသးတယ္။ ၿပိဳင္ဘက္ေတြေလာက္ smartwatch experience ေပးေနတယ္လို႔ကို ခံစားမရေသးတာ။ Fitbit ရဲ႕ OS ကလည္း ၿပီးျပည့္စုံေနတာရယ္လို႔ေတာ့ မဟုတ္ပါဘူး။ app support လိုအပ္ေနသလို music support ၊ notification support ေတြ ျပင္ဆင္ဖို႔လိုအပ္ေနပါတယ္။

[Unicode]ဒါကတော့ Google နဲ့ Fitbit တို့ရဲ့ smartwatch platform မှာ အားနည်းချက်၊ အားသာချက်တွေ ရှိနေတဲ့အကြောင်းပါ။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်ပေါင်းစည်းလိုက်ခြင်းက ထူးခြားမှုတစ်ခုကို ယူဆောင်လာပေးနိုင်ပါတယ်။ Google မှာက software ပိုင်းကောင်းမွန်မှုတွေ၊ ၂၀၁၆ခုနှစ်တုန်းက Fitbit ရထားတဲ့ Pebble ဝန်ထမ်းဟောင်းတွေရဲ့ဉာဏ်စွမ်းတွေ ရှိနေပါတယ်။ Pebble ဟာ Fitbit ရဲ့ smartwatch ပေါ်မှာအသုံးပြုမယ့် watch face တည်ဆောက်တဲ့နေရာမှာ အတော်လေးကို လွှမ်းမိုးထားပါတယ်။ ဒီတော့ ဒါကိုအသုံးမချဘူးဆိုရင် Googleက မိုက်ရူးရဲဆန်ရာကျသွားပါလိမ့်မယ်။

[Zawgyi]ဒါကေတာ့ Google နဲ႔ Fitbit တို႔ရဲ႕ smartwatch platform မွာ အားနည္းခ်က္၊ အားသာခ်က္ေတြ ရွိေနတဲ့အေၾကာင္းပါ။ ဒါေပမယ့္လည္း သူတို႔ႏွစ္ေယာက္ေပါင္းစည္းလိုက္ျခင္းက ထူးျခားမႈတစ္ခုကို ယူေဆာင္လာေပးႏိုင္ပါတယ္။ Google မွာက software ပိုင္းေကာင္းမြန္မႈေတြ၊ ၂၀၁၆ခုႏွစ္တုန္းက Fitbit ရထားတဲ့ Pebble ဝန္ထမ္းေဟာင္းေတြရဲ႕ဉာဏ္စြမ္းေတြ ရွိေနပါတယ္။ Pebble ဟာ Fitbit ရဲ႕ smartwatch ေပၚမွာအသုံးျပဳမယ့္ watch face တည္ေဆာက္တဲ့ေနရာမွာ အေတာ္ေလးကို လႊမ္းမိုးထားပါတယ္။ ဒီေတာ့ ဒါကိုအသုံးမခ်ဘူးဆိုရင္ Googleက မိုက္႐ူးရဲဆန္ရာက်သြားပါလိမ့္မယ္။

[Unicode]

fitness tracking feature
Fitbit ကို လူသိများလာစေခဲ့တာက fitness tracker တွေကြောင့်ပါ။ ခြေလှမ်းတွေဘယ်လောက်အထိ လျှောက်မလဲ၊ အိပ်ချိန်ရှစ်နာရီပြည့်စေဖို့ စတဲ့အချက်တွေကို လူတွေအာရုံစိုက်လာစေခဲ့တယ်။ wearable လေးမှာ sensor တွေတပ်ပြီးတော့ လက်ရှိကျန်းမာကြံ့ခိုင်မှုအခြေအနေကို မြင်သာစေတဲ့အချက်အလက်တွေနဲ့ ပြသပေးခဲ့တယ်။ နောက်ပြီး fitness tracking companion app တစ်ခုကိုလည်း ကောင်းမွန်စွာလုပ်ဆောင်ပြသနိုင်ခဲ့တယ်။ Google မှာက Google Fit ရှိပြီးသားဆိုတော့ smartwatch မှာ ထည့်သွင်းဖို့အတွက် ပူးပေါင်းလိုက်ရင် အဆင်ပြေနေပါပြီ။ အခုတော့ သူ့ရဲ့နောက်ဆုံး iteration မှာ tab တွေများနေပြီး အသုံးမဝင်သလိုဖြစ်နေတယ်။

[Zawgyi]

fitness tracking feature
Fitbit ကို လူသိမ်ားလာေစခဲ့တာက fitness tracker ေတြေၾကာင့္ပါ။ ေျခလွမ္းေတြဘယ္ေလာက္အထိ ေလွ်ာက္မလဲ၊ အိပ္ခ်ိန္ရွစ္နာရီျပည့္ေစဖို႔ စတဲ့အခ်က္ေတြကို လူေတြအာ႐ုံစိုက္လာေစခဲ့တယ္။ wearable ေလးမွာ sensor ေတြတပ္ၿပီးေတာ့ လက္ရွိက်န္းမာႀကံ့ခိုင္မႈအေျခအေနကို ျမင္သာေစတဲ့အခ်က္အလက္ေတြနဲ႔ ျပသေပးခဲ့တယ္။ ေနာက္ၿပီး fitness tracking companion app တစ္ခုကိုလည္း ေကာင္းမြန္စြာလုပ္ေဆာင္ျပသႏိုင္ခဲ့တယ္။ Google မွာက Google Fit ရွိၿပီးသားဆိုေတာ့ smartwatch မွာ ထည့္သြင္းဖို႔အတြက္ ပူးေပါင္းလိုက္ရင္ အဆင္ေျပေနပါၿပီ။ အခုေတာ့ သူ႔ရဲ႕ေနာက္ဆုံး iteration မွာ tab ေတြမ်ားေနၿပီး အသုံးမဝင္သလိုျဖစ္ေနတယ္။

[Unicode]Apple နဲ့ Garmin တို့ fitness tracking အတွက် ဘယ်လိုတွေလုပ်ဆောင်နေသလဲဆိုတာကို ပြန်ပြီးတော့ လေ့လာကြည့်သင့်တဲ့အချိန်ပါပဲ။ Google ကသာ Fitbit ရဲ့ အဓိကကျတဲ့ fitness tracking feature တွေကိုယူနိုင်မယ်ဆိုရင် Apple ရဲ့ Activity Rings ၊ Garmin ရဲ့ motivational feature တို့ကို ပြိုင်ဆိုင်နိုင်မယ့် ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

[Zawgyi]Apple နဲ႔ Garmin တို႔ fitness tracking အတြက္ ဘယ္လိုေတြလုပ္ေဆာင္ေနသလဲဆိုတာကို ျပန္ၿပီးေတာ့ ေလ့လာၾကည့္သင့္တဲ့အခ်ိန္ပါပဲ။ Google ကသာ Fitbit ရဲ႕ အဓိကက်တဲ့ fitness tracking feature ေတြကိုယူႏိုင္မယ္ဆိုရင္ Apple ရဲ႕ Activity Rings ၊ Garmin ရဲ႕ motivational feature တို႔ကို ၿပိဳင္ဆိုင္ႏိုင္မယ့္ ၿပိဳင္ဘက္ေကာင္းတစ္ေယာက္ျဖစ္လာႏိုင္ပါတယ္။

[Unicode]

battery life
ဘတ်ထရီသက်တမ်းကလည်း အရွယ်အစားကြီးတဲ့ smartwatche တွေအတွက် အခက်အခဲတစ်ခုဖြစ်ပါတယ်။ Apple Watch ဟာ ၁၈နာရီ၊ Samsung Galaxy Watch Active 2 ကတော့ ရက်အနည်းငယ်ဆိုပေမယ့်လည်း Wear OS smartwatch တွေအားလုံးမှာ ‘all-day’ battery life မရနိုင်သေးဘူး။ Snapdragon Wear 3100 processor နဲ့ မိတ်ဆက်ခဲ့တဲ့ Qualcomm ရဲ့ battery mode အသစ်တွေတောင်မှ ကောင်းကောင်းမလုပ်နိုင်သေးပါဘူး။

[Zawgyi]

battery life
ဘတ္ထရီသက္တမ္းကလည္း အ႐ြယ္အစားႀကီးတဲ့ smartwatche ေတြအတြက္ အခက္အခဲတစ္ခုျဖစ္ပါတယ္။ Apple Watch ဟာ ၁၈နာရီ၊ Samsung Galaxy Watch Active 2 ကေတာ့ ရက္အနည္းငယ္ဆိုေပမယ့္လည္း Wear OS smartwatch ေတြအားလုံးမွာ ‘all-day’ battery life မရႏိုင္ေသးဘူး။ Snapdragon Wear 3100 processor နဲ႔ မိတ္ဆက္ခဲ့တဲ့ Qualcomm ရဲ႕ battery mode အသစ္ေတြေတာင္မွ ေကာင္းေကာင္းမလုပ္ႏိုင္ေသးပါဘူး။

[Unicode]Fitbit ဟာ ဘတ်ထရီသက်တမ်းကိုကောင်းကောင်းလုပ်ဆောင်နိုင်တဲ့အထဲမှာ ပါနေပါတယ်။ Ionic နဲ့ Versa watch တွေမှာ လေးငါးရက်အထိ သုံးနိုင်ပြီးတော့ super bright AMOLED display ကိုလည်း သုံးပေးထားပါတယ်။ စိတ်ကူးကြည့်ရအောင်။ Google branded smartwatch လေးဟာ Apple ထက် ဘတ်ထရီကြာကြာခံမယ်။ ဒါဆိုရင် ရွေးချယ်စရာတစ်ခုအနေနဲ့ မြင်လောက်မှာလား။

[Zawgyi]Fitbit ဟာ ဘတ္ထရီသက္တမ္းကိုေကာင္းေကာင္းလုပ္ေဆာင္ႏိုင္တဲ့အထဲမွာ ပါေနပါတယ္။ Ionic နဲ႔ Versa watch ေတြမွာ ေလးငါးရက္အထိ သုံးႏိုင္ၿပီးေတာ့ super bright AMOLED display ကိုလည္း သုံးေပးထားပါတယ္။ စိတ္ကူးၾကည့္ရေအာင္။ Google branded smartwatch ေလးဟာ Apple ထက္ ဘတ္ထရီၾကာၾကာခံမယ္။ ဒါဆိုရင္ ေ႐ြးခ်ယ္စရာတစ္ခုအေနနဲ႔ ျမင္ေလာက္မွာလား။

[Unicode]

အဓိကကျနေတဲ့ ဒေတာတွေကြောင့်
နောက်ဆုံးမှပြောပေမယ့်လည်း အရေးမကြီးတာမဟုတ်ပါဘူး။ Google မှာက ဒေတာတွေအများကြီးကိုင်ထားတယ်။ Fitbit ဟာ လက်ရှိမှာ active user ပေါင်း ၂၈မီလျံရှိနေပြီးတော့ ခြေလှမ်း၊ အိပ်ချိန်၊ စားသောက်ပုံတွေနဲ့ Fitbit companion smartphone appထဲမှာ အများကြီးကျန်နေသေးတယ်။ ဒါဟာ Google ပိုင်ဆိုင်မယ့် စွမ်းအားပြည့်ဒေတာတွေပါ။ ဝယ်ယူမှုအဆုံးမသတ်ခင်မှာ ဘယ်လိုမျိုးတွေအသုံးချမလဲဆိုတာကတော့ ကြေညာမှာပါ။ Fitbit ကတော့ သုံးစွဲသူတွေကို အရင်တည်းကပြောထားတဲ့ privacy policy အတိုင်းလုပ်ဆောင်စေရမယ်လို့ ပြောထားပါတယ်။ Google ကလည်း ကျန်းမာရေးအတွက်သာ သုံးသွားမှာဖြစ်ပြီးတော့ ကြော်ငြာအတွက် မသုံးဘူးလို့ပြောထားပါတယ်။

[Zawgyi]

အဓိကက်ေနတဲ့ ေဒတာေတြေၾကာင့္
ေနာက္ဆုံးမွေျပာေပမယ့္လည္း အေရးမႀကီးတာမဟုတ္ပါဘူး။ Google မွာက ေဒတာေတြအမ်ားႀကီးကိုင္ထားတယ္။ Fitbit ဟာ လက္ရွိမွာ active user ေပါင္း ၂၈မီလ်ံရွိေနၿပီးေတာ့ ေျခလွမ္း၊ အိပ္ခ်ိန္၊ စားေသာက္ပုံေတြနဲ႔ Fitbit companion smartphone appထဲမွာ အမ်ားႀကီးက်န္ေနေသးတယ္။ ဒါဟာ Google ပိုင္ဆိုင္မယ့္ စြမ္းအားျပည့္ေဒတာေတြပါ။ ဝယ္ယူမႈအဆုံးမသတ္ခင္မွာ ဘယ္လိုမ်ိဳးေတြအသုံးခ်မလဲဆိုတာကေတာ့ ေၾကညာမွာပါ။ Fitbit ကေတာ့ သုံးစြဲသူေတြကို အရင္တည္းကေျပာထားတဲ့ privacy policy အတိုင္းလုပ္ေဆာင္ေစရမယ္လို႔ ေျပာထားပါတယ္။ Google ကလည္း က်န္းမာေရးအတြက္သာ သုံးသြားမွာျဖစ္ၿပီးေတာ့ ေၾကာ္ျငာအတြက္ မသုံးဘူးလို႔ေျပာထားပါတယ္။

[Unicode]ဒီဒေတာတွေဟာ wearable device အသစ်လေးအတွက် personalize ပိုဖြစ်စေတဲ့ခံစားမှုကို ယူဆောင်လာပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒေတာတွေကို အသုံးပြုပြီး လေ့လာဆန်းစစ်မှုတွေကို လုပ်ဆောင်ပါလိမ့်မယ်။ နောက်ပြီး ကျန်းမာရေးပရိုဂရမ်တွေနဲ့ချိတ်ဆက်ထားတဲ့ ဒေတာတွေကိုလည်း ပိုင်ဆိုင်ခွင့်ရမယ်ဆိုတော့ Google လက်ထဲမှာ ဒေတာပေါင်းသောင်းခြောက်ထောင်ရှိနေပါပြီ။

[Zawgyi]ဒီေဒတာေတြဟာ wearable device အသစ္ေလးအတြက္ personalize ပိုျဖစ္ေစတဲ့ခံစားမႈကို ယူေဆာင္လာေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ေဒတာေတြကို အသုံးျပဳၿပီး ေလ့လာဆန္းစစ္မႈေတြကို လုပ္ေဆာင္ပါလိမ့္မယ္။ ေနာက္ၿပီး က်န္းမာေရးပ႐ိုဂရမ္ေတြနဲ႔ခ်ိတ္ဆက္ထားတဲ့ ေဒတာေတြကိုလည္း ပိုင္ဆိုင္ခြင့္ရမယ္ဆိုေတာ့ Google လက္ထဲမွာ ေဒတာေပါင္းေသာင္းေျခာက္ေထာင္ရွိေနပါၿပီ။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.