Apple Watch နဲ့ဆင်တူနေတဲ့ ၁၈၅ဒေါ်လာတန် Xiaomi ရဲ့ Mi Watch
0
1212
[Unicode]Xiaomi က Mi Watch အသစ်ကို တရားဝင်ထုတ်ပြလိုက်ပါတယ်။ အဲဒီ Mi Watchလေးဟာ Apple Watch နဲ့ဆင်တူပြီး Google ရဲ့ Wear OS ကိုပြုပြင်ထားတဲ့ဗားရှင်းအသုံးပြုထားပါတယ်။ စျေးနှုန်းကတော့ ၁၈၅ဒေါ်လာပါ။ ပြီးခဲ့တဲ့အပတ်မှာမြင်ကတည်းက တူနေတာကိုကျွန်တော်တို့ သတိထားမိခဲ့ပါတယ်။ ကွေးညွတ်ထားတဲ့ လေးထောင့်ပုံ touchscreen ၊ scroll အတွက် အဆင်ပြေအောင်လုပ်ထားတဲ့ ဒီဇိုင်း ၊ ဆေးတောင့်ပုံစံခလုတ်လေးတွေက Apple လုပ်ထားသလိုမျိုးပါပဲ။
[Unicode]ဒီတစ်ခေါက်မှာတော့ Mi Watch အကြောင်း အသေးစိတ်ပြောပြထားပါတယ်။ ပြိုင်ဘက်တစ်ယောက်အဖြစ်နဲ့တောင် မြင်ကြည့်လို့ရနိုင်ပါတယ်။ ၁.၇၈လက်မ AMOLED display ကို 326ppi pixel density နဲ့တွဲဖက်ထားသလို ဘတ်ထရီကလည်း 570mAh ဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုချိန်ဟာ ၃၆နာရီအထိ တိုးသွားပါတယ်။ အတွင်းပိုင်းမှာ Qualcomm Snapdragon Wear 3100 processor နဲ့ 1GB RAM တို့က အားဖြည့်ထားပြီး မမ်မိုရီပိုင်းမှာတော့ 8GB ရှိပါတယ်။ Wi-Fi, Bluetooth, NFC, heart rate monitoring feature, eSIM support(4G) တွေလည်း ပါဝင်ပါတယ်။
[Unicode]ခြားနားချက်ကြီးတစ်ခုကတော့ MIUI For Watch လို့ခေါ်တဲ့ Wear OS ရဲ့ custom software skin အသုံးပြုထားပါတယ်။ Xiaomi ဟာ ကိုယ်ပိုင် app တွေကိုလည်း ထည့်သွင်းထားပါတယ်။ lightweight version တွေ၊ Recorder ၊ Notes နဲ့ ကိုယ်ပိုင် app store တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ Mi Smart Band တွေမှာ လူကြိုက်များခဲ့တဲ့ health function အမျိုးမျိုးလည်း ပါဝင်နေဦးမှာပါ။ blood oxygen sensor, sleep and exercise tracking အပြင် body energy monitoring” တွေလည်း ပါဝင်နေဦးမယ်လို့ သိရပါတယ်။ Mi Watch က ရေကူးရင်းအသုံးပြုလို့ရလောက်တဲ့အထိ ရေစိုခံလောက်ပါတယ်။
[Unicode]သတင်းဆိုးကတော့ smartwatch လေးကို တရုတ်မှာပဲ စတင်ရောင်းချမှာဖြစ်ပါတယ်။ နိုဝင်ဘာ ၁၁ရက်နေ့မှာ ၁၈၅ဒေါ်လာနဲ့ ရောင်းချမှာဖြစ်ပီးတော့ stainless steel case ၊ metal strap နဲ့တော့ ဒေါ်လာ၂၉၀ဖြစ်ပြီး နောက်လတွေမှ ထုတ်လုပ်မှာပါ။ Mi Watch ကို အခြားနိုင်ငံတွေလည်း ရောင်းချဖို့တော့ရှိနေပါတယ်။ watch အပြင် ဒီနေ့မှာ 108-megapixel camera ပါဝင်တဲ့စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ CC9 Pro ကိုလည်း ထုတ်ဖော်ပြသခဲ့ပါသေးတယ်။
Ref : theverge
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.