၂၀၂၀ခုနှစ်မှာ ‘iPhone SE 2’ ကို အလုံးရေ ၃၀မီလျံအထိရောင်းချနိုင်

0
789

[Unicode]Apple ဟာ ၂၀၂၀ခုနှစ်မှာ ‘iPhone SE 2’ ကို မိတ်ဆက်ပြီးနောက် အလုံးရေ ၂၀မီလျံကနေ ၃၀မီလျံကြား ဖြန့်ချိသွားဖို့ရှိကြောင်း Ming-Chi Kuo က ခန့်မှန်းထားပါတယ်။ ‘iPhone SE 2’ ကတော့ iPhone SE ရဲ့ အမွေကိုဆက်ခံထားတဲ့ဖုန်းတစ်လုံးဖြစ်ပြီး iPhone 11 မှာ အသုံးပြုထားတဲ့ motherboard နဲ့အလားတူကို ထည့်သွင်းအသုံးပြုထားတာပါ။

[Zawgyi]Apple ဟာ ၂၀၂၀ခုႏွစ္မွာ ‘iPhone SE 2’ ကို မိတ္ဆက္ၿပီးေနာက္ အလုံးေရ ၂၀မီလ်ံကေန ၃၀မီလ်ံၾကား ျဖန႔္ခ်ိသြားဖို႔ရွိေၾကာင္း Ming-Chi Kuo က ခန႔္မွန္းထားပါတယ္။ ‘iPhone SE 2’ ကေတာ့ iPhone SE ရဲ႕ အေမြကိုဆက္ခံထားတဲ့ဖုန္းတစ္လုံးျဖစ္ၿပီး iPhone 11 မွာ အသုံးျပဳထားတဲ့ motherboard နဲ႔အလားတူကို ထည့္သြင္းအသုံးျပဳထားတာပါ။

[Unicode]သတင်းတွေအရ လူကြိုက်များခဲ့တဲ့ iPhone SE ကို နောက်ထပ်မျိုးဆက်တစ်လုံး ထုတ်နေတယ်လို့ သိထားပါတယ်။ Ming-Chi Kuo ရဲ့ လေ့လာမှုတွေအရ ‘iPhone SE 2’ ကို ‘iPhone SE 2’ မိတ်ဆက်ခဲ့ချိန်တုန်းက ထုတ်လုပ်ခဲ့တဲ့ပမာဏအတိုင်း ရောင်းချနိုင်ဖို့ မျှော်မှန်းထားကြောင်းကိုလည်း သိရပါတယ်။

[Zawgyi]သတင္းေတြအရ လူႀကိဳက္မ်ားခဲ့တဲ့ iPhone SE ကို ေနာက္ထပ္မ်ိဳးဆက္တစ္လုံး ထုတ္ေနတယ္လို႔ သိထားပါတယ္။ Ming-Chi Kuo ရဲ႕ ေလ့လာမႈေတြအရ ‘iPhone SE 2’ ကို ‘iPhone SE 2’ မိတ္ဆက္ခဲ့ခ်ိန္တုန္းက ထုတ္လုပ္ခဲ့တဲ့ပမာဏအတိုင္း ေရာင္းခ်ႏိုင္ဖို႔ ေမွ်ာ္မွန္းထားေၾကာင္းကိုလည္း သိရပါတယ္။

[Unicode]’iPhone SE 2′ ကို သူ့ရဲ့ပထမဆုံးသော ပြက္ခဒိန်နှစ်ထဲမှာ အလုံးရေ၂၀မီလျံရောင်းချနိုင်လိမ့်မယ်လို့ Kuo က ယုံကြည်နေပါတယ်။ လူကြိုက်များနိုင်ချေရှိနေတာမို့ Kuo က ၃၀မီလျံအထိတောင် ရောင်းရနိုင်တယ်လို့ မှတ်ချက်ပြုထားပါတယ်။ Apple အနေနဲ့ မိတ်ဆက်ပွဲကို ပထမနှစ်ဝက်လောက်မှာလုပ်ရင် အကောင်းဆုံးဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြထားပါတယ်။

[Zawgyi]’iPhone SE 2′ ကို သူ႔ရဲ႕ပထမဆုံးေသာ ျပကၡဒိန္ႏွစ္ထဲမွာ အလုံးေရ၂၀မီလ်ံေရာင္းခ်ႏိုင္လိမ့္မယ္လို႔ Kuo က ယုံၾကည္ေနပါတယ္။ လူႀကိဳက္မ်ားႏိုင္ေခ်ရွိေနတာမို႔ Kuo က ၃၀မီလ်ံအထိေတာင္ ေရာင္းရႏိုင္တယ္လို႔ မွတ္ခ်က္ျပဳထားပါတယ္။ Apple အေနနဲ႔ မိတ္ဆက္ပြဲကို ပထမႏွစ္ဝက္ေလာက္မွာလုပ္ရင္ အေကာင္းဆုံးျဖစ္ႏိုင္တယ္လို႔လည္း သုံးသပ္ျပထားပါတယ္။

[Unicode]original iPhone SE ကို ပထမဆုံးနှစ်မှာပဲ ၃၀မီလျံရောင်းချခဲ့ရပြီးတော့ second-generation version ကိုတော့ နည်းနည်းနောက်ကျခဲ့ပါတယ်။ ဒါပေမယ့်လည်း ‘iPhone SE 2’ ဟာ iPhone 11 ကို ဈေးသက်သာတဲ့မော်ဒယ်လ်အဖြစ်နဲ့ ပြိုင်ဆိုင်မှာဖြစ်သလို့ နေရာရထားပြီးသား မနှစ်က iPhone XS ၊ XR တို့ကိုလည်း ဈေးကွက်ထဲမှာ ယှဉ်ပြိုင်သွားမှာပါ။

[Zawgyi]original iPhone SE ကို ပထမဆုံးႏွစ္မွာပဲ ၃၀မီလ်ံေရာင္းခ်ခဲ့ရၿပီးေတာ့ second-generation version ကိုေတာ့ နည္းနည္းေနာက္က်ခဲ့ပါတယ္။ ဒါေပမယ့္လည္း ‘iPhone SE 2’ ဟာ iPhone 11 ကို ေစ်းသက္သာတဲ့ေမာ္ဒယ္လ္အျဖစ္နဲ႔ ၿပိဳင္ဆိုင္မွာျဖစ္သလို႔ ေနရာရထားၿပီးသား မႏွစ္က iPhone XS ၊ XR တို႔ကိုလည္း ေစ်းကြက္ထဲမွာ ယွဥ္ၿပိဳင္သြားမွာပါ။

[Unicode]အဲဒီမော်ဒယ်လ်ထဲမှာ အသုံးပြုသွားမယ့် အစိတ်အပိုင်းတွေအကြောင်းကိုလည်း ခန့်မှန်းထားပါသေးတယ်။ motherboard အတွက် ten-layer Substrate-like PCB (SLP) ၊ iPhone 11 ဗားရှင်းမှာ အသုံးပြုခဲ့တဲ့နည်းပညာတွေ ပါဝင်မှာပါ။ motherboard ရွေးချယ်မှုဟာ Pending Holdings, AT&S, Xinxing တို့ကို အကူအညီဖြစ်စေနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ၃၉၉ ရှိပြီးတော့ မတ်လကုန်မှာ ဖြန့်ချိသွားမှာပါ။ ထုတ်လုပ်မှုကိုတော့ ဇန်နဝါရီလမှာစတင်ဖို့ မှန်းထားပါတယ်။

[Zawgyi]အဲဒီေမာ္ဒယ္လ္ထဲမွာ အသုံးျပဳသြားမယ့္ အစိတ္အပိုင္းေတြအေၾကာင္းကိုလည္း ခန႔္မွန္းထားပါေသးတယ္။ motherboard အတြက္ ten-layer Substrate-like PCB (SLP) ၊ iPhone 11 ဗားရွင္းမွာ အသုံးျပဳခဲ့တဲ့နည္းပညာေတြ ပါဝင္မွာပါ။ motherboard ေ႐ြးခ်ယ္မႈဟာ Pending Holdings, AT&S, Xinxing တို႔ကို အကူအညီျဖစ္ေစႏိုင္ပါတယ္။ ေစ်းႏႈန္းကေတာ့ ေဒၚလာ၃၉၉ ရွိၿပီးေတာ့ မတ္လကုန္မွာ ျဖန႔္ခ်ိသြားမွာပါ။ ထုတ္လုပ္မႈကိုေတာ့ ဇန္နဝါရီလမွာစတင္ဖို႔ မွန္းထားပါတယ္။

[Unicode]iPhone 8 လိုမျိုး ၄.၇လက်မ display ပါဝင်မှာဖြစ်ပြီး ဒီဇိုင်းပိုင်းကိုလည်း ယူသုံးထားဦးမှာပါ။ iPhone 11 series မှာ အသုံးပြုထားတဲ့ A13 processor နဲ့ ပူးပေါင်းထားမှာဖြစ်ပြီးတော့ RAM က 3GB ပါ။ Liquid Crystal Polymer အသုံးပြုထားတဲ့ Liquid Crystal Polymer ကို အဆင့်မြှင့်တင်ထားတဲ့ antenna design ပါဝင်ပေမယ့်လည်း Face ID မပါဘဲ Touch ID နဲ့ဆိုတော့ ဈေးနှုန်းနည်းဖို့တောင် မှန်းထားပါတယ်။

[Zawgyi]iPhone 8 လိုမ်ိဳး ၄.၇လက္မ display ပါဝင္မွာျဖစ္ၿပီး ဒီဇိုင္းပိုင္းကိုလည္း ယူသုံးထားဦးမွာပါ။ iPhone 11 series မွာ အသုံးျပဳထားတဲ့ A13 processor နဲ႔ ပူးေပါင္းထားမွာျဖစ္ၿပီးေတာ့ RAM က 3GB ပါ။ Liquid Crystal Polymer အသုံးျပဳထားတဲ့ Liquid Crystal Polymer ကို အဆင့္ျမႇင့္တင္ထားတဲ့ antenna design ပါဝင္ေပမယ့္လည္း Face ID မပါဘဲ Touch ID နဲ႔ဆိုေတာ့ ေစ်းႏႈန္းနည္းဖို႔ေတာင္ မွန္းထားပါတယ္။

Ref : appleinsider

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.