Valve နဲ့ Apple တို့ပူးပေါင်းပြီး ထုတ်ကုန်အသစ်တစ်မျိုး ချပြမည်

0
996

[Unicode]Apple ဟာ iPhone ရဲ့အောင်မြင်နေမှုကိုပဲ မှီခိုနေရတဲ့အဖြစ်ကို လျှော့ချဖို့အတွက် brand new အသစ်တစ်ခုလောက် ချပြလိမ့်မယ်လို့ သုံးသပ်သူတချို့ကပြောခဲ့တာကို သတိရနေကြဦးမှာပါ။ ဒါပေမယ့်လည်း Apple က iPhone တွေကိုပဲ ဦးတည်ပြီးတော့ ထုတ်နေတာမလား။ ပြီးခဲ့တဲ့နှစ်တွေမှာ iPhone ရောင်းအားတွေက ကျဆင်းလာပြီး ဒီစီမံကိန်းကို အကောင်အထည်ဖော်ရတော့မယ့်အနေအထား ရောက်လာပါတယ်။ Apple Watch ၊ AirPod တို့ဆိုတာကလည်း ငါးနှစ်လောက်ကတည်းက ထုတ်လုပ်လာခဲ့တာပါ။ အဲဒီဟာတွေမတိုင်ခင်မှာလည်း smartwatche တွေ၊ wireless headphone တွေ ကျွန်တော်တို့ဆီမှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် Apple Watch နဲ့ AirPods တွေဟာ စက်မှုလုပ်ငန်းအတွက် လမ်းကြောင်းတစ်ခု ဖောက်ပေးခဲ့ပါတယ်။ AirPod တွေဟာ ဘယ်ဖုန်းနဲ့ဖြစ်ဖြစ် အဆင်ပြေပေမယ့်လည်း iPhone အတွက်ရည်ရွယ်ပြီး ထုတ်ခဲ့တာပါ။

[Zawgyi]Apple ဟာ iPhone ရဲ႕ေအာင္ျမင္ေနမႈကိုပဲ မွီခိုေနရတဲ့အျဖစ္ကို ေလွ်ာ့ခ်ဖို႔အတြက္ brand new အသစ္တစ္ခုေလာက္ ခ်ျပလိမ့္မယ္လို႔ သုံးသပ္သူတခ်ိဳ႕ကေျပာခဲ့တာကို သတိရေနၾကဦးမွာပါ။ ဒါေပမယ့္လည္း Apple က iPhone ေတြကိုပဲ ဦးတည္ၿပီးေတာ့ ထုတ္ေနတာမလား။ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ iPhone ေရာင္းအားေတြက က်ဆင္းလာၿပီး ဒီစီမံကိန္းကို အေကာင္အထည္ေဖာ္ရေတာ့မယ့္အေနအထား ေရာက္လာပါတယ္။ Apple Watch ၊ AirPod တို႔ဆိုတာကလည္း ငါးႏွစ္ေလာက္ကတည္းက ထုတ္လုပ္လာခဲ့တာပါ။ အဲဒီဟာေတြမတိုင္ခင္မွာလည္း smartwatche ေတြ၊ wireless headphone ေတြ ကြၽန္ေတာ္တို႔ဆီမွာ ရွိခဲ့ပါတယ္။ ဒါေပမယ့္ Apple Watch နဲ႔ AirPods ေတြဟာ စက္မႈလုပ္ငန္းအတြက္ လမ္းေၾကာင္းတစ္ခု ေဖာက္ေပးခဲ့ပါတယ္။ AirPod ေတြဟာ ဘယ္ဖုန္းနဲ႔ျဖစ္ျဖစ္ အဆင္ေျပေပမယ့္လည္း iPhone အတြက္ရည္႐ြယ္ၿပီး ထုတ္ခဲ့တာပါ။

[Unicode]Apple ကို ထုတ်ကုန်အမျိုးအစားတစ်ခုအသစ်လုပ်ဖို့ ဘယ်သူကမှမပြောပေမယ့်လည်း သူတို့ကတော့ လုပ်တော့မှာပါ။ Apple ဟာ brand new တစ်ခုချပြမယ်လို့ သတင်းတွေထွက်နေပါတယ်။ Valve ဆိုတဲ့ ဂိမ်းမင်းလုပ်ငန်းနဲ့ပူးပေါင်းပြီးတော့ တမူထူးခြားတာတစ်ခု လုပ်နေပါတယ်။ iPhone မှာ augmented reality (AR) သုံးထားတဲ့ ARKit တွေကို တကယ်ပဲ တွေ့မြင်ရတော့မှာလား။ ARKit ဟာ iOS မှာ ပါနေတာ ကြာခဲ့ပါပြီ။ AR သုံးချင်တယ်ဆိုရင်တော့ AR glass ရှိရမှာပေါ့။ ၂၀၂၀မှာတော့ Apple Glasses တွေကို စတိုးဆိုင်မှာ တွေ့မြင်ရနိုင်လောက်ပါတယ်။

[Zawgyi]Apple ကို ထုတ္ကုန္အမ်ိဳးအစားတစ္ခုအသစ္လုပ္ဖို႔ ဘယ္သူကမွမေျပာေပမယ့္လည္း သူတို႔ကေတာ့ လုပ္ေတာ့မွာပါ။ Apple ဟာ brand new တစ္ခုခ်ျပမယ္လို႔ သတင္းေတြထြက္ေနပါတယ္။ Valve ဆိုတဲ့ ဂိမ္းမင္းလုပ္ငန္းနဲ႔ပူးေပါင္းၿပီးေတာ့ တမူထူးျခားတာတစ္ခု လုပ္ေနပါတယ္။ iPhone မွာ augmented reality (AR) သုံးထားတဲ့ ARKit ေတြကို တကယ္ပဲ ေတြ႕ျမင္ရေတာ့မွာလား။ ARKit ဟာ iOS မွာ ပါေနတာ ၾကာခဲ့ပါၿပီ။ AR သုံးခ်င္တယ္ဆိုရင္ေတာ့ AR glass ရွိရမွာေပါ့။ ၂၀၂၀မွာေတာ့ Apple Glasses ေတြကို စတိုးဆိုင္မွာ ေတြ႕ျမင္ရႏိုင္ေလာက္ပါတယ္။

[Unicode]AR glasses wearable တွေဟာ အစပိုင်းမှာတော့ iPhone အတွက်ပဲဖြစ်လောက်မယ်။ glasses နဲ့ ဖုန်းကိုချိတ်ဆက်ပြီး app တွေကနေ digital content တွေကို ခံစားရမှာပါ။ glasses ကနေ retina notifications, navigation data တို့အပြင် အခြားစိတ်ဝင်စားဖွယ်ရာတွေလည်း တွေ့မြင်ရလောက်ပါတယ်။

[Zawgyi]AR glasses wearable ေတြဟာ အစပိုင္းမွာေတာ့ iPhone အတြက္ပဲျဖစ္ေလာက္မယ္။ glasses နဲ႔ ဖုန္းကိုခ်ိတ္ဆက္ၿပီး app ေတြကေန digital content ေတြကို ခံစားရမွာပါ။ glasses ကေန retina notifications, navigation data တို႔အျပင္ အျခားစိတ္ဝင္စားဖြယ္ရာေတြလည္း ေတြ႕ျမင္ရေလာက္ပါတယ္။

[Unicode]နည်းပညာအဆင်သင့်ဖြစ်တာနဲ့ glasses တွေဟာ iPhone ကို အစားထိုးဝင်ရောက်လာမှာဖြစ်ပြီးတော့ နောက်ပိုင်းမှာ အသံနဲ့ gesture တွေလည်း ပါဝင်လာနိုင်တဲ့အတွက်ကြောင့် touch screen တွေတောင် ဘေးရောက်သွားနိုင်ပါတယ်။ ပထမဆုံးသော Apple Glasses ကို နောက်နှစ်လောက်မှာ မြင်ရနိုင်ပါတယ်။ တချို့ကတော့ ၂၀၂၀ ဒုတိယနှစ်ဝက်လောက်မှ iPhone တွေမိတ်ဆက်ရင်းနဲ့ ချပြမယ်လို့လည်း ပြောနေကြတယ်။ အဲဒီဖုန်းတွေမှာ ဒီဇိုင်းအသစ်တွေပါမယ်လို့တော့ မှန်းထားလို့ရသလို 5G connectivity လည်း ပါဝင်မှာပါ။

[Zawgyi]နည္းပညာအဆင္သင့္ျဖစ္တာနဲ႔ glasses ေတြဟာ iPhone ကို အစားထိုးဝင္ေရာက္လာမွာျဖစ္ၿပီးေတာ့ ေနာက္ပိုင္းမွာ အသံနဲ႔ gesture ေတြလည္း ပါဝင္လာႏိုင္တဲ့အတြက္ေၾကာင့္ touch screen ေတြေတာင္ ေဘးေရာက္သြားႏိုင္ပါတယ္။ ပထမဆုံးေသာ Apple Glasses ကို ေနာက္ႏွစ္ေလာက္မွာ ျမင္ရႏိုင္ပါတယ္။ တခ်ိဳ႕ကေတာ့ ၂၀၂၀ ဒုတိယႏွစ္ဝက္ေလာက္မွ iPhone ေတြမိတ္ဆက္ရင္းနဲ႔ ခ်ျပမယ္လို႔လည္း ေျပာေနၾကတယ္။ အဲဒီဖုန္းေတြမွာ ဒီဇိုင္းအသစ္ေတြပါမယ္လို႔ေတာ့ မွန္းထားလို႔ရသလို 5G connectivity လည္း ပါဝင္မွာပါ။

[Unicode]မသေချာကတော့ Apple က ဘာလို့ Valve နဲ့ ပူးပေါင်းပြီး AR glasses ထုတ်လုပ်ချင်ရတာလဲ။ ဒါပေမယ့်လည်း အရင်တုန်းကကြားထားတာလည်း ရှိနေသေးတယ်လေ။ third-party brand နဲ့ပူးပေါင်းပြီးတော့ glasses ထုတ်မယ်ဆိုတာ။ နာမည်ကြီးတဲ့ Ming-Chi Kuo ကလည်း အဲဒီလိုပြောဖူးတယ်လေ။ သူကတော့ ၂၀၁၉နှောင်းပိုင်းမှာ စထုတ်ပြီး ၂၀၂၀အစောပိုင်းမှာ မိတ်ဆက်မယ်လို့ ပြောခဲ့တာပါ။ Xcode 11 နဲ့ iOS 13 မှာလည်း အရိပ်အမြွက်တော့ ထည့်ထားတာပဲ။ AirPower ကြောင့် နောက်ဆုတ်သွားခဲ့ရတဲ့ Apple ဟာ ဒီအဖြစ်မျိုးနောက်တစ်ကြိမ်ထပ်ပြီး အဖြစ်ခံမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိနေတယ်။

[Zawgyi]မေသခ်ာကေတာ့ Apple က ဘာလို႔ Valve နဲ႔ ပူးေပါင္းၿပီး AR glasses ထုတ္လုပ္ခ်င္ရတာလဲ။ ဒါေပမယ့္လည္း အရင္တုန္းကၾကားထားတာလည္း ရွိေနေသးတယ္ေလ။ third-party brand နဲ႔ပူးေပါင္းၿပီးေတာ့ glasses ထုတ္မယ္ဆိုတာ။ နာမည္ႀကီးတဲ့ Ming-Chi Kuo ကလည္း အဲဒီလိုေျပာဖူးတယ္ေလ။ သူကေတာ့ ၂၀၁၉ေႏွာင္းပိုင္းမွာ စထုတ္ၿပီး ၂၀၂၀အေစာပိုင္းမွာ မိတ္ဆက္မယ္လို႔ ေျပာခဲ့တာပါ။ Xcode 11 နဲ႔ iOS 13 မွာလည္း အရိပ္အႁမြက္ေတာ့ ထည့္ထားတာပဲ။ AirPower ေၾကာင့္ ေနာက္ဆုတ္သြားခဲ့ရတဲ့ Apple ဟာ ဒီအျဖစ္မ်ိဳးေနာက္တစ္ႀကိမ္ထပ္ၿပီး အျဖစ္ခံမွာမဟုတ္ဘူးဆိုတာ ကြၽန္ေတာ္သိေနတယ္။

Ref : bgr

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.