iPhone ကို အခွန်ကင်းလွတ်ခွင့်လိုချင်နေတဲ့ Apple

0
877

[Unicode]ဘေဂျင်းရဲ့ industrial ပရိုဂရမ်တွေအတွက် အရေးပါတဲ့အရာမဟုတ်ကြောင်း ငြင်းဆိုပြီး ယူအက်စ်အခွန်ကင်းလွတ်ခွင့်ရှာဖွေနေတာကတော့ ကျွန်တော်တို့ရဲ့ Apple လုပ်ငန်းဖြစ်ပါတယ်။

[Zawgyi]ေဘဂ်င္းရဲ႕ industrial ပ႐ိုဂရမ္ေတြအတြက္ အေရးပါတဲ့အရာမဟုတ္ေၾကာင္း ျငင္းဆိုၿပီး ယူအက္စ္အခြန္ကင္းလြတ္ခြင့္ရွာေဖြေနတာကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ Apple လုပ္ငန္းျဖစ္ပါတယ္။

[Unicode]ယူအက်စ်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ကုန်သွယ်ရေးအငြင်းပွားမှုရဲ့ တစိတ်တဒေသအဖြစ်နဲ့ တရုတ်ဖြစ်ထုတ်ကုန်‌တွေအတွက် အခွန်အခတွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအတွင်းမှာ တပ်ဆင်ပြီးရောင်းချနေတဲ့ Apple ရဲ့ထုတ်ကုန်တွေပေါ်မှာလည်း ဒါက အကျိုးသက်ရောက်နေတာပါ။ အဲဒီအထဲမှာ လူကြိုက်များပြီး နာမည်အရဆုံးဖြစ်တဲ့ iPhone ဟာ ‘Designed by Apple in California, Assembled in China’ ဆိုပြီးတော့ ကျောဘက်မှာအထင်အရှား တွေ့မြင်နိုင်တဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။

[Zawgyi]ယူအက္စ္သမၼတ ေဒၚနယ္ထရမ့္ကေတာ့ ကုန္သြယ္ေရးအျငင္းပြားမႈရဲ႕ တစိတ္တေဒသအျဖစ္နဲ႔ တ႐ုတ္ျဖစ္ထုတ္ကုန္‌ေတြအတြက္ အခြန္အခေတြကို မိတ္ဆက္ခဲ့ပါတယ္။ ဒါေၾကာင့္ တ႐ုတ္ႏိုင္ငံအတြင္းမွာ တပ္ဆင္ၿပီးေရာင္းခ်ေနတဲ့ Apple ရဲ႕ထုတ္ကုန္ေတြေပၚမွာလည္း ဒါက အက်ိဳးသက္ေရာက္ေနတာပါ။ အဲဒီအထဲမွာ လူႀကိဳက္မ်ားၿပီး နာမည္အရဆုံးျဖစ္တဲ့ iPhone ဟာ ‘Designed by Apple in California, Assembled in China’ ဆိုၿပီးေတာ့ ေက်ာဘက္မွာအထင္အရွား ေတြ႕ျမင္ႏိုင္တဲ့ ထုတ္ကုန္တစ္ခုျဖစ္ပါတယ္။

[Unicode]စက်တင်ဘာလမှာ အခွန်အခပြောင်းလဲမှုဟာ စတင်အသက်ဝင်ခဲ့ပြီး Apple ဟာ ဒီအခွန်တွေကို ပေးဆောင်နေရပြီဖြစ်ပါတယ်။ စီအီးအို တင်ကွတ်ခ်ကတော့ ယူအက်စ်သမ္မတကို မကောင်းတဲ့အကျိုးဆက်တွေသက်ရောက်နေကြောင်း ပြောထားမယ်နဲ့တူပါတယ်။

[Zawgyi]စက္တင္ဘာလမွာ အခြန္အခေျပာင္းလဲမႈဟာ စတင္အသက္ဝင္ခဲ့ၿပီး Apple ဟာ ဒီအခြန္ေတြကို ေပးေဆာင္ေနရၿပီျဖစ္ပါတယ္။ စီအီးအို တင္ကြတ္ခ္ကေတာ့ ယူအက္စ္သမၼတကို မေကာင္းတဲ့အက်ိဳးဆက္ေတြသက္ေရာက္ေနေၾကာင္း ေျပာထားမယ္နဲ႔တူပါတယ္။

[Unicode]အခွန်အခတွေသက်ရောက်နေတဲ့ပစ္စည်းတွေထဲမှာ iPhones, Apple Watch, AirPods, iMacs နဲ့ HomePods တို့အပြင် အဲဒီပစ္စည်းတွေရဲ့ အပိုပစ္စည်းတွေလည်း ပါဝင်နေပါတယ်။ iPhone ရောင်းအားတွေကျဆင်းနေပေမယ့်လည်း Apple အတွက် ဝင်ငွေအများဆုံးရှာပေးနေတဲ့ အမျိုးအစားတစ်ခုဖြစ်နေတာမို့ စိုးရိမ်ရပါတယ်။ နောက်ပြီး wearable နဲ့ accessories တွေကလည်း တိုးတက်လာနိုင်တဲ့ စီးပွားရေးတွေဖြစ်နေတော့ အခက်ကြုံနေရပါတယ်။

[Zawgyi]အခြန္အခေတြသက္ေရာက္ေနတဲ့ပစၥည္းေတြထဲမွာ iPhones, Apple Watch, AirPods, iMacs နဲ႔ HomePods တို႔အျပင္ အဲဒီပစၥည္းေတြရဲ႕ အပိုပစၥည္းေတြလည္း ပါဝင္ေနပါတယ္။ iPhone ေရာင္းအားေတြက်ဆင္းေနေပမယ့္လည္း Apple အတြက္ ဝင္ေငြအမ်ားဆုံးရွာေပးေနတဲ့ အမ်ိဳးအစားတစ္ခုျဖစ္ေနတာမို႔ စိုးရိမ္ရပါတယ္။ ေနာက္ၿပီး wearable နဲ႔ accessories ေတြကလည္း တိုးတက္လာႏိုင္တဲ့ စီးပြားေရးေတြျဖစ္ေနေတာ့ အခက္ႀကဳံေနရပါတယ္။

[Unicode]ယူအက်စ်ကုန်သွယ်ရေးရုံးကို အခွန်ကင်းလွတ်ခွင့်အတွက် အသနားခံစာတင်ထားပြီး ရုံးဘက်က လက်ခံထားတယ်လို့သိရပါတယ်။ Fitbit လိုမျိုး နည်းပညာ firm တွေလည်း အလားတူစာတွေ တင်ထားကြပါတယ်။ ယူအက်စ်ရဲ့စီးပွားရေးကို ထောက်ပံ့ဖို့နေတာကို သိသာစေဖို့အတွက် Apple ဟာ ယူအက်စ်မှာ အလုပ်အကိုင်အခွင့်အလမ်း ၂.၄မီလျံ ဖန်တီးပေးထားကြောင်း၊ ၂၀၂၃ခုနှစ်မှာ ပေါင်၃၅၀ဘီလျံလောက်အထိ ထောက်ပံ့နိုင်ကြောင်း ပြောထားပါတယ်။

[Zawgyi]ယူအက္စ္ကုန္သြယ္ေရး႐ုံးကို အခြန္ကင္းလြတ္ခြင့္အတြက္ အသနားခံစာတင္ထားၿပီး ႐ုံးဘက္က လက္ခံထားတယ္လို႔သိရပါတယ္။ Fitbit လိုမ်ိဳး နည္းပညာ firm ေတြလည္း အလားတူစာေတြ တင္ထားၾကပါတယ္။ ယူအက္စ္ရဲ႕စီးပြားေရးကို ေထာက္ပံ့ဖို႔ေနတာကို သိသာေစဖို႔အတြက္ Apple ဟာ ယူအက္စ္မွာ အလုပ္အကိုင္အခြင့္အလမ္း ၂.၄မီလ်ံ ဖန္တီးေပးထားေၾကာင္း၊ ၂၀၂၃ခုႏွစ္မွာ ေပါင္၃၅၀ဘီလ်ံေလာက္အထိ ေထာက္ပံ့ႏိုင္ေၾကာင္း ေျပာထားပါတယ္။

[Unicode]Apple ဟာ ယူအက်စ်မှာ supplier ပေါင်း ၉၀၀၀နဲ့ လုပ်ဆောင်နေပြီးတော့ ဒေါ်လာ၆၀ဘီလျံဖြုန်းပေးထားပြီး အလုပ်အကိုင် ၄၅၀၀၀၀ ထောက်ပံ့ပေးထားပါတယ်။ iPhone ကြောင့် app စီးပွားရေးမှာ ၁.၉မီလျံရှိတဲ့အလုပ်အကိုင်တွေ ဖြစ်ထွန်းလာကြောင်းလည်း ပြောပြထားပါတယ်။ ဒီလိုမျိုး ငွေကြေးပိုင်းဆိုင်ရာတွေအပြင် သူတို့ဟာ ဆန်းသစ်တီထွင်မှုတွေ၊ အရည်အသွေးစံနှုန်းတွေကို တွန်းတွန်းတိုက်တိုက်လုပ်ဆောင်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်ကြောင်းကိုလည်း ပြောပြထားပါသေးတယ်။

[Zawgyi]Apple ဟာ ယူအက္စ္မွာ supplier ေပါင္း ၉၀၀၀နဲ႔ လုပ္ေဆာင္ေနၿပီးေတာ့ ေဒၚလာ၆၀ဘီလ်ံျဖဳန္းေပးထားၿပီး အလုပ္အကိုင္ ၄၅၀၀၀၀ ေထာက္ပံ့ေပးထားပါတယ္။ iPhone ေၾကာင့္ app စီးပြားေရးမွာ ၁.၉မီလ်ံရွိတဲ့အလုပ္အကိုင္ေတြ ျဖစ္ထြန္းလာေၾကာင္းလည္း ေျပာျပထားပါတယ္။ ဒီလိုမ်ိဳး ေငြေၾကးပိုင္းဆိုင္ရာေတြအျပင္ သူတို႔ဟာ ဆန္းသစ္တီထြင္မႈေတြ၊ အရည္အေသြးစံႏႈန္းေတြကို တြန္းတြန္းတိုက္တိုက္လုပ္ေဆာင္ေနတဲ့ လုပ္ငန္းတစ္ခုျဖစ္ေၾကာင္းကိုလည္း ေျပာျပထားပါေသးတယ္။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.