Huawei နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့လုပ်ငန်းတချို့ကို မကြာခင်အချိန်မှာ ပြန်လည်ခွင့်ပြုပေးမယ့် ယူအက်စ်

0
1120

[Unicode]အရာရာတိုင်းက Huawei ရှာနေသလို ဖြစ်လာတာပဲ။ မေလတုန်းက ယူအက်စ်မှာရှိတဲ့ firm တွေနဲ့လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးကို အမည်ပျက်စရင်းတင်ခဲ့ပေမယ့်လည်း သူတို့ကတော့ ပြီးခဲ့တဲ့လမှာ ရောင်းအားကောင်းခဲ့တယ်လို့ သတင်းတွေတက်လာခဲ့ပါတယ်။ အခုလည်း စီးပွားရေးအတွင်းရေးမှူး Wilbur Ross က ဒီပိတ်ဆို့မှုတွေဟာ မကြာမီအချိန်အတွင်းမှာ ပယ်ဖျက်တော့မယ်လို့ ပြောနေပါပြီ။

[Zawgyi]အရာရာတိုင္းက Huawei ရွာေနသလို ျဖစ္လာတာပဲ။ ေမလတုန္းက ယူအက္စ္မွာရွိတဲ့ firm ေတြနဲ႔လုပ္ေဆာင္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြအားလုံးကို အမည္ပ်က္စရင္းတင္ခဲ့ေပမယ့္လည္း သူတို႔ကေတာ့ ၿပီးခဲ့တဲ့လမွာ ေရာင္းအားေကာင္းခဲ့တယ္လို႔ သတင္းေတြတက္လာခဲ့ပါတယ္။ အခုလည္း စီးပြားေရးအတြင္းေရးမႉး Wilbur Ross က ဒီပိတ္ဆို႔မႈေတြဟာ မၾကာမီအခ်ိန္အတြင္းမွာ ပယ္ဖ်က္ေတာ့မယ္လို႔ ေျပာေနပါၿပီ။

[Unicode]Bloomberg နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Ross ပြောခဲ့တာကတော့ Huawei နဲ့ စီးပွားရေးပြန်လုပ်ဖို့ လုပ်ငန်းတွေရဲ့တောင်းဆိုလွှာဟာ ၂၆၀လောက် ရှိနေပါပြီ။ ဒါဟာ ကျွန်တော်တို့ထင်မှတ်ထားတာထက် ပိုများတဲ့လျှောက်လွှာတွေပါလို့ သူကဆိုပါတယ်။ ဒါပေမယ့်လည်း လုပ်ငန်းတိုင်းကတော့ Huawei ကို ကုန်ပစ္စည်းတွေရောင်းချဖို့အတွက် ခွင့်ပြုသွားမှာမဟုတ်ကြောင်း ပြောပြပါတယ်။ ဒါပေမယ့် ယူအက်စ်က အတော်လေးကိုနည်းတဲ့ပမာဏကိုသာ ခွင့်ပြုပေးမှာကို စိုးရိမ်မိတယ်လို့ ဖွင့်ဟထားပါတယ်။

[Zawgyi]Bloomberg နဲ႔ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ Ross ေျပာခဲ့တာကေတာ့ Huawei နဲ႔ စီးပြားေရးျပန္လုပ္ဖို႔ လုပ္ငန္းေတြရဲ႕ေတာင္းဆိုလႊာဟာ ၂၆၀ေလာက္ ရွိေနပါၿပီ။ ဒါဟာ ကြၽန္ေတာ္တို႔ထင္မွတ္ထားတာထက္ ပိုမ်ားတဲ့ေလွ်ာက္လႊာေတြပါလို႔ သူကဆိုပါတယ္။ ဒါေပမယ့္လည္း လုပ္ငန္းတိုင္းကေတာ့ Huawei ကို ကုန္ပစၥည္းေတြေရာင္းခ်ဖို႔အတြက္ ခြင့္ျပဳသြားမွာမဟုတ္ေၾကာင္း ေျပာျပပါတယ္။ ဒါေပမယ့္ ယူအက္စ္က အေတာ္ေလးကိုနည္းတဲ့ပမာဏကိုသာ ခြင့္ျပဳေပးမွာကို စိုးရိမ္မိတယ္လို႔ ဖြင့္ဟထားပါတယ္။

[Unicode]Huawei လိုပဲ တရုတ်လုပ်ငန်းပေါင်းများစွာကိုလည်း အရေးယူနေတာဖြစ်ပြီး ပြီးခဲ့တဲ့လမှာ ၂၈ခု ထပ်ထည့်လိုက်ပါတယ်။ အဲဒီအထဲမှာ AI firm SenseTime Group Ltd ၊ surveillance tech manufacturers Hikvision ၊ Dahua Technology တို့လည်း ပါဝင်နေခဲ့ပါတယ်။

[Zawgyi]Huawei လိုပဲ တ႐ုတ္လုပ္ငန္းေပါင္းမ်ားစြာကိုလည္း အေရးယူေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့လမွာ ၂၈ခု ထပ္ထည့္လိုက္ပါတယ္။ အဲဒီအထဲမွာ AI firm SenseTime Group Ltd ၊ surveillance tech manufacturers Hikvision ၊ Dahua Technology တို႔လည္း ပါဝင္ေနခဲ့ပါတယ္။

[Unicode]Huawei အတွက်ကတော့ သတင်းကောင်းပါပဲ။ ဘဏ္ဍာနှစ်ရဲ့ တတိယကွာတားမှာ ဝင်ငွေ ၂၄.၄ရာခိုင်နှုန်းတိုးတက်တယ်ဆိုပေမယ့်လည်း chairman Liang Hua ကတော့ ဖုန်းအသစ်တွေမှာ Google ရဲ့ဝန်ဆောင်မှုတွေမထည့်နိုင်ခြင်းဟာ ရေတိုအတွက်သာ အဆင်ပြေနိုင်မယ်လို့ သတိပေးထားပါတယ်။

[Zawgyi]Huawei အတြက္ကေတာ့ သတင္းေကာင္းပါပဲ။ ဘ႑ာႏွစ္ရဲ႕ တတိယကြာတားမွာ ဝင္ေငြ ၂၄.၄ရာခိုင္ႏႈန္းတိုးတက္တယ္ဆိုေပမယ့္လည္း chairman Liang Hua ကေတာ့ ဖုန္းအသစ္ေတြမွာ Google ရဲ႕ဝန္ေဆာင္မႈေတြမထည့္ႏိုင္ျခင္းဟာ ေရတိုအတြက္သာ အဆင္ေျပႏိုင္မယ္လို႔ သတိေပးထားပါတယ္။

[Unicode]၂၀၁၉ မေလ၁၆ရက်နေ့မတိုင်ခင် ထွက်ရှိခဲ့တဲ့ Huawei ဟန်းဆက်တွေအတွက် software updates or patche အပါအဝင် service and support လုပ်ပေးနိုင်ဖို့အတွက် ယူအက်စ်လုပ်ငန်းတွေကို ခွင့်ပြုပေးထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလကုန်ရင် သက်တမ်းကုန်ဆုံးတော့မှာပါ။

[Zawgyi]၂၀၁၉ ေမလ၁၆ရက္ေန႔မတိုင္ခင္ ထြက္ရွိခဲ့တဲ့ Huawei ဟန္းဆက္ေတြအတြက္ software updates or patche အပါအဝင္ service and support လုပ္ေပးႏိုင္ဖို႔အတြက္ ယူအက္စ္လုပ္ငန္းေတြကို ခြင့္ျပဳေပးထားခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီလကုန္ရင္ သက္တမ္းကုန္ဆုံးေတာ့မွာပါ။

[Unicode]ယူအက်စ်လုပ်ငန်းတွေကတော့ ဒီပိတ်ဆို့မှုဟာ Huawei ထက် သူတို့ကိုအထိနာစေကြောင်းကိုလည်း ပြောပြထားပါတယ်။ ၂၀၁၈ခုနှစ်တုန်းက အစိတ်အပိုင်းတွေဝယ်ဖို့အတွက် ဒေါ်လာ၇၀ဘီလျံ ဖြုန်းပေးခဲ့တာဖြစ်ပြီးတော့ ၁၁ဘီလျံလောက်က အမေရိကန်လုပ်ငန်းတွေထဲကို ဝင်ရောက်ခဲ့ပါတယ်။

[Zawgyi]ယူအက္စ္လုပ္ငန္းေတြကေတာ့ ဒီပိတ္ဆို႔မႈဟာ Huawei ထက္ သူတို႔ကိုအထိနာေစေၾကာင္းကိုလည္း ေျပာျပထားပါတယ္။ ၂၀၁၈ခုႏွစ္တုန္းက အစိတ္အပိုင္းေတြဝယ္ဖို႔အတြက္ ေဒၚလာ၇၀ဘီလ်ံ ျဖဳန္းေပးခဲ့တာျဖစ္ၿပီးေတာ့ ၁၁ဘီလ်ံေလာက္က အေမရိကန္လုပ္ငန္းေတြထဲကို ဝင္ေရာက္ခဲ့ပါတယ္။

Ref : techspot

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.