Google Photos မှာ ဗွီဒီယိုကနေ export frame လုပ်ခွင့်ပေးထားတဲ့ Google Pixel 4
0
337
[Unicode]အခိုက်အတံ့လေးတစ်ခုကို ဖမ်းယူနိုင်ဖို့ဆိုတာကလည်း စိန်ခေါ်မှုကြီးတစ်ရပ်ဆိုတာ ကျွန်တော်တို့သိကြပါတယ်။ burst mode က ကျွန်တော်တို့ကို လွယ်ကူအောင်ဖန်တီးပေးထားပေမယ့်လည်း မလုံလောက်ပါဘူး။ Google ကတော့ နောက်ထပ်နည်းလမ်းတစ်ခုနဲ့ ယူဆောင်လာတာကတော့ Pixel 4 series အသစ်တွေမှာ record လုပ်ထားတဲ့ဗွီဒီယိုကနေ export frame လုပ်နိုင်ခြင်းပါ။
[Unicode]Feature အသစ်လေးကိုတော့ 9to5Google ကနေ ရှာတွေ့ခဲ့တာပါ။ Google Photos edit menu ထဲမှာ “export frame” ဆိုတဲ့ခလုတ်လေး ပါဝင်လာခဲ့ပါတယ်။ ဒီနည်းလမ်းနဲ့ frame တွေဟာ 1,920 x 1,080 (2MP) or 3,840 x 2,160 (8.2MP) အထိ သိမ်းဆည်းနိုင်မှာပါ။
[Unicode]ဒီ feature ကနေဆွဲယူလိုက်တဲ့ frame တွေဟာ the HDR+ treatment တော့ မရနိုင်ပါဘူး။ ဒါပေမယ့်လည်း Google ရဲ့ Top Shot feature ရှိနေသလို burst video mode ကိုလည်း Pixel 4 shutter key ကနေ သုံးလို့ရပါတယ်။ Google Photos မှာ burst video clip ကို ကြည့်တဲ့အခါ HDR shot ကို extract လုပ်နိုင်ဦးမယ်လို့လည်းဆိုပါတယ်။
[Unicode]Record လုပ်ထားတဲ့ ဗွီဒီယိုကနေ frame ထည့်နိုင်တာက ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ရှေ့မှာ HTC, Samsung, Nokia တို့ လုပ်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ရိုက်ရခက်တဲ့အရာတွေကို ရိုက်ကူးဖို့အတွက် အသုံးဝင်နေတဲ့ feature တစ်ခုဖြစ်တယ်ဆိုတာကတော့ ဒီနေ့ဒီအချိန်အထိ လက်ခံရမှာပါ။ Google အနေနဲ့ Google Photos မှာ export frame လုပ်နိုင်တာကို ကျယ်ကျယ်ပြန့်ပြန့်ထည့်ပေးဖို့ပဲ ဆုတောင်းရမှာပါ။ လက်ရှိမှာတော့ Pixel 4 တွေသာ ရနိုင်သေးတဲ့ feature လေး ဖြစ်ပါတယ်။
Ref : androidauthority
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.